Channel Myanmar

Content at random


Movies

SEE ALL
Siksa Neraka or Hell Torture (2023)
Siksa Neraka or Hell Torture (2023) Siksa Neraka or Hell Torture (2023)လူ့ပြည်မှာ ကိုယ့်အပြစ်အတွက် ထုတ်ဖော်မပြောနိုင်ရင် ငရဲကျမှ အပြစ်ဒဏ်နဲ့တူညီတဲ့ညှင်းပန်းနှိပ်စက်မှုမျိုး တွေ့ကြုံရတတ်တာကို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ဖာဂျာ၊ အာဇီ၊ ဆာလတ်နဲ့ တယာဆိုတဲ့ မောင်နှမလေးယောက်ရှိပါတယ်။ ဒီ၄ယောက်ထဲမှာ တယာက ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။ သူ့ရဲ့ထူးခြားပုံကတော့ သေလွန်လို့ငရဲရောက်သွားတဲ့လူကို မြင်နိုင်စွမ်းရှိတာပါပဲ။ ငရဲမှာ ခံစားရပုံတွေကိုမြင်နေတွေ့နေတဲ့ တယာက သူ့ဘဝမှာမကောင်းတာတစ်ခုလေးတောင်မလုပ်ခဲ့ဘဲ ကြီးပြင်းလာခဲ့တာပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ကျောင်းကိုယ်စီတက်နေကြတဲ့ ဒီမောင်နှမလေးယောက်ပြန်ဆုံမိကြပါတယ်။ အာဇီကအသံလေးကောင်းပြီး သီချင်း‌ဆိုတော်သူလေးဆိုတော့ အဖေကမကြိုက်လို့တားထားတဲ့ကြားက သီချင်းဆိုပြိုင်ပွဲကို ခိုးပြီးသွားပြိုင်ရင်း ဖိုင်နယ်ထိတောင်ရောက်သွားလေရဲ့။ ဖိုင်နယ်ပြိုင်ဖို့ညမှာ လူကြီးတွေမရှိတုန်းခိုးထွက်ကြတဲ့သူတို့၄ယောက် ဖိုင်နယ်ပွဲကမြစ်တစ်ဖက်မှာဖြစ်လို့ ဒီမြစ်ကိုဖြတ်ရင်း သူတို့ကြုံတွေ့သွားရမဲ့ငရဲက အသည်းငယ်သူတွေအတွက်တော့ အော့နှလုံးနာစရာမြင်ကွင်းတွေပါပြီး အဖန်တလဲလဲဖြစ်နေတဲ့ငရဲဆိုတာဒါပါလားလို့ စိတ်ကူးနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ်။ အမှားတွေကိုအတတ်နိုင်ဆုံးမလုပ်ကြဖို့ ဒီဇာတ်ကားလေးက ရည်ညွှန်းရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 1.1GB | 561MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Siksa Neraka or Hell Torture (2023)

2023
Just One Time (2021) 5.6
Just One Time (2021) Just One Time [2021] (IMDb 5.7/10)Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ... ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်... ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်... ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်... ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်... စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ... ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့... ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်... ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ ...
movie

Just One Time (2021)

2021
Jenny, Juno (2005) 6.3
Jenny, Juno (2005) Jenny, Juno ( 2005 )ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ...
movie

Jenny, Juno (2005)

2005
Time Trap (2017) 6.2
Time Trap (2017)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ...အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ "ကယ်ပါ" ဆိုပြီးပေါ်ထွက်လာပါတော့တယ်.... ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.4 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Time Trap (2017)

The Long Game (2023) 6.7
The Long Game (2023) IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ "Mustangs" လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ "ဂျိုး"လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ...
movie

The Long Game (2023)

Dangerous Men (aka) Niebezpieczni dzentelmeni (2022) 6.0
Dangerous Men (aka) Niebezpieczni dzentelmeni (2022)  ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway ...
movie

Dangerous Men (aka) Niebezpieczni dzentelmeni (2022)

Manjummel Boys (2024) 8.6
Manjummel Boys (2024) Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့  survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie

Manjummel Boys (2024)

2024
How Is Katia? (2022) 6.9
How Is Katia? (2022)  ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

How Is Katia? (2022)

Her Body (2023) 5.7
Her Body (2023) Her Body (2023)ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး)ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။ သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့ အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။ အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ...
movie

Her Body (2023)

2023
Dr. Lamb (1992) 5.9
Dr. Lamb (1992) Dr.Lamb (1992)ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ...
movie

Dr. Lamb (1992)

1992
To Die For (1995) 6.8
To Die For (1995) To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie

To Die For (1995)

1995
Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie

Firefly (2023)

2023
Pamali: The Corpse Village (2023) 6.4
Pamali: The Corpse Village (2023) Pamali : The Corpse Village [2023) (IMDb 6.8/10)ရွာတစ်ရွာမှာ အမည်မသိပလိပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်နေတဲ့အတွက်ကြောင့် ခရိုင်ရုံးက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်လိုက်ပါတယ်... ရွာက အခေါင်အဖျားကျတဲ့အပြင် လူဦးရေနည်းပါတဲ့အပြင် မပြင်းထန်လွန်ဘူးလို့ ယူဆတာကြောင့် ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ပါတယ်... ရွာကို လှေစီးသွားခါနီးမှာ မီလာတို့ ၃ယောက်အပြင် အခြားရွာက သုဘရာဇာ၂ယောက်လည်း ပါလာပါတော့တယ်.... အကြောင်းကတော့ ရွာမှာ လူသေအလောင်းတွေ မတရားစုပုံနေတဲ့အပြင် မြှုပ်ပေးမယ့် သုဘရာဇာကိုယ်တိုင် ရောဂါကူးစက်သွားတာကြောင့်ပဲဖြစ်ပါတယ်... အစမှာတော့ အရာရာက ပုံမှန်လို လည်ပတ်နေပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းထူးဆန်းတဲ့ အရာတွေ ဖြစ်လာပြီးတော့ ညဆိုရင် အစ္စလာမ်ဘာသာအယူအဆရ သေသူကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံနဲ့ ပိုချွန်းလို့ အမည်ရတဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်... ဒီလိုအဖြစ်ဆိုးကြီးက ဘာကြောင့်ဘယ်လိုဖြစ်နေမှန်း မသိပေမယ့် တနေ့ထက်တနေ့ ဆိုးဝါးလာပြီး လူသားတွေပါ ဒုက္ခရောက်တဲ့အထိ ဖြစ်လာပါတော့တယ်... ဇာတ်လမ်းရဲ့ အဆုံးမှာ ဘာတွေဖြစ်ပြီး ဘယ်လိုအလှည့်အပြောင်းတွေ ထိတ်လှန့်ခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Pamali: The Corpse Village (2023)

2023
Naam Katra Isai (2023) 7.5
Naam Katra Isai (2023) Naam Katra Isai (2023) "ကျော်စောမှု"ဒရာမာကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက် တမီးလ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးတစ်ပုဒ်ကို အပိုစာသားတွေ အိုဗာဖြစ်တာတွေ မပါအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါလက်ခ်ရှယာဆိုတဲ့ ရိုးရိုးအအ ကောင်မလေးက ဂီတကို ဝါသနာပါပြီး ကားဝပ်ရှော့ဆိုင်က လူလတ်တန်းစား ကောင်လေးနဲ့ ချစ်သူလို မောင်နှမလို ဆက်ဆံရေးမျိုးရှိပါတယ်သီချင်းဆိုပြိုင်ပွဲမှာ သွားအရွေးခံပေမယ့် ဒိုင်ကအဝတ်အစားနဲ့ ပတ်သက်လို့ အရှက်ရအောင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာကို ခံလိုက်ရပြီး သနားစိတ်ဝင်သွားတဲ့ ကောင်လေးက လက်ခ်ရှာယာ ကိုယ်ပိုင်သီချင်းဆိုခွင့်ရဖို့ ကူညီပေးမယ် လုပ်ရင်းမှ...လူလတ်တန်းစားအဖို့ တေးသံသွင်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ စွန့်စားရပုံတွေသာမက ထင်ပေါ်ကျော်ကြားမှုအတွက် အစားထိုးပေးလိုက်ရတဲ့ ကိုယ်ကျင့်တရားနဲ့ ပင်ကိုဘဝနေထိုင်မှု စတာတွေကိုပါ အဖက်ဖက်က တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.88GB / 820MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Naam Katra Isai (2023)

2023
Curry Mee (2024) 7
Curry Mee (2024) Curry Mee (2024) မလေးရှား ခေါက်ဆွဲCurry Meeဆိုတဲ့စကားလုံးက မလေးရှားကို ရွှေ့ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေဆီကနေ ဆင်းသက်လာခဲ့တာပါ။ မလေးရှားတွေရဲ့ အနံမွှေးတဲ့ ဟင်းရည်အစပ်နဲ့တွဲဖက်လိုက်တော့ curry meeကို ရလာပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ရာဂျာနဲ့ အာမန်တို့ခေါင်းဆောင်တဲ့ လူမိုက်အဖွဲ့နှစ်ခုဟာ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြတာပါ။ တွေ့တဲ့နေရာမှာ ကြုံရာပြဿနာနဲ့ ရန်ဖြစ်နေကြတာမို့လို့ ရွာသားတွေလည်း စိတ်ရှုပ်စိတ်ညစ်ကြရပါတယ်။သူတို့အရှုပ်အထွေးတွေကို ဖြေရှင်းရလွန်းတဲ့ ရွာလူကြီး ဆူလိုင်မန်ဟာ ရူးကြောင်ကြောင်တောင်ဖြစ်နေခဲ့ပါပြီ။ သူတို့နှစ်ယောက်ကို ရွာလူကြီးကပြေလည်အောင် လုပ်ပေးခဲ့ပေမယ့် ခြံကိစ္စ မြေကိစ္စ စီးပွားရေးကိစ္စတွေနဲ့ ထပ်ပြီးပြဿနာတက်လာခဲ့အခါ ရွာလူကြီးကအကြံတစ်ခုရလာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာတော့ ရာဂျာရဲ့သမီးဟာ သူတို့နဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းမတူတဲ့ မလေးရှားနယ်ဖွားတရုတ် ကောင်လေးနဲ့ တက္ကသိုလ်မှာ ချစ်ကြိုက်မိနေပါပြီ။ မိဘတွေက သမီးဖြစ်သူကို အသိုင်းအဝန်းထဲကသူနဲ့စေ့စပ်ပေးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘယ်လိုတွေလွဲကြချော်ကြ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်) File size…2.3GB / 999MB Quality…WEB DL 1080p ...
movie

Curry Mee (2024)

2024
Enter the Fat Dragon (1978) 6.5
Enter the Fat Dragon (1978) ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလို နာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့ လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ Ah lung လို့ခေါ်တဲ့ ဝက်‌မွေးမြူ‌ရေးလုပ်တဲ့ လူငယ်လေးက ဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီး ခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှက ရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာ လူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။ သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီး စားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့ လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာ‌တော့...Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ? ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy  Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Reviewed By Kay Thwe Phyoe Encoded by ...
movie

Enter the Fat Dragon (1978)

LaRoy, Texas (2024)
LaRoy, Texas (2024) LaRoy, Texas [2024] (IMDb 6.4/10, RT 100%)ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်... တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်... ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်... ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်... ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်... စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်... သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ...
movie

LaRoy, Texas (2024)

Godzilla: Final Wars (2004) 6.3
Godzilla: Final Wars (2004) Godzilla: Final Wars (2004) ===================== IMDb Rating - 6.3/10Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.44 GB) / (1.36 ...
movie

Godzilla: Final Wars (2004)

2004
Godzilla: Tokyo S.O.S. (2003) 6.5
Godzilla: Tokyo S.O.S. (2003) Godzilla: Tokyo S.O.S. (2003) ====================== IMDb Rating - 6.5/10ဂေါ်ဇီလာရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ ဂေါ်ဇီလာကားတွေဟာ Godzilla (1954) နဲ့အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ရှိခဲ့တဲ့ကားတွေကို ခေတ်အပိုင်းအခြားတွေနဲ့အကြမ်းဖျင်းသတ်မှတ်ခွဲခြားထားပါတယ်။ အဲ့ဒါ တွေကတော့ -Shōwa era (1954–1975) Heisei era (1984–1995) Millennium era (1999–2004) Reiwa era (2016–present) တို့ဖြစ်ကြပါတယ်။အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေ ကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင် အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေက standalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ reference ယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla Against Mechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ် အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ ...
movie

Godzilla: Tokyo S.O.S. (2003)

2003
Dusk for a Hitman (2023) 6.5
Dusk for a Hitman (2023)  Heartbeats, Avant le crash, Virage - Double Faute, An Eye for Beautyတို့နဲ့ လူသိများတဲ့ Eric Bruneau က main character အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီလိန်နေရာကိုလည်း I Killed My Mother, Lac Mystère, Québec-Montréal, Gabrielleတို့နဲ့ ကျော်ကြားလာတဲ့ Benoît Gouinက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မွန်ထရီးရယ်မှာ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လုပ်ကြံရေးသမား ဒေါ်နယ်လဗွိုင်းရဲ့ဘဝဇာတ်​ကြောင်းကို ficလေးတွေနဲ့ရောပြီး ကြည့်လို့ကောင်းအောင် တင်ဆက်ပေးထားပါတယ်။ လု့ဒ်ဒူဘွားကတော့ ရဲတွေတောင် မဖမ်းနိုင်တဲ့ နယ်မြေပေါင်းများစွာပိုင်ဆိုင်တဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒေါ်နယ်က လု့ဒ်ဒူဘွားရဲ့သစ္စာခံ လုပ်ကြံရေးသမားလေးပါ။ လု့ဒ်အတွက်ဆို ဒေါ်နယ်က ၂ခါတောင် ပြန်မစဥ်းစားဘဲ သတ်လေ့သတ်ထရှိသူပါ။ ဒါပေမယ့် တစ်ခုရှိသွားတာက ဒေါ်နယ်မှာ ကာလ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။အဲညီက ...
movie

Dusk for a Hitman (2023)

Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်းသစ် (၈) အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက ...

Missing Crown Prince (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
Kaiju No. 8 (2024) 8.357
Kaiju No. 8 (2024) aiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆိုKaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ ...
8.357
TMDb: 8.357/10 14 votes
tv

Kaiju No. 8 (2024)

2024
Heeramandi: The Diamond Bazaar (2024) Complete 5
Heeramandi: The Diamond Bazaar (2024) Complete Heeramandi: The Diamond Bazaar (2024) "ဂန္ထဝင်တွင်ကျန်ရစ်..." IMDb - 6.2/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး တောင်းဆိုမှုများနေတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းရှစ်ပိုင်း ထုတ်လွှင့်ထားပြီး အဲဒီအပိုင်းရှစ်ပိုင်းအတွက် ဘတ်ဂျက်အနေနဲ့ ရူပီး ကုဋေနှစ်ရာထိကုန်ကျခံခဲ့တာပါ။Castတွေအနေနဲ့ဆိုလည်း Dil Se..(1998)ထဲက မင်းသမီးကြီး Manisha Koirala၊ Rowdy Rathore (2012)မှာ အပြုံးချိုချို ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းသမီး Sonakshi Sinha၊ Rockstar(2011)မှာ ရီနာအဖြစ်ပါခဲ့တဲ့ မင်းသမီး Aditi Rao Hydariစတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အထူးပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၀-၁၉၄၀ခုနှစ်အတွင်း ဗြိတိသျှတွေကိုဆန့်ကျင်တဲ့ အိန္ဒိယလွပ်လပ်ရေးလှုပ်ရှားမှုပြုနေချိန် လာဟိုးပြည်နယ်က ဟီရာမန်ဒီမှာရှိတဲ့ ဂုဏ်ရှိန်ကြီးမြတ်လှတဲ့ ပြည့်တန်ဆာအိမ်ကြီးကနေစပါတယ်။ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ ဒီပြည့်တန်ဆာဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုရဲ့သမီးမိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ မငြင်းပယ်နိုင်ဘဲ ဆက်ခံလာခဲ့ရာကနေ ကဗျာဆရာမလေးဖြစ်ချင်တဲ့ အာလမ်ရဲ့ အလှည့်မှာတော့ ဒီဂုဏ်ပုဒ်ကို သူ့ကံတရားကနေဖယ်ရှားဖို့ တိုက်ခိုက်ပါတော့တယ်။တာ့ဂျ်ဒါရ်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာတော်သင်ခြောက်နှစ်သွားတက်လာပြီး လာဟိုးကိုပြန်လာခဲ့တဲ့ ဆွေကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာသူတစ်ယောက်။ဗြိတိသျှတွေကို မျက်နှာလုပ်ဖားယားနေရတဲ့ ...
5
TMDb: 5/10 1 votes
tv

Heeramandi: The Diamond Bazaar (2024) Complete

2024
A Will Eternal (2020) 8.8
A Will Eternal (2020) MyAnimeList 7.8/10 IMDb 7.9/10သိုင်းဝတ္ထုတွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ရှောင်ဖုံး၊ ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထုတွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထုတွေမှာ ဆားပုလင်းနှင်းမောင်universeဖြစ်နေအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း)Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ ...
8.8
TMDb: 8.8/10 11 votes
tv

A Will Eternal (2020)

2020
All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၆) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၂) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
X-Men ’97 (2024) 9
X-Men ’97 (2024) 1992 ကနေ စပြီး နာမည်ကြီးခဲ့တဲ့ X-Men: The Animated Series ရဲ့အဆက်အဖြစ် ထွက်ရှိလာတဲ့ ကာတွန်းစီးရီးအသစ်ပါ။အရင်ဇာတ်လမ်းနဲ့ ဆက်စပ်တာလေးတွေပါပေမဲ့ ဇာတ်လမ်းထဲကဒိုင်ယာလော့တွေနဲ့ ရှင်းပြသွားတာမို့ အဟောင်းတွေကိုမကြည့်ဘဲ ကြည့်လို့ရပါတယ်။ဇာတ်လမ်းကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းမို့စူပါဟီးရိုးဖန်တွေ အကြိုက်တွေ့မှာပါ ဇာတ်လမ်းအကျဉ်းရုပ်ရှင်တွေထဲကအတိုင်းပါပဲ လူတွေထဲမှာ သန္ဓေပြောင်းလူသားတွေကိုကြောက်လန့်ပြီး ရှင်းပစ်ချင်နေကြတာတွေရှိကြတယ်။သန္ဓေပြောင်းတွေထဲမှာလို မဂ္ဂနီတိုတို့လို လူတွေကိုအနိုင်ယူချင်တာတွေရှိတယ်။ ဒါပေမဲ့ ချားစ် ဇေးဗီးရားရဲ့ X-Men အဖွဲ့တွေဟာလူတွေနဲ့ သန္ဓေပြောင်းလူသားတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ တိုက်ခိုက်ကြိုးစားပေးနေကြဆဲပါပဲ။ဒီ စီးရီးကတော့ ချားစ် ဇေးဗီးယားကို လုပ်ကြံခံရပြီးနောက်ပိုင်းဆိုက်ကလော့ က X-Men တွေကို ဦးဆောင်ပြီးစစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ ချားစ်ဟာမသေခင် X-Menတွေကို ဦးဆောင်ဖို့ ဘယ်သူမှမထင်ထားတဲ့ မဂ္ဂနီတိုကို တာဝန်ပေးခဲ့တာကို သိခဲ့ရပါတယ်။လူ့ဂွစာ ရန်သူ/မိတ်ဆွေဟောင်း မဂ္ဂနီတိုနဲ့ X-Men တွေဘာ အန္တရာယ် အသစ်တွေကို ရင်ဆိုင်ကြမလဲ ဒီစီးရီးမှာတွေ့ရမှာပါ။အပိုင်းဆယ်ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။ File size…    800 MB ...
9
TMDb: 9/10 32 votes
tv

X-Men ’97 (2024)

2024
Our Memories
Our Memories ဝေ့ရှင်းနဲ့ ဝမ်တိချိုတို ဦးဆောင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားအဖွဲလေးတွေဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပြီး ယွီကျိုလမ်းလေးမှာ နေကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်အထက်တန်းတတိယနှစ်တုန်းက ကောင်းအတူဆိုးအတူ တွဲလာကြတဲ့ သူတိုအဖွဲလေးဟာ ကိုယ့်အိပ်မက်ပန်းတိုင်စီကိုပဲ မူလရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းသွားနိုင်ကြမလား မိဘတွေစီမံရာကိုပဲ လိုက်နာကြမလားကျောင်းသားဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ဘဝဟာ သူတိုဘဝလေးတွေ ကိုယ်စီရည်မှန်းရာ တက္ကသိုလ်စီ လှမ်းရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းဦးပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာအားပေးကြပါဦး...====================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 ...

Our Memories

2024
American Rust Season 2 (2024) 6.9
American Rust Season 2 (2024) American Rust ( 2021 - 2024 )လက်ရှိမှာ Season 2ခုထွက်ပြီးသား အမေရိကန် မှုခင်းဒရာမာစီးရီးဖြစ်တဲ့ American Rust ဟာ   မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကိုမှ စိတ်ဝင်စားစရာအပြည့်နဲ့ မြုပ်ကွက်တွေအပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲပါပဲ။ ဒုတိယတွဲကတော့ ပထမတွဲကနေပဲ တိုက်ရိုက်ဆက်ထားပြီး  ပထမတွဲက ပြဿနာတွေရဲ့နောက်ဆက်တွဲတွေ ပထမတွဲက မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဆက်လက်တင်ပြထားတယ်။မြို့လေးတစ်မြို့ထဲက အချင်းချင်းသိနေတဲ့လူတွေကြား လူသတ်မှုတွေ တစ်ခုခုပြီးဖြစ်လာခဲ့တယ်။  ဒီမြို့ကလေးကလူတွေပဲဆိုပေမဲ့ Landwills လို့ခေါ်တဲ့  ကုမ္ပဏီကလူတွေကတော့ ဒီမြို့မှာ လုပ်ငန်းလုပ်ရင်း ဒီမြို့ကမြေတွေကို ပတ်ဝယ် ပတ်ငှားရင်း ဒီကိစ္စတွေရဲ့ မသင်္ကာစရာတစ်ခုဖြစ်လာခဲ့တယ်။ ဒီကုမ္ပဏီနဲ့ပေါင်းပြီး မြို့သူမြို့သားအချင်းချင်းအမြတ်ထုတ်ချင်တဲ့လူတစ်အုပ်ရယ်။ အမြတ်ထုတ်ခံရတဲ့လူတစ်အုပ်ရယ်။  ရဲတွေ အမှုစစ်တွေကြားက အကျင့်ပျက်ခြစားမှုတွေရယ်။ အဲဒီအကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ချင်နေတဲ့ရယ်တွေ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိသင့်သလောက်သိနေကြပြီး ခြေချင်းလိမ်နေကြတဲ့ မြို့ကျဉ်းကျဉ်းထဲက ရှုပ်ထွေးတဲ့ပြဿနာတွေကိုမြင်ရမှာပါပဲ။ဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ စရိုက်ပေါင်းစုံနဲ့လူတွေရှိနေသလို ရဲတွေကလည်း မကောင်းတဲ့ရဲကပိုများနေသလို လူသတ်မှုတွေကလည်း ...
6.9
TMDb: 6.9/10 47 votes
tv

American Rust Season 2 (2024)

2021
Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
Earth Arcade S1 (2022) + S2 (2023) 8.75
Earth Arcade S1 (2022) + S2 (2023) Earth Arcade**************ဒီတစ်ခါမှာတော့ tvN ရဲ့  နာမည်ကြီး Variety Show ဖြစ်တဲ့Earth Arcade ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။Na PD ဆိုတာနဲ့ KVariety Show နယ်ပယ်ထဲမှာအောင်မြင်တဲ့ ရသစုံရှိုးတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဆိုတာကို တန်းသိကြမှာပါ။Na PD ဦးဆောင်တဲ့ Earth Arcade ကို Main cast တွေအဖြစ် ၄ယောက်စုံတာနဲ့ထိန်းမနိုင်တော့တဲ့ IVE အဖွဲ့မှ Ahn YuJin၊ Rapper Lee YoungJi၊Oh My Girl အဖွဲ့မှ  MiMi နဲ့  Comedian Lee Eunji တို့နဲ့အတူ ရိုက်ကူးထားပါတယ်။ဒီ Show လေးရဲ့ concept ကတော့ "တစ်နေ့ လကမ္ဘာကနေ အငြိမ်မနေနိုင်ဘဲကမ္ဘာမြေပေါ်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ယုန်တစ်ကောင်ကိုယုန်ပိုင်ရှင် ဧကရာဇ်ကြီးက ရှာဖွေပေးဖို့ ဆုကြေးငွေထုတ်ခဲ့တဲ့အတွက်ကမ္ဘာမြေသူရဲကောင်း ၄ဦးကနေ နိုင်ငံပေါင်းစုံကို ခြေဆန့်ပြီး ...
8.75
TMDb: 8.75/10 12 votes
tv

Earth Arcade S1 (2022) + S2 (2023)

2022
Friend, Our Legend (2009) [Complete] 4
Friend, Our Legend (2009) [Complete] Friend, Our Legend (2009)*****************************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲလေးကတော့Hyun Bin, Kim Min Joo, Wang Ji Hye, Jung Yoo Miတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၁ ခုနစ်မှာ ထွက်ရှိခဲ့တဲ့နာမည်ကျော် ရုပ်ရှင် Friend ကို Seriesအဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဟန်ဒုံးဆူ (Hyun Bin) ကတော့ ဆင်းရဲဖခင်ဖြစ်သူနဲ့ ဖောက်ပြန်ပြီးအိမ်ထောင်ရေး ဖောက်ပြန်ပြီး အိမ်ကထွက်သွားတဲ့ မိခင်ဖြစ်သူတို့ကြောင့်ပင်ပန်းဆင်းရဲစွာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး ကြီးပြင်းလာတဲ့အချိန်မှာဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံးခဲ့ပြီး ဒုစရိုက်ဂိုဏ်းဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။အီဂျွန်ဆော့(Kim Min Joon) ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်ပြီးဖခင်ဖြစ်သူ သေဆုံးချိန်မှာ အမွေဆက်ခံရရှိပြီး ဂျပန်နဲ့ ချိတ်ဆက်ပြီးဘူဆန်တစ်ဝိုက်မှာ အရေးပါသူတစ်ယောက်ဖြစ်လာပါတယ်။ဂျောင်ဆန်းထက် (Seo Tae Hwa) ကတော့ လူမိုက်ဂိုဏ်းနဲ့ နိုင်ငံရေးသမားတွေရဲ့မသမာမှုတွေကို ဖော်ထုတ်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဂင်ဂျုံဟို ...
4
TMDb: 4/10 1 votes
tv

Friend, Our Legend (2009) [Complete]

2009
Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၃၃+၁၃၄)Tele Episode (134) / Official Episode (67) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။  ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
The Third Marriage (2023) [Complete]
The Third Marriage (2023) [Complete] The Third Marriage (2023)**************************အပိုင်း (၁ မှ ၁၃၂) စ/ဆုံး လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ...

The Third Marriage (2023) [Complete]

2023

Genres

Archives