Channel Myanmar

Content at random


TV Series

Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်းသစ်( ၄၇/၄၈)(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို စိတ်ဝင်စားမိသွားပါတော့တယ်။တူရကီစီးရီးတွေရဲ့ထုံးစံအတိုင်း မင်းသမီးတွေရဲ့အလှအပကို တစ်ဝကြီးခံစားရပြီးတော့ဇာတ်အလှည့်အပြောင်းတွေကလည်း ဟာခနဲဟင်ခနဲဖြစ်စေမှာမလို့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုအလောင်တလိုင်းနဲ့ ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Lootere (2024)
Lootere (2024) Lootere (2024)"ဆိုမာလီယာ အိပ်မက်ရှည်" ================================= (Season 1, 6 eps)အိန္ဒိယ စီးရီးတွေထဲမှာ မြင်ရခဲတဲ့ အသစ်ထွက် ပင်လယ်ဓားပြစီးရီးလေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုမာလီယာမှာမွေး ဆိုမာလီယာမှာကြီးပြင်းတဲ့ အိန္ဒိယလူမျိုး ဗစ်ကရန့်ဟာ ဆိုမာလီယာမှာ ဆိပ်ကမ်းဥက္ကဌဆိုတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဂိုဏ်းစတားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ဆိပ်ကမ်းဥက္ကဋ္ဌဖြစ်ပေမဲ့ အတိုက်အခံဘက်ကလူတွေက သူ့ကို ဖြုတ်ချချင်နေကြတာပါ။သူ့ကိုဖြုတ်ချဖို့အတွက် ဆိုမာလီယာကိုလာတဲ့ သူ့ရဲ့သင်္ဘောထဲမှာပါတဲ့ တရားမဝင်ကုန်တွေကို အတိုက်အခံဘက်ကလူတွေက ဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါ ဗစ်ကရန့်ဟာ သူ့သင်္ဘောကို အနုကြမ်းစီးဖို့ ပင်လယ်ဓားပြတွေကို တဖက်လှည့်နဲ့ပြန်ခိုင်းခဲ့ပါတယ်။ သူ့ရဲ့ မူရင်းရည်ရွယ်ချက်က ပစ္စည်းယူရုံပဲဖြစ်ပေမဲ့ ပင်လယ်ဓားပြတွေဘက်က ဘောင်ကျော်လာတဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကုန်ပါတော့တယ်။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1GB(Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, DramaTranslator ...

Lootere (2024)

2024
Lady Revenger Returns From the Fire
Lady Revenger Returns From the Fire လော်အိမ်ရဲ့သမီးအကြီးဆုံးဖြစ်တဲ့ လော်အိုက်လျန်ဟာ မမျှော်လင့်ထားတဲ့အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူသေဆုံးခဲ့ရပြီး၊ သူမကို လူသတ်တရားခံအဖြစ်လည်းစွပ်စွဲခံခဲ့ရပါတယ်။ ညတွင်းချင်းမှာ အိမ်တော်တစ်ခုလုံးပြိုလဲသွားခဲ့ပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူမဟာ ဖခင်ဖြစ်သူကိုသတ်တဲ့တရားခံကို ဖော်ထုတ်ဖို့ကြိုးစားရင်း အသက်အန္တရာယ်ထိ ထိခိုက်ခဲ့ပြန်ပါတယ်။လော်အိုက်လျန်တစ်ယောက် သေဆုံးသွားပြီလို့အများကထင်ခဲ့ကြပေမယ့်သူမဟာသေရွာကပြန်ပြီး ပို့ဆောင်ရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ရှန်အိမ်ရဲ့သမီးကြီးရှန်တန်းချင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်ခံခဲ့ရတဲ့သူမဟာ ပျော့ညံ့ပြီးယုံလွယ်တဲ့မိန်းမငယ်လေးအဖြစ်ကနေ သန်မာရက်စက်တဲ့အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့သူမရဲ့ကလဲ့စားခရီးစဥ်မှာပါဝင်လာသူကတော့ မြို့စောင့်စစ်သူကြီး ရွှီချန်ဖုန်းပါ။ပျောက်ဆုံးနေတဲ့ဘဏ္ဍာတွေကိုရှာနေတဲ့စစ်သူကြီးရွှီနဲ့အတူ သူမရဲ့ကလဲ့စားချေမယ့်လမ်းမှာအနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကြားမှာသံယောဇဥ်ကြိုးလေးတွေရစ်နှောင်မိကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK===================================== Ep 1 (720p) ...

Lady Revenger Returns From the Fire

2024
Anthracite (2024) 6.094
Anthracite (2024)  IMDB 6.1/10 ရရှိထားတဲ့ ၂၀၂၄ ခုနှစ်ထွက် Crime/Drama/Mystery အမျိုးအစား ပြင်သစ် mini series အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။အီဒါက ငယ်ငယ်လေးကတည်းက အဖေတစ်ခုသမီးတစ်ခုနေခဲ့ရတာမို့ ဖခင်ဖြစ်သူနဲ့ ရင်းနှီးပြီး လျှို့ဝှက်ချက်တွေ မရှိကြေး ကတိတွေထားကာ အရွယ်ရောက်လာခဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ် ၃၀ က တောရွာလေးတစ်ခုက သတင်းတစ်ခုကိုလိုက်ရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားတာမို့ သူ့ဖခင်ကို ပြန်တွေ့နိုင်ဖို့အရေး ရွာငယ်လေးဆီ လိုက်သွားခဲ့ရပါတော့တယ်။ရွာလေးကိုရောက်တော့ သူ့ဖခင်ကို ပြန်တွေ့ဖို့ လုံးပန်းရာကနေ သူ့ဖခင်က လူတစ်ယောက်ကို ရှာနေတာဖြစ်ကြောင်း သိခဲ့ရတာမို့ အဲဒီလူဆီ သွားမေးတော့လည်း အဲဒီလူက သူ့အဖေကို မြင်ဖူးဖို့မပြောနဲ့၊ ကြားတောင်မကြားဖူးဘူးလို့ ဆိုလာတာကြောင့် အစအနပျောက်ကာ မျှော်လင့်ချက်မဲ့ဖြစ်ခဲ့ရပါတော့တယ်။ ဒါပေမဲ့လည်း ဇွဲကြီးတဲ့ အီဒါက ဖခင်ဖြစ်သူကို မတွေ့မချင်း ရှာဖို့ ကြိုးစားခဲ့ရာက အဲဒီရွာငယ်လေးရဲ့ လျှို့ဝှက်ချက်တွေကို ...
6.094
TMDb: 6.094/10 32 votes
tv

Anthracite (2024)

2024
Dead Boy Detectives (2024) 7.264
Dead Boy Detectives (2024)   DC Fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့ နောက်ထပ် Series တစ်ခု ဖြစ်တဲ့ Dead Boy Detectives ...The Sandman နဲ့ Timeline တစ်ခုတည်းဖြစ်ပြီး Neil Gaiman ရဲ့ Dead Boy Detectives Comics ရဲ့ LA version လည်းဖြစ်ပါတယ် Netflix ကထုတ်တာဖြစ်ပြီး rating 7.3 နဲ့ ကောင်းတဲ့အထဲပါတယ် ...Episode 1 နဲ့တင်တော်တော်လေးမိုက်ပါတယ်1900 ခုနှစ်‌ထဲက သေဆုံးခဲ့ အက်၀င်နဲ့ ချားစ်ဆိုတဲ့ ဝိဉာဉ် 2 ကောင်ဟာ ဘ၀မကူးဘဲ တမင်လူ့လောကမှာ ကျင်လည်ပြီး သေမင်းလာခေါ်ရင် ရှောင်တိမ်းကာ သဘာ၀လွန်အမှုတွေကို လိုက်လံဖြေရှင်းပေးနေပါတယ် ..တစ်နေ့ သူတို့ဘ၀ထဲကို ခရစ်စတယ်လို့ခေါ်တဲ့ နတ်ဆိုးပူးကပ်နေတဲ့ အကြားအမြင်‌ရ စိတ်တန်ခိုးရှင် ကောင်မလေးရောက်လာတဲ့အခါမှာတော့ စုံစမ်းစရာ အမှုတွေနဲ့ အန္တရာယ်စွန့်စားခန်းတွေပိုမိုများပြားလာပါတော့တယ် ။ File ...
7.264
TMDb: 7.264/10 36 votes
tv

Dead Boy Detectives (2024)

2024
The Substitute Princess’s Love
The Substitute Princess’s Love ဒီတစ်ခါတော့ အချိုတွေရော အငိုတွေပါပေးမယ့် ဦးနဲ့ကလေးရဲ့ ချစ်ဇာတ်လမ်းကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်ဇာတ်လမ်းအညွှန်းစစ်နတ်ဘုရားလို့ တင်စားခံရတဲ့ မင်းသားကျင့်ဟာ မင်္ဂလာပွဲနေ့မှာပဲ စစ်မြေပြင်မှာတိုက်ပွဲကျသွားပြီလို့ နန်းမြို့တော်ကို သတင်းရောက်လာတာကြောင့် တိုင်းပြည်တစ်ခုလုံးဝမ်းနည်းပူဆွေးရမယ့်အချိန်ကျရောက်လာခဲ့ပါတယ်အဲဒီအခါမှာ မင်းသားနဲ့ လက်ထပ်ရမယ့် အမတ်ချုပ်ရှန်အိမ်တော်က တရားဝင်သမီးဖြစ်သူဟာမုဆိုးမဘဝ မရောက်ချင်တာကြောင့် တရားမဝင်သမီးဖြစ်တဲ့ ရှန်ခယ်ယီကိုလူစားထိုးပြီး မင်္ဂလာဆောင်ခိုင်းလိုက်ပါတော့တယ်မင်းသားကျင့် ကွယ်လွန်သွားတာကြောင့် အဲဒီခေတ်က ထုံးတမ်းစဥ်လာအရရှန်ခယ်ယီပါ အတူတူလိုက်သေရမှာဖြစ်ပေမဲ့ မင်းသားကျင့် ရောက်လာခဲ့ပြီးရှန်ခယ်ယီကို ကယ်ခဲ့ပါတယ်။ ရှန်ခယ်ယီ သတိရလာတဲ့အခါ ရှန်အိမ်တော်က မင်းသားကျင့်ဆီကနေကျောက်စိမ်းပြား ခိုးပေးဖို့ ရှန်ခယ်ယီကို သူ့အထိန်းတော်ကြီးရဲ့ အသက်နဲ့ အကြပ်ကိုင်ပြီးခြိမ်းခြောက်ပါတော့တယ်။ ရှန်ခယ်ယီအတွက် သာမန်ကျောက်စိမ်းပြားတစ်ခုဖြစ်ပေမဲ့အဲဒီကျောက်စိမ်းပြားကရော လက်တွေ့မှာဘယ်လောက်တောင် အဖိုးတန်နေလဲအမတ်ချုပ်ရှန် ကြားထဲကနေ အလွဲသုံးစားလုပ်ထားလို့ ထောင်သောင်းချီတဲ့စစ်သည်တွေအဝတ်အစားနဲ့ရိက္ခာမရှိဘဲ သေဆုံးခဲ့ရတဲ့ ရန်ငြိုးကို မင်းသားကျင့်တစ်ယောက်ဘယ်လိုသက်သေတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်မှာလဲပျော်ပျော်နေတတ်ပြီး ဖြူစင်တဲ့ ရှန်ခယ်ယီနဲ့ အေးတိအေးစက်နိုင်တဲ့ မင်းသားကျင့်တို့ကြားမှာဧကရာဇ်မင်းက စုံဖက်ပေးလိုက်လို့သာ လက်ထပ်လိုက်ရပေမဲ့ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတဲ့အခါမှာရော သက်ထက်ဆုံး လက်တွဲသွားနိုင်ပါမ့လားဆိုတာဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ကြပါဦး====================================Quality : ...

The Substitute Princess’s Love

2024
The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၁)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၄) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
HIDE (2024)
HIDE (2024) HIDE (2024)**************အပိုင်းသစ် (၁၁) ဒီတစ်ခေါက်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Lee Bo Young,Lee Moo Saeng, Lee Chung Ah နဲ့ Lee Min Jae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့Hide ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...နာမွန်းယောင်းနဲ့ ချာဆောင်းဂျယ်တို့ဟာ လင်မယားတွေ ဖြစ်ကြပြီး တစ်နေ့မှာတော့ခင်ပွန်းဖြစ်သူ ချာဆောင်းဂျယ်ဟာ ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။နာမွန်းယောင်း တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားတဲ့ ခင်ပွန်းဖြစ်သူကိုလိုက်ရှာရင်းကနေ မထင်မှတ်ထားတဲ့  အမှန်တရားကို သိရှိလိုက်ရတော့တယ်။ဟာယွန်းဂျူကတော့ နာမွန်းယောင်းကို တတ်နိုင်သမျှ အကူအညီပေးမယ်ဆိုတဲ့အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး ဒိုဂျင်းဝူကတော့ ချာဆောင်းဂျယ် ပျောက်ကွယ်မှုနဲ့ပတ်သက်တဲ့ အဓိက သော့ချက်ကို ကိုင်ဆောင်ထားတဲ့သူပဲ ဖြစ်ပါတယ်။ချာဆောင်းဂျယ်က ဘာကြောင့် ပျောက်ဆုံးသွားပြီး နာမွန်းယောင်း သိလိုက်ရတဲ့အမှန်တရားကရော ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမဲ့Thriller Mystery ဇာတ်လမ်းတွဲ အသစ်ပဲ‌ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ...

HIDE (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၀) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်းသစ် (၅) အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက ...

Missing Crown Prince (2024)

2024
Queen of Tears(2024)
Queen of Tears(2024) Queen of Tears(2024)********************အပိုင်းသစ်(၁၅)မင်းသား Kim Soo Hyun နဲ့  kim Ji Won  ကိုလွမ်းနေတဲ့သူတွေအတွက်တော့ရှယ်ကားကြီးလာပါပြီ...ပရိသတ်ကြီးရဲ့အချစ်တော် မင်းသားချော ဂင်ဆူဟျွန်းက ယုံဒူရီရွာရဲ့ဂုဏ်ဆောင်၊Queens ကွန်ဂလိုမိတ်စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာဘဲ့ဟျွန်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချော ဂင်ဂျီဝမ်ကတော့ Queens ကုန်တိုက်ရဲ့ဘုရင်မတစ်ပါးလည်းဖြစ်လူချမ်းသာမိသားစုက အမွေခံအမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်....မျက်မှောက်ခေတ်မှာ လုပ်ငန်းစုကြီး ၂ခု ပူးပေါင်းရင် ပိုအင်အားကြီးတယ်လို့ယူဆတဲ့သူတို့ ၂ ယောက်ဟာ ဘဝ ၂ ခုပေါင်းပြီး လုပ်ငန်းစုကြီးတိုးပွားဖို့ ကြိုးစားကြပါတယ်..သို့ပေမဲ့ သူတို့ထင်ထားသလိုမဖြစ်လာဘဲ  အင်မတန်အန္တရယ်များတဲ့အဖျက်အမှောက်လုပ်ငန်းတွေကြုံတွေ့လာရတဲ့အခါမှာတော့...Episodes: 16 Aired: Mar 9, 2024 - Apr 28, 2024 Aired On: Saturday, Sunday Original Network:  Netflix Duration: 1 hr. 10 min. Genres: Comedy, Romance, Life, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Miri , ChitThe, Su Sandi , ...

Queen of Tears(2024)

2024
Will Love In Spring
Will Love In Spring မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 ...

Will Love In Spring

2024
Under The Gun (2024) 5
Under The Gun (2024) UNDER THE GUN (2024)***********************အပိုင်း ၁ မှ ၆ (စ/ဆုံး) ဒီလထဲမှာထွက်ရှိလာတဲ့ Mini-Series လေးတစ်ခုကို CM ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ SF9 အဖွဲ့ဝင် Zuho က အထက်တန်းကျောင်းသား ဂိုဂွန်းအဖြစ် Main Role အနေနဲ့ ပါဝင်ထားပြီးမင်းသမီးက Jo Soo Min နဲ့ Second Lead အဖြစ် မင်းသား Seo Ji Won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Romance, Youth အမျိုးအစားဖြစ်ပြီး လောင်းကစားကြောင့်ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့ မိသားစုတစ်စုအကြောင်းကိုပါ ထည့်သွင်းရိုက်ကူးပြထားပါတယ်ဇာတ်လမ်းအကျဉ်း...ဂိုဂွန်းက အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းမှာ ဇွန်ဘီလို့နာမည်ပြောင်ရထားတဲ့အထိ အေးစက်စက်မျက်နှာသေနဲ့ နေတတ်သူပါမိသားစုစီးပွားပျက်သွားတာမို့လို့ အိမ်အတွက် ဝင်ငွေရှာဖွေဖို့ အချိန်ပိုင်းအလုပ်တွေကို မအိပ်မနေလုပ်တဲ့ ဂိုဂွန်းအတွက်ကျောင်းစာသင်ခန်းကတော့ အိပ်ခန်းတစ်ခုလိုဖြစ်နေခဲ့တယ်ဒီလိုနဲ့ တစ်နေ့မှာတော့ ချာဆယ်ယောင်းဆိုတဲ့ကျောင်းသူအသစ်တစ်ယောက် ကျောင်းပြောင်းလာခဲ့တယ်LA ကနေကျောင်းပြောင်းလာတဲ့ ကျောင်းသူချောချောလေးက ဂိုဂွန်းကို မြင်မြင်ချင်းစိတ်ဝင်စားသွားပြီးတော့ဂိုဂွန်းအနားမှာ ...
5
TMDb: 5/10 1 votes
tv

Under The Gun (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၉) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၂၇) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023

Genres

Archives