Channel Myanmar

Content at random


Movies

SEE ALL
A Bridesmaid in Love (2023) 5.5
A Bridesmaid in Love (2023) A Bridesmaid in Love (2023) =====================အချစ်ဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် ရိုမန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်သရင်းဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံ‌အနေနဲ့ ကူညီပေးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ သူမသူငယ်ချင်းမက်ဇင်းရဲ့ မင်္ဂလာပွဲအတွက် ကူညီပေးရင်း လွန်ခဲ့တဲ့ဆယ်ခုနစ်ကခင်ခဲ့တဲ့မက်ဇင်းရဲ့အကို မက်ထ်နဲ့ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေပြောင်းလဲ လာမလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရူခံစားရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.53 GB) / (624 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator......Nang Aye Myat Phoo Encoder..........SWM
movie

A Bridesmaid in Love (2023)

2022
Partner (2023) 6.2
Partner (2023) Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB  / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie

Partner (2023)

2023
The Breach (2022)
The Breach (2022) The Breach (2022)~ Rotten Tomatoes - 82% ~မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ...
movie

The Breach (2022)

2022
The Exorcists (2023)
The Exorcists (2023)   ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီးပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကိုအကူအညီတောင်းနေတယ်။လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကိုမဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့်နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ်ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကိုအကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။ File size…905MB / 435MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Exorcists (2023)

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
Man on Fire (2004) 7.7
Man on Fire (2004) Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းကရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်...သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်...ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်...ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီးကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး  Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်....ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့  Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်...သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်...သူစောင့်ရှောက်ရတဲ့ ...
movie

Man on Fire (2004)

2004
Desperation Road (2023) 5.6
Desperation Road (2023)  MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံးအချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျောပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲသူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Desperation Road (2023)

Megalodon: The Frenzy (2023)
Megalodon: The Frenzy (2023)  Megalodonငါးမန်းကြီး‌တွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး....။ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့Megalodonငါးမန်းကြီးပေါ်လာပါတယ်....။ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်...။သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး...။အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်‌ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်...။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲအဖြေရှာကြည့်တဲ့အခါမှာတော့....။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Megalodon: The Frenzy (2023)

Bite the Dust (2023)
Bite the Dust (2023) Bite the Dust (2023)Cowboy ကားကြိုက်တဲ့သူတွေအတွက် ကောင်းဘွိုင်လိုစွန့်စားခန်းရော ဘောက်ဆင်ထိုးတာပါ ပါတဲ့ Country ကားပါ။ဒက်ခ်ျနဲ့ဝေကိုတို့နှစ်ယောက်က ဆုငွေကြေညာထားတဲ့ လူဆိုးတွေကို လိုက်ဖမ်းတဲ့ ဆုကြေးမုဆိုးတွေဖြစ်ပြီး ကြေးကြီးကြီးရမယ့် လူဆိုးနောက်လိုက်ရင်း မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ မြို့လေးက ရွှေထွက်ပေမဲ့ ရဲမှူးနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ထားတဲ့ မိုင်းသူဌေးကြောင့် မြို့သားတွေ ဘာမှမရတဲ့အပြင် မြို့ကပါ အကြွေးထဲနစ်နေပါတယ်။ဝေကိုတို့ ပစ်ဖမ်းလာတဲ့လူဆိုးအတွက်ဆုငွေကိုလည်း မပေးသေးဘဲ ရွှေ့ဆိုင်းထားတဲ့အတွက် သောင်တင်နေရင်း ဒီမြို့ကို မွေးစားဖို့ရထားနဲ့ပို့လိုက်တဲ့ ကလေးတွေအခြေအနေသိရအောင် လာစုံစမ်းတဲ့ မိန်းကလေးနဲ့ ဆုံပါလေရော။မိဘမဲ့ကလေးတွေနဲ့ မိုင်းသူဌေး ဘယ်လိုပတ်သက်နေတာလဲ... သူ့လုပ်ရပ်တွေ သိသွားတဲ့အခါ လူယုတ်မာ‌တွေလက်ကနေ မြို့လေးကို ဘယ်လိုကယ်တင်မလဲဆိုတာ ဆက်အားပေးလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 740MB Quality - 1080p, 720p Format - mp4 Duration - 1H ...
movie

Bite the Dust (2023)

2023
A Southern Haunting (2023)
A Southern Haunting (2023)  ဇာတ်လမ်းအကျဉ်းကတော့ စစ်ပွဲတွေဖြစ်တဲ့အခါအစိုးရက မြေတွေကိုရောင်းချတယ်ရောင်းချလိုက်တဲ့မြေတွေက ဘာစိုက်စိုက်မဖြစ်ထွန်းပါဘူး။ လူလာတို့မိသားစုဟာမြေဧက ၄၀ ကိုဝယ်ပြီးတော့ အရင်နေရာဟောင်းကနေပြောင်းရွှေ့လာတယ်။ ဒီမြေကိုပြုပြင်ပြီးဒီမြေတွေလုပ်ကိုင်စားသောက်မယ်လို့တွေးထားတယ်။ သူတို့ဝယ်လိုက်တဲ့ မြေတွေဟာကျိန်စာသင့်နေတယ်လို့လူအများကပြောကြတယ်။ အနီးအနားပတ်ဝန်းကျင်ကလည်းအမြဲတမ်းအထိတ်တလန့် ရန်လိုတဲ့အပြုအမူတွေချည်းပဲ။ သူတို့နဲ့စကားလာပြောဆိုတာဆိုလို့လယ်ကွင်းရဲ့တစ်ဖက်အကျော်က တိုင်ရွန်တစ်ယောက်ပဲရှိတယ်။ သူတို့ဝယ်ထားတဲ့အိမ်ကိုပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲအိမ်မှာထူးဆန်းတဲ့အသံတွေစကြားလာတယ်၊နောက်ပိုင်းမှာဘာကြောင့်မှန်းမသိ လူလာရဲ့အစ်ကိုဟာ ကြက်သေသေလိုချည်းဖြစ်သွားတယ်။ စကားလည်းမပြောဘာမှလည်းမတုံပြန်ဘူး။ဒီလိုထူးဆန်းမှုတွေတစ်ခုပြီးတစ်ခုစဖြစ်လာတဲ့အခါမှတော့....  File size…1.32GB / 575MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

A Southern Haunting (2023)

Infestation (2009) 5.8
Infestation (2009)  ကူပါ ဆိုတဲ့ကောင်လေးက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတတ်တဲ့ ကောင်လေးဖြစ်ပါတယ်။ အလုပ်တောင်မှ သူ့အဖေက ရှာပေးလို့ အလုပ်ရပြီး အလုပ်ရတာတောင် အလုပ်ထဲမှာ ရုံးက တခြားဝန်ထမ်းတွေနဲ့ ရေလားဝါးလား နေတတ်တဲ့ လူဖြစ်ပါတယ်။တစ်ရက်မှာ ကူပါ သူဌေးနဲ့ စကားပြောနေတုန်း အသံတစ်ခုကြားလိုက်ပြီး မေ့လဲသွားပါတော့တယ်။ သတိပြန်ရတဲ့အချိန်မှာ ကမ္ဘာကို ပိုးကောင်ကြီးတွေက အုပ်စိုးထားပြီး လူတွေကိုလည်း ပိုးအိမ်ထဲထည့်ထားပြီး ဖမ်းထားပါသေးတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ကူပါ တစ်ယောက် အသက်ရှင်ဖို့ ဘယ်လိုကြိုးစားမလဲ။ ပိုးကောင်ကြီးတွေ ရန်ကနေ ဘယ်လိုထွက်ပြေးကြမလဲ၊ ပိုး​ကောင်ကြီးတွေကို ဘယ်လိုသတ်ကြမလဲ ဆိုတာကို Character developmentတွေနဲ့အတူ ရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။2009ခုနှစ်က ရုပ်ရှင်တစ်ခုအတွက် CGIက ကြည့်လို့အဆင်ပြေတဲ့ထဲပါပြီး ဇာတ်လမ်းဇာတ်သွားကလည်း ကြည့်လို့ကောင်းပါတယ်။ အကောင်တွေပါပြီး Survival ပုံစံမျိုးကို ကြည့်ရတာ နှစ်သက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါလို့ ပြောရင်း reviewကို ...
movie

Infestation (2009)

Everything Will Be Fine in the End (2023) 5.8
Everything Will Be Fine in the End (2023)  ဒီဇာတ်လမ်းလေးကတော့ ပေတေလေလွင့်နေကျ နှစ်ဆယ်ကျော်လူငယ်ဘဝအကြောင်း ရိုက်ကူးပြထားတဲ့ဇာတ်လမ်းလေးပါပဲ...။လမ်းလျှောက်တတ်စအရွယ်ကတည်းက ဒုက္ခနဲ့သာလုံးပန်းခဲ့ရတဲ့သူတို့အတွက်တော့ဘဝရည်မှန်းချက် ရည်ရွယ်ချက်ကြီးကြီးထားရမယ့်အစား ကြုံလာသမျှပြဿနာကိုကြုံသလိုဖြေရှင်းရင်းသာ အချိန်ကုန်နေရတာပါ...။ဇာတ်လမ်းထဲမှာတော့ ဂျော့ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး သူ့ရဲ့ခွေးကို အပေါင်အဖြစ်ပစ္စည်းသိမ်းခံလိုက်ရပါတယ်...။နာမည်က ယောကျာ်းလေးနာမည်ဆိုပေမယ့် ဂျော့ဆိုတာ မိန်းကလေးပါ..။သူ့ခွေးဆိုတာကလည်း သူများဆီက အလစ်သုတ်ထားတဲ့ ခွေးလေးပါ...။ဒီတော့ ဂျော့ဟာ သူ့ခွေးကို ပြန်ရဖို့ အကြွေးတွေဆပ်နိုင်ဖို့ ကြံရပါတော့တယ်၊တစ်ယောက်တည်းကြံမရတော့ သူငယ်ချင်းနှစ်ယောက်ကိုပါ စစ်ကူခေါ်ပြီးရာဇဝတ်မှုလုပ်ဖို့ ကြံမိကြံရာကြံပါတော့တယ်...။သို့ပေမယ့် အမြဲတမ်း ဒုက္ခနဲ့သာကြုံတွေ့နေရတဲ့သူ့တို့တစ်တွေအဖို့ အခုလည်းအဆင်မပြေတာတွေပဲဆက်တိုက်ကြုံတွေ့လာတဲ့အခါမှာတော့...ကြံထားသလိုလုပ်နိုင်မလား၊ အားမတန်မာန်လျှော့ရမလားဆိုတာကို...ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…2.03GB / 1.05GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Everything Will Be Fine in the End (2023)

[18+] Pornstar 2: Pangalawang Putok (2021) 5.7
[18+] Pornstar 2: Pangalawang Putok (2021) Pornstar 2 (2021)သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်တယ် ဒုတိယပိုင်းပါ။ ပထမပိုင်းကိုတော့ ဒီလင့် ကနေကြည့်နိုင်ပါတယ်။ဆရာမကြီးလေးယောက် ပထမအစီအစဉ်က မအောင်မြင်တော့ အသစ်လေးတွေကို ပွဲထုတ်လာပါတယ်။ မင်းသမီးလက်သစ်လေးယောက်ကို သင်တန်းပေးကြမှာပါ။ ငမ်းစရာအရေအတွက်များလာတာပေါ့။ လာလာချင်းမှာတင် မျက်လုံးပြူးစရာတွေနဲ့ စကြိုမယ့် ဇာတ်ကားလေးပါ။ပထမကားမှာတော့ ဇာတ်ကားရိုက်တဲ့အဆင့်ထိမရောက်လိုက်ပေမဲ့ ဒီကားမှာတော့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်လိုက်ပါတယ်။ သူတို့ရဲ့ ဖိလစ်ပိုင်အောလောကကို ပြန်အသက်သွင်းမယ့် ဒုတိယ စစ်ဆင်ရေးက အောင်မြင်မလားဆိုတာကို ကြည့်ရင်း အဖြေရှာလိုက်ကြရအောင်ဗျာ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 35Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by ...
movie

[18+] Pornstar 2: Pangalawang Putok (2021)

2021
Guiding Emily (2023)
Guiding Emily (2023) Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Guiding Emily (2023)

Carjacked (2011) 5.0
Carjacked (2011) Carjacked (2011) ============ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကို‌ခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ်‌ မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.63 GB) / (684 MB) Quality...........BLU-RAY 1080p / 720p Duration........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator......Theo Katt Encoder..........SWM
movie

Carjacked (2011)

2011
Falling for You (2022) 6.2
Falling for You (2022) ဒီဇာတ်ကားလေးကတော့ လူတွေဆီကို ပျော်စရာ၊ရယ်စရာတွေယူဆောင်ပေးတဲ့ လူပြက်တစ်ယောက်ရဲ့ နောက်ကွယ်မှာရင်ဆိုင်ရတဲ့ဘဝအခက်အခဲတွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အတော်ရှားတဲ့ Coulrophobia လို့ခေါ်တဲ့ လူပြက်တွေကိုအလွန်အမင်းကြောက်တတ်တဲ့ရောဂါကိုလဲ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိုရမှာပါ။ဒီဇာတ်ကားမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တဲ့ ဇာတ်ဝင်ခန်းများနဲ့ စကားလုံးများပါဝင်ပါတယ်။လူပြက်လောကမှာ အကျော်အမော်တစ်ယောက်ဖြစ်ဖို့အရေး အပတ်တကုတ်ကြိုးစားနေရင်း အချစ်ဦးကထားသွားတာခံခဲ့ရတဲ့ အော်စကာတစ်ယောက် သူ့ရဲ့အိပ်မက်တွေကိုတကယ်ပဲအကောင်အထည်ဖော်နိုင်မှာလား။ဟေဇယ်ကတော့ အိမ်ကနေပဲအလုပ်လုပ်တဲ့ အိမ်တွင်းပုန်းမလေးပါ။ လူပြက်တွေကိုကြောက်တတ်တဲ့စိတ်ဝေဒနာကြောင့် ဆရာဝန်ပါပြနေရတဲ့ဟေဇယ်တစ်ယောက် သူ့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ပါ့မလား။ဟာသတွေ၊ပျော်စရာတွေကို ဘဝလို့ခံယူထားသူ အော်စကာနဲ့ ဟာသဉာဏ်မရှိသူ ခပ်အေးအေး ဟေဇယ်တို့နှစ်ဦး တိုက်ဆိုင်မှုတစ်ခုကြောင့်တွေ့ဖို့အကြောင်းဖန်လာတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမှာလဲ။ အော်စကာကရော သူ့ရဲ့ဘဝအမှန်ကိုဘယ်လောက်ထိဖုံးကွယ်ထားနိုင်မှာလဲ။ Budget အများကြီးမသုံးထားပေမယ့် ဟာသ၊ ဒရာမာနဲ့ အချစ် စတဲ့ရသတွေကို တစ်လှည့်စီခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.35 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw
movie

Falling for You (2022)

Talk to the Dead (2013)
Talk to the Dead (2013) Talk to the Dead (2013)ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က "တွေ့ချင်တယ်" လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ ...
movie

Talk to the Dead (2013)

2013
Wee Dragons (2018) 4.0
Wee Dragons (2018) Wee Dragons (2018) ================နဂါးတိုင်းပြည်က မင်းသမီးခိုင်က တိုင်းပြည်မှာမနေဘဲ စွန့်စားခန်း ထွက်ချင်တာပါတဲ့။ တစ်ဦးတည်းသောသမီးကို သည်းသည်းလှုပ် ချစ်တဲ့ ဘုရင်ကြီးကတော့ သူ့သမီးလေး တစ်ခုခုဖြစ်မှာ စိုးရိမ်နေ ပါတယ်။ တစ်နေ့တော့ ဘလစ်စတာဆိုတဲ့ နဂါးတစ်ကောင်က မန္တန် မှုတ်ပြီး စွမ်းအားကြီးနဂါးကို ပြုစားလိုက်ပါတယ်။ဒီအကြောင်းကို ဘုရင်ကြီးဆီ သတင်းပို့လာတဲ့သူရှိပေမဲ့ ဘလစ် စတာ့ကို အထင်သေးတဲ့ ဘုရင်ကြီးက မဖြစ်နိုင်ဘူးဆိုပြီး လျှော့ တွက်တာပေါ့။ ဒါပေမဲ့ ဘုရင်ကြီး အဖမ်းခံလိုက်ရတဲ့အခါ စွန့်စား ရတာကြိုက်တဲ့ မင်းသမီးခိုင်တစ်ယောက် အခက်အခဲကြားကနေ သူ့အဖေကို ဘယ်လိုကယ်မလဲ။ ဘယ်သူတွေက ကူညီပေးမလဲ။ သူ့ဆန္ဒတွေရော ပြည့်လာပါ့မလား။ ကလေးကာတွန်းကားလေးကို ရှုစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.23 GB) / (575 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 10Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation Translator......EL Encoder..........SWM
movie

Wee Dragons (2018)

2018
The Russian Bride (2019) 5.2
The Russian Bride (2019) The Russian Bride (2019) ===================ဆေးသမားရဲ့ မိန်းမဖြစ်ရတာ ဘယ်လောက်သနားဖို့ကောင်းမလဲ။ ဆေးသမားရဲ့ ဆိုးမွေတွေကိုပဲ ထပ်တလဲလဲခံစားရတဲ့ သနားစရာ ရုရှားအမျိုးသမီးတစ်ဦး။ တကယ်တော့ သားသမီးဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။ သားသမီးကို ဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်က ဘယ်လိုခံစားနေရမလဲ။ ငွေပုံပေါ်မှာထိုင် ပြီး မပျော်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ ငွေမရှိတဲ့ မျက်နှာမွဲဘဝမှာ ဒုက္ခရောက် ရလေသူ အမျိုးသမီးတစ်ဦး။ရုရှားမတစ်ယောက် အမေရိကန်ကို လက်ထပ်ဗီဇာနဲ့ ရောက်လာတယ်။ သူနဲ့လက် ထပ်မယ့်သူက သူဌေးကြီး။ သူတို့က အွန်လိုင်းက ဖူးစာရှာရေးဝက်ဆိုက်ကနေ တွေ့ကြတာ။ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ပါတယ်။ အမျိုးသားမှာ သား လေးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ဖူးစာက မရိုးရှင်းလှဘူးပေါ့လေ။ အမျိုးသမီးက ငွေရှိတဲ့သူနဲ့လက်ထပ်ပြီး ဘဝထွက်ပေါက်ရှာသူဖြစ်သလို အမျိုးသားကလည်း အကြံအစည်နဲ့ လက်ထပ်ခဲ့သူပါ။Horror ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း သတို့သမီးက အဲဒီအိမ်ကြီးထဲမှာ အသက် ရှင်ရေးအတွက် ရုန်းကန်ရဖို့ဖြစ်လာတယ်။ အနီးဆုံးအိမ်နီးချင်းက မိုင် ၂၀ အကွာ မှာတဲ့။ သမီးတစ်ဖက်နဲ့ ရုရှားဂျက်မ ကြမ်းပြမယ့်ဇာတ်ကားပေါ့လေ။ သရဲလိုလို မိစ္ဆာလိုလိုတွေလည်း ပါရဲ့ဗျာ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာမလို့ ကြည့် လိုက်ကြပါစို့ရဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun ...
movie

The Russian Bride (2019)

2019
Danur 3: Sunyaruri (2019) 5.1
Danur 3: Sunyaruri (2019) Danur 3 [2019]( 5.1/10 IMDb)သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး... သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်.... ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်... အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ... ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့... ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်... ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး... မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး... ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် ...
movie

Danur 3: Sunyaruri (2019)

2019
No content available

Genres

Archives