Channel Myanmar
mmbusticket

Content at random

Content recently added

Thoroughbreds (2017) 7.3
Thoroughbreds (2017) ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘ၀ဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by ...
7.3
IMDB: 7.3/10 3,850 votes
movie

Thoroughbreds (2017)

2017
The Strangers: Prey at Night (2018) 5.7
The Strangers: Prey at Night (2018) The Staranger: Prey at Night 2018 ကတော့ Thriller၊/Horror ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ Rating 6.5 ရထားပြီးတော့ ပရိသတ်ကို အခြား Horror ကားနဲ့ မတူတဲ့ ရသတစ်မျိုးကို ပေးနိုင်မယ့်ကားလေးပါ။ ဇာတ်လမ်းကတော့ မိသားစုတစ်စု သမီးဖြစ်သူကို ကျောင်းအသစ်ပြောင်းပေးဖို့ ခရီးထွက်လာတဲ့ညတစ်ည မှာ ဖြစ်ပျက်ခဲ့တာတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီမိသားစုဟာသူတို့ရဲ့ ဦးလေး အန်ကယ်မာဗ့် တို့ပိုင်တဲ့ ဂါလင် ရေကန် အပန်းဖြေစခန်းကို ထိုညမှာ ၀င်ရောက်တည်းခဲ့ပါတယ်။ အဲဒီမှာ သူတို့အတွက် အခန်းသော့နဲ့ မနက်မှ တွေ့မယ်ဆိုတဲ့ စာကို အန်ကယ်မာ့ဗ်က တကယ် ချန်ထားပေးခဲ့တာလား အရုပ်မျက်နှာနဲ့ တွေ့ရတဲ့ သူတွေရဲ့ မျက်နှာဖုံးအောက်က ရက်စက်မှုတွေကို သူတို့ သိလိုက်ရတဲ့အခါမှာ သူတို့မိသားစု ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား အဲ့ဒီအရုပ်မျက်နှာဖုံးနဲ့ လူတွေကရော ဘယ်သူတွေလဲဆိုတာကို ရင်တမမ နဲ့ ကိုယ့်ကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ခပ်ကြမ်းကြမ်း ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star  ပါ)   File ...
5.7
IMDB: 5.7/10 5,077 votes
movie

The Strangers: Prey at Night (2018)

2018
Rich Man (2018) TV Series 6
Rich Man (2018) TV Series ကဲ အားလုံး​မျှော်​လင့်​​နေကြတဲ့ EXOရဲ့ Leader ကြီး Suho main lead အဖြစ်​ပါဝင်​ထားတဲ့ Rich Man, Poor Woman ဆိုတဲ့ romatic comedy ကား​လေးကိုတင်ဆက်ပေးလိုက်ပါပြီ Next In ဆိုတဲ့ ITကုမ္ပဏီတစ်​ခုရဲ့ CEO ဖြစ်​တဲ့ လီယိုချန်း( suho ) ဟာ လူငယ်​ကျွမ်းကျင်​ပညာရှင်​​တွေ အလုပ်​ဝင်​ချင်​ဆုံးကုမ္ပဏီကိုတည်​​ထောင်​ထားသူဖြစ်​ပါတယ်​။ အသက်​၂၀​ကျော်​နဲ့ ကုမ္ပဏီတစ်​ခုကိုတည်​​ထောင်​ထားတဲ့ လီယိုချန်းဟာ ကိုယ့်​ကိုကိုယ်​အထင်​ကြီးပြီး လူ​တွေကို​တော်​ရုံတန်​ရုံနဲ့မယုံတတ်တဲ့အပြင်​ လူ​တွေရဲ့မျက်​နှာကို မှတ်​မိနိုင်​စွမ်းမရှိပါဘူး။ ဂျယ်​ဂျူကျွန်းမှာ ​မွေးဖွားခဲ့တဲ့ ကင်​ဘိုရာ(Ha Yeon-Soo) က​တော့ ထက်​မြတ်​ပြီး မိသားစုကဂုဏ်​ယူရတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ပါ။ ဆိုလ်းမှာ​ကျောင်းတတ်​​နေတဲ့ သူမကို မိသားစုက ​အများကြီး​မျှော်​လင့်​ထားပြီး သူမရဲ့အိမ်​မက်​က​တော့ Next In မှာအလုပ်​ရဖို့ပါပဲ။ သွက်​လက်​ထက်​မြတ်​တဲ့ ​ကောင်​မ​လေး ကင်​ဘိုရာကို သ​ဘောကျတဲ့ Nest In ရဲ့ ဒုဥက္ကဌအဖြစ်​ မင်​ထယ်​ဂျို (Oh Chang Suk)က ပါဝင်​သရုပ်​​ဆောင်​ထားပြီး လီယိုချန်းကို စိတ်​ဝင်​စား​နေတဲ့ မင်​ထယ်​ရာက​တော့ မင်​ထယ်​ဂျိုညီမ ပြခန်းမှူးတစ်​​ယောက်​ပဲဖြစ်​ပါတယ်​။ ဒီကား​လေးက 2012ကထွက်​ရှိထားတဲ့ ဂျပန်​ romatic ကား​လေးကို ပြန်​လည်​ရိုက်​ကူးထားတာဖြစ်​ပြီး ...
6
TMDb: 6/10 1 votes
tv

Rich Man (2018) TV Series

2018
Lost in Space (2018) Season 1 6.7
Lost in Space (2018) Season 1   အခုအချိန် နိုင်ငံတကာအင်တာနက်ဆိုရှယ်မီဒီယာတွေပေါ်မှာ လူပြောအများဆုံး Topic တွေကတော့   Infinity War က Thanos ကြီးအကြောင်း နဲ့ Lost in Space-Series ထဲက Robot ကြီးအကြောင်းပါပဲ။   “Lost in Space”-Series ကတော့ 2018 April လတုန်းက Nextflix က ထုတ်လွှင့်ပြသခဲ့ပြီး   အပိုင်း ၁၀ပိုင်း ရှိပြီး IMbD Rating-7.2 ရထားတဲ့ စိတ်ကူးယဉ်သိပ္ပံစီးရီးလေးပဲဖြစ်ပါတယ်။   Lost in Space –Series က ၁၉၆၀-၁၉၆၃ခုနှစ်အထိ သုံးနှစ်တာ ထုတ်လွှင့်ခဲ့တဲ့   Lost in Space Series တွေကို ပြန်လည်ဆန်းသစ်ရိုက်ထားထားတာဖြစ်ပြီး   အဓိကဒါရိုက်တာကလည်း Game of throne Series မှာ Blackwater နဲ့   The Watchers on the Wall episodes တွေနဲ့ နာမည်ကြီးခဲ့တဲ့   ဒါရိုက်တာ Niel Marshall ဖြစ်နေတာကြောင့်   လူအများစိတ်ဝင်တစားနဲ့ ...
6.7
TMDb: 6.7/10 73 votes
tv

Lost in Space (2018) Season 1

2018
Miss Sherlock
Miss Sherlock ရှားလော့ ပြန်လာပါပြီ ဟုတ်ပါတယ် ဒါပေမယ့် ကျနော်တို့ မျှော်လင့်နေတဲ့ Benedict ရဲ့ ရှားလော့ တော့ မဟုတ်ဘူးပေါ့ အားလုံး ရဲ့ အမြင်တွေ ဆန်းစေမယ့် ရှားလော့မလေး ပါ ဟုတ်ပါတယ် HBO ရုပ်သံလိုင်းကနေ တင်ဆက်ပေးလိုက်တဲ့ ဂျပန်ရှားလော့ ရုပ်သံဇတ်လမ်းတွဲ ဖြစ်ပါတယ် ကျနော် တို့ ကြည့်နေကြ BBC က ရှားလော့ နဲ့ မတူတဲ့ ပုံစံတွေ ပါမယ် ရှားလော့ ရဲ့ အမူအကျင့် တစ်ချို့လဲ ဒီ အမျိုးသမီး ရှားလော့ ဆီမှာ မြင်ရပါမယ် ရှားလော့ ကို လွမ်းနေတဲ့သူတွေ အတွက် အလွမ်းပြေလောက်စရာပါပဲ... ဒေါက်တာဝတ်ဆန် ပါမယ် မိုရီယာတီ တောင် ပါရင်ပါအုံးမှာပါ... အမှုတွေကလဲ ရှားလော့ ရဲ့ ထုံးစံအတိုင်း ထူးထူးဆန်းဆန်းတွေပါပဲ လက်ရှိ ရုပ်သံလိုင်းမှာတော့ ပြသနေတုန်းပါပဲ Channel Myanmar ကနေ ကြည့်ရှုသူ ရှိခဲ့မယ် ဆိုရင် အပတ်စဉ်တင်ဆက်ပေးသွားပါ့မယ် Miss Sherlock ကို ဘာသာပြန် တင်ဆက်ပေးထားသူကတော့ ThinZar Htet ပဲဖြစ်ပါတယ်.... Thit San Khant EP 01 Mega / Openload / Solid / Kariso  (300MB) EP ...

Miss Sherlock

2018
Havenhurst (2016) 4.9
Havenhurst (2016) သဲထိတ်ရင်ဖိုကားလေးတစ်ကားကို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့Heavenhurst (2016)ပါ။ Heavenhurst ဆိုတဲ့ နေရာကိုပြောင်းရွေ့လာခဲ့တဲ့ အရက်စွဲနေတဲ့အမျိုးသမီးလေး Jackie... အဲ့ဒီတိုက်ခန်းမှာပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ့ သူငယ်ချင်းနှစ်ယောက်... ထူးဆန်းစွာနားလည်ရခက်တဲ့ အိမ်ရှင်အဖွားကြီး... အဲ့ဒီအိမ်ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အရမ်းထူးဆန်းတာတွေနဲ့တွေ့ကြုံလာရပြီး အိမ်ကြီးကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ သူမလွတ်မြောက်နိုင်ပါ့မလား။ ပျောက်ဆုံးသွားတဲ့လူတွေအကြောင်းကိုရောသူမ အချိန်မှီသိရှိနိုင်ပါ့မလား။ ဒီလိုသဲထိတ်ရင်ဖိုကားတွေကိုမှ နှစ်သက်တဲ့ CMပရိသတ်ကြီး ရင်တစ်ဖိုဖိုခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။   (ဘာသာပြန်သူကတော့ မေမြတ်သူပါ)   File Size : (680 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 20min Format : Mp4 Genre : Horror, Thriller,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GUACAMOLE Translated by May Myat Thu Encoded by Thanhtike Zaw
4.9
IMDB: 4.9/10 2,457 votes
movie

Havenhurst (2016)

2016
Irreplaceable You (2018) 6.3
Irreplaceable You (2018) ဒီကားလေးက ဒါရိုက်တာ Stephanie Laingရဲ့IMDB rating 6.3 ရထားတဲ့အမေရိကန် အချစ်ဟာသဒရမ်မာကားလေးပါ ဇာတ်လမ်းပုံစံကတော့ ငယ်ငယ်တည်းကအခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တဲ့ဆမ်နဲ့ အက်ဘီတို့က စေ့စပ်ထားကြတဲ့သူတွေပေါ့ ရှစ်နှစ်ကတည်းက ချစ်ခင်လာခဲ့တဲ့သူတို့နှစ်ယောက်ကံကြမ္မာကသေကွဲမကွဲခင်အထိပဲ အတူနေဖို့ပဲဖြစ်လာခဲ့တယ် ကံကြမ္မာက အက်ဘီ့မှာ သေနိုင်တဲ့ကင်ဆာရောဂါဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါ အက်ဘီကသူ့ရဲ့မသေချာတော့တဲ့ ဘဝကိုရင်ဆိုင်ရင်း ဆမ့်ကိုပြုစုစောင့်ရှောက်ဖို့ အချစ်သစ်ကိုစရှာပေးပါလေရော နောက်ဆုံး အက်ဘီကဆမ့်ကို ဘယ်လိုတွေလုပ်ပေးပြီးနှုတ်ဆက်ထွက်ခွာသွားလဲ... အက်ဘီ့ရဲ့ဆန္ဒရော ပြည့်သွားခဲ့လားဆိုတာကို ဇာတ်ကားလေးကိုကြည့်ကြည့်နော်   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေဖြူခင် ပါ)     File Size : (750 MB) and (325 MB) Quality : WEB-Rip 720p Running Time : 1hr 36min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.DD5.1.x264-FGT Translated by May Phyu Khin Encoded by Thanhtike Zaw
6.3
IMDB: 6.3/10 3,449 votes
movie

Irreplaceable You (2018)

2018
Patrick Melrose (2018) Tv Series 10
Patrick Melrose (2018) Tv Series BC ရဲ့ ဇာတ်ကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် BC ပါဝင် သရုပ်ဆောင်ထားတဲ့ Patrick Melrose ဆိုတဲ့ mini series တစ်ခု မနေ့က စပြီး ပြသနေတယ်ဆိုတာ သတင်းကောင်းပါတယ် နာမည်ကြီး စာအုပ် ၅ အုပ်တွဲ စာအုပ်စီးရီးကို Showtime ရုပ်သံလိုင်းက ပြန်လညိအသက်သွင်းရိုက်ကူးထားတဲ့ Mini Series ကို အပတ်စဉ် စနေနေ့ညတိုင်း ထုတ်လွင့်ပြသ သွားမှာဖြစ်ပါတယ်၊ BC ကတော့ အဓိကဇာတ်ကောင် Patrick Melrose နေရာမှာ အထူးသရုပ်ဆောင်ထားပြီး trailer ကြည့်ကတည်းက တော်တော်ကြွေမိပါတယ် ကိုယ်တွေ BC ရဲ့ သရုပ်ဆောင်မှု ကတော့ သိတဲ့အတိုင်း ရှယ်ပဲလေ ဒီဇာတ်ကားရဲ့ မူရင်းစာအုပ်နဲ့ ပတ်သတ်ပြီး Kyaw HtetWai ရေးထားတာလေးကို ဝေမျှပေးလိုက်ပါတယ် The Patrick Melrose Novels(Patrick Melrose 1-4) ========================================= Patrick Melrose လို့ ပြောလိုက်တာနဲ့ Bookworm တိုင်းလိုလို ခေါင်းလေးတွေ ထောင်လာကြမှာပါ။ အလွန်နာမည်ကြီးခဲ့ပြီး 21 ရာစု၏ ...
10
TMDb: 10/10 2 votes
tv

Patrick Melrose (2018) Tv Series

2018
Dark Crimes (2016) 5.1
Dark Crimes (2016) ရဲဌာနကတစ်ယောက်အသတ်ခံရမှုနဲ့ပက်သက်ပြီးအမှုပြန်လိုက်တဲ့ကားလေးပါ ပြည့်တန်ဆာအိမ်ကိုခဏခဏသွားပြီးတစ်ရက်မှာအသတ်ခံလိုက်ရပါတယ် သတ်တဲ့တရားခံကိုလဲမသိလိုက်ရဘဲအမှုပိတ်လိုက်ရတယ် အဲံ့ဒါကိုတစ်နှစ်ကအမှုလိုက်ရာပြသနာရှိခဲ့တဲ့တက်ဒက်ခ်ကဘာကြောင့်အသတ်ခံတယ်ဆိုတာသိလိုအမှုပြန်ဖွင့်လိုက်ပါတယ် BDSMတွေကိုအသားပေးရေးတဲ့စာရေးဆရာကသတ်တယ်လို့ထင်လို့အမှုကိုပြန်လိုက်ပါတယ် စာရေးဆရာနဲ့အသတ်ခံရတဲ့ရဲကအတူတူအဲ့ပြည့်တန်ဆာအိမ်ကိုသွားနေကြတာပါ စာရေးဆရာရေးထားတဲ့အကြောင်းအရာဟာ သူတို့ရဲဌာနကတစ်ယောက်သေတာနဲ့တူနေလို့စာရေးဆရာကိုခေါ်ပြီးစစ်ပါတယ် ခေါ်ပြီးစစ်တဲ့အချိန်မှာဘာမှမထူးခြားခဲ့ပါဘူး ရဲတွေနဲ့လူသတ်သမားကိုယ်တိုင်ပဲသိတဲ့ဒီလိုအချက်အလက်ကို စာရေးဆရာကဘယ်လိုလုပ်သိတာလဲလိမ်မှာပေါ့ မုသားဖော်စက်နဲ့လဲစစ်တယ်ဒါပေမယ့်မထူးခြားပါဘူး သူများကိုသတ်ခိုင်းမှာပေါ့ အဲ့ဒါလဲစစ်ပါတယ် သူမခိုင်းခဲ့ပါဘူး ဒါဆိုအဲ့ရဲကိုဘယ်သူသတ်တာလဲနည်းနည်းတော့စိတ်ဝင်စားစရာကောင်းလာပါတယ် အဲ့တော့တက်ဒက်ခ်ဟာစာရေးဆရာရဲ့အိမ်ကိုစောင့်ကြည်တော့တာပဲ အဲ့မှာအခြားပက်သက်တဲ့သူတွေကိုတွေ့တယ် စာရေးဆရာရဲ့ကောင်မလေး ဒီအမှုကိုအရင်ကစုံစမ်းတဲ့ရဲချုပ်အာဒမ်တွေ့တယ် အိမ်မှာအမြဲအနိုင်ကျင့်ခံရတဲ့စာရေးဆရာရဲ့ကောင်မလေးသတ်တာလား ရဲချုပ်ကပဲသတ်တာလားဆိုတာသူသိအောင်လိုက်စုံစမ်းတယ် လိုအပ်တဲ့အချက်အလက်စုံးစမ်းပြီးနောက်ဆုံးကောင်မလေးကိုခြိမ်းခြောက်အကြပ်ကိုင်ပြီးစာရေးဆရာလူသတ်ဆိုတာဝန်ခံခဲ့တယ် သူသတ်ပါတယ်လို့သတင်းရှာရှင်းလင်းပွဲလဲလုပ်ပြီးရောစာရေးဆရာကမှုခင်းဖြစ်နေချိန်မှာခရီးထွက်နေပါတယ် ဒါဆိုဘယ်သူသတ်တာပါလဲ သိချင်ရင်ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလို့ပြောပါရစေ IMDB rating 5.1ရထားတဲ့ဇာတ်ကားလေးပါ   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)     File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.X264.AC3-EVO Translated by Tin Myo Lwin Encoded by Thanhtike Zaw
5.1
IMDB: 5.1/10 1,488 votes
movie

Dark Crimes (2016)

2016
3 A.M. 3D (2012) 5.5
3 A.M. 3D (2012)  2012 ထွက်ရှိခဲ့တဲ ထိုင်းသရဲ ရုပ်ရှင်ဖြစ်ပြီး ဇတ်လမ်း ၃ မျိုး ပါဝင်ပါတယ်.. ၁. ဆံပင်တုလုပ်သူ ၂.အသုဘ အလောင်းပြင်သူ ၃. အစအနောက်သန်သူ ဆံပင်တု လုပ်တဲ့နေရာသို့ သင်းချိုင်းကုန်းမှ အလောင်းဆီကနေ ဆံပင်ဖြတ် လာရောင်း တာကို ၀ယ်လိုက်မိပြီး ဒုက္ခများသွားတဲ့ ညီအစ်မ နှစ်ယောက်.... အသုဘ အလောင်းပြင်ဖို့ တာဝန်နဲ့ အသုဘ အလောင်းနှစ်ခုကို ညအိပ်စောင့်ရင်း စပ်စုတက်တဲ့ စိတ်ရယ် သနားစိတ်ရယ် အချစ်စိတ်ရယ် ပေါင်းပြီး သေသူ ကိုကြိုက်မိသူ တစ်ဦး.... နည်းပညာ Co.Ltd တစ်ခုရဲ့ မန်းနေးဂျင်းဒါရိုက်တာ နှစ်ဦးမှ အလုပ်တွင် ရေသာချောင်ခိုလိုက်ပြီး ညဘက် OT ဆင်းတယ်ဆိုပြီး အချိန်ပိုကြေးတွေ ညာယူနေတဲ့ ၀န်ထမ်းတွေကို စနောက်ရင်းကနေ အလုပ်အတွင်း လူသေမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့အခါ... ဇတ်ကား သုံးကားလုံး ရဲ့ အချိန်ကြာမြင့်ချိန် ၁ နာရီခွဲခန့် ရှိပြီး နှလုံးရောဂါရှိသူများ ကြည့်ရှုရန်မသင့်တော်ပါ...   ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ် Thit San Khant
5.5
IMDB: 5.5/10 568 votes
movie

3 A.M. 3D (2012)

2012
Hong Kong Rescue (2018)
Hong Kong Rescue (2018) ဖြစ်ရပ်မှန် သမိုင်းကြောင်းနောက်ခံကားလေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ကားလေးနာမည်က Hong Kong Rescue (2018)ကားလေးပါ။ဒီကားလေးရဲ့ နောက်ခံကတော့ ဂျပန်တွေတရုတ်ကိုဝင်စီးနေတဲ့အချိန်လေးပါ။တရုတ်တွေဟာ စိတ်ဓာတ်သိပ်ပြင်းသူတွေလို့ တော်တော်များများယူဆကြမှာပါ။အဲ့လိုယူဆတဲ့အတိုင်းပဲတရုတ်တွေကိုအောင်နိုင်ချင်ရင် သူတို့စာပေ အနုပညာကို ချိုးနှိမ်နိုင်မှ ဖြစ်မယ်လို့ယူဆကာ ဟောင်ကောင်မှာရှိတဲ့ တရုတ်အနုပညာသည်တွေကိုဖမ်းဆီးခိုင်းပါတော့တယ်။ထိုအချိန်မှာပဲ ဂျပန်တော်လှန်ရေးတပ်မတော်ကလဲ ထိုသူတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။တင်းကြပ်ပြီး ရက်စက်တဲ့ဂျပန်တွေရဲ့ လက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။အနုပညာသမားဆိုတာ ပျော့ညံ့ညံ့တွေမဟုတ်ဘူးဆိုတာပဲ သက်သေပြနိုင်မလား ဆိုတာတွေ ရင်တစ်ဖိုဖိုနဲ့ကြည့်ရှုရမယ့်ကားလေးနာမည်ကတော့ Hong Kong Rescue(2018)ပါ။   Qty - 720p HDRip Gern - History Duration - 2hr 10min Translator - Aye Mon Kyaw Encoder - Kyaw Ye Aung
IMDB: /10 votes
movie

Hong Kong Rescue (2018)

13 Reasons Why 8.3
13 Reasons Why   ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။   Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။   IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ   ဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစု အကောင်းဆုံး High School Drama တွေထဲက   တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။   ခံစားချက်မျိုးစုံကို ပေးနိုင်တယ် စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။    ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့    နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို   တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး ပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့   အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့ စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့   ဆရာတွေမိဘတွေ ပိုပြီး သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက   ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့ အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။   ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်းတကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး   သူတို့ သရုပ်ဆောင်ဘ၀လမ်းကတော့ ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။   ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့ အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို   သေကြောင်းကြံသွားခဲ့တာက ...
8.3
IMDB: 8.3/10 163,320 votes
movie

13 Reasons Why

2017
Desi Boyz 5.9
Desi Boyz ဒီကားလေးကတော့ Bollywood ကားတွေထဲမှာ Old But Gold လို့ ပြောလို့ရတဲ့အထိကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းကတော့ နစ်နဲ့ဂျယ်ရီဆိုတဲ့ အလွန်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်.. သူတို့ဟာ တစ်အိမ်ထဲမှာအတူတူနေကြပြီးတော့ တစ်ယောက်ကိုအလုပ်တစ်ခုစီနဲ့အောင်မြင်အောင်ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်.. နစ်ကတော့ စီးပွားရေးဘွဲ့တစ်ခုရပြီးတော့ အထက်တန်းကျကျအလုပ်တစ်ခုမှာ အလုပ်လုပ်နေပါတယ်... ရိုးသားတဲ့ ဂျယ်ရီတစ်ယောက်ကတော့ ကြုံရာကျပန်းလုပ်တဲ့သူဖြစ်ပြီးတော့ ကျောင်းပြီးအောင်ဆက်မတက်တော့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.... သူတို့နှစ်ယောက်စလုံးရဲ့ဘ၀တွေဟာ အလုပ်တွေရှိစဉ်အချိန်က တောက်တောက်ပြောင်ပြောင် ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ကံဆိုးစွာနဲ့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အခြေနေမှာတော့ နှစ်ယောက်စလုံးအကျပ်ရိုက်ကုန်ကြပါတော့တယ်... နစ်လည်းသူ့ကောင်မလေးကို မင်္ဂလာဆောင်ဖို့တောင်အနိုင်နိုင်ဖြစ်သွားခဲ့ရပြီး ဂျယ်ရီတစ်ယောက်မှာလည်း သူအရမ်းချစ်ရတဲ့ကလေးလေးကို  ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့် အခြေနေကိုရောက်လာပါတော့တယ်... ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် လက်တစ်စုံဟာကျရောက်လာပါတယ်... ဒါကတော့ Desi Boyz ပိုင်ရှင်ဟာ သူတို့ရဲ့ တောင့်တင်းလှတဲ့ ကိုယ်အရွယ်အစားတွေကိုမျက်စိကျသွားတာကြောင့်ပါ.... Desi Boyz ဆိုတဲ့ အသုံးအနှုန်းကိုနားမလည်သူတွေအတွက် ပြောပြပါရစေ.. Desi Boyz ဆိုတာ ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေကအလိုဆန္ဒရှိတဲ့ အမျိုးသမီးတွေအတွက် Personal Privacy လုံခြုံမှု့ရှိတဲ့ဖျော်ဖြေရေး ၀န်ဆောင်မှု့ဖြစ်ပါတယ်...(18+ လုံးဝမပါပါ....) ဒီလိုမိန်းကလေးတွေနဲ့ပျော်ပါးနေရတဲ့ အလုပ်ကို နစ်ရဲ့ကောင်မလေးသိသွားတဲ့အခါ ပြသနာတွေ အကုန်စလာပါတော့တယ်.... Bollywood ကားတွေရဲ့ထုံးစံအတိုင်း သီချင်းတွေကတော့ တကယ်ကိုအမိုက်စားတွေပါ... ခဏခဏပြန်နားထောင်ရတဲ့အထိကိုကောင်းလွန်းပါတယ်... မိသားစုနဲ့အတူတူ ရယ်မောရင်းနဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်ဆိုရင်တော့ ဒီကားလေးကို ညွှန်းပါရစေ... အားလုံးကြိုက်နှစ်သက်ကြမယ့် ကားကောင်လေးတစ်ကားဖြစ်ပါတယ်.... File Size : (871 MB) and (238 MB) Quality : BluRay 720p Running Time : ...
5.9
IMDB: 5.9/10 10,995 votes
movie

Desi Boyz

2011
The Hollow Child (2017) 4.6
The Hollow Child (2017) Samantha ခေါ် ဆမ်က မွေးစားမိသားစုတွေနဲ့အတူတူနေရတဲ့ အတိတ်ဆိုးတွေနဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ တစ်နေ့မှာတော့ သွေးမတော်သားမစပ်ပေမယ့် သူ့ကိုခင်တွယ်ရှာတဲ့ ညီမလေး အိုလီဗီရာတစ်ယောက် အိမ်အပြန်လမ်းမှာ ပျောက်သွားပါတော့တယ် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့အတူ ဆမ်တစ်ယောက်ပြောင်းလဲဖို့ကြိုးစားပေမယ့် ပြန်ရောက်လာတဲ့ အိုလီဗီရာလေးက အရင်ကနဲ့မတူတော့တဲ့အခါ... အိုလီဗီရာလေး တောထဲမှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေက ဘာများလဲဆိုတာ ဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်... ဒါရိုက်တာ Jeremy Lutter ရိုက်ကူးထားပြီး ဆမ်အဖြစ် Jessica Mcleod နဲ့ အိုလီဗီရာအဖြစ် Hannah Cheramy က ပါဝင်သရုပ်ဆောင်ထားပါတယ် IMDB Rating ကတော့ 4.9/10 ပါ   (ဘာသာပြန်သူကတော့ မေမြတ်သူပါ)   File Size : (700 MB) and (237 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
4.6
IMDB: 4.6/10 147 votes
movie

The Hollow Child (2017)

2017
What a Man Wants (2018) 8.0
What a Man Wants (2018) Rating 7.4 ရထားတဲ့ အခု ဇာတ်လမ်းလေးကတော့ What a Man Wants ဆိုတဲ့အတိုင်း 18+ ဆန်ဆန်ကို ဟာသာဆန်ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ Running man အချစ်တော် ဆုန်းဂျီဟို နဲ့ Goblin ဇာတ်လမ်းထဲက Samshin lady အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Ei တို့ ပါဝင်ထားတဲ့အတွက် ကြည့်လို့ကောင်းမယ့်ကားဆိုတာကို အထူးတလည် ပြောစရာလိုမယ်မထင်တော့ပါဘူး။ ဇာတ်လမ်းကတော့ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သူတွေအကြောင်းကို အဓိက မီးမောင်းထိုးပြ ထားပြီးတော့ အတွေးပေါင်းများစွာနဲ့ ကိုယ့်ကိုထားခဲ့မယ့် အချစ် Drama ကားလေးပဲဖြစ်ပါတယ်။ ယောက်ျားတစ်ယောက် သူတို့လိုချင်တာဘာလဲ မိန်းမ တွေကရော သူတို့ယောက်ျားကို ပါရမီဘယ်လိုဖြည့်ပေးရမလဲ ဆိုတာ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ကရော သူတို့ဖောက်ပြန်တာ သူတို့မိန်းမကို မချစ်တော့လို့လား လိင်ဆန္ဒ မပြည့်ဝလို့လား ဒါမှမဟုတ် ဖောက်ပြန်တာကို ကြွားစရာတစ်ခု အဖြစ်သတ်မှတ်ထားလို့လား မိသားစုတစ်ခု ရဲ့ နွေးထွေးမှု၊ သံယောဇဉ်တွေကို တတိယလူ ...
8.0
IMDB: 8.0/10 24 votes
movie

What a Man Wants (2018)

2018
Lawless Lawyer (2018) 6
Lawless Lawyer (2018) အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။အားလုံးရဲ့ အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။   Translator - Aye Mon Kyaw / Carey Nyein / HJ SH Encoder - Kyaw Ye Aung   Ep 01 ( Openload / ...
6
TMDb: 6/10 1 votes
tv

Lawless Lawyer (2018)

2018
Fahrenheit 451 (2018) 5.8
Fahrenheit 451 (2018) ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။ စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။   (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size : (750 MB) and (350 ...
5.8
IMDB: 5.8/10 115 votes
movie

Fahrenheit 451 (2018)

2018
A Quiet Place (2018) 8.0
A Quiet Place (2018) အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ ...
8.0
IMDB: 8.0/10 100,734 votes
movie

A Quiet Place (2018)

2018
720p HCHDRip
Rangasthalam (2018) 9.4
Rangasthalam (2018) Rangasthalam (2018) မြန်မာစာတန်းထိုး =============================== ဒီတစ်ခါတော့ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းရဲ့ နောက်ဆုံးထွက် ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb 9.1/10ထိရရှိထားတာဆိုတော့ ကောင်းမကောင်း သိပ်ပြောနေစရာ မလိုလောက်ပါဘူး သာမန်ကြည့်ဖူးနေကျ Talguကားတွေလို Overတွေမပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ...
9.4
IMDB: 9.4/10 3,164 votes
movie

Rangasthalam (2018)

2018

Genres