၂၀၀၆ ခုနှစ်ကထွက်ရှိထားတဲ့
Action / Comedy ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ဟာသဆန်ဆန်နဲ့ အလွဲတွေလုပ်တတ်တဲ့ ရဲစုံထောက်ကြီးကို နောက်ခံထားရိုက်ထားတာဖြစ်ပြီးတော့ ကြည့်ဘူးသမျှ
ကိုရီးယားကားတွေထဲမှာ
သဘောကျမိတဲ့
ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် မင်းသားအဖြစ် Su ro Kim ကပါဝင်သရုပ်ဆောင်ထားပြီး သူ့ကို စတင်သိကျွမ်းခဲ့တာကတော့ Tae Gauk Gi ဆိုတဲ့ကိုရီးယားစစ်ကားမှာ ရင်းနှီးခဲ့တာပါ မင်းသမီးကတော့ Yoo Jeong Hee ဖြစ်ပြီးတော့ သူ့ကို စတင်သိခဲ့တာကတော့ ဂျွန်စောနဲ့ ရိုက်ကူးထားတဲ့ Obsession ဆိုတဲ့ 18+ ကားနဲ့ Servant ဆိုတဲ့ ၂ကားမှာ ရင်နှီးခဲ့တာပါ မင်းသမီးရဲ့ ကြာဆန်ဆန် အကြည့်လေးတွေနဲ့ သူ့ရဲ့မထိတထိ ချစ်စရာအမူအရာလေးတွေကြောင့် အသေ
သဘောကျမိခဲ့တဲ့မင်းသမီးပါ
ကဲ ဇာတ်လမ်းလေးအကျဉ်းလေးဖက်ကို သွားလိုက်ရအောင် ဇာတ်လမ်းလေးက သွေးစုပ်ဖုတ်ကောင်တို့ပျော်မြူးရာ Transylvania ကခြင်တစ်ကောင်ဟာ တောင်ကိုရီးယား Souel ကိုရောက်လာပြီး သောက်တလွဲစုံထောက်ကြီး Ricky ကို အမှုလိုက်နေတုန်းမှာ လည်ချောင်းသွေးကို လာစုပ်လိုက်ပါတယ် ကို Ricky တစ်ယောက်သိပ်မကြာခင်မှာပဲ Vampire တကောင်အဖြစ်ပြောင်းလဲသွားပြီးတော့ Super power တွေရလာပါတော့တယ် ရဲစုံထောက်ကြီး Ricky တစ်ယောက်တလွဲအသုံးချဖို့ ကြိုးစားပြီး သူ့ကိုထားခဲ့တဲ့ Ex girl friend ကို လက်စားချေဖို့အစီအစဉ်တွေချပါတာ့တယ် ကဲဗျာ ကို Ricky တစ်ယောက် ဘယ်လို တွေ ဆက်ဖြစ်မယ် ဘာတွေဆက်လုပ်မယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်ကြည့်လိုက်ပါတော့ဗျ ??
Qty – 720p HDrip
Duration – 1hr 45min
Gern – Action /Comedy / Crime
Subtitle – Myanmar Hardsub
Translator – Min Pyae Sone
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။