Channel Myanmar

Stranger Things Season 2 [COMPLETE]

Stranger Things Season 2 [COMPLETE]

no data

General information

Synopsis of Stranger Things Season 2 [COMPLETE]

 

လက်ရှိ Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့

မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။သဘာဝလွန်ဖြစ်ရပ်တွေ

ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်မှာပါ။

လက်ရှိ Season 2အထိ ထွက်ရှိထားတဲ့ ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။

ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်

ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။

လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက်

The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက်

လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။

Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့ ဒီSeries လေးက

အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေ

ဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။

Stranger Thingsရဲ့ ဒုတိယမြောက်Season အဖြစ် Stranger Things 2အဖြစ်

Octobe 27,2017 မှာပဲထွက်ရှိလာပါပြီ။ဒီSeasonမှာတော့

အပိုင်း၉ပိုင်းပါဝင်မှာဖြစ်ပြီးတစ်ပိုင်းစီကိုစိတ်ဝင်စားဖွယ်အမည်များနဲ့

အညီဇာတ်ကောင်အသစ်များထပ်မံပါဝင်လာပြီးပိုမိုစိတိ်ဝင်စားစရာကောင်းလာပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့………..
၁၉၈၄ခုနှစ် ဟော့ကင်းမြို့မှာအခြေတည်ထားပြီး

ဇာတ်လမ်းလေးဟာသဘာဝလွန်ဖြစ်ရပ်တွေမြို့ကို တဖန်ရိုက်ခတ်လာပုံနဲ့ရိုက်ကူးထာပါတယ်။

ဒီSeasonမှာဇာတ်ကောင်အသစ်တွေအဖြစ်Tom boyလေးမက်စ် နဲ့သူ့ပထွေးရဲ့သားဖြစ်သူဘီလီ၊

ဟော့ကင်းစမ်းသပ်ခန်းနဲ့ဆက်နွယ်မှုရှိနေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူရိုမန်၊

RadioShackမန်နေဂျာအဖြစ် ဘော့ဘ်နယူးဘီ၊ စွမ်းအင်ဌာနအေးဂျင့်ဖြစ်သူ  ဒေါက်တာအိုဝင် တို့ပါဝင်လာပါတယ်။

ဇာတ်လမ်းကိုတော့ဟော့ကင်းမြို့လေးကိုသဘာဝလွန်ဖြစ်ရပ်တွေနောက်တစ်ကြိမ်

ရိုက်ခတ်လာတဲ့အခါမှာတော့ ဝေလ်ရဲ့ပျောက်ဆုံးမှုဟာအစကဦးအခြေအနေပဲဆိုတာနားလည်လာပါတယ်။

အဲဒီလိုနဲ့ စွန့်စားခန်းတွေဆက်လက်ဖြစ်လာပါတော့တယ်ဆိုပြီးစတင်ထားပါတယ်။

ဒီSeasonဟာပထမSeason1အပြီးနောက်တစ်နှစ်ကြာဆိုတဲ့ကာလကိုအခြေတည်ထားတာပါ။

ဝေလ် ရဲ့အမြင်တွေဟာတကယ်ပဲပြင်ပလောကတစ်ခုနဲ့ချိတ်ဆက်နေသလား၊

ဦးနှောက်ကစင့်ကလျားဖြစ်စေတဲ့ဗိုင်းရပ်စ်ကြောင့်ဖြစ်နေမလားဆိုတာကို

ပရိသတ်တွေစဉ်းစားရစေအောင်လုပ်ထားပါတယ်။ ဟော့ပါကလည်း

မနှစ်ကဖြစ်ရပ်တွေကနေကလေးတွေနဲ့ ဂျွိုက်စ်ကိုကာကွယ်ပေးဖို့ဆက်လက်အားထုတ်နေရတာကို တွေ့ရမှာပါ။

အဲဒီအချိန်မှာပဲ နန်စီနဲ့ မိုက်ခ်တို့ဟာ သူတို့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘာ့ဘ်နဲ့

အယ်လဲဗင်းတို့ထွက်ခွာသွားတဲ့အတွက်စိတ်ထိခိုက်နေရပါတယ်။

ဒီနေရာမှာ အယ်လဲဗင်းကိုထွက်ခွာသွားစေတာဟာတစ်စုံတစ်ခုကြောင့်လား။

ဘာကြောင့်လဲဆိုတော့ဆက်လက်ရှုစားလိုက်ပါဦး။ဇာတ်ကောင်အသစ်အဖြစ်ပါဝင်လာတဲ့မက်စ်ကတော့ကောင်လေးတွေနဲ့မိတ်ဆွေဖြစ်ပြီး

ဒက်စတင်နဲ့ လူးကပ်စ်တို့ရဲ့အပြိုင်စိတ်ဝင်စားမှုကိုရရှိထားပုံမှာလည်းဟာသဆန်ဆန်တွေ့ရမှာပါ။

ဒီနေရာမှာ ပထွေးဖက်ကပါလာတဲ့မက်စ်ရဲ့အစ်ကိုဖြစ်သူဘီလီကိုဘာလဲဆိုတဲ့

သဲလွန်စလေးပရိတ်သတ်ကိုပေးထားပါသေးတယ်။ ဒီSeasonအထိတော့ အယ်လဲဗင်းရဲ့

အဓိကအခန်းကဏ္ဍာကဘာလဲဆိုတာကို သေချာမပြောထားသေးတာတွေ့ရပါတယ်။

ဆိုတော့ ဇာတ်လမ်းလေးဟာစိတ်ဝင်စားစရာအပြည့်နဲ့ဇာတ်ရှိန်မြင့်လာပြီလို့ပြောရမှာပါပဲ။

အယ်လဲဗင်းကရောဘာလဲ။နောက်ထပ်သဘာဝလွန်ဖြစ်ရပ်တွေကဘယ်လိုအခြေအနေအထိရောက်လာမှာလဲဆိုတာတော့

ဆက်လက်ရှုစားလိုက်ပါဦးဗျာ။

Qty – 720p Blu ray

Duration – 45min (Est for Each Episode)

Gern – Sci-Fi, Thriller, Horror

Total Episode – 9

Translator – Little Twinlay, May Tharaphi Lwin , Thura Zarni Aung , Aye Mon Kyaw, , Ei Pa Pa San,                              Saw Wunna

Encoder –      Kyaw Ye Aung

 

Download Links

Season 2 Complete Zip File – YoteShin / Megaup / VIP(2.2GB)

===================

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year

Seasons and episodes

No data available


Videos

No data available

Comments