Channel Myanmar

Content at random


TV Series

Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၂၃ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၈) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၂၆) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Tempting Heart (2024)
Tempting Heart (2024) သွေးဆောင်တတ်သော နှလုံးသား (၂၀၂၄)နီနီ့ နှင်းနာရာ အဖြစ် pinkploy paparwadee နဂန် အဖြစ် Thanwa Suriyajakဇာတ်လမ်းအကျဉ်းနီနီ့က အနုပညာလောကထဲ ဆက်စီကျပြီး အရမ်းဟော့တဲ့ ဗီလိန်မင်းသမီးတစ်ယောက်ဖြစ်ပြီး အမြဲ ကောလဟာလသတင်းတွေ ထွက်လေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်တစ်နေ့ နီနီ့ရဲ့ချစ်သူလို့ နာမည်ထွက်နေတဲ့ အလှအပဆေးခန်းဒေါက်တာ ပတဖီ တစ်ယောက် သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားချိန်မှာတော့ နီနီ့ဟာ ဆေးခန်းအပိုင်သိမ်းချင်လို့ ချစ်သူကိုသတ်တဲ့ လူသတ်သမားမင်းသမီးဆိုပြီး နာမည်ပျက်ထွက်လာပါတော့တယ်သတင်းဆိုးတွေကြောင့် အလုပ်တွေလည်း ဖျက်ခံရ ဆေးခန်းမန်ဘာကြေးတွေလည်း ပြန်ထုတ်ခံရပြီး ပျက်စီးခြင်းငါးပါးစိုက်နေတဲ့ မင်းသမီးနီနီ့တစ်ယောက် နိုင်ငံတကာရဲ့ရန်သူ လက်နက်ကုန်သည်တို့ရဲ့ ပစ်မှတ်ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့ လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့အထူးအဖွဲ့ဝင်ကိုစေလွှတ်ကာကွယ်ခြင်းခံလာရပါတော့တယ်နီနီ့ကို စောင့်ကြည့်ကာကွယ်ဖို့ တာဝန်ကျလာတဲ့ နဂန်က လွန်ခဲ့တဲ့သုံးနှစ်က နီနီ့အချစ်တွေကို ငြင်းပယ်ခဲ့တဲ့ အချစ်ဆုံးယောက်ျားဖြစ်နေခဲ့တဲ့အခါနီနီ့ကလည်း နဂန်အနားပြန်ရောက်လာချိန်မှာ ဘယ်တော့မှပြန်မထွက်သွားအောင် ဆွဲဆောင်ဖို့ ကြိုးစားလာတဲ့အခါ နဂန်တစ်ယောက် အချစ်နဲ့တာဝန်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ ပျောက်ဆုံးနေတဲ့ ဒေါက်တာပတဖီကရော တကယ်ပဲသေဆုံးသွားခဲ့တာလား လက်နက်ကုန်သည်တီတို့ကရော ဘာလို့နီနီ့ကို ပစ်မှတ်ထား ခြိမ်းခြောက်နေရတာလဲ နဂန်ကရော နီနီ့အပေါ်တကယ်ခံစားချက်မရှိခဲ့တာလား ဘာတွေဖုံးကွယ်ထားခဲ့လဲဆိုတာကို ရိုရိုချိုချို၊ဟာသအပြင် အက်ရှင်ခန်းတွေကိုပါ ရသစုံစွာနဲ့ “သွေးဆောင်တတ်သောနှလုံးသား” ဇာတ်လမ်းတွဲမှာ ...

Tempting Heart (2024)

2024
Deep Night (2024)
Deep Night (2024) သန်းခေါင်ယံ (၂၀၂၄) အညွှန်းဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ BL series တွေထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်အိမ်ဆန်းဆန်းလေးတစ်ခု ရောက်လာပါပြီ။ ခမ်းထစ်က သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းနေသူပါ။ သူ့လျှို့ဝှက်ချက်ကတော့ နိုင်ငံတွင်းထိပ်တန်းနိုက်ကလပ်တွေထဲက တစ်ခုဖြစ်တဲ့ "သန်းခေါင်ယံနိုက်ကလပ်" ပိုင်ရှင် မစ္စဖယ်ရီယာက သူ့အမေဆိုတာပါပဲ။ စိတ်ဝင်စားတယ်ရယ်မဟုတ်တဲ့ ဒီလုပ်ငန်းကို ဆက်ခံဖို့ ခမ်းထစ်တစ်ယောက် ကလပ်မှာ အလုပ်သင်ဝင်လုပ်ရပါတော့တယ်။ လျှို့ဝှက်ချက်ဟာ သူတစ်ယောက်တည်းရှိတာ မဟုတ်ကြောင်း သိလိုက်ရတာက ကျောင်းမှာ သူနဲ့ အမြဲ ဘုနဲ့ဘောက်ဖြစ်နေတဲ့ ဝေလာက ကလပ်မှာ ပျော်တော်ဆက်အလုပ် လုပ်ပါတယ်တဲ့။ အသွားမရှိရင် အပြန်မရှိဘူးလို့ ယူဆထားတဲ့ ဝေလာနဲ့ ခပ်ရွဲ့ရွဲ့ကောင်လေး ခမ်းထစ်တို့ ဘယ်လို နှစ်ပါးဆက်သွားကြလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ ထိုင်းနိုင်ငံမှာ ကျယ်ပြန့်လာနေတဲ့ Host boys တွေအကြောင်းနဲ့ Club တွေရဲ့ NIght Life တွေကိုပါ ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, ...

Deep Night (2024)

2024
Royal Couple (2024)
Royal Couple (2024) ခမ်းနားတော်ဝင် မောင်နှံယှဉ် (၂၀၂၄)ဒင်က ငွေဂုဏ်မရှိတဲ့ ဇာတ်မင်းသား တစ်ယောက်ပါ ယိဆွန်လိုခေါ်တဲ့ သူကြီးသမီးကို ချစ်နေတဲ့သူလည်း ဟုတ်ပါတယ်တစ်ဖက်မှာက ဒင်ကို ချစ်နေတဲ့ စနိုးလည်းရှိပါတယ် စနိုးက ဒင်ကို ငယ်ငယ်လေးကတည်းက ချစ်နေခဲ့တာပါဒင်ကတော့ စနိုးရဲ့အချစ်ကို မမြင်ဘဲ ယိဆွန်ကိုသာ သူ့ရင်ထဲမှာရှိနေခဲ့တာပါ တစ်နေ့ ဒင် ဆွန်ကို တင်တောင်းဖို သူကြီးအိမ်ကို ရောက်လာတော့ ယိဆွန်‌ တစ်ခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ မြင်ကွင်းကို မြင်ခဲ့ရပါတယ် ဒင်တစ်ယောက် ယုံကြည်မှုကို ချနင်းခံရပြီး ရင်ဘတ်ကြီးတစ်ခုလုံး မွကြေသွားခဲ့ရပါတယ်ဆိုတော့ ဖောက်ပြန်မှန်းသိသိရက်နဲ့ ဒင် ယိဆွန်ကို ခွင့်လွှတ်ပေးပြီး ဆက်ချစ်သွားမလား သူ့ကိုချစ်တဲ့ စနိုးရဲ့အချစ်ကိုရော သူမြင်သွားမလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 800MB | ...

Royal Couple (2024)

2024
Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Lieutenant Opas (2011)
Lieutenant Opas (2011) အရာရှိ အိုပက်နှင့် သူ၏အမှုတွဲများ အတွဲ  ၁ (2011)ကဲ အားလုံးပဲတောင်းဆိုနေကြတဲ့ ATMဇာတ်ကား နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanasevi ရဲ့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ စုံထောက်အိုပက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီနော်။ဒီစီးရီးလေးမှာတော့ အပိုင်း၂၄ပိုင်းပါဝင်ပြီး ဘယ်လို အခွီတွေပါမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ အိုပက်ဆိုတဲ့ ဗိုလ်တစ်ယောက်ဟာ လောင်းကစားဝိုင်းတစ်ခုကို သူ့တပည့်တွေနဲ့အတူ ဝင်ရောက်ဖမ်းစီးရင်းနဲ့ မတော်တဆဖြစ်ပြီး ၂နှစ်လောက် ကိုမာဝင်မေ့မြောသွားရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ်။ နိုးထလာတဲ့ နောက်မှာတော့ အိုပက်ဟာ အရင်လို ပုံမှန်မဟုတ်တော့ဘဲ ဝိညာဉ်တွေကို မြင်နေရပါတော့တယ်။ နေပြန်ကောင်းလာတဲ့နောက်မှာတော့ သူ့အလုပ်ကို ပြန်ဝင်ရင်း ဝိညာဉ်တွေကို မြင်ရတဲ့အစွမ်းနဲ့ အမှုတွေကို ဘယ်လိုတွေစခွီထစရာကောင်းအောင် ဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary Christ နဲ့ Hazel တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Mystery Quality…. 1080p | 720p File size… ...

Lieutenant Opas (2011)

The Sympathizer (2024) 8.4
The Sympathizer (2024)  Oppenheimer နဲ့ လတ်လတ်ဆတ်ဆတ် အကယ်ဒမီရထားတဲ့ မင်းသားကြီး ရောဘတ်ဒေါင်နီဂျူနီယာပါဝင်ထားပြီး Old Boy ရဲ့ ဒါရိုက်တာ ပက်ချန်ဝု ရဲ့လက်ရာ စီးရီးအသစ် လာပါပြီ။ အဓိက သရုပ်တောင်ကတော့ Cowboy Bepop စီးရီးထဲက Hoa Xuande ပါပဲ။ဇာတ်လမ်းကတော့ အမေရိကန်-ဗီယက်နမ် ပါမောက္ခ Viet Thanh Nguyen ရဲ့ ၂၀၁၅ ထုတ် ပူလစ်ဇာ ဆုရ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အရောင်းရဆုံးစာရင်းဝင်စာအုပ်ဖြစ်ပြီး အမျိုးအစားကတော့ mystery, political, metafiction,dark comedic, historical, spy, war အမျိုးအစားပါပဲ။1955 နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကို အခြေခံထားပါတယ်။ ဒီစစ်ပွဲကတော့ ကွန်မြူနစ်မြောက်ဗီယက်နမ်တွေနဲ့ အမေရိကန်က ထောက်ခံတဲ့ တောင်ဗီယက်နမ်တွေ ကြားမှာ ဖြစ်တဲ့စစ်ပွဲပါ။ စီးရီးပထမဆုံးအပိုင်းကိုတော့ ၁၉၇၅ ဆိုင်ဂွန်မြို့ကို မြောက်ဗီယက်နမ်တွေသိမ်းပိုက်ပြီး စစ်နိုင်သွားတဲ့အကြောင်းကနေ ...
8.4
TMDb: 8.4/10 1 votes
tv

The Sympathizer (2024)

2024
The Slave Hunters(2010) 8.1
The Slave Hunters(2010) The Slave Hunters(2010)************************အပိုင်း ( ၁ မှ ၂၄) အထိ စ/ဆုံး ဒီစီးရီးဟာ 46th Baeksang Arts Awards  ပွဲမှာအကောင်းဆုံးဒရမ်မာ အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံးဒါရိုက်တာဆုတို့ဆန်ကာတင် စာရင်းဝင်ခဲ့သလို  အကောင်းဆုံးဇာတ်ညွှန်းဆုကြီးလည်းရခဲ့ပါသေးတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့  Oh Ji-ho  , Jang Hyuk  နဲ့ မင်းသမီးချော Lee Da-haeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတယ်...ထုတ်လွှင့်စဉ်မှာလည်း အမြင့်ဆုံး rating တွေရရှိခဲ့ပါတယ်...ဆုန်းထယ်ဟာ(Oh Ji-ho)က တစ်ချိန်ကအရမ်းတော်တဲ့စစ်သူကြီးတစ်ယောက်ပါ...တစ်နေ့မှာတော့ နန်းတွင်းအရှုတ်တော်ပုံတွေကြား ဓားစာခံဖြစ်သွားပြီး ရာထူးကထုတ်ပယ်ခံရတဲ့အပြင်ကျွန်ဘဝကိုပါရောက်သွားတယ်...စစ်သူကြီးပီပီ ဒီလိုငရဲဘဝရောက်နေရတဲ့အပြင် သူ့အပေါ်မကောင်းကြံတဲ့သူတွေကိုဖော်ထုတ်ဖို့အရေး ထွက်ပြေးခဲ့တယ်...နန်းတွင်းရဲ့ အတော်ဆုံးစစ်သူကြီးထွက်ပြေးတဲ့အခါမှာတော့ အကြမ်းဆုံးသော ကျွမ်ဖမ်းမုဆိုးတွေနဲ့ သူ့ကိုလိုက်ဖမ်းပါတော့တယ်.. ဒီလိုထွက်ပြေးတဲ့ခရီးမှာ မမျှော်လင့်ထားတဲ့သူတွေနဲ့တွေ့ဆုံခဲ့ရသလို အကြမ်းဆုံးသော ကျွန်မုဆိုးတွေကြားသူဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့.... Episodes: 24 Aired: Jan 6, 2010 - Mar 25, 2010 Aired On: Wednesday, Thursday Original Network:  Netflix Duration: 1 hr. 10 min. Genres: ...
8.1
TMDb: 8.1/10 26 votes
tv

The Slave Hunters(2010)

2010
Fear the Walking Dead (2015) 7.683
Fear the Walking Dead (2015) Fear the Walking Dead [Season 1] ကဲ အစားတွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အစားတလိုင်း စီးရီးလာပါပြီ။ Fear the Walking Dead ရှေ့ စီစန် ၃ ခုက The Walking Dead ရဲ့ Spin-off ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ထွေထွေထူးထူး ပြောနေဖို့ လိုမယ်မထင်ပါဘူး။ ဒီစီစန်ရဲ့ Zombie Apocalypse မြစ်ဖျားခံရာကတော့ Los Angeles မြို့ပဲ ဖြစ်ပါတယ်။ FTWD မှာ Los Angeles မြို့သားတွေကတော့ သာမန်အခြေအနေနဲ့ သွားလာလှုပ်ရှားနေဆဲပါ။ တချို့သော နေရာတွေမှာတော့ ဗိုင်းရပ်စ်လား ဘာလားမသိသေးတဲ့ အရာတစ်ခုက ဒုက္ခပေးနေတဲ့ သတင်းကို သိကြသူတချို့လည်း ရှိတော့နေပါပြီ။တစ်ရက်မှာတော့ ဘယ်လောက်ပစ်ပစ် မသေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ဒီသတင်းကြီးက LA ကို ...
7.683
TMDb: 7.683/10 4715 votes
tv

Fear the Walking Dead (2015)

2015
Best Choice Ever
Best Choice Ever ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...

Best Choice Ever

2024
1000 Years Old (2024)
1000 Years Old (2024) ဗန်ပိုင်းယား ရင်ခုန်သံ (၂၀၂၄) အညွှန်းဒီဇာတ်လမ်းတွဲလေးကတော့ လူသားနဲ့ Vampire ကြားက BL အချစ်ဇာတ်လမ်းတွဲလေးပါ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းသားလေး ယို့ ဟာ တစ်နေ့မှာ ဝက်သွေးစွပ်ပြုတ်ဆိုင်မှာထိုင်နေတုန်း ပန်းကန်အကြီးကြီးနဲ့ ဝက်သွေးစွပ်ပြုတ်ကို တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေတဲ့ နေရောင်ကြောက်တဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသတဲ့ထူးထူးဆန်းဆန်းမို့ စိတ်ထဲကိုရောက်သွားတဲ့ အဲဒီလူကို "ဆန်းကြယ်တဲ့လူ" ဆိုပြီး စိတ်ထဲမှာ နာမည်ပေးမိရင်း သူနဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ သူ့အကြောင်း စုံစမ်းရှာပုံတော်ဖွင့်ကြပါတော့တယ်Vampire လူသားလေး ပန်ကလည်း ပထမဆုံးအနေနဲ့ ယို့ဆိုတဲ့ လူသားကောင်လေးကို ယုံကြည်စွာနဲ့ သူ့ဘဝထဲကို ဝင်ဖို့ တံခါးဖွင့်ပေးဖြစ်တဲ့အခါ ..လူသားကောင်လေး နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Vampire ကောင်လေးတို့ရဲ့ ခပ်ချိုချို အချစ်ဇာတ်လမ်းလေးကိုရှုစားရမှာဖြစ်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p ...

1000 Years Old (2024)

2024
We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Blood & Water (2020) S1+S2 7.863
Blood & Water (2020) S1+S2 Blood & Water (2020)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 6.7/10 ရထားတဲ့ အာဖရိကန်စီးရီးလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပူလင်ရဲ့အိမ်မှာ နှစ်တိုင်း ၁၇ နှစ်တိတိမွေးနေ့ပွဲတစ်ခုလုပ်ပါတယ်။ မွေးနေ့ရှင်ကတော့ မရှိပါဘူး။ ဒါပေမဲ့ ပွဲကိုကြီးကြီးမားမားကိုလုပ်တာပါ။ ဒီ ပွဲရဲ့ပိုင်ရှင်ကတော့ ပူးမယ်ဆိုတဲ့ မွေးကင်းစမျာ ပျောက်သွားခဲ့တဲ့ ပူလင်ရဲ့အစ်မပဲဖြစ်ပါတယ်။အစ်မရဲ့အရိပ်လိုအမြဲနေလာရပြီး မောင်‌ဖြစ်သူကိုစောင့်ရှောက်ရင်း ဘဝကိုမပျော်တလှည့်ပျော်တလှည့်နေလာရတဲ့ ပူလင်တစ်ယောက် တစ်နေ့မှာတော့ အဖေဖြစ်သူကိုပါ အစ်မဖြစ်သူရဲ့ပျောက်ဆုံးမှုမှာ ပါဝင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းသွားခံလိုက်ရတဲ့အခါ...ပူလင်တစ်ယောက်လည်း ပါတီတက်ရင်းကနေ သူနဲ့တူတဲ့တစ်ယောက်ကို အမှတ်မထင်တွေ့လာပြီး ‌ရှက်ရှက်နဲ့ကျောင်းပြောင်းရင်းက တစ်ကျောင်းတည်းအတူတက်ပြီး စုံစမ်းဖြစ်တဲ့အခါ...ပျောက်ဆုံးနေတဲ့အစ်မဖြစ်သူကိုပဲ ရှာတွေ့သွားမလား။ ဒီပျောက်ဆုံးမှုရဲ့ ဖြစ်ရပ်မှန်ကရော ဘာများလဲ ။ နောက်ပြီး ကျောင်းကြီးထဲက ပဟေဋိတွေကိုရော အဖြေရှာတွေ့သွားမလား...။*အမြင်မသင့်တော်သောအသုံးအနှုန်းနှင့် ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် အသက်မပြည့်သူများ မကြည့်သင့်ပါ။*အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar Team ကပဲဖြစ်ပါတယ်။File Size – 900MB(Appx;)@EpisodeQuality – 1080p WEB DLDuration –46 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...
7.863
TMDb: 7.863/10 303 votes
tv

Blood & Water (2020) S1+S2

2020
Sugar (2024) 7.833
Sugar (2024)  Apple TV ရဲ့ လတ်တလောထွက်ရှိထားပြီး Rating 8 လောက်ထိရထားတဲ့ လူကြည့်များနေတဲ့ Crime Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Batman ကားထဲမှာလည်း Villan Penguin အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး A-tier list အဆင့်ရှိတဲ့ မင်းသားကြီး Colin Farrell က ဦးဆောင်ပါဝင်ထားပါတယ်ဒီဇာတ်လမ်းတွဲမှာ Colin Farrel ကို အလွတ်တမ်းစုံထောက် ဂျွန်ရှူးဂါးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်...ရှူးဂါးဟာ စုံထောက်လောက လူပျောက်ရှာတဲ့နေရာမှာ အရမ်းနာမည်ကြီးလွန်းလို့...နိုင်ငံရပ်ခြား အာရှနိုင်ငံတွေက ယာကူဇာဂိုဏ်းသားတွေကအစ ခေါ်သုံးရတဲ့ လူတစ်ယောက်ပါတယ်... အိမ်ထောင်မရှိ ကလေးမရှိ...သီးသန့်ဆန်တဲ့ဘဝနဲ့ နေထိုင်တဲ့ ဂျွန်ရှူးဂါးဟာ အမှုအပ်တဲ့နေရာကိုလိုက်ပြီး ကမ္ဘာပတ်နေရတဲ့လူဖြစ်ပါတယ်...တစ်နေ့မှာ သူငယ်ငယ်က ရုပ်ရှင်တွေမှာ အားကျခဲ့ရတဲ့ မင်းသားကြီး ဂျွန်နသန်ဆီးဂဲလ်ရဲ့ မြေးမဖြစ်သူ အိုလီဗီယာဆီးဂဲလ်ပျောက်ဆုံးမှုကို ကိုင်တွယ်ဖို့ အလုပ်အပ်လာပါတယ်...အမှုကပျင်းစရာကောင်း‌ပေမယ့် ဂျွန်နသန်ဆီးဂဲလ်မျက်နှာကြောင့် မြေးမဖြစ်သူကိုရှာဖွေပေးဖို့ လက်ခံလိုက်ပေမယ့်...တကယ့်စုံစမ်းမှုစတင်တဲ့အခါမှာ ဒီပျောက်ဆုံးမှုက ထင်သလောက် မရိုးရှင်းဘဲ ဆီးဂဲလ်မိသားစုတွေပါ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂျွန်ရှူးဂါးရဲ့ ...
7.833
TMDb: 7.833/10 21 votes
tv

Sugar (2024)

2024
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၃၁+၁၃၂)Tele Episode (128) / Official Episode (64) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ ဒီစီးရီးက Official Website မှာ Episode(40) ထိ ထွက်ရှိထားပြီး CM အနေနဲ့  အပိုင်းတစ်ခုကို Episode ၂ ခုခွဲပြီး တင်ဆက်သွားမှာဖြစ်ပါမယ်။ Telegram မှာ 1080p နဲ့ တင်ဆက်ချင်တာရယ် Download ပြုလုပ်ရတာ လွယ်အောင်ရယ် အပိုင်းတစ်ပိုင်းကို ၂ ပိုင်းခွဲပြီး တင်ဆက်သွားပါ့မယ်။ ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022
Ghosts Season 1 (2021) +2 (2022) + 3 (2024) 7.9
Ghosts Season 1 (2021) +2 (2022) + 3 (2024) IMDb 7.3ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့ 2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီး နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။တစ်ခါက ဝိဉာဏ် ၉ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ ဝိဉာဉ် ၉ ကောင်ပါ။ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့ လင်မယား ရောက်ရှိပါတယ် ...ဒါကို အလိုမရှိတဲ့ ဝိဉာဉ် ၉ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ...
7.9
TMDb: 7.9/10 11 votes
tv

Ghosts Season 1 (2021) +2 (2022) + 3 (2024)

2021
Blood Free (2024)
Blood Free (2024) Blood Free (2024)*******************အပိုင်းသစ် (၅+၆) ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, dramaအမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲကနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon,ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo,ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း...လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ ...

Blood Free (2024)

2024

Genres

Archives