Channel Myanmar

Gotham Season (2)

Gotham Season (2)

no data

General information

Synopsis of Gotham Season (2)

Channel Myanmar မှတင်ဆက်ပေးနေတဲ့ DC comic ရဲ့ အထင်ကရ Superhero တစ်ဦးဖြစ်တဲ့
Batman ရဲ့ငယ်ဘဝက Gotham မြို့အကြောင်း ရိုက်ကူးထားတဲ့ Gotham TV Series ကတော့ Season 2 ကိုရောက်ရှိလာခဲ့ပါပြီ။
ဒီ စီဆန် ၂ မှာတော့ ပင်ဂွင်း The Riddler တို့ရဲ့ အခန်းကဏ္ဏတွေက တော်တော် အရေးပါလာပါပြီ။
ဒီဆီစန် ၂ မှာတော့  စီဆန် ၁ ကလောက် ဇာတ်သိပ်မအေးတော့ပဲ မထင်မှတ်ထားတဲ့
ဇာတ်အပြောင်းအလဲတွေနဲ့ စိတ်ဝင်တစားကြည့်ရမှာပါ
အမေချစ်သား ပင်ဂွင်းရဲ့ သနားစရာ အဖြစ်အပျက်ကို တွေ့ရမှာပါ ဘာကြောင့် အပေါင်းအသင်းဝင်ဆံ့ချင်ပြီး စိတ်ကောင်း
အနည်းငယ်ရှိတဲ့ လူတစ်ယောက်က လုံးဝမညှာတာတက်တော့တဲ့လူတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတာ တွေ့ရမှာပါ။
ရာဇဝတ်မှု့တွေ အနိုင်လိုချင်မှု့တွေ လောဘတွေ ပြည့်နှက်နေတဲ့လူတစ်စုနဲ့ အတူဂေါသမ် ကတော့ စုတ်ချက်ကြမ်းကြမ်းနဲ့
ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ အဲ့မြို့မှာ ဂျင်မ်ဂေါ်ဒွန်လို ဦးဦး အမှန်တရားကြီးတောင်
ကောင်ကျစ်တဲ့ နည်းကိုသုံးခဲ့ရတယ်ဆိုတာကိုတွေ့ရမှာပါ။Season 2 အစမှာ ရဲချုပ်လုဘ်ဟာ ဂျင်မ်ဂေါ်ဒွန်ကို မနှစ်မြို့တာကြောင့်
အပြစ်ရှာပြီး ရဲတပ် ဖွဲ့မှ ထုတ်ပယ်ပစ်လိုက်ပါတယ်။ အထုတ်ခံရတဲ့ ဂျင်မ်ဂေါ်ဒွန်က မကျေနပ်ဘဲ မတက်နိုင်တဲ့အဆုံး
မကြာသေးခင်ကမှ ဂေ့ါသမ်ရဲ့အင်အားအကြီးဆုံးဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ ပင်ဂွင်းဆီအကူအညီ တောင်းခံကာ အပေးအယူလုပ်ခဲ့ရပါတယ်။
ဒါတွေကိုကြည့်ရရင် ဂေါသမ်ဟာ ဘယ်လိုမြို့ဖြစ်လဲဆိုတာ သိသာစေပါတယ်။ဂေါ်ဒွန်တစ်ယောက်ကတော့ စုံထောက်ရာထူးကို ပြန်ရခဲ့ပေမဲ့လည်း
သူ့အတွက် ပြသနာတွေက အသင့်စောင့်ကြိုနေတယ်ဆို မြင်နိုင်စွမ်း မရှိခဲ့ပါဘူး။ သူရဲချုပ်ရာထူးကို လက်ခံပြီးတဲ့နောက်မှာပဲ အာခမ်ထောင်က ဖောက်ထွင်းခံခဲ့ရပါတယ်။
အဲ့လိုဖောက်ထွင်းခံရတဲ့ အချိန်မှာပဲ ဂျရုန်းတို့ ဘာဘရာကင်းတို့လို အန္တရာယ်ကြီးတဲ့သူတွေပါလွတ်မြောက်သွားပါတော့တယ်။
ဒီကိစ္စကိုနောက်ကွယ်က ကြိုးကိုင်နေတာဘယ်သူလဲ ဂေ့ါသမ်မြို့ရဲ့တကယ့်ရန်သူကရော ဘယ်သူလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။
တစ်ဖက်မှာလည်း ဘရုစ့် တစ်ယောက်ဟာသူ့အိမ်မှာ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကိုတွေ့ရှိထားပြီးဖြစ်တဲ့အတွက် ထိုမြေအောက်ခန်းဖွင့်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။မြေအောက်ခန်းထဲမှာ ဘရုစ်ကို ဘယ်အရာတွေက စောင့်ကြိုနေမလဲ။
အစရှိတာတွေကို ဒီ Season 2 မှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။

Translators : Myo Thant Kyaw

Encoder : Tariq L Walker

==========================

 

Season 2 (Complete) Zip File   VIP Yoteshin[1-11]  /  Yoteshin[12-22]

 

 

 

 

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Seasons and episodes

No data available


Videos

No data available

Comments