CW’s crossover Crisis on Earth X
CW’s Mutliverse ထဲမှာ Earthပေါင်း 53 ခုရှိပါတယ်။
အဲ့ဒီထဲမှာမှ နောက်ဆုံး 53 ခုမြောက် Earthဟာ ဟစ်တလာစစ်ပွဲနိုင်သွားတဲ့ Earth ဖြစ်နေပါတယ်။
အဲ့ဒီ Earthကို Earth X လို့ခေါ်ပါတယ်။ Earth X မှာရှိနေတဲ့သူတွေဟာ
နာဇီတွေအဖြစ်နဲ့မွေးဖွားကြီးပြင်းလာခဲ့တာကြောင့် ကြမ်းကြုတ်ရက်စက်ကြပါတယ်။
အကြင်နာတရားကင်းမဲ့ကြပါတယ်။ အဲ့ဒီ Earth X က Dark Arrow နဲ့ Dark Supergirl တို့ဟာ
ကမ္ဘာမြေကိုသိမ်းပိုက်ဖို့လာတဲ့အချိန်နဲ့ ဘယ်ရီနဲ့အိုင်းရစ်တို့ရဲ့
ပျော်ရွှင်စရာမင်္ဂလာပွဲကျင်းပနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားခဲ့ပါတယ်။
Earth X’s Flash လို့ထင်ရတဲ့သူကလည်း Earth X ကမဟုတ်တာကြောင့် အကုန်လုံးကိုအံ့အားသင့်စေမှာပါ။
အကြိုက်ဆုံးကတော့ Dark Supergirl ပါပဲ။
သူမရဲ့မျက်လုံးထဲမှာ ဘယ်အချိန်ကြည့်ကြည့်အမုန်းတရားတွေနဲ့ပြည့်နေတာကို ပရိသတ်တွေခံစားရမှာပါ။
Fan တွေမျှော်လင့်ထားတဲ့အတိုင်းပဲ အရင်Invasion crossoverထက်
အခု Crisis on Earth-X crossover က အများကြီးပိုပြီးအားရစရာကောင်းပါတယ်။
နောက်၂ပိုင်းမှာလည်း ပရိသတ်အချစ်တော် Captain Cold ပါလာမှာဆိုတော့
ဒီထက် ပိုပြီးကောင်းလာဖို့မျှော်လင့်ရပါတယ်။
Translators.……… Scrn , Ye Man Aung ,Little Twinlay
Encoder……. Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။