Channel Myanmar

TV Series

Todome no kiss
Todome no kiss  (English title Kiss that kills) ဒီဇာတ်ကားဟာ ၁လပိုင်း ၇ရက်နေ့မှာစထွက်ခဲ့တာပါ အပတ်တိုင်း တနင်္ဂနွေနေ့တွေမှာ ဂျပန်က NTV Network မှာပြသပါတယ် Rating ကလဲမြင့်ပါတယ် စာဖိုင်ထွက်တာနောက်ကျလို့ ခုမှတင်ပေးရပါတယ် ဒီကားမှာအဓိက ဆွဲဆောင်မှုကတော့ ဂျစ်တီးဂျစ်ကန်အပြုံးလေးတွေနဲ့ဖမ်းစားတတ်တဲ့ Death Note ကားထဲမှာ L အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yamzaki kento ပါပဲ မြန်မာနိုင်ငံမှာတော့ သူ့ကိုချစ်စနိုးနဲ့ ken ken လို့ခေါ်ကျပါတယ် ဒီကားမှာသူကအဓိကသရုပ်ဆောင်ထားပါတယ် မင်းသမီးကလဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့ Mugi Kadowaki ကသရုပ်ဆောင်ထားပါတယ် (မင်းသမီးအကြောင်းတော့ ကိုယ်ကသိပ်စိတ်မဝင်စားလို့မသိဘူး မင်းသားပဲစိတ်ဝင်စားတယ်) ဒါဖြင့်ရင် ဇာတ်လမ်းလေးအမြည်းကျွေးပါမယ် မင်းသားမှာကညီလေးရှိတယ် ငယ်ငယ်လေးမှာ မတော်တဆမှုတစ်ခုကသူ့မျက်စိရှေ့တင်ဖြစ်ပြီးပါသွားတာတွေ့ခဲ့ရတယ် ဒီလိုနဲ့ ကြီးလာရတဲ့ Ken Ken လေးက လောကကြီးမှာ အချစ်မရှိမှသာယာမယ် ငွေနဲ့ သူကြိုက်တဲ့ပစ္စည်းတွေရှိမှသာ ပျော်ရွှင်ရမယ်လို့ ဆိုတဲ့အတွေးအခေါ်ရှိတဲ့ ဧည့်ကြိုကောင်လေးဖြစ်လာတယ် ဧည့်ကြိုဆိုတာ ယဉ်အောင်ပြောတာတကယ်တော့ မမတွေကိုကပ်ခြူစားတဲ့ ကလပ်ကဝန်ထမ်းကောင်ချောလေးပေါ့ သူကမမတွေဆီကရသမျှအကုန်ယူတယ် အဲ့မှာပဲ ထူးထူးဆန်းဆန်း ပြစ်မှုတစ်ခုဖြစ်လာတယ် မိန်းမတစ်ယောက်က နှုတ်ခမ်းကိုအဆိပ်သုတ်ပြီး ယောင်္ကျားတွေကို နမ်းပြီးသတ်နေတာတဲ့ ပိုင်းလုံးတွေ ဖောက်ပြန်တဲ့သူတွေကိုဆိုတော့ အken လေးတစ်ချက်တွေသွားသေးတယ် ဒါပေမယ့်သူကမမူဘူး ပြီးမှသူလက်တွေ့ကြုံရတော့တယ် ထူးထူးဆန်းဆန်းမိန်းမက ...

Todome no kiss

Advance Bravely Season 2
Advance Bravely Season 2   BL ပရိသတ်​​တွေအားလုံး​စောင့်​​မျှော်​​နေကြတဲ့ Chinese BL Series တစ်​ခုဖြစ်​တဲ့ Advance Bravely ကို မြန်​မာစာတန်းထိုးနဲ့တင်​ဆက်​​ပေးလိုက်​ပါပြီ Season 1ပြီး​တော့ Season 2​မျှော်​​နေကြတဲ့ပရိသတ်​​တွေ​အားလုံး​ပျော်​နိုင်​ပါပြီ တစ်​ရက်​ခြား ၁ပိုင်းတင်​​ပေးသွားမှာပါ ဇာတ်​လမ်းက​တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ရဲအရာရှိရှ​ယောင်းနဲ့ လုံခြုံ​ရေးဆိုင်​ရာကုမ္ပဏီသူ​ဌေး ယွမ်​ကျုံ့တို့ season 2မှာ ဘယ်​လိုဇာတ်​လမ်းဆက်​ကြမလဲ...ယွမ်​ကျုံ့ညီမဖြစ်​သူ ယွမ်​ရူက​ရော အစ်​ကိုနဲ့အပြိုင်​ရှ​ယောင်းကို ဘယ်​လိုလွန်​ဆွဲမလဲဆိုတာ ​ပျော်​ရွှင်​ရယ်​​မော​စောင်​ကိုက်​ရင်းကြည့်​ရှုနိုင်​ပါပြီ..... ရုပ်​ထွက်​အကြည်​လင်​ဆုံး ဘာသာပြန်​အ​ကောင်းဆုံးဖြစ်​​အောင်​ကြိုးစားတင်​ဆက်​​ပေးထားပါတယ်​     Episode 01     Episod 02  

Advance Bravely Season 2

Erased
Erased Bokudake ga Inai Machi 2017 ======================= ဒီ Japan Mini TV Series လေးဟာ အပိုင်း ၁၂ ပိုင်းပဲ ထွက်ရှိထားပြီး IMDb 8.1 ထိ ရရှိထားပါတယ် English Title ကတော့ Erased ပါတဲ့... ဇတ်လမ်း ပုံစံကတော့ ဆာတိုရူ ဆိုတဲ့ ကောင်လေးဟာ သူ့ ငယ်ဘ၀ မှာ ကျောင်းနေဘက် သူငယ်ချင်း တစ်ချို့ကို ကလေးလူသတ်သမား က ကွင်းဆက် သတ်ဖြတ်မှု အဖြစ် တစ်ယောက်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတယ် ဒီလို အတွေ့အကြုံတွေနဲ့ ဆာတိုရူ ဟာ အသက်ကြီးလာခဲ့တယ် ကံကောင်းစွာနဲ့ အဲ့ဒီအထဲ သူတော့ မပါခဲ့ပါဘူး ဘာလို့လဲ ဆိုတော့ ကွင်းဆက် လူသတ်သမားကို ဖမ်းဆီးသွားကြလို့ပါ ဖမ်းဆီးသွားကြတဲ့ ကွင်းဆက်သမား လူသတ်သမားဆိုသူကလဲ လူသတ်သမားလို့ ထင်လောက်စရာမရှိတဲ့ သာမန်လူရိုး လူအေး တစ်ဦးပါပဲ ဒီလိုနဲ့ ဆာတိုရူ အရွယ်ရောက်လာတဲ့ အခါ သူ့မှာ ထူးခြားတဲ့ ဖြစ်ရပ်ဆန်း တစ်ချို့ ဖြစ်ပျက်လာပါတော့တယ်... အာ့တာကတော့ ...

Erased

The Good Doctor
The Good Doctor   The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။ သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ ဘာသာပြန်သူက ဆရာဝန်မဟုတ်ပေမယ့် အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။ Medical Field က လူတွေအတွက်လည်း မူလစကားလုံးတွေ မဖျက်ဘဲထည့်ပေးထားပါတယ်။ မြည်းစမ်းကြည့်ကြပါ။   The Good Doctor TV Series ကို ...

The Good Doctor

A Korean Odyssey (2017)
A Korean Odyssey (2017)             IMDb Rating 8.9 ရထားတဲ့ tvN က လက်ရှိအပါတ်စဉ် စနေတနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကိုးရီးယားစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ မိနစ် ၉၀စာ အပိုင်း ၂၀ ပါဝင်မယ်လို့ ပြောပါတယ်။ စီးရီးအမျိုးအစားကတော့ Romance Comedy Horror Fantasy ရသစုံပါဝင်တဲ့ စီးရီးလေးပါ။ tvN က ကိုးရီးယားပြည်တွင်းမှာ ထုတ်လွှင့်ပြသနေသလို Netflix ကလည်း Globally distributor အနေနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့စီးရီးလေးပါ။ အစကနဦးက ဒါရိုက်တာတစ်ဦးထဲရိုက်ကူးခဲ့ပေမယ့် အာရှသာမက ကမ္ဘာအနှံ့ထုတ်လွှင့်ပြသမှာဖြစ်တာကြောင့် နောက်ထပ်နာမည်ကျော်ဒါရိုက်တာနှစ်ယောက်လည်း ပါဝင်လာတာကြောင့် စုစုပေါင်း ဒါရိုက်တာ ၃ ဦး ကောင်းမွန်သေသပ်တဲ့ CGI effectတွေနဲ့အတူ အကောင်းဆုံးလက်စွမ်းပြထားတဲ့စီးရီးဖြစ်သလို ဇာတ်ညွှန်းရေးတဲ့သူကလည်း ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Master’s sun , My girlfriend is a Nine-Tailed Fox ,My girl အစရှိတဲ့စီးရီးတွေကို ရေးခဲ့တဲ့ နာမည်ကျော် Hong sisters ...

A Korean Odyssey (2017)

Sherlock Special Episode (The Abominable Bride)
Sherlock Special Episode (The Abominable Bride) ဒီဇာတ်ကားကတော့ စီစန် ၃ အပြီးမှာ ထွက်လာတဲ့ အထူးအပိုင်းပါ။ ဇာတ်လမ်းအကျဉ်းကို နည်းနည်းလေးမှ ပြောမပြချင်ပါဘူး။ ကျတော့် အမြင်အရတော့ အရမ်းကောင်းတယ် ရယ်လဲ ရယ်ရတယ် တင်ဆက်ပုံ အရမ်းခမ်းနားတယ်လို့ ပဲ ပြောချင်ပါတယ်။ ပြောပြစရာတစ်ခုကတော့ မူရင်းဝတ္ထုမှာ မိုရီရာတီနဲ့ ရှာေးလာ့ခ် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နေရာက ရိုင်ခင်ဘက်ရေတံခွန်( Reinchenberg  Fall) ဖြစ်ခဲ့ပြီးတော့ အဲဒီအခန်းနာမည်က Final Problem ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစုကားမှာ အဲဒီရသမပျောက်အောင် အပိုင်းနာမည်ကို  Reinchenberg  Fall လို့ နာမည်ပေးပြီး final problem ဆိုတာကို အထူးပြုပြီး ထည့်ပြောသွားတာကို တွေ့နိုင်မှာပါ။ ဒါ့အပြင် fall မှာက အဓိပ္ပါယ် ၂ ခုဖြစ်နေတဲ့အတွှက် ရှားလော့ခ် ခုန်ချတဲ့ အခန်းနဲ့ နာမည်နဲလိုက်ဖက်အောင် ပေးနိုင်တာကလည်းသူတို့ရဲ့ တင်ဆက်မှုကောင်းပါပဲ။ Quality…Bluray Rip ...

Sherlock Special Episode (The Abominable Bride)

Sherlock Season(3) Complete
Sherlock Season(3) Complete Episode(1)ဒီအပိုင်းမှာတော့ စီစန် ၂ ဇာတ်သိမ်းပိုင်းက သိချင်နေခဲ့တယ့် အဖြေကို တွေ့ရပါပြီ။ ဒီအပိုင်းမှာ တွေ့ရမယ့် ဇာတ်ကောင်အသစ်ကတော့ မေရီပါ။ ၁၈၉၀ က The Sign of the Four ဆိုတဲ့ ၀တ္ထုမှာ စတင်ပါဝင်လာခဲ့ပြီး နောက်ပိုင်းမှာ ဂျွန်ရဲ့ မိန်းမဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒီစီးရီးမှာ ဘယ်လိုပြန်လည်ဆန်းသစ်ထားလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ Episode(2)ဒီအပိုင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ ရှားလော့ခ်ရဲ့ လူသားဆန်မှုကို အင်မတန်လှပတဲ့ လူသတ်မှုတစ်ခုကို တားဆီးတာနဲ့အတူ တွေ့ကြရမှာဖြစ်ပါတယ်။ အရမ်းကြီးကျယ်တဲ့ အမှုကြီးမပါဝင်ပေမဲ့ ဒီဇာတ်ကားက ပေးတဲ့ရသကြောင့် ကျတော် အကြိုက်ဆုံး အပိုင်းတွေထဲမှာ ထည့်ထားလိုက်မိပါတယ်။ Episode(3)ဒီနှစ်အတွက် ရှားလော့ခ် ကို နုတ်ဆက်ရမယ့် အချိန်ရောက်လာပါပြီ။ ဒီအပိုင်းမှာ ရှားလော့ခ် ရင်ဆိုင်ရမယ့်သူက အစိုးရအဖွဲ့တစ်ခုလုံးရဲ့ ပျော့ကွက်တွေကို သိနေတဲ့ သတင်းစာတိုက်ပိုင်ရှင်ပါ။ နိုင်ငံတစ်ခုလုံး ပြန်မလှန်နိုင်တော့ တဲ့အခါမှာ ရှားလော့ခ်ကို အကူအညီတောင်းလာပါတော့တယ်။ ...

Sherlock Season(3) Complete

Supergirl Season 3 5.6
Supergirl Season 3 မွန်အယ်လ် မရှိတော့လို့ ဝမ်းနည်းပူဆွေးနေတဲ့ စူပါဂဲလ်တစ်ယောက်သူ့ ရဲ့ ပူဆွေးမှုတွေကို လက်မခံနိုင်ပဲ စူပါဟီးရိုး အလုပ်ကို အလွန်အကြွံလုပ်ရင်းနဲ့ ဖြေသိမ့်နေခဲ့တယ် သူ့ ရဲ့ ကာရာ ဒန်ဗာစ် ဆိုတဲ့ ဘ၀ကို လက်မခံနိုင်ဖြစ်နေပြီးစူပါဂဲလ် ဖြစ်ဖို့ နဲ့ ကမ္ဘာကြီးကို အာရုံစိုက်ဖို့ ကိုသာ အာရုံစိုက်နိုင်နေခဲ့တယ် ဒီလိုနဲ့ စူပါဂဲလ်တစ်ယောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါ့မလား တစ်ဖက်မှာလည်း အဲလက်စ် တစ်ယောက် သူ့ ရဲ့ ခံစားချက်တွေကို မက်ဂီ ကိုဖွင့်ချပြောပြလိုက်ပါတယ် သူတို့ နှစ်ယောက်ရဲ့ ရှေ့ ရေးကကော ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို Season 3 မှာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ Translated by Scrn,Ye Man Aung Encode by Thanhtike Zaw   S3 Ep1 (250 MB)  Yoteshin Link / Openload Link /Solid Drive Link   S3 Ep2 (250 ...
5.6
TMDb: 5.6/10 455 votes
tv

Supergirl Season 3

2015
The Flash Season (4) 8.9
The Flash Season (4) Season 3 အပြီးမှာပြသပြီဖြစ်တဲ့ The Flash Season 4 (The Flash Reborn)ဟာ Rating 8.9 အထိရရှိထားပြီး မူရင်းရုပ်သံလိုင်းကနေပြန်လည်ထုတ်လွှင့်ပြီဖြစ်ပါတယ် စောင့်မျှော်နေကြတဲ့ Flash Fan တို့အတွက်တော့အားရမယ့် Season တစ်ခုတော့ ဖြစ်လာလိမ့်မယ်လို့ ထင်ထားမိပါတယ် အားလုံးသိတဲ့အတိုင်း Season 3 နောက်ဆုံးပိုင်းမှာ Barry ဟာ Speed Force Prison ထဲကိုဝင်ရောက်သွားခဲ့ပါတယ် အခု Season 4 မှာတော့ ဘယ်ရီတစ်ယောက် Speed Force ထဲကိုဝင်သွားပြီးနောက် 6 လအကြာမှာ ဇာတ်လမ်းပြန်စထားပါတယ်..ဘယ်ရီမရှိလို့ ဝေါလီ နဲ့ စစ်စကို တို့၂ယောက်သား မြို့ကိုကာကွယ်နေကြပြီး အိုင်းရစ် ကတော့ ညွှန်ကြားတဲ့အပိုင်းပေါ့ ဘယ်ရီမရှိတဲ့အဖွဲ့ဟာလိုအပ်ချက်တွေရှိနေပေမယ့် အကောင်းဆုံးကြိုးစားကြပါတယ် ဒါပေမယ့် Flash နဲ့ စိန်ခေါ်တိုက်ခိုက်လိုတဲ့ ဆာမူရိုင်းတစ်ယောက် ရောက်လာတဲ့အခါ Kid Flash နဲ့ စစ်စကို တို့လည်းမနိမ်နင်းနိုင်တော့ပါဘူး..ဒီဆာမူရိုင်းဟာလည်း Flash ထွက်မလာရင် မြို့ကိုဖျက်ဆီးပစ်မယ်လို့ဆိုတဲ့အခါမှာတော့ အိုင်းရစ် စစ်စကို နဲ့ ဝေါ်လီ ...
8.9
TMDb: 8.9/10 votes
tv

The Flash Season (4)

2017
Gotham Season 1 6.9
Gotham Season 1     Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့ ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့ အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။ လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန် ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက် အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ် တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့ ကောင်းတယ်လို့်ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့ ...
6.9
TMDb: 6.9/10 704 votes
tv

Gotham Season 1

2014
Black Knight (2017) 4.3
Black Knight (2017) KBS ရုပ်သံလိုင်းက အပါတ်စဉ် ဗုဒ္ဓဟူးကြာသပတေး ထုတ်လွင့်ပြသပေးမယ့် Black Knight ထူးဆန်းထွေလာအချစ်ဇာတ်လမ်းတွဲသစ်လေးပါ။ Love story in Harvard(တစ်ခါတုန်းက တက္ကသိုလ်) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်အသဲစွဲဖြစ်ခဲ့ပြီး ဒေါက်တာဇာတ်လမ်းတွဲရဲ့ မင်းသား Kim-Rae Won အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Bride of the Water God ကားရဲ့ မင်းသမီးလေး Shin Se Kyung နဲ့အတူ Whisper, Jelousy incarnate တို့နဲ့နာမည်ရလာတဲ့မင်းသမီးလေး Soe Ji-Hye 2nd Lead အနေနဲ့ပါဝင်ထားပါတယ်။ ရှေးရေစက်ဆိုတာကို ယုံကြည်ကြပါသလား။ တစ်ခါတစ်လေ လူတစ်ယောက်ကို အကြောင်းမဲ့မုန်းနေတာမျိုး ကြည့်မရတာမျိုးဖြစ်တတ်သလို တစ်ခါတစ်လေ မြင်မြင်ချင်းခင်မိပြီး ဘာလုပ်လုပ်အပြစ်မမြင်ဘဲ သဘောကျနေတတ်တာတွေလည်းရှိတတ်ပါတယ်။ ဒါတွေက ရှေးရေစက် ဆုတောင်းတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ အချစ်ကြီးသူတွေဟာ ဒီဘ၀မှာ ဒီတစ်ယောက်တည်းကိုသာ သစ္စာရှိရှိချစ်ခဲ့သလို နောက်ဘ၀တွေမှာလည်း ရေစက်ဆုံဖို့ ဆုပန်တတ်ကြတယ်။ ...
4.3
TMDb: 4.3/10 2 votes
tv

Black Knight (2017)

2017
Spy (2015)
Spy (2015) Viki 8.5 IMDB 6.5 ရရှိထားတဲ့ Kdrama စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်... မြောက်ကိုရီးယားနိုင်ငံရဲ့ထူးချွန်တဲသူလျိုတစ်ဦးဖြစ်တဲ့ဆိုဟေးဟာ အလုပ်ကနေထွက်ပြေးစွန့်ခွာပြီး တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ပတ်ဟေးရင်းလို့အမည်ပြောင်းကာသိုသိုဝှက်ဝှက်မိသားစုနဲ့အတူနေထိုင်ရင်း သားတစ်ယောက်သမီးတစ်ယောက်ရရှိခဲ့ပါတယ်... သားကတော့ မိခင်ရဲ့ထူးချွန်မှု့နဲ့ဥာဏ်ကောင်းမှု့ကိုဆက်ခံပြီး စုံစမ်းရေးကိုလည်း ၀ါသနာပါတာကြောင့် မိဘများမသိအောင်အလုပ်ကိုလိမ်ကာ NIS အထူးရဲတပ်ဖွဲမှာလုပ်ကိုင်ရင်းကနေထူးချွန်တဲ့အေးဂျင့်တစ်ဦးဖြစ်လာပါတယ်.... ပတ်ဟေးရင်းရဲ့အတိတ်ကို မြောက်ကိုရီးယားစပိုင်အဖွဲ့ကခြေရာခံလိုက်ကာ သူ့ကိုရှာဖွေ့တွေ့ရှိရင်း သားဖြစ်သူကိုအလုပ်စေခိုင်းဖို့ ခြိမ်းခြောက်ပြီး ပတ်ဟေးရင်းကိုဖောက်ခွဲရေးအလုပ်တွေ သတင်းအချက်အလက်တွေ ခိုးယူတဲ့အလုပ်ကိုစေခိုင်းပါတော့တယ် သူသိပ်ချစ်တဲ့အမေက မြောက်ကိုရီးယားနိုင်ငံရဲ့အထူးအေးဂျင့်မှန်းသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ... ကင်ဆန်ဝူးသိပ်ချစ်ရတဲ့ယွန်းဂျင်ကကော ဘယ်လိုလူမျိုးလဲ မေတ္တာတရားတွေ အချစ်စစ်တွေက မတရားတာတွေကိုအနိုင်ယူနိုင်ပါ့မလား နိုင်ငံရေးဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာပါ.... TVXQ အဖွဲ့ဝင်ဟောင်း JYJအဖွဲ့ရဲ့ဟီးရိုးတစ်ဦးဖြစ်တဲ့ Kim Jae Joong ရဲ့ အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်... Translators ..... Eainmat Phyulay , Aye Nyein Thu , Khin Chan Myae Tun   Episode (1) Yoteshin Link / Openload Link / Solid Drive Link   Episode (2) Yoteshin Link / Openload Link / Solid Drive Link Episode (3) Yoteshin Link / Openload ...

Spy (2015)

City Hunter (2011)
City Hunter (2011) ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး... ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းက ကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်.... မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရ၀ပြုတဲ့ တောင်ကိုရီးယားသမ္ပတကို မြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်... ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာ  မြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်..... Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲ ထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်... ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီး ကိုယ်တိုင်သာဆုံးဖြတ်ကြပါ... ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါ Quality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်... Review by Moe Myint Lwin Duration ...... 1 hour Quality ...... HDTV 720p Translator ...... Moe Myint Lwin Encoder ...... Moe Myint Lwin Episode (1)  Yoteshin Link / Openload Link / Solid Drive Link Episode (2) Yoteshin Link / Openload Link / Solid Drive Link Episode (3) Yoteshin Link / ...

City Hunter (2011)

Iris(2009)ဇာတ်လမ်းတွဲ (စ,ဆုံး) 8
Iris(2009)ဇာတ်လမ်းတွဲ (စ,ဆုံး) IMDB...8.1,,,, ဒီကားကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိပြီး  ယနေ့တိုင် ကိုရီးယားစီးရီးတွေထဲမှာ ထူးခြားချက်များစွာ၊မှတ်တမ်းကောင်းများစွာနဲ့ရပ်တည်နေဆဲဖြစ်ပါတယ်.... ဘတ်ဂျက်အများဆုံးအသုံးစာရင်းဝင်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့နေရာတွေကလည်းအတော်များပါတယ်.. .တောင်ကိုရီးယား၊ရုရှား၊ဟန်ဂေရီ၊ဂျပန်၊အမေရိကန်၊ တရုတ်စတဲ့နေရာများမှာရိုက်ကူးခဲ့ပါတယ်...စပိုင် အထူးအေးဂျင့်ကားပီပီ နည်းပညာတွေကိုလည်း အဆင့်မြင့်မြင့်သုံးထားလေတော့ ကျွန်တော့အထင် ယနေ့တိုင် ဘောင်ဝင်တန်းဝင်ဆဲဟုထင်မြင်မိပါသည်..ကြည်နူးဖွယ်ရာအချစ်  ပျော်ရွှင်ဖွယ်ရာဟာသတွေလည်းပါလေတော့ ကြည့်ရတာအတော်ကိုကောင်းပါတယ်... ကိုရီးယားစီးရီးတော်တော်များများဟာ အထိုက်အလျောက်ကောင်းမွန်ကြပါတယ်... သို့ပေမယ် စီးရီးရဲ့အလယ်လောက်ရောက်ရင် နည်းနည်းအီသွားတတ်ပြီး ဇတ်သိမ်းပိုင်းရောက်ခါနီးမှ Temp0 တွေပြန်တင်တတ်တဲ့သဘောရှိပါတယ်... ဒီစီးရီးကတော့ အပိုင်းတိုင်းကိုဆွဲဆောင်မှုရှိသလို အဆုံးထိကို မပျင်းမရိနဲ့ကြည့်ရှုရတဲ့စီးရီးဖြစ်ပါတယ်.... တင်ဆက်မှုပိုင်း သရုပ်ဆောင်မှုပိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်တော့ ဆုတွေလည်းတသီကြီးရသွားတဲ့အပြင် စီးပွားရေးအရလည်း အောင်မြင်မှုရခဲ့ပါတယ် အထူးသဖြင့် ဒီကားရဲ့အဓိကသရုပ်ဆောင် လီဗြောင်ဟွန်းပါ....သူကတော့ ကိုရီးယားရဲ့အမြင့်ဆုံးဇာတ်ဆောင်ဆုရခဲ့ပါတယ်.. လီဗြောင်ဟွန်းဆိုပြီး အမှတ်ရသွားစေတဲ့ကားဆိုလည်းမမှားပါဘူး... ..ပြီးတော့ ဒီကားကိုကြည့်ဖူးတဲ့သူအတော်များသလို နှစ်သက်သဘောကြတဲ့သူတွေလည်းအတော်များမယ်ထင်ပါတယ်... ..မှုန်ဝါးဝါးလေးကြည့်ရတဲ့ခေတ်မယ် ကျွန်တော်တို့တွေ အခွေဆိုင်ကိုပြေးလွှားဝယ်ပြီးကြည့်ခဲ့ရတာပါ ... ခုတော့အကြည်လေးနဲ့ပြန်လည်ခံစားချင်သူတွေအတွက်ရော ကြည့်ဖို့အခွင့်မသာခဲ့တဲ့သူတွေအတွက်  ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်.. ..အပိုင်း(၂၀)ရှိပြီး စ,ဆုံးတင်ပေးထားပါသည်.... အပိုင်း(၁)ကို  May Haruko ကဘာသာပြန်ပေးထားပြီး အပိုင်း(၂)မှ အပိုင်း(၂၀)ထိ မြန်မာစာဖိုင်အား Yangon Movie Store မှ ကူညီပေးထားပါတယ်.....     ' File Size…(600 MB)And(320MB) @Episode Quality…HDTV Rip 720p Format…mp4 Duration…00:60:00 @ Episode Subtitle…Myanmar Subtitle(Hardsub) Translated by ...
8
TMDb: 8/10 8 votes
tv

Iris(2009)ဇာတ်လမ်းတွဲ (စ,ဆုံး)

2009
Black Lightning (2018)
Black Lightning (2018)   ဒီတစ်ခါတော့ CW ကနေအသစ်ထွက်ရှိထားတဲ့ SuperHero စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ထူးခြားတာကတော့ ဒီ Hero ကကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်တဲဂျက်ပဲဖြစ်ပါတယ်... သူဟာ Black Lightning ဖြစ်နေခဲတာကိုလှို့ဝှက်နေခဲ့ရပါတယ်... ဘာလို့လဲဆိုတော့ သူ့မိန်းမဟာသူ Black Lightning ဖြစ်နေတာကိုလက်မခံနိုင်ခဲ့လို့ပါ.... ဒါကြောင့်လည်းသူတို့လင်မယားနှစ်ယောက်ကွာရှင်းခဲ့ရပြီး သမီးတွေကိုအဝေးကနေပဲ တစ်ယောက်ချင်းစီအုပ်ချုပ်နေခဲ့ကြရပါတယ်... ဒါပေမယ့် သမီးဖြစ်သူတွေကို လူရမ်းကားအုပ်စုတစ်စုကနေပြီးတော့ ပြသနာရှာတာကနေစပြီး သူအနှစ်နှစ်အလလ ဖုံးကွယ်ထားခဲ့တဲ့  သူ့ရဲ့ Black Lightning ဘ၀ကိုပြန်စဖို့အတွက် အကြောင်းဖြစ်လာပါတော့တယ်... ဒီစီးရီးဟာ Rating 7.2 ရရှိထားပြီးတော့ ၂၀၁၈ မှာစတင်ပြသတဲ့ စီးရီးအသစ်ဖြစ်ပါတယ်.... တစ်ပတ်တပိုင်းထွက်တဲ့စီးရီးမို့ ထွက်သမျှ အပိုင်းတိုင်းကို အချိန်မှီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်....   Translator..... Pyae Phyo Hein Encoder ..... Moe Myint Lwin Episode (1) Yoteshin Link / Openload Link / SolidDrive Link Episode (2) Yoteshin Link / Openload Link

Black Lightning (2018)