Channel Myanmar

2018

Come and Hug Me(2018) 6.9
Come and Hug Me(2018) Come and Hug Me(2018)**********************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး Jang Ki Yong(Chae Do Jin)နဲ့ Jin Ki Koo(Han JaeYi)တို့ဟာ ငယ်စဉ်ကတည်းကကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသလို အဲဒီကတည်းကတစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတဲ့ အချစ်ဦးတွေဖြစ်ကြပါတယ် Chae Do Jin ရဲ့ဖခင်ဖြစ်သူဟာ psychopath တစ်‌ယောက်ဖြစ်ပြီး တစ်နေ့မှာHan Jae Yi ရဲ့မိဘတွေကိုရက်ရက်စက်စက်သတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းမှာ အချစ်ဦးနှစ်ယောက်ဟာကွဲကွာခဲ့ပါတယ်... နှစ်များစွာကြာပြီးတဲ့နောက် Chae Do Jin ဟာစုံထောက်ဖြစ်လာပြီးHan Jae Yi ဟာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်...Chae Do Jin တစ်ယောက်စုံထောက်ဖြစ်လာပြီး သူ့အဖေအရင်းကိုဘယ်လိုဖမ်းမလဲ ....သူ့ရဲ့အချစ်ဦးကောင်မလေးနဲ့ရော ဘယ်လိုပြန်ဆုံတွေ့ပြီး ဘယ်လိုတွေကာကွယ်ပေးမလဲဆိုတာကြည့်ရမှာပါ.... ChaeDoJin ဖခင် psychopath အဖြစ်ပါဝင်ထားတဲ့ Heo Jun Ho ဟာလည်းvillain ခန်းတွေမှာအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးဖြစ်တာမို့သူ့အခန်းတွေမှာဒေါသထွက်ရမှာဖြစ်သလို မင်းသားမင်းသမီးကြားကChemistry ကလည်းမိမိုက်တာကြောင့် ဒေါသထွက်လိုက် အချိုလေး‌တွေစားရလိုက်နဲ့ကြည့်ရမှာမို့ ကြည့်လိုက်ကြပါဦး....Episodes: 16 Aired: ...
6.9
TMDb: 6.9/10 26 votes
tv

Come and Hug Me(2018)

2018
My ID is Gangnam Beauty (2018) 7.3
My ID is Gangnam Beauty (2018) My ID is Gangnam Beauty (2018)*******************************အပိုင်း (၁ မှ ၁၆) စ/ဆုံးCM ပရိတ်သတ်တွေအတွက် အခုလို နွေရာသီပူပူလောင်လောင်ကြီးမှာ ရွှေရင်အေးသွားစေဖို့ Lim Soo Hyang နဲ့ Cha Eun Woo တို့ရဲ့ နာမည်ကြီးဒရမ်မာဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း - ဂန်မီရယ် (Lim Soo Hyang) က ရုပ်ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ငယ်ငယ်က‌တည်းက သူများတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်ရုပ်ရည်ကြောင့် လှောင်ပြောင်ခံရတာတွေ များလာတဲ့ မီရယ်တစ်ယောက် အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒပါ ပျောက်ဆုံးသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ မီရယ်က အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်အဲဒီအမျိုးသမီးဆီကနေ ရတဲ့ မွှေးပျံ့တဲ့ရနံ့လေး နောက်ပြီး နွေးထွေးတဲ့အကြည့်တွေ... မြင်သာတဲ့အလှတရားကိုမှ လိုချင်ကြတဲ့ ဒီလောကကြီးထဲမှာ အဲဒီအမျိုးသမီးဆီက ရလိုက်တဲ့ရနံ့ ၊ မမြင်ရတဲ့အလှတရားကြောင့် မီရယ်တစ်ယောက် နှစ်သိမ့်မှုရပြီး အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒတွေ ပြန်ပေါ်လာပါတော့တယ်အဲဒီနောက်မှာ ...
7.3
TMDb: 7.3/10 95 votes
tv

My ID is Gangnam Beauty (2018)

2018
9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Amazing Saturday (2021) 9.8
Amazing Saturday (2021) Amazing Saturday(function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် Amazing Saturday ဆိုတဲ့ ရှိုးလေးကို တင်ဆက်ပေးပါရစေ"Amazing Saturday ဆိုတာ ဘယ်လိုရှိူးမျိုးလဲ??"ခေတ်အဆက်ဆက် ကိုရီးယား အိုင်ဒေါတွေရဲ့ ထင်ရှား​ကျော်ကြားတဲ့ သီချင်းတွေကို မှန်အောင် ခန့်မှန်းရင်း နိုင်ငံတစ်ဝန်းက ထင်ရှားတဲ့ ရိုးရာအစားအသောက်တွေကို မြည်းစမ်းခွင့်ရရှိတဲ့ ရှိုးလေးပဲ ဖြစ်ပါတယ်SNSD မှ ထယ်ယွန်း SHINEE မှ ကီး တို့အပြင် အခြားသောထင်ရှားတဲ့ အနုပညာရှင်များစွာ ပါဝင်တာမလို့ ပရိသတ်ကြီးလည်း အိုင်ဒေါတွေကို ငေးလိုက် သီချင်းတွေကို ခန့်မှန်းရင်း ကိုရီးယားအစားအစာတွေကို သားရေကျလိုက်နဲ့ အတူ လိုက်ပါစီးမျောရမှာ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pwint က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။File Size - 1.2 GB Quality - 1080p Duration - 1h 20min Subtitle - Myanmar(Hardsub) Genre - Reality-TV Translaotr - CM ...
9.8
TMDb: 9.8/10 4 votes
tv

Amazing Saturday (2021)

2018
X.X.X: Uncensored (2018) 4.4
X.X.X: Uncensored (2018) XXX: Uncensored (2018)အခုတစ်ခါမှာတော့ လူငယ်တွေအကြိုက်အချစ်ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်လမ်းတွဲလေးရဲ့ထူးခြားချက်ကတော့ anthology အမျိုးအစားဖြစ်နေတာပါပဲ။အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေတဲ့ ကောင်လေးတစ်ယောက်ကို မိန်းမလှလေးတစ်ယောက်က သူ့ကားပျက်နေလို့ လမ်းကြုံလိုက်ရာကနေစပြီး ဇာတ်လမ်းလေးတွေဖြစ်ခဲ့ပါတယ်။ ကောင်မလေးဟာလည်း လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီး ရင်ဖိုစရာကောင်းပါတယ်။ ဒီကောင်လေးကလည်း အချစ်ကံခေလွန်းနေသူမို့ အချစ်ငတ်နေတဲ့ အချစ်ရူးသမားလေးဟာ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။လမ်းခရီးတလျှောက်လုံးမှာလည်း သူတို့ကြားသိရသမျှ ဗဟုသုတတွေကိုမျှဝေသွားခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းလေးတွေကလည်း စိတ်ဝင်စားစရာလူငယ်အကြိုက်အချစ်ဇာတ်လမ်းလေးတွေမို့ သူမတူသောရသပေါင်းများစွာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်နော်။နောက်ဆုံးတော့ ဒီကောင်လေး သူလိုချင်တဲ့အချစ်ကို ရပါ့မလား...။ဘာတွေဆက်လက်ပြီး ကြုံရဦးမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်နိုင်ပါပြီနော်။မိသားစုနဲ့ကြည့်ရန် မသင့်တော်သော အခန်းများပါဝင်သဖြင့် အသက်ပြ​ည့်မှကြည့်ဖို့ တို်က်တွန်းလိုက်ပါတယ်နော်။File Size – 300MB(Appx;) @EpisodeQuality – 1080p WEB DLDuration – 15mins(@Episode)Total Episodes: 5Eps (@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ~ MysteryEncoder – XCrossTranslator - Devil Episode ...
4.4
TMDb: 4.4/10 17 votes
tv

X.X.X: Uncensored (2018)

2018
The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
Goblin Slayer Season 1 + Season 2 (Complete) 8.202
Goblin Slayer Season 1 + Season 2 (Complete) Goblin slayer season 1 + 2R Rated Animeဖြစ်တာကြောင့် အရွယ်ရောက်သူများသာ ကြည့်ရှုသင့်ကြောင်း သတိပေးလိုပါတယ်အခုတစ်ခါ CM anime ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာတဲ့ စီးရီးလေးကတော့ Demon Slayer မဟုတ်ပါဘူး Goblin Slayer ပါ ၂၀၁၈ က ထွက်ရှိခဲ့တာဖြစ်ပေမဲ့ ဆွဲထားတဲ့ အန်နီမေးရှင်းတွေသပ်ရပ်ပြီး အက်ရှင်ခန်းတွေလန်းတဲ့အပြင် သွေးထွက်သံယိုအခန်းတွေလဲ ဒဲ့ပဲပြထားတာမို့ ပါလာတဲ့ ချစ်စရာ character လေးတွေနဲ့မှမလိုက် ကြည့်ရတာ လန်းနေမှာပါဇာတ်လမ်းကတော့ ရှင်းပါတယ် မှင်စာတွေရှိတယ် ရွာထဲကိုမှင်စာတွေဝင်ရင်တော့ ဓားပြတွေဝင်တာထက်ဆိုးပါတယ် ရှိသမျှစားစရာအကောင်ဆိုအရှင်ပါမကျန်ဖမ်းတဲ့အပြင် မိန်းကလေးတွေကိုပါ ဖမ်းဆီး ရက်ရက်စက်စက် မုဒိမ်းကျင့်ကြပါတယ် အဲ့ကနေကံ‌ကောင်းလို့လွတ်လာတဲ့ မိန်းကလေးတွေက တစ်သက်လုံး စကားတောင်မပြောနိုင်အောင်ကို စိတ်ဒဏ်ရာရတဲ့ထိဖြစ်ပါတယ်ဂေါ်ဘလင်(မှင်စာ‌)တွေကို အရပ်ပုသလောက် တုံးတယ်လို့ အထင်မှားပြီး မနူးမနပ်နဲ့ သွားချတဲ့ စွန့်စားသူ‌ပေါက်စတွေလည်းရှိပါတယ် ကံကောင်းရင်တော့ ဘစ်ကျွတ်အောင် ပြေးရပြီး ကံဆိုးရင်တော့ မာလကီးယားတဲ့အပြင် ပါလာတဲ့ အဖွဲ့သားမိန်းကလေးတွေလဲ တခြားကောင်မလေးတွေလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတယ်ဇာတ်လမ်းအစမှာလဲ ကျောင်းမှာနေရတာပျင်းတယ်ဆိုပြီး မှော်ဆရာမလေးက စွန့်စားသူဖြစ်ချင်လို့ သူ့လို စွန့်စားသူအဖွဲ့ကြီးထဲကလူသစ်လေးတွေနဲ့အတူ မှင်စာတွေကို ...
8.202
TMDb: 8.202/10 428 votes
tv

Goblin Slayer Season 1 + Season 2 (Complete)

2018
Love Destiny Season 1+2 8
Love Destiny Season 1+2 Love Destiny Season 1  (2018) ၂၁ရာစုကသမိုင်းသုတေသနကျောင်းသူလေးကက်ဇူရန်ဟာ အယုဒ္ဓယမြို့ဟောင်းက​နေ သုတေသနလုပ်​အပြီး အိမ်အပြန်လမ်းမှာပဲ ကားမတော်တဆမှုကြောင့် ၁၆ရာစုအချိန်တွေကို time travel လုပ်မိသလိုဖြစ်သွားပြီး အဲ့ခေတ်ကမိန်းမပျိုလေးအဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ၁၆ရာစုမိန်းမပျိုလေးက အမျက်ဒေါသကြီးပြီး လူအများရဲ့မျက်မုန်းကျိုးခြင်းကို ခံနေရတဲ့သူဖြစ်နေတဲ့အခါ... လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်နေတတ်တဲ့သူမအဖို့ အဲ့ခေတ်ကစည်းမျည်း​၊စည်းကမ်းတွေနဲ့ပနံသင့်အောင်နေနိုင်ပါ့မလား။ ဘာလုပ်လုပ် စောင့်ကြည့်နေကြမဲ့ လူတွေအကြား အပြောအဆိုလွတ်အောင်နေထိုင်နိုင်ပါ့မလား။ အယုဒ္ဓယခေတ်ရဲ့​သမိုင်းနောက်ခံတွေကို ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်အောင် ရိုက်ထားတဲ့အပြင် ထိုင်းနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံခြားတွေမှာ အတော်ပေါက်ခဲ့တဲ့ကားဖြစ်ပြီး rating ကောင်းကောင်းနဲ့ ဆုတွေအများကြီးရခဲ့တဲ့ကားလည်း​ဖြစ်ပါတယ်။ File Size - 1.5 GB, 1 GB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Hazel, Dolly, Amelia, MTA, Jerrica Encoder - AugustComplete zipfile Ep1-7  Yoteshin   Ep8-15   Yoteshin    ရှုပ်တွေးသော ချစ်ခြင်းကြမ္မာ (၂၀၂၃)အားလုံးမျှော်နေကြတဲ့ ချစ်ကြမ္မာ ကားလေး ရောက်ရှိလို့လာပါပြီ ဒီ S2 မှာတော့ ကာရာကိတ် အသက်အရွယ်တစ်ခုရနေပါပြီ ပြီးတော့ သူ့မှာ ဖော့ရင်းနဲ့ဖော့ရစ်လို့ခေါ်တဲ့ သားအမြွှာနှစ်ယောက် ရှိပါတယ် တစ်နေ့ ကာရာကိတ်နဲ့ တူတဲ့ ...
8
TMDb: 8/10 2 votes
tv

Love Destiny Season 1+2

2018
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv

The Beauty Inside (2018) [Complete]

2018
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Elite (Complete) 7
Elite (Complete) စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationshipအကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ...
7
TMDb: 7/10 63 votes
tv

Elite (Complete)

2018
Cunk on Britain (2018) 8.3
Cunk on Britain (2018) Cunk on Britain (2018) Complete ~ IMDb rating - 8.3/10 ~ "နယူတန် ကမ္ဘာ့မြေဆွဲအားကို မတီထွင်ခင်တုန်းက လူတွေက လေပေါ်မှာဝဲနေမှာပဲ..." အဲဒီလို ဂေါက်တိဂေါက်တောက်စဉ်းစားမိကြဖူးလား။ အမှောင်ခေတ်ဆိုတာ မီးပြတ်နေတဲ့ခေတ်လို့ တွေးမိကြဖူးလား။ ကပ်ရောဂါက မကောင်းဘူးဆိုရင် ဘာလို့ဖြစ်ကြတာလဲ။ အချင်းချင်းမေးရင်တောင် ဂေါက်နေတာလားလို့ ပြန်မေးခံရမယ့် မေးခွန်းတွေကို ဒီမမကြီးက ဒီလိုမေးခွန်းတွေကို သက်ဆိုင်ရာ ပညာရှင်တွေဆီကို သွားမေးပါတယ်။ သူကတော့ ဖီလိုမီနာကန့်ခ်ပါ။ ဒီတစ်ခါမှာတော့ သူက ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပေါက်ကရလေးဆယ် တင်ပြသွားမှာပါ။ ဗြိတိန်သမိုင်းကို ခွီရင်းနဲ့ လေ့လာနိုင်ပါလိမ့်မယ်။ ကြည့်နေရင်း မေးခံရတဲ့ ပညာရှင်တွေက ထရိုက်ချင်စိတ်ပေါက်နေတာ၊ ရယ်ချင်စိတ်ပေါက်နေတာကို မနည်းထိန်းနေရတာကို တွေ့ရမှာပါ။ ပြီးတော့ မေးတဲ့မေးခွန်းက ကြောင်တောင်တောင်နိုင်လွန်းလို့ ပညာရှင်တွေ ဖြေရကြပ်သွားတာကို ကြည့်ရတာလည်း ခွီချင်စရာပါပဲ။ ဗြိတိန်သမိုင်းကို အမှန်အကန်လေ့လာနေတဲ့သူတွေအတွက်လည်း ဇဝေဇဝါဖြစ်စရာ မေးခွန်းတွေကို ဘာမှန်းမသိ ဖြစ်သွားအောင်လုပ်ပေးပါလိမ့်မယ်။ ဒါကတော့ ကန့်ခ်ပြောတဲ့ ဗြိတိန်အကြောင်းပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
8.3
TMDb: 8.3/10 58 votes
tv

Cunk on Britain (2018)

2018
Barry (2018) 7.9
Barry (2018)  တူညီတဲ့လူတစ်ယောက်က ဆန့်ကျင်ဘက်လောကနှစ်ခုမှာ တစ်ပြိုင်နက်ရှင်သန်ဖိုဆိုတာ ဖြစ်နိုင်မှာတဲ့လား။ ဦးနှောက်က အမှောင်လောကမှာနေဖို ခိုင်းစေနေပေမယ့် နှလုံးသားကတော့ ပျော်ရွှင်မှုဆိုတဲ့မက်လုံးပေးပြီး အလင်းဘက်ကို ဆွဲခေါ်နေတဲ့အခါ... သင်သာဆိုရင် ဘယ်တစ်ခုကို‌ရွေးချယ်မှာလဲ။ ဒါမှမဟုတ် နှစ်ခုလုံးမှာမရမကရှင်သန်ဖိုလုပ်မှာလား။ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ HBO ရဲ့ IMDB 8.4/10, Rotten Tomatoes 98% ရရှိထားတဲ့ Dark Comedy/Crime/Drama အမျိုးအစားစီးရီးလေးပါ။ စီးရီးရော သရုပ်ဆောင်တွေရောက Primetime Emmy Awards မှာ ဆု ၉ ခုနဲ့ တခြား Awards တွေမှာ ဆုပေါင်း ၅၀ နဲ့ အကြိမ် ၁၆၀ကျော် ဇကာတင်စာရင်းဝင်ခဲ့တာပါ။ ဘယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသား Bill Hader (It Chapter Two) ဟာဆိုရင်လည်း ဒီကားကို ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး ဒီကားနဲ့ပဲ "ဟာသစီးရီးမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု"ကို ...
7.9
TMDb: 7.9/10 650 votes
tv

Barry (2018)

2018
Thirty But Seventeen (2018)[Complete] 8.115
Thirty But Seventeen (2018)[Complete] Thirty But Seventeen (2018)**************************အပိုင်း (၁ မှ ၁၆) အထိ   စ/ဆုံး အူဆောရီ ဆိုတဲ့ကောင်မလေးဟာ တယောတီးခတ်တဲ့နေရာမှာ ပါရမီပါတယ်..သူကိုယ်တိုင်လည်း အအသက် ငယ်လင့်ပင်ကစား  ဂီတကိုပဲ နှစ်မြုတ်ထားတယ်...အရာအားလုံးဟာ ဂီတသင်္ကေတတွေ နှုတ်တွေလို့ပဲမြင်နေတတ်တဲ့သူ... သူ့ရဲ့ တက်လမ်းဆိုတာလည်းအညွှန့်တလူလူလို့ပြောရလောက်အောင် ထူးချွန်ထက်မြက်တဲကလေးတစ်ယောက်...ဒီလိုနဲ့ အသက်၁၇နှစ်မှာ ကံဆိုးစွာပဲ  ကားအက်ဆီးဒန့်ကြောင့်ဆေးရုံမှာ ကိုမာဝင်နေခဲ့တယ်.... သူမဟာ  ၁၃ နှစ်ကြာပြီးတဲ့နောက်မှာ သတိရလာခဲ့တယ်..ပြောရရင် အသက် ၃၀ဖြစ်သော်ငြား အသိဉာဏ်ကတော့ ၁၇ နှစ်အရွယ်ကောင်မလေးသာရှိပါသေးတယ်..ဆယ်စုတစ်တစ်ခုကျော်ကြာတဲ့ကာလမှာ အရာအားလုံးဟာ အများကြီးပြောင်းလဲနေပြီ...အဲ့ဒီနောက်မှာတော့ သူမ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်မလဲဆိုတာကိုတော့..Main Lead တွေအနေနဲ့ကဝောာ့Mr Queen , See You In My 19th Life စတဲ့ ဇာတ်လမ်းတွဲတွေထဲမှာကျရာဇာတ်ရုပ်ကို အံဝင်ဂွင်ကျဖြစ်အောင် စီးမျောသရုပ်ဆောင်နိုင်တဲ့ မင်းသမီး Shin Hye SunTemperature of Love , ...
8.115
TMDb: 8.115/10 39 votes
tv

Thirty But Seventeen (2018)[Complete]

2018
Tom Clancy’s Jack Ryan – Season (01), (02), (03), (04) 8.0
Tom Clancy’s Jack Ryan – Season (01), (02), (03), (04) Tom Clancy's Jack Ryan - Season (01), (02), (03), (04) ===================================== IMDb Rating - 8.0/10Jack Ryan ဆိုတာ စာရေးဆရာ Tom Clancy ဖန်တီးထားတဲ့ Ryanverse ဆိုတဲ့ fictional ထဲက ဇာတ်ကောင်တစ်ကောင်ဖြစ် ပါတယ်။ ဒီဇာတ်ကောင်ကို live action ပြန်ရိုက်တဲ့နေရာမှာ သရုပ်ဆောင်အများကြီးကလည်း သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။အခုတင်ဆက်ပေးမှာကတော့ မင်းသားချော John Krasinski က ဂျက်ခ်ရိုင်ယန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးတွဲဖြစ်ပါတယ်၊ CIA analyst တစ်ယောက်ဖြစ်တဲ့ ဂျက်ခ်ရိုင်ယန်တစ်ယောက် အကြမ်း ဖက် အဖွဲ့အစည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် အန္တရာယ်စက်ကွင်းထဲ ကျရောက်သွားပုံတွေကို မြင်တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Act Molemy မှ ရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့  CM Teamမှ ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............BluRay 720p / 1080p Duration............1Hr(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, ...
8.0
TMDb: 8.0/10 124000 votes
tv

Tom Clancy’s Jack Ryan – Season (01), (02), (03), (04)

2018
Manifest Season 1 + 2 + 3 +4  (2018-2022) 7.7
Manifest Season 1 + 2 + 3 +4 (2018-2022) CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ...
7.7
TMDb: 7.7/10 524 votes
tv

Manifest Season 1 + 2 + 3 +4 (2018-2022)

2018
The Smile Has Left Your Eyes (2018) [Complete] 7.738
The Smile Has Left Your Eyes (2018) [Complete] The Smile Has Left Your Eyes (2018) [Complete]အပိုင်းသစ် - ၁ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတော့ " ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ" ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ "The Smile Has Left Your Eyes" ဆိုတဲ့ Mystery Thriller အမျိုးအစားဇာတ်လမ်းလေး ဖြစ်ပါတယ်။Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ...
7.738
TMDb: 7.738/10 21 votes
tv

The Smile Has Left Your Eyes (2018) [Complete]

2018
Titans Season4 8.1
Titans Season4 Titans season 4 ထွက်ရှိလာပါပြီ။ Season 3မှာ Jasonနဲ့ Scarecrowရဲ့ပြဿနာ​တွေကို ​ဖြေရှင်းပြီးတဲ့​နောက် Ravenပါ အဖွဲ့ထဲ ပြန်​​​ရောက်လာပြီး ​ဂေါ့သမ်မြို့ကို ကယ်တင်နိုင်ခဲ့တာနဲ့ အဆုံးသတ်ထားတာပါ။ဒီseasonမှာ​တော့ ​ဂေါ့သမ်မြို့ကိုကယ်ပြီးသွားတဲ့ Titansတွေ Scarecrowရဲ့ရန်က​ အေးသွား​ပေမယ့် သူ့ထက်ပိုဆိုးတဲ့ Lex Luthorနဲ့ သူ့ရဲ့အရှုပ်ထုပ် တွေကို ရင်ဆိုင်​ဖြေရှင်းရ​တော့မှာပါ။ Castအသစ်​တွေအ​နေနဲ့ Vampire Diariesနဲ့ The Originals ထဲက Klausဖြစ်တဲ့Joseph Morganတို့လို cast​တွေပါ ပါဝင် အားဖြည့်ထားပါတယ်။အ​ရင်Season​တွေထက် ပိုdarkဖို့ရှိသလို Ravenနဲ့Superboyရဲ့ အခန်းကဏ္ဍ​ ပိုများမှာဖြစ်ပြီး Titans​တွေနဲ့ မကြာခဏငြိ​နေကျ Church of Blood ဆိုတဲ့ cult ဂိုဏ်းနဲ့ အဓိကရင်ဆိုင်ရမှာပါ။ ​အောက်လမ်း​မှော်နဲ့ horrorပိုင်း​တွေ ပိုများလာပြီး အ​တော်​လေး ကြည့်​ကောင်းဦးမယ့် seasonပါပဲ။Quality : 1080p HBO WEB DL / 720pTotal Episodes : 12EpsFormat : mp4Genres :Action & Adventure, Sci-Fi & Fantasy, DramaDuration ...
8.1
TMDb: 8.1/10 2160 votes
tv

Titans Season4

2018
Cunk On Earth (2023) 7.8
Cunk On Earth (2023) Netflix နဲ့ BBC တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Mockumentary ဇာတ်လမ်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BBC ရဲ့ Cunk on Britain ရဲ့ အောင်မြင်မှုအပြီးမှာ Cunk on earth ဆိုပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ပုံစံတင်ဆက်ထားတဲ့ ဟာသဇာတ်လမ်းအဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် ဖီလိုမီနာ ကန့်ခ်က ရှေးဦး‌ဂူအောင်းလူသားခေတ်ကစပြီး ဒီနေ့ဆိုရှယ်မီဒီယာခတ်အထိ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အရေးကြီးအဖြစ်အပျက်တွေ ဥပမာ- အလယ်ခေတ်အကြောင်း၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်လာပုံအကြောင်း၊ တစ်ကျော့ပြန်ခေတ် (the Renaissance)အကြောင်း၊ ပြီးတော့စက်မှုခေတ်ရောက်လာပုံ အစရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကို တကယ်ဖြစ်ခဲ့တာတွေနဲ့ ပြက်လုံးတွေပေါင်းပြီး ဟာသနှောတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေကို မေးမြန်းတာတွေ ပါပါတယ်။ အဲဒီအပိုင်းက ပရိတ်သတ်တွေတော်တော်များများ သဘောကျကြတဲ့အပိုင်းဖြစ်ပါတယ်။ သတင်းထောက် Cunk က ...
7.8
TMDb: 7.8/10 22 votes
tv

Cunk On Earth (2023)

2018
Something in the Rain (2018) 7.75
Something in the Rain (2018) Something in the Rain (2018)****************************(စ-ဆုံး)K-Drama လောကကို မောင်လေးရောဂါထစေခဲ့တဲ့ 2018 ခုနှစ်က JTBC ရဲ့Something In The Rain ကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ အသက် 30ကျော်လာပြီဆိုပေမယ့် အချစ်စစ်ရယ်လို့မရရှိခဲ့ဖူးတဲ့နွေးထွေးကြင်နာတဲ့နှလုံးသားပိုင်ရှင်ယွန်းဂျင်အာ ~အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် အထီးကျန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့သူ့ဘဝထဲကို ဂျွန်ဟီးဆိုတဲ့ ကောင်ကလေးရောက်ရှိလာတဲ့အခါ ... မြင်သူငေး ရွှေရင်အေးလေးလို့ ပြောရမယ့် ဂျွန်ဟီးကတော့အပြုံးချိုချိုနဲ့ နိုင်ငံခြားပြန် ဂိမ်းဒီဇိုင်းနာအဖြစ်လုပ်ကိုင်နေတဲ့ကောင်လေးဖြစ်ပါတယ် ။အစ်မဖြစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့ ယွန်းဂျင်အာအတွက် မောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ ဂျွန်ဟီး~ရင်းနှီးမှုသံယောဇဉ်တွေ အရောင်ပြောင်းလဲသွားရာကနေလှပတဲ့အချစ်သံစဉ်တေးသွားလေးတစ်ပုဒ်ဖြစ်လာမယ့် Something In The Rain.. Episodes: 16File Size:905M B, 364MBQuality :Web-DL  1080p,720PGenres: Drama, RomanceTranslated by  YeeWai,A Htet,Thynn,Tiff,Khine Khine Wai & MiriEncoded by  HYAN >>>>TELE LINK ><>>>> Episode 01  [720p]     »»»  ...
7.75
TMDb: 7.75/10 70 votes
tv

Something in the Rain (2018)

2018