Channel Myanmar

2001

The Blue Planet (2001) 8.2
The Blue Planet (2001) The Blue Planet (2001)ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီးကမ္ဘာပေါ်မှာ ရှိသမျှ ရေအားလုံးရဲ့ ၉၆ ဒဿမ ၅ ရာခိုင်နှုန်းကတော့ပင်လယ်ရေပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေဖြစ်ပြီး ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်၊ ဒီလို လူ့ခန္ဓာကိုယ်အတွက် ရေဟာ အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်း ရေဟာ အရေးကြီးတဲ့ ဒြပ်စင်တစ်ခုပါပဲ။ ဒီလိုအရေးကြီးတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းကမ်းတကျ အသုံးပြုတတ်ဖို့က ကျွန်တော်တို့တွေရဲ့ တာဝန်တစ်ခုပါပဲ။  ဒီ documentary series မှာတော့ ပင်လယ်သမုဒ္ဒရာအတွင်းမှာ နေထိုင်ကျက်စားကြတဲ့ အဏ္ဏဝါသတ္တဝါတွေအကြောင်းကို ကျယ်ပြန့်စွာ ရိုက်ကူးထားပါတယ်။ ကဲ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သတ္တဝါပေါင်းများစွာက ဘယ်လိုပုံစံမျိုးနဲ့ ကျင်လည်ကျက်စားနေကြမလဲ၊ သူတို့ရဲ့ အစာစက်ကွင်းတွေ ထူးခြားချက်တွေကို ကျွန်တော််တို့ အတူတူကြည့်ရှုခံစားရင်း အဏ္ဏဝါလောကထဲ အလည်သွားကြရအောင်ပါ... (Website လေးတစ်ခု လမ်းညွှန်ချင်ပါတယ်) အဏ္ဏဝါလောကနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူများ လေ့လာချင်သူများအတွက် သမုဒ္ဒရာရေအနက်အလိုက် နေထိုင်‌တတ်တဲ့ သတ္တဝါတွေကို ကြည့်လို့ရမယ့် website လေးတစ်ခုလည်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ် Website Link - Click Here File size…  800 mb Quality… Blu-Ray 1080p Format… ...
8.2
TMDb: 8.2/10 297 votes
tv

The Blue Planet (2001)

2001
Band of Brothers (2001) 8.4
Band of Brothers (2001) band of brothers series ဟာဒုတိယကမ္ဘာစစ် အတွင်းက ဥရောပမှာစစ်ဆင်ရေးဝင်ခဲ့တဲ့အမှတ် ၁၀၁ လေကြောင်းချီတပ်ဖွဲ့ အမှတ် ၅၀၆ လေကြောင်းချီခြေလျင်တပ်ရင်းကြီး အမှတ်၂တပ်ရင်းအီးဇီးတပ်ခွဲကို အကြောင်းကိုဦးစားပေးရိုက်ထားတဲ့ဇာတ်လမ်းတွဲတခုဖြစ်ပါတယ် HBO မှာ ပြောခဲ့တဲ့စစ်ပြန်တွေရဲ့ သမိုင်းStephen E.Ambrose ရေးထားတဲ့ Band of Brotherစာအုပ်ကိုလဲအခြေခံပြီးရိုက်ထားတဲ့ဖြစ်ရပ်မှန် သမိုင်း စစ်ရုပ်ရှင်ကားတကားဖြစ်ပါတယ်ဒါရိုက်တာကတော့ကျွန်တော်တို့ရဲ့အသည်းကျော်မင်းသားကြီးတွမ်ဟန်အပါအဝင် ဒါရိုက်တာ၇ယောက်နဲ့ရိုက်ထားတဲ့ဒီဇာတ်လမ်းကတော့ IMDb rating 9.6 TV.com rating 8.8Rotten Tomatoes 98%ရထားတဲ့ဇာတ်ကားကောင်းတခုပါဒီသမိုင်းမှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးဝင်းတာအပါအဝင် နော်မန်ဒီကမ်းခြေတက်ခဲ့တဲ့စစ်ပြန်တွေကို မင်းသားကြီးတွမ်ဟမ်က ကိုယ်တိုင်မေးမြန်းပြီးရိုက်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြည့်ကောင်းယုံသပ်သပ်မဟုတ်ဘဲ သမိုင်းအခြေခံဖြစ်ရပ်မှန်ဇာတ်ကားကြီးပဲဖြစ်ပါတယ်အခုအပိုင်း၁ မှာတော့ တပ်ခွဲ၉ခွဲရှိတဲ့အနက်အီးဇီးတပ်ခွဲ (easy company)ရဲ့လေ့ကျင့်ပုံတိုက်ပွဲမဝင်ခင်ပြင်ဆင်ပုံနော်မန်ဒီမှာ ကမ်းထိုးနေတုန်း လေကြောင်းကနေဂျာမန်တို့ရဲ့ ခံတပ်ကိုဖျက်ဆီးဖို့လေ့ကျင့်ပုံတွေကိုရိုက်ကူးထားပါတယ်။File Size –2GB  @EpisodeQuality – 1080p BluRay 5.1ChDuration –60 minute (@Episode)Total Episodes: 10EpsSubtitle – Myanmar ...
8.4
TMDb: 8.4/10 2568 votes
tv

Band of Brothers (2001)

2001
Laughing in the Wind (2001)
Laughing in the Wind (2001)     သိုင်းလောက စိန်ခေါ်သံ ဇာတ်လမ်းတွဲ =================================== ယိ........ယား................ဆိုတဲ့အသံလေးကို ငယ်ငယ်တုန်းက ကြားဖူးခဲ့ကြမှာပါ...မှန်ပါတယ်..အခုပြန်လည်တင်ဆက်မှာက.... လင့်ဟူချုန်း..နတ်ကလျာ...တုန်ဖုန်းပုပိုက် စတဲ့ ကလေးဘဝက ဇာတ်ကောင်တွေနဲ့ ပြန်လည်တွေ့ဆုံရမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲပါ။ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက Universe ထဲက လက်ရာအမြောက်ဆုံးဇာတ်လမ်းတွဲပါ။ သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့ လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့ ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက် စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့ ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း သိပ်ကြိုက်တတ်သူပါ) သူ့အတွက် ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့ အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေး ယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲ သိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။ သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်း လမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာ ရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့ သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့ အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒ နူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့ သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ...


2001