Channel Myanmar

Starz

Hightown – Season (01), (02), (03) 6.8
Hightown – Season (01), (02), (03) Hightown - Season (01), (02), (03) ========================= IMDb Rating - 6.8/10နာမည်ကျော်မင်းသမီး Monica Raymund တစ်ယောက် Best Actress Award ဆုရရှိခဲ့တဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ Season 3 ခု အထိ ထွက်ရှိထားပြီ ဖြစ်ပြီး CM မှ ဆက်တိုက် တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း - ဂျက်ကီက အမျိုးသားရေကြောင်းငါးလုပ်ငန်းက အထူးအေးဂျင့် တစ်ယောက်ပါ။ ရာထူးရာခံရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ပီတောင်းလို လောကီအာရုံကာမဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ ငါးဖမ်းလှေတွေဆီက ဆက်ကြေးတောင်းလိုက် ရတဲ့ပိုက်ဆံနဲ့ အရက် သောက်လိုက် စော်ရှုပ်လိုက်နဲ့ လုပ်နေတတ်တဲ့ လက်ဖက်ဆီပြန် အရာရှိမလေးတစ်ယောက်ပေါ့။ရေပြင်လို တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ခဲတစ်လုံးကျစေခဲ့တာကတော့ ရှယ်ရီဆိုတဲ့ ကောင်မလေး အသတ်ခံရတဲ့အမှုပါပဲ။ အရုဏ်တက်ချိန်မှာ စော်လေးတစ်ယောက်နဲ့ လင်ဗန်းချင်းရိုက်ပြီး ပြန်လာတဲ့ ဂျက်ကီတစ်ယောက် ကမ်းခြေမှာ သောင်လာတင်နေတဲ့ ရှယ်ရီ့ရဲ့ အလောင်းကို တွေ့လိုက်ရပြီး အရေးပါတဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရှယ်ရီ အသတ်ခံရတာကလည်း သာမန်လူသတ်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ဂိုဏ်းကြီးတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ...
6.8
TMDb: 6.8/10 5900 votes
tv

Hightown – Season (01), (02), (03)

2020
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
[18+] Da Vinci’s Demons (2013) 7.579
[18+] Da Vinci’s Demons (2013)  Historical fantasy ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Da Vinci's Demons နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းတွဲဟာဂန္ဓဝင်ပန်းချီကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ငယ်ဘဝကိုအခြေခံထားပြီးအပြင်မှာတကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ခံသမိုင်းကြောင်းတွေကိုစိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာဖြစ်ပါတယ်။လီယိုနာဒိုဟာ ဖလောရင်စ့်မြို့မှာနေထိုင်ကျက်စားနေပြီး ပန်းချီပညာအပြင်သူစိတ်ဝင်စားတဲ့ ပစ္စည်းကိရိယာအသစ်အဆန်းတွေကို တီထွင်စမ်းသပ်ရင်းအချိန်ကုန်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူနေထိုင်ရာမြို့ကို ရောမက မျက်စိကျကျုးကျော်လာမယ့်အခြေအနေကိုကြုံလာရပါတယ်။တစ်ချိန်တည်းမှာ ငယ်စဉ်ဘဝကတည်းက ပျောက်ဆုံးခဲ့တဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး သဲလွန်စရစေမယ့် နည်းလမ်းတစ်ခုကိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတစ်ဆင့် သိခွင့်ရခဲ့ပါတယ်။အဲ့ဒီနည်းလမ်းဟာ vault of heaven လို့ခေါ်တဲ့လျှို့ဝှက်နေရာတစ်ခုမှာရှိပြီး အဲ့ဒီနေရာကိုရောက်ဖို့အတွက် သူဟာပဟေဠိအမျိုးမျိုးနဲ့ရန်စွယ်အသွယ်သွယ်ကိုဖြတ်ကျော်ရမှာပါ။ အဲ့ဒီခေတ်ကာလက ရောမ၊ဒီမက်ဒီချီ မိသားစု၊ ပတ်ဇာ မိသားစုတို့ကြားက ဉာဏ်ကစား အားပြိုင်မှုတွေ၊ လျှို့ဝှက်ရတနာသိုက်ရှာပုံတော်တွေကိုသမိုင်းထဲက ဂန္ဓဝင်ပုဂ္ဂိုလ်တွေဖြစ်ရပ်တွေရဲ့ နောက်ခံအခင်းအကျင်းနဲ့ရှုမြင်ရမှာဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတွေ၊ သွေးထွက်သံယိုခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်တဲ့အခါမှာတော့ သတိထားစေချင်ပါတယ်။ File size…(1.4 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:01:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias  Season 1Episode ...
7.579
TMDb: 7.579/10 568 votes
tv

[18+] Da Vinci’s Demons (2013)

2013
Power Book IV: Force (2023) Season 2 8.422
Power Book IV: Force (2023) Season 2 CM ပရိသတ်ကြီးတို့ကို ဒီတစ်ခါမှာတော့ American crime series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Series ရဲ့နာမည်ကတော့ Power Book IV : Force ဖြစ်ပြီးတော့ ဒီတစ်ခါတင်ဆက်ပေးမှာက Season 2 ပါ။ IMDb rating 8.1/10 နဲ့ Rotten tomatoes 100% ရရှိထားတဲ့ series ဖြစ်တာမလို့ မကောင်းမှာကို စိတ်ပူစရာမလိုပါဘူး။ ဒီ series က Courtney A. Kemp ဖန်တီးခဲ့တဲ့ Power series ရဲ့ sequel ဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ တွမ်မီက နယူးယောက်ခ်က ထွက်လာပြီးနောက် ချီကာဂိုကို ရောက်လာတယ်။ သူက မူးယစ်ဆေးအရောင်းအဝယ်ထဲ ပါဝင်ပတ်သက်မိရာကနေ ဘိန်းရာဇာဖြစ်လာဖို့ ဆုံးဖြတ်လိုက်ရင်း နယ်မြေအတွင်းက ဂိုဏ်းကို ဝင်ထိန်းချုပ်လိုက်ပါတယ်။တွမ်မီက မြို့မှာရှိတဲ့ လူဆိုးတွေနဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေ အပါအဝင် ...
8.422
TMDb: 8.422/10 102 votes
tv

Power Book IV: Force (2023) Season 2

2022
Heels Season 1 + 2 (2023) 7.6
Heels Season 1 + 2 (2023) ဒီ အပတ် Sunday လောက်မှာပဲArrow ဇတ်လမ်းတွဲ နှင့် လူသိများနာမည်ကြီး ခဲ့တဲ့ မင်းသား Stephen Amell ရဲ့ဇတ်လမ်းတွဲ အသစ် Heels အပိုင်း ၁ စတင်ထွက်ရှိခဲ့ပါတယ်....WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူKing Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက်DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ်နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါDWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင်ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ်ညီဖြစ်သူ Ace ...
7.6
TMDb: 7.6/10 11 votes
tv

Heels Season 1 + 2 (2023)

2021
Dangerous Liaisons (2022) 7.4
Dangerous Liaisons (2022) Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb: 7.4/10 7 votes
tv

Dangerous Liaisons (2022)

2022
The Serpent Queen (2022) 6.5
The Serpent Queen (2022) The Serpent Queeen Season 1 (2022)CM ပရိသတ်တွေအတွက် 2022 ခုနှစ်ထွက် Historical Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ပြင်သစ်ဘုရင်မ Catherine de' Medici ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားခဲ့တာဖြစ်ပြီး သီလရှင်ကျောင်းက မိဘမဲ့မ‌လေးတစ်ယောက် အဖြစ်ကနေ ပြင်သစ်နန်းတော်ကို ဘယ်လိုဘယ်ပုံနဲ့ ရောက်ရှိသွားမလဲ ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ထိုခေတ်ထိုအခါက ပြင်သစ်နဲ့ အီတလီတို့ရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ လူတန်းစားအလွှာ ကွာခြားပုံတွေ နိုင်ငံရဲ့ ယဉ်ကျေးမှု စတာတွေကို မီးမောင်းထိုးပြသွားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့အပြင် နန်းတွင်းအရှုပ်တော်ပုံတွေကိုပါ တ၀ကြီး ကြည့်ရှုရဦးမှာဖြစ်ပါတယ်***** အပိုင်း (၁) မှာကတည်းက ရှင်းရှင်းဘွင်းဘွင်း ပြကွက်တချို့ ပါတာကြောင့် မိသားစုနှင့်ကြည့်ရှုဖို့တော့ မသင့်တော်ပါ *****ကဲ Catherine တစ်ယောက် အဆိပ်ပြင်းတဲ့မြွေဘုရင်မတစ်ယောက် ဖြစ်လာပုံကို ကြည့်လိုက်ကြပါစို့လားအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p Size... 700MB | ...
6.5
TMDb: 6.5/10 2 votes
tv

The Serpent Queen (2022)

2022
Becoming Elizabeth (2022) Season 1 Complete 6
Becoming Elizabeth (2022) Season 1 Complete Becoming Elizabeth (2022) (Season 1 Complete) ~ IMDb - 6.2/10, Rotten Tomatoes - 93% ~ အပျိုစင်ဘုရင်မလို့ နာမည်ကြီးတဲ့ အင်္ဂလန်ရဲ့ ဘုရင်မ Tudor အိမ်တော်က ပထမအယ်လီဇဘက်ရဲ့ ဘုရင်မအယ်လီဇဘက်ဖြစ်မလာခင် မင်းသမီးအယ်လီဇဘက်ဘ၀ကနေ ဘုရင်မအယ်လီဇဘက်ဘဝကို ဘယ်လိုတက်လှမ်းခဲ့လဲ ရိုက်ပြထားတဲ့ သမိုင်းဒရာမာစီးရီးအသစ်ပါပဲ။ Tudor အိမ်တော် ပီပီသသ လိင်မှုအရှုပ်တော်ပုံတွေကိုပါ ပုံဖော်ရိုက်ပြထားသလို အပျိုစင်ဘုရင်မလို့ နာမည်ကြီးပေမဲ့ အတော်လေးကို‌ ပွေရှုပ်ခဲ့တဲ့ အယ်လီဇဘက်ရဲ့ ငယ်ဘ၀ကိုပါ ပြထားပါတယ်။ ဇာတ်ကိုတော့ အယ်လီဇဘက်အဖေ ဟင်နရီ ၈ နတ်ရွာစံသွားတဲ့ ၁၅၄၇ မှာ စဖွင့်ထားပါတယ်။ အယ်လီဇဘက်မောင် အတ်ဒ၀တ် ၆ ဟာ အဖေသေသွားတဲ့နောက် အသက်ကိုးနှစ်မှာ ဘုရင်စဖြစ်လာခဲ့ပါတယ်။ ဒီလိုကလေးဘုရင်လေးကို သူ့အမေဘက်က ဦးလေးနှစ်ယောက်က ထိန်ကျောင်းရင်း တိုင်းပြည်ကို အုပ်ချုပ်ဖို့သင်ရင်း တစ်ဖက်မှာလည်း စကော့တလန်နဲ့ ...
6
TMDb: 6/10 4 votes
tv

Becoming Elizabeth (2022) Season 1 Complete

2022
Gaslit (2022) 8.1
Gaslit (2022) Gaslit (2022) ၁၉၇၂ခုနှစ်မှာ အ​မေရိကန်ပြည်​တောင်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အ​ရှုပ်​တော်ပုံကြီးကို အ​ခြေခံကာ ​နောက်ကွယ်ကအရှုပ်အရှင်းပြဿနာ​တွေကို အ​မေရိကန်နိုင်ငံ​ရှေ့​​​နေချုပ်ကြီးရဲ့ ဇနီး မာသာမစ်ချယ်ရဲ့ရှူ​ထောင့်က​နေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Starz channelမှာ ပြသ​နေတာဖြစ်ပြီး IMDb 6.8နဲ့ Rotten Tomatoes 88%ထိ ရထားပါတယ်၊အဓိကဇာတ်လိုက် မာသာမစ်ချယ်​နေရာမှာ သရုပ်​ဆောင်ထားသူက​တော့ ဝါရင့်မင်းသမီးကြီး ဂျူလီယာ​ရောဘတ်ပဲဖြစ်ပြီး ​ရှေ့​နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ​ရှောင်ပင်းလို ဝါရင့်သမ္ဘာရင့်​တွေက ဦး​ဆောင်ပါဝင်ထားပါတယ်။ဝါးတားဂိတ်အရှုပ်​တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက် ၁၉၇၂ခုနှစ်ရဲ့ရွေး​ကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊ ၁၉၆၈​ ရွေး​ကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်​ဆင်ဟာ ၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အ​ရွေးခံခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာလည်း ​သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်​ကြေး​ပေး​ခံထားရတာပါ၊ ဒါ​ပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအ​စောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ ​ခြေဥ​ဖောက်တဲ့ ဥပ​ဒေမဲ့လုပ်ရပ်​တွေကို ကျူးလွန်ခဲ့ပါတယ်။ဒါက​တော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်​ရွေး​ကောက်ခံ​ကော်မတီမှတဆင့် သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအ​ပေါ် အဖျက်အ​မှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ အဆိုပါ လုပ်ငန်း​တွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ်​ နေရှင်နယ်​ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အ​ဆောက်အအုံတွင်း ...
8.1
TMDb: 8.1/10 10 votes
tv

Gaslit (2022)

2022
Shining Vale (2022) (Complete) 8.3
Shining Vale (2022) (Complete) Shining Vale (2022) (Completed Limited Series) ~ IMDb - 6.4/10, RT - 70%, Meta - 65% ~ (စု‌စုပေါင်း ၈ ပိုင်းရှိမှာဖြစ်ပြီး ဒီအပတ် နှစ်ပိုင်းတန်းထွက်တာမို့လို့ နှစ်ပိုင်းလုံးတင်ပေးလိုက်ပါတယ်။ ပြီးရင်တော့ တစ်ပတ် တစ်ပိုင်းပါခင်ဗျာ။) ဟို ဟာသရှိုးပွဲထဲကလိုပေါ့။ အနောက်တိုင်းသရဲကားတွေက အမြဲတမ်း အိမ်အဟောင်းကြီးတစ်လုံးကနေ စတယ်ဆိုတာမျိုးစတဲ့စီးရီးပဲဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒီ Horror စီးရီးရဲ့အမျိုးအစားက Horror Comedy ဗျ။ပြောရမယ်ဆို အနောက်တိုင်းသရဲကားတွေထဲမှာ တော်ရုံ ရိုက်လေ့ရိုက်ထမရှိတဲ့ကားမျိုးပေါ့။ ထိုင်းဟာသသရဲကားတွေဘာတွေကတော့ အာရှပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတော့ ဒီ Shining Vale ဆိုတဲ့ Horror Comedy ကရော ဘယ်လိုလာမှာလဲပေါ့။ ပြောရမယ်ဆိုရင်တော့ ဒီစီးရီးက နည်းနည်းထူးဆန်းတယ်ဗျ။ Horror Comedy သာဆိုတယ်၊ တစ်ချို့သရဲကား အနုတ်စုတ်ဂုတ်စုတ်တွေထက် တော်တော်သာတဲ့၊ တော်တော်ကြောက်ဖို့ကောင်းတဲ့ထဲမှာ ...
8.3
TMDb: 8.3/10 6 votes
tv

Shining Vale (2022) (Complete)

2022
Power Book IV: Force (2022) Complete 9.8
Power Book IV: Force (2022) Complete Drug dealer​တွေ Gangs​တွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ စီးရီးတိုင်းမ​ပေါက်​မြောက်တာ ရှားသလို Audience​တွေ အကြိုက်မ​တွေ့တဲ့ဇာတ်ကားဆိုတာခပ်ရှားရှားပါ။ အခုတစ်​ခေါက်လည်း IMDb 8.3Rotten Tomatoes 100%အပြည့်နဲ့ အမိုက်စား Drugs CrimeSeriesတစ်ခုကို တင်ဆက်​ပေးလိုက်ပါပြီ၊ Power Book IV : Forceက Starzရဲ့ original seriesဖြစ်ပြီးနာမည်ကြီးစာအုပ်တွဲဖြစ်တဲ့ Powerရဲ့ Sequel series​တွေထဲကတစ်ခုပါ။ Drugs Gangs​တွေအသား​ပေးထားတဲ့ series ဖြစ်ပြီးTV-MA ဖြစ်တာ​ကြောင့် အပစ်အခတ် အသတ်အဖြတ်​တွေ၊ BedScene​​တွေများစွာပါသလို အ​ပြောအဆို​​တွေလည်း ​​​​ရေလည်ကြမ်းပါတယ်။ Total Episodes 10ပိုင်းပါဝင်မှာပါ။ ဇာတ်လိုက်ဖြစ်သူ Tommy Eganဟာ နယူး​ယောက် Drug gang​လောကတိုက်ပွဲမှာ သူငယ်ချင်းဖြစ်သူ Ghostကို ဆုံးရှုံးလိုက်ရပြီးChicagoမြို့ကို ​ပြောင်းကာ Drug​လောကထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ Chicagoမြို့မှာလည်း CBI အဖွဲ့နဲ့ Flynn Family တို့ကမြို့​တောင်နဲ့​မြောက်အဖြစ် နယ်​မြေပိုင်းကာ ...
9.8
TMDb: 9.8/10 30 votes
tv

Power Book IV: Force (2022) Complete

2022
American Gods {Complete} 8/10
American Gods {Complete} Supernatural စီးရီးအပြီးမှာ ကျွန်တော် စိတ်ဝင်တစားကြည့်မိတဲ့ စီးရီးတစ်ခုပါ။အမေရိကန် နတ်ဘုရားများလို့ နာမည်ပေးထားပေမယ့် တကယ်တော့ နတ်ဘုရားတွေ အတော်စုံပါတယ်။Greek, Egypt, Norse နတ်ဘုရားတွေနဲ့ အခြား ပုံပြင်ထဲက သတ္တဝါဆန်းတွေ ပါပါတယ်။နတ်ဘုရားတွေဟာ လူတွေကြားထဲမှာ ရောပြီးနေကြရင်း အမေ့လျော့ခံ ကိုးကွယ်သူမရှိတဲ့ ဘဝတွေမှာ ရုန်းကန်နေကြတာပါ။ဒါပေမယ့် ခေတ်သစ်နတ်ဘုရားတွေကတော့ လူတွေအပေါ် နည်းလမ်းသစ်တွေနဲ့လွှမ်းမိုးနေကြပြီးခေတ်ဟောင်းနဲ့ ခေတ်သစ်နတ်ဘုရားတွေရဲ့ အားပြိုင်မှုမှာ တင်းမာမှုတွေနဲ့ စစ်ပွဲကြီးဖြစ်လာတော့မယ် အခြေအနေပါ။ဒီစီးရီးဟာ Neil Gaiman ရဲ့ American Gods ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ဝတ္ထုတွေကနေ ပြန်ရိုက်တဲ့ အချို့ ရုပ်ရှင်တွေမှာ ဇာတ်ညွှန်း အပြောင်းအလဲတွေအရမ်းကောင်းရင် ပိုစိတ်ဝင်စားစရာကောင်းသွားတာတွေ ရှိနေတတ်ပါတယ်။ဒီစီးရီးဟာလည်း စာအုပ်မဖတ်ပဲ အရင်ကြည့်သင့်တဲ့ စီးရီးထဲမှာ ပါပါလိမ့်မယ်။အခန်းတွေကို ရှေ့နောက်ပြန်စီထားတာတွေ၊ မြှပ်ကွက်ထပ်ထည့်ထားတာတွေနဲ့ အခန်းပိုအချို့ထပ်ထည့်ထားတာတွေ အကုန်ကောင်းနေပါတယ်။ကျွန်တော်လည်း စာအုပ်ကို စီးရီးရောက်သလောက်ပဲ ဖတ်ပြီး ဆက်မဖတ်ဘဲ ရပ်ထားပြီး စီစန် ၂ ...
8/10
TMDb: 8/10/10 80.834 votes
tv

American Gods {Complete}

2017
Black Sails {Complete} 8.3
Black Sails {Complete} ချစ်သော CM Fan တွေ အတွက် Game Of Thrones လိုမျိုး ဇတ်လမ်းတွဲကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ရိုးအီလှအောင် Episode တွေ များမှာမဟုတ်ပါဘူး Season တစ်ခုမှာ Episode 8 ပိုင်း ကနေ 10 ပိုင်း ဝန်းကျင်ပဲ ပါပါတယ် Episode တစ်ခုကို တစ်နာရီကျော် ကြာပါတယ် တစ်ပိုင်းခြင်းစီဟာလဲ ရင်သက်ရှုမောစရာကောင်းလောက်အောင် ကောင်းပါတယ် ဇတ်လမ်းတွဲ နာမည်ကတော့ Black Sails ဖြစ်ပါတယ် Season 4 ခု ထွက်ရှိထားပြီး IMDb 8.3/10 ထိ ရရှိထားတာဖြစ်လို့ ကြည့်ရှုရန် မလွဲသင့်ပါဘူး ဒီဇတ်လမ်းတွဲဟာ ပင်လယ်ဓါးပြ တွေရဲ့ အကြောင်းဖြစ်ပြီး ကျွန်တော်တို့ မသိသေးတဲ့ ပင်လယ်ဓါးပြတွေ ရဲ့ ထုံးတမ်းဓလေ့တွေ ဝေစုခွဲပုံတွေ အရောင်းအဝယ် ဖောက်ကားမှု နဲ့ ခွဲတမ်းချပုံတွေ အပြင် များစွာလှသော စိတ်ဝင်စားစရာတွေ နဲ့ ပြည့်နှပ်နေပါတယ်.... ဇတ်လမ်း အပိုင်းတိုင်းမှာ ကိုယ်လုံးတီး အခန်းတွေ လိင်ဆက်ဆံမှုတွေ အများကြီး ပါဝင်လို့ မိသားစု နှင့် အတူ ကြည့်ရှုရန်တော့ မသင့်တော်ပါဘူး.... ဇတ်လမ်းတွဲကောင်း တစ်ခုဖြစ်လို့ ကြည့်ရှုရန် တင်ဆက်ပေးလိုက်ပါတယ်...   File Size -  22GB ...
8.3
TMDb: 8.3/10 81,779 votes
tv

Black Sails {Complete}

2014
Ash vs Evil Dead {Complete} 8.5/10
Ash vs Evil Dead {Complete} Ash Vs Evil Dead ဒီဇာတ်လမ်းတွဲဟာ1981 ခုနှစ်ကစတင်ခဲ့တဲ့Evildeadရုပ်ရှင်ဇာတ်ကားများမှာပါတဲ့ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနှစ်ပေါင်းသုံးဆယ်ကြာပြီးတဲ့နောက်မှစတင်ပြီးဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်ပါတယ်..ထိုဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနှစ်သုံးဆယ်ကြာတဲ့တိုင်အောင်အက်ရှလေဝီလီယံ တစ်ယောက်ဘဝကိုအထီးကျန်စွာဖြတ်သန်းခဲ့ရပါတယ်။တစ်နေ့မှာတော့မမျှော်လင့်ပဲ သေမင်းစာအုပ်ကိုပြန်တွေ့ခဲ့ရာမှတစ်ဆင့်မှားယွင်းရွတ်ဆိုခဲ့မိတဲ့အတွက်ကြောင့် မိစ္ဆာနတ်ဆိုးတွေပြန်လည်လွတ်မြောက်နိုးထလာပြီး အက်ရှလေဝီလီယံ ကိုအမဲဖျက်ဖို့ရန်အတွက်ကြိုးပမ်းခဲ့ကြပါတယ်အက်ရှ် ကရော သူတို့လက်ကလွတ်မြောက်နိုင်ပါ့မလားဇာတ်လမ်းတစ်လျှောက်တွေ့ကြုံရတဲ့ဖြစ်ရပ်ဆန်းတွေကိုရောကျော်လွှားနိုင်ပါ့မလားတွေ့ဆုံရတဲ့လူတွေကရော သူ့အတွက်အကူအညီအထောက်အပံ့ပေးနိုင်မဲ့လူတွေဖြစ်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးကိုသာဆက်လက်ကြည့်ကြပါ..  Season 1 Complete ============= Yoteshin / Megaup Season 2 Complete ============= Yoteshin  / MegaupSeason 3 Complete ============= Yoteshin / Megaup
8.5/10
TMDb: 8.5/10/10 56,303 votes
tv

Ash vs Evil Dead {Complete}

2015