Channel Myanmar

Thriller

Blood Free (2024)
Blood Free (2024) Blood Free (2024)*******************အပိုင်းသစ် (၅+၆) ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, dramaအမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲကနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon,ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo,ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း...လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ ...

Blood Free (2024)

2024
HIDE (2024)
HIDE (2024) HIDE (2024)**************အပိုင်းသစ် (၁၀) ဒီတစ်ခေါက်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Lee Bo Young,Lee Moo Saeng, Lee Chung Ah နဲ့ Lee Min Jae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့Hide ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...နာမွန်းယောင်းနဲ့ ချာဆောင်းဂျယ်တို့ဟာ လင်မယားတွေ ဖြစ်ကြပြီး တစ်နေ့မှာတော့ခင်ပွန်းဖြစ်သူ ချာဆောင်းဂျယ်ဟာ ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။နာမွန်းယောင်း တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားတဲ့ ခင်ပွန်းဖြစ်သူကိုလိုက်ရှာရင်းကနေ မထင်မှတ်ထားတဲ့  အမှန်တရားကို သိရှိလိုက်ရတော့တယ်။ဟာယွန်းဂျူကတော့ နာမွန်းယောင်းကို တတ်နိုင်သမျှ အကူအညီပေးမယ်ဆိုတဲ့အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး ဒိုဂျင်းဝူကတော့ ချာဆောင်းဂျယ် ပျောက်ကွယ်မှုနဲ့ပတ်သက်တဲ့ အဓိက သော့ချက်ကို ကိုင်ဆောင်ထားတဲ့သူပဲ ဖြစ်ပါတယ်။ချာဆောင်းဂျယ်က ဘာကြောင့် ပျောက်ဆုံးသွားပြီး နာမွန်းယောင်း သိလိုက်ရတဲ့အမှန်တရားကရော ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမဲ့Thriller Mystery ဇာတ်လမ်းတွဲ အသစ်ပဲ‌ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ...

HIDE (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၈) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
Psychopath Diary (2019) 7.1
Psychopath Diary (2019) Psychopath Diary (2019)************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာတော့ သရုပ်ဆောင် Yoon Shi Yoon, Jung In Sunနဲ့Park Sung Hoonတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Psychopath Diary ဆိုတဲ့ ဟာသမှုခင်းစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း..Yook Dong Sik ဆိုတဲ့လူဟာ အာမခံကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီးရိုးအလွန်းတဲ့စရိုက်ကြောင့် ကုမ္ပဏီတစ်ခုလုံးက သူတွေအပြင်အခင်ဆုံးသူငယ်ချင်းဆီကနေပါ အမြတ်ထုတ်ခံရတဲ့သူပါ။အဲဒီလို အလုပ်မှာအဆင်မပြေဖြစ်နေတဲ့ Dong Shik တစ်ယောက်တစ်ရက်မှာ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်အလာ လူသတ်မှုတစ်ခုစီကိုမှတ်တမ်းတင်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ဒိုင်ယာရီကိုကောက်ရခဲ့ပါတယ်။ဒါ့အပြင် အဲဒီလူသတ်သမား လူသတ်နေတာကို မျက်မြင်တွေ့ပြီးထိတ်လန့်တကြားထွက်ပြေးရာက ရဲအရာရှိ Shim Bo Kyungမောင်းလာတဲ့ကားနဲ့ ဝင်တိုက်သွားမိပါတယ်။အဲဒီနောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူကောက်ရခဲ့တဲ့ဒိုင်ယာရီထဲကလူသတ်မှုတွေကို သူလုပ်ခဲ့တာပါလို့ ထင်မှတ်မှားပါတော့တယ်။အဲဒီနောက်မှာ သူ့ကိုယ်သူ လူသတ်သမားလို့ထင်နေတဲ့Dong Shik တစ်ယောက် ဘယ်လိုတလွဲတွေလုပ်မလဲ...။Bo Kyung ကရော လူသတ်သမားကို ဘယ်လိုကူဖမ်းပေးမလဲ...။လူသတ်သမားကရော ဘယ်သူလဲ...ဆိုတာတွေကို ...
7.1
TMDb: 7.1/10 18 votes
tv

Psychopath Diary (2019)

2019
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021) 7.7
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)    ကလေးဘဝမှာဖြစ်ဖြစ် လူကြီးဖြစ်မှဖြစ်ဖြစ် ရုပ်ရှင်ချစ်သူအတော်များများ ချက်ကီဆိုတဲ့ အရုပ်ကိုမသိတဲ့သူ ရှားပါလိမ့်မယ်။အသက်ဝင်နေပြီး ဒေါသကြီးတဲ့ ရက်စက်တဲ့ လူသတ်အရုပ်လေးအဖြစ် သိကြမှာပါ။ ချက်ကီမှာ နောက်ကြောင်းရာဇဝင်တွေ တစ်ကားနဲ့တစ်ကား ကွဲပြားနေပါသေးတယ်။ဒီစီးရီးမှာလည်း ချက်ကီရဲ့ နောက်ကြောင်းရာဇဝင်ကို ပဟေဠိဆန်ဆန်လေးနဲ့ ကြောက်စရာကောင်းအောင် ပြသထားပါပြီ။ဇာတ်လမ်းကလည်း ဆန်းသစ်တာမို့ လျို့ဝှက်ဆန်းကြယ်၊ ကြောက်စရာ အမျိုးအစားကြိုက်သူတွေအတွက်တော့ အကြည့်သင့်ဆုံးစီးရီးပါပဲ။ Rating လည်း 7.7 ဆိုတော့ ပေါကားမဟုတ်တာတော့ သေချာပါတယ်။ File size…(620 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson Season 3 Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamwish Episode 1 1080p  - ...
7.7
TMDb: 7.7/10 9 votes
tv

Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)

2021
American Horror Story (2011-2024) 8.1
American Horror Story (2011-2024)  Season 11The Police Want Us Dead See Something , Say Somethingအချိန်ကာလအားဖြင့် ၁၉၈၀ ဝန်းကျင်အမေရိကန်ပြည်ထောင်စု မြို့တစ်မြို့ ရဲ့လမ်းတွေပေါ်မှာလူလတ်ပိုင်းအရွယ်ကောင်လေးတစ်ယောက်ဟာအပေါ်က”The Police Want Us Dead” ဆိုတဲ့စာသားကို စာလုံးခပ်ကြီးကြီးနဲ့ ရေးထားတဲ့စာရွက်တွေတစ်ပွေ့ကြီးနဲ့ လမ်းတွေမှာလိုက်ဝေ၊လိုက်ကပ်နေတယ်၊၊သူဘာဖြစ်လို့ ဒီလိုတွေလိုက်ဝေနေတာလဲ ၊ဒီလိုပြင်းထန်တဲ့အသုံးအနှုန်းမျိုးကို ဘာလို့သုံးရတာလဲ။အနည်းအကျဉ်းပြန်ပြောရရင် သူ့နာမည်က “အက်ဒမ်”တဲ့ ၊၊လိင်တူကြိုက်တတ်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်၊၊အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၈၀ ဝန်းကျင်တစ်ဝိုက်ကာလဟာ“အက်ဒမ်”တို့လို LGBTQ+ တွေအတွက်အပြောင်းအလဲအများဆုံးနဲ့ အလှုပ်ခတ်ဆုံးကာလလို့ ဆိုရလိမ့်မယ်၊၊လိင်တူနှစ်သက်သူတွေကို ဖိနှိပ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ၊မုန်းတီးရွံရှာမှုတွေများပြားနေပြီး တစ်ဖက်မှာလည်းကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြ၊ထုတ်ဖော်ပြောဆိုကြ ၊ချီတက်ဆန္ဒပြကြတဲ့ အတွန်းအတိုက်အများဆုံးကာလတွေပေါ့၊၊တစ်ရက်မှာတော့ “အက်ဒမ်”ရဲ့ သူငယ်ချင်း “ဆူလီ”ဟာ သူ့မျက်စိရှေ့မှာပဲအကောင်ကြီးကြီး လူ့ဘီလူးကြီးတစ်ကောင်နဲ့အတူပျောက်ခြင်းမလှပျောက်သွားတယ်၊၊“အက်ဒမ့်” အနေနဲ့ သူ့သူငယ်ချင်းအတွက်စိုးရိမ်တာကြောင့် ရဲစခန်းကို သွားအမှုဖွင့်ခဲ့ပေမယ့်လည်းရဲတွေကတော့ “ယွထပြီး”လိုက်သွားတာမျိုးရောမဖြစ်နိုင်ဘူးလားဆိုတဲ့ ပုံစံမျိုးနဲ့ ဖိနှိပ်ခွဲခြားပြီး အမှုဖွင့်ပေးဖို့တောင် ငြင်းဆိုခဲ့တယ်၊၊ဒီလိုနဲ့ “အက်ဒမ်”တစ်ယောက် သူ့သူငယ်ချင်းအတွက်ကိုယ့်အားကိုယ်ကိုး စုံစမ်းရင်း သူတို့မြို့မှာ လိင်တူကြိုက်တဲ့ဂေးအမျိုးသားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးနေကြောင်းသိလာရတယ်၊၊ဒီလူတွေဘာလို့ပျောက်ဆုံးနေတာလဲ၊၊ဘယ်သူက ...
8.1
TMDb: 8.1/10 5200 votes
tv

American Horror Story (2011-2024)

2011
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်း(၁ မှ ၁၄) ထိ စ/ဆုံးVisual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ ...

Wonderful World(2024)

2024
Iron Reign (2024) 7.059
Iron Reign (2024)   ဘာစီလိုနာ ဆိပ်ခံဆိုတာ ဉရောပကိုဝင်မယ့် ကုန်သင်္ဘော ကုန်တိန်နာတွေရဲ့ တစ်ဝက်လောက်ကို လက်ခံတင်ပို့ရတဲ့ ကမ္ဘာကုန်သွယ်ရေး အချက်ချာကြီးပါဒီနေရာကို တစ်နေ့ကို ကုန်တိန်နာပေါင်း သိန်းနဲ့ချီဝင်ပြီး...အဲ့ဒီကုန်တိန်နာတွေထဲမှာ မူးယစ်ဆေးမျိုးစုံ နေ့စဉ်နဲ့အမျှဝင်လေ့ရှိပါတယ်... ဆိပ်ခံရဲ့ အုပ်ချုပ်သူတစ်ဖြစ်လဲ ဟာကွင်းမန်ချာဒါနဲ့ သူ့ မိသားစုရဲ့ မူးယစ်အင်ပါယာကြီးကလည်း ဒီဆိပ်ကမ်းမှာ အာဏာပိုင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးနေပါတယ်...အင်အားကြီးလွန်းလို့ သူ့ကို တော်ရုံအစိုးရပိုင်းကဆိုရင် ထိလို့မရပါဘူး... သူ့ရဲ့ မူးယစ်အင်ပါယာကြီးထဲက အရှုပ်အရှင်းပြဿနာတွေကို ကောင်းကောင်းကြီး ကြည့်ရပြီး ဒီအင်ပါယာကြီးကို သုညကနေ ဘယ်လိုစတင်ခဲ့လဲ ကြည့်ရမယ့် Crime Drama ကောင်းတစ်ခုဖြစ်ပါတယ် Money Heist ထဲက ဒန်ဗာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jaime Lorente လည်း ပါဝင်ထားပြီး Rating ကောင်းကောင်းနဲ့ ကြည့်ရှုရမယ့် စပိန်ဇာတ်လမ်းတွဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.8 GB)/(600 ...
7.059
TMDb: 7.059/10 17 votes
tv

Iron Reign (2024)

2024
The Impossible Heir(2024)
The Impossible Heir(2024) The Impossible Heir(2024)************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး Alchemy of Souls ထဲက မင်းသား Lee Jae-Wook နဲ့ Brave Citizen ထဲက မင်းသားLee Jun-Young တို့ နှစ်ယောက်ကို တစ်ကားထဲမှာတင် အတူတူတွေ့မြင်ရမယ့်The impossible heir စီးရီးဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ဇာတ်လမ်းအညွှန်း ----------------------------- အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ဖယ်ကျဉ်ခြင်း‌ေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်းတရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်‌ေတွဆီက‌ေနတောင်လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့... ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango ...

The Impossible Heir(2024)

2024
House of Ninjas (2024) 8.068
House of Ninjas (2024) ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီး အသစ်တစ်ခုထွက်လာပါတယ်။ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။ File size…(861 Mb)/(457 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:00:00 Genre...Action, Drama, ...
8.068
TMDb: 8.068/10 37 votes
tv

House of Ninjas (2024)

2024
Constellation (2024) 8.757
Constellation (2024)  ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော...။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်...။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်...။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်...ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်...ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ...။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...။  File Size –  858 MB / 391 MBQuality –WEB-DL 1080p , 720pDuration – 58 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy ...
8.757
TMDb: 8.757/10 35 votes
tv

Constellation (2024)

2024
Trigger Point (2022) (Season 01 + 02 Complete) 7.9
Trigger Point (2022) (Season 01 + 02 Complete) Trigger Point (2022) (Season 01 + 02 Complete) ~ IMDb - 6.2/10, Rotten Tomatoes- 80% ~ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်တဲ့ အဖွဲ့တွေရဲ့ အားပြိုင်မှုတွေအကြောင်း ဇာတ်လမ်းပေါင်းများစွာကြည့်ဖူးပြီးလောက်ပါပြီ။ ဒီတစ်ခါတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ထောင်တဲ့ဗုံးတွေကို ဖြုတ်ချည်ရှင်းချည်လုပ်ရတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကြားက အားပြိုင်မှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ လာနာဝါရှင်တန်လို့ခေါ်တဲ့ စစ်သမဟောင်းနဲ့ အာဖဂန်စစ်ပွဲစစ်မှုထမ်းဟောင်းဟာ လန်ဒန်က ဗုံးရှင်းလင်းရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ သူ့အတွေ့အကြုံတွေ စကေးတွေကိုသုံးပြီး အကြမ်းဖက်ဗုံးထောင်သူတွေနဲ့ ဗုံးတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတယ်။ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်တွေနဲ့ သူတို့ရဲ့ အတွေ့အကြုံကြားက ဉာဏ်ကစားကြတာတွေကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဗုံးရှင်းလင်းရေးတွေအကြောင်း အသေးစိတ် သေချာတွေ့မြင်ရမှာဖြစ်ပြီး လက်ရှိမှာ Season 1 ထွက်ရှိထားပြီး ၆ပိုင်းသာပါရှိပါတယ်။ Season 2 ဆက်လက်ထွက်ရှိလာမယ်လို့လည်း အတည်ပြုပြီးဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
7.9
TMDb: 7.9/10 19 votes
tv

Trigger Point (2022) (Season 01 + 02 Complete)

2022
Pyramid Game(2024)
Pyramid Game(2024) Pyramid Game(2024)********************အပိုင်း ( ၁ မှ ၁၀ ) ထိ စ/ဆုံးWebcomic တစ်ခုကို အခြေခံထားပြီးရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားစီးရီးဖြစ်ပါတယ်..သရုပ်ဆောင်တွေအနေနဲ့ twenty five twenty one ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင်Kpop girl group member တစ်ယောက်လည်းဖြစ်တဲ့ Bona, Jang Da-A, Ryu Da In, Shin Seul Ki,Kang Na Eon, Jung Ha Dam တို့က ပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်ဆောင်းဆူးဂျီလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ဆိုးလ်မှာရှိတဲ့ဘဲ့ဂယွန်းအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းလာတာကနေ ထူးဆန်းတဲ့ မဲပေးစနစ်ရှိတဲ့ game မှာပါဝင်လာဖို့ဖြစ်လာပါတော့တယ်။ တစ်လတစ်ခါ မဲပေးရပြီး “F”အဆင့်ရတဲ့သူကဘတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံရဖို့တားဂတ်ဖြစ်လာမှာဖြစ်ပြီး main cast တစ်ဦးဖြစ်တဲ့ bona (ဆောင်းဆူးဂျီ) က ကံမကောင်းစွာနဲ့ဘဲ “F”ရပြီးတော့ တားဂတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းသူဆောင်းဆူးဂျီတစ်ယောက် သူမရဲ့အခက်အခဲတွေကနေ ...

Pyramid Game(2024)

2024
Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Branding in Seongsu(2024)
Branding in Seongsu(2024) Branding in Seongsu(2024)************************စ/ဆုံးAll of us are dead ကားထဲက မင်းသား Lomonနဲ့ One Dollar Lawyerကားထဲက မင်းသမီး Kim Ji Eun တို့ရဲ့ အသစ်ထွက်ရှိလာတဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် Thriller, Romance, Supernatural ဖြစ်တာကြောင့် ရင်တဖိုဖိုနဲ့ ကြည့်ရှုနိုင်မဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်လာဦးမှာပါဇာတ်လမ်းအကျဉ်း ----------------ဂန်နာအွန်းကတော့ ‌ဆောင်းဆူအေဂျင်စီရဲ့ မာကတ်တင်းဌာနမှာ အသက်အငယ်ဆုံးဖြစ်ပြီး လုပ်သမျှပရောဂျက်တိုင်းအောင်မြင်တဲ့ အဖွဲ့မှူးတစ်ယောက်လည်းဖြစ်ပါတယ် စာအုပ်တွေထုတ်ရောင်းလိုက်နဲ့ TV မှာ အင်တာဗျူးဖြေလိုက်နဲ့ ဆယ်လီတစ်ပိုင်း မိုတီဗိတ်တာကောင်မလေးဆိုလည်းမမှားပါဘူး ဒါပေမဲ့ လောဘကြီးလွန်း စည်းကမ်းကြီးလွန်းပြီး အလုပ်နဲ့ပက်သက်ရင် ဘယ်သူ့မျက်နှာမှ မထောက်တတ်တာကြောင့် အပေါက်ဆိုးတဲ့ အဖွဲ့မှူးအဖြစ်နာမည်ကြီးပါတယ်....အွန်းဟိုကတော့ အေဂျင်စီတစ်ခုရဲ့အသက်အကြီးဆုံး အလုပ်သင်ဝန်ထမ်းတစ်ယောက်ပါ သွက်သွက်လက်လက်နဲ့နေထိုင်တတ်ပြီး You Only Live Once ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူတစ်ယောက်ပါအဲဒီလိုနဲ့ အတိုက်အခိုက်များတဲ့ မာကတ်တင်းဌာနကို အွန်းဟိုရောက်လာတဲ့အချိန်မှာ အလုပ်သရဲနဲ့ ဂန်နာအွန်းနဲ့ ပြဿနာတွေတက်ကြပါတော့တယ်ဂန်နာအွန်းတစ်ယောက် သူမကိုယ်တိုင်က ငတုံးလို့သတ်မှတ်ထားတဲ့ အလုပ်သင်အွန်းဟိုနဲ့ မတော်တဆနမ်းမိသွားရာကနေ သူမဘဝကို ပြောင်းပြန်လန်သွားစေနိုင်လောက်တဲ့ ...

Branding in Seongsu(2024)

2024
Dead Friend Forever (2023)
Dead Friend Forever (2023) စည်းခြားသွားတဲ့ သူငယ်ချင်း (၂၀၂၃)(function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ Horror ကားတွေကိုမှကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ထိုင်း bl စီရီးတစ်ခုဖြစ်တဲ့ Dead friend foreverဆိုတဲ့ စီရီးလေးကို ဘာသာပြန်တင်ဆက်ပေးထားပါတယ်။(function(f,b,n,j,x,e){})();နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ် သူငယ်ချင်းဖြစ်သူ ဂျင်အတွက် နှုတ်ဆက်ပါတီလုပ်ပေးဖို့ ကျောင်းသားသူငယ်ချင်းတစ်စုဟာ တောအုပ်ထဲကအိမ်ကြီးဆီ အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ ဒီခရီးက သူတို့ကို အသက်အန္တရာယ်ထိခိုက်စေနိုင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေဆီ ပြန်လည်ခေါ်ဆောင်သွားသလို ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်ကျမှ သူတို့ကို မကောင်းမှုအားလုံးက စောင့်မျှော်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် သိရှိခဲ့ရတာဖြစ်ပါတယ်။ဒီသူငယ်ချင်းတစ်စုဟာ အတိတ်တုန်းက ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ။ ဘာကြောင့်လဲ။ ဘာတွေ ဆက်ဖြစ်သွားမှာလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုရင်း အဖြေဖော်သွားကြပါလို့ ပြောချင်ပါတယ်။(၁၈+ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်တာဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး)အညွန်းကိုတော့ Thant က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Thant နဲ့ Thada ပဲ ဖြစ်ပါတယ်။Genre..... BL, Horror, Thriller Quality…. 1080p | 720p File size… 650MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar ...

Dead Friend Forever (2023)

2023
The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
My Happy Ending(2023)
My Happy Ending(2023) My Happy Ending(2023)***********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့ အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့ အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊ လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ? လက်စားချေမှာလား? Drama နာမည် My Happy ...

My Happy Ending(2023)