Channel Myanmar

The Star (2017)

The Star    

PG 86 min AdventureAnimationComedy

5.9
IMDB: 5.9/10 1,821 votes

, , , , , , , , ,

Nominated for 1 Golden Globe. Another 1 win & 4 nominations.

USA

548680

Report error

Drama လဲ မကြည့်ချင် Crime Thriller လဲမကြည့်ရဲတဲ့ ပရိတ်သတ်တွေရှိလား…

ကာတွန်းကိုပဲ ကြိုက်တယ် ကာတွန်းကားကြည့်ရတာ ပျော်တဲ့ ပရိတ်သတ်တွေရှိလား…

ဒါဆိုရင်တော့ “The Star”ဆိုတဲ့ Animation Cartoon movie လေး လာပါပြီဗျာ…

ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..

လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..

မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..

သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်…

မယ်ရီဟာ ညတစ်ညမှာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်..

မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်…

မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..

သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..

ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လွယ်ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ…

သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..

ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..

အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန်စက်က ထွက်ပြေးပြီး မယ်ရီတို့အိမ်ထဲ ရောက်ခဲ့ပါတယ်..

မယ်ရီဟာ မြည်းလေးကို သံယောဇဉ်ရှိပြီး ဘိုဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်…

ဘုရားသားတော် ဘုရင်အသစ် ဖွားမြင်မယ်ဆိုတဲ့ ဟောကိန်းဟာ တိုင်းပြည်အနှံ့ကို ပျံ့နှံ့ခဲ့ပါတယ်..

ဒီသတင်းကြားတဲ့ ဘုရင်ကြီးဟဲရော့ဟာ သူသာ ဘုရင် ဘုရင်အသစ်ဆိုတာ မရှိစေရဘူးလို့ ကြွေးကြော်ပြီး ဘုရင်အသစ်မွေးမယ့် အမျိုးသမီးကို ရှာခိုင်းခဲ့ပါတယ်.. အပြတ်ရှင်းမယ့် သဘောပါ…

ဒီအကြောင်းတွေသိတဲ့ ဘိုမြည်းလေးဟာ မယ်ရီနဲ့ ဂျိုးဆက်ကို ပြောဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ လူစကားမတတ်ပေတော့ မယ်ရီတို့က နားမလည်ခဲ့ပါဘူး…

မယ်ရီတို့ အန္တရာယ်ကြားထဲက ဘယ်လိုထွက်ပြေးပြီး ဘုရားသခင်သားတော်ကို မွေးဖွားမလဲ…

ဘိုနဲ့ ဒေ့ဗ်က ဘယ်လိုကူညီမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်..

ကာတွန်းချစ်သူဆိုရင်တော့ ဒီကားကို လက်မလွှတ်စေချင်ဘူးဗျာ…

 

File Size : (700 MB) and (340 MB)
Quality : Blu-Ray 720p
Running Time : 1hr 57min
Format : Mp4
Genre :Animation, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-DRONES
Translated by May Thu Soe
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Star (2017)


No downloads available

Genres



Related movies