Channel Myanmar

The Hallow (2015)

The Hallow    

97 min Horror

5.7
IMDB: 5.7/10 11,854 votes

,

, , , , , , , ,

12 wins 6 nominations

UK

152702

Report error

နာနာဘာဝ ၀ိနာဘာဝတွေ ကျတ်တွေ တစ္ဆေတွေ ပါတဲ့ဇာတ်လမ်းကောင်းတစ်ကားကိုWeekend မှာ ဖီးလ် ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

CGI Effect တွေပီပြင်ပြီး ခြောက်ခြားစရာကောင်းလှသမို့ ကြိုတင် သတိချပ်ပါရစေ။

အိုင်ယာလန် နိုင်ငံရဲ့ သစ်တောကြီးက ဒေသခံတွေဖိန့်ဖိန့်တုန်အောင်ကြောက်နေရပါတယ်။

သစ်တောကြီးက နက်ရှိုင်းလှပြီး ကြီးမားကျယ်ပြန့်လှပါတယ်။

အာဏာပိုင်တွေက နိုင်ငံ့စီးပွါးရေးအတွက် သစ်တောကြီးကို ပုဂ္ဂလိက ကုမ္ပဏီထံရောင်းနေသော်လည်းဝယ်မည့် ကုမ္ပဏီ မရှိပါချေ။

အဘယ့်ကြောင့်ဆိုသော် ဒေသခံတွေရဲ့ ခြိမ်းခြောက် ဝေဖန်ပြောဆိုမှု့တွေကြောင့်ပင်။

ဒေသခံတွေရဲ့ ပြောစကားတွေကတော့ သူတို့ဒေသက သစ်တောကြီးက နာနာဘာဝ ၀ိနာဘာဝတွေ ဖြစ်တဲ့ “ကျတ်” တွေ ပိုင်စိုးထားပါတယ်တဲ့။

မိမိတို့ မျက်မြင်ကိုယ်တွေဖြစ်ပြီး မိမိ မိသားစုတွေလည်း လှည့်ဖျားပြီးခေါ်ဆောင်သွားကြကြောင်း ဒေသခံတွေက ရှင်းပြကြပါတယ်။

ဒါပေမဲ့ ဗြိတိလျှပိုင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက သစ်ပင်နှင့်သစ်တော ကျွမ်းကျင်ပညာရှင် အဒမ် တို့မိသားစုကို ငှားရမ်းပြီး သစ်တောကို
စနည်းနာဖို့ စေလွှတ်လိုက်ပါတယ်။

အဒမ် ကတော့ ခေတ်ပညာတက်ပီပီအကြောက်အလန့်မရှိ သစ်တောထဲကို သားလေး ဖင်း နဲ့လေ့လာရေးတွေ ထွက်နေပါတယ်။

ဒေသခံတွေက သစ်တောထဲကိုမသွားသင့်ကြောင်း ကလေးရော လူကြီးအတွက်ပါ အသက်အန္တရာယ် ရှိကြောင်း လာရောက်သတိပေးကြပါတယ်။

သို့သော်လည်း အဒမ် ကတော့ သူတို့ကို မနာလိုဝန်တိုပြီး တားကြသည်ဟု တေးမှတ်ထားလိုက်ပါသည်။

သည်လိုနှင့် ညတစ်ညတွင်..အိမ်အပေါ်ထပ်တွင် အိပ်ပျော်နေသော ဖင်းထံမှ စူးစူးဝါးဝါး အော်ငိုသံတွေနှင့်အတူ ၀ရုန်းသုန်းကားအသံတွေကို ကြားလိုက်ရပါသည်။

မိဘနှစ်ပါးရောက်သွားတော့ ဖင်းမှာဘာမှမဖြစ်ပဲ ပြူတင်းပေါက်တံခါးမှန် ကွဲနေပြီး မီးအိမ်မှာအောက်သို့ပြုတ်ကျနေချေပြီ။

အဒမ် ကတော့ ဒေသခံတစ်ယောက်က မိမိတို့အားမနေရဲအောင် ခြောက်လှန့်နေသည်ဟု ထင်နေသည်။

သို့သော် နောက်တစ်နေ့ နေ့ခင်းပိုင်းမြို့ထဲမှပြန်အလာ လမ်းတွင်နာနာဘာဝ များခြောက်လှန့်မှု့ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသောအခါမိမိ အမှားကြီးမှားပြီးဖြစ်ကြောင်း သိလိုက်ရပေမဲ့ နောက်ကျသွားလေပြီ။….

မိသားစုတစ်စု နာနာဘာဝတွေရဲ့ လှည့်ကွက်ထဲ ကောင်းကောင်းကြီးနစ်မျောသွားရပုံကို သည်းတစ်ထိတ်ထိတ် ရင်တစ်ဖိုဖို ခြောက်ခြားစရာတွေအပြည့်နဲ့ကြည့်ရှု့ခံစားဖို့အတွက် အခုပဲတင်ဆက်ပေးလိုက်ပါတယ်။

 

File Size : (700 MB) and (300 MB)
Quality : Blu-Ray 720p
Running Time : 1hr 36min
Format : Mp4
Genre :Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264 Rarbg
Translated by Aye Min Oo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)
The Hallow (2015)


No downloads available

Genres



Related movies