ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။
ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။
NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။
အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။
သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာ
တွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။
တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။
မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့
Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။
အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။
အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။
ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊
ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့
လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။
Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊
နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။
လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝ
အလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)
File Size : (750 MB) and (300 MB)
Quality : 720p Bluray
Running Time : 1hr 44minutes
Format : Mp4
Genre : Comedy,Drama
Translated By May Thazin Myint
Encode By Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။