Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Bean
7.2
Troy (2004)
Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie
Troy (2004)
2004
4K HEVC
6.8
The Island (2005)
IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie
The Island (2005)
7.3
Equilibrium (2002)
Christian Bale ကို ကျွန်တော့် fav; မင်းသားစာရင်းထဲ ပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ...ကျွန်တော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ အာဃာတတရားတွေ မနာလိုမှုတွေ အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲ..... အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် ခံစားမှု ခံစားချက် တွေကဘယ်လိုတောင်အရေးပါသလဲ.... ဒါတွေကို Sci- Fi ရုပ်ရှင်တစ်ခုအနေနဲ့ရှုထောင့်တစ်မျိုးကနေ ပြောပြသွားပါတယ်2002 ခုနှစ်ကထွက်ရှိထားပေမယ့် လူနဲ့ခံစားချက်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ရုပ်ရှင်ကားပါ။IMDb Rating 7.3 ရရှိထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို YeWai LynnHtut မှတင်ဆက်ထားတာပါ။)အသစ်ထွက်ရှိလာတဲ့ BluRay Open-Matte Version နဲ့တင်ဆက်ထားတာကြောင့် မြင်ကွင်းကျယ် Screen အပြည့် ကြည့်ရှုခံစားရမှာဖြစ်ပြီး သိမ်းထားချင်သူများအတွက်လဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version ဖြစ်ပါတယ်။ File size…(2.3 GB)/ (1 GB) Quality….BluRay OpenMatte 1080p /720p Format…mp4 Duration….01:46:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by YeWai LynnHtut
movie
Equilibrium (2002)
2002
OpenMatte
6.8
Patriot Games (1992)
Patriot Games (1992)~ IMDb - 6.8/10, Rotten Tomatoes - 72% ~ဒီဇာတ်ကားကတော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်ဆောင်ထားသလို ပါတိုင်းသေ မင်းသားကြီး Sean Bean နဲ့ အချစ်တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်လောက်တဲ့ကားပါ။အိုင်းရစ်ရီပတ်ဘလစ်တပ်မတော်လို့ ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး မြောက်အိုင်ယာလန်ကို ဗြိတိန်တွေရဲ့လက်အောက်က ခွဲထွက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကို ...
movie
Patriot Games (1992)
1992
5.9
Mummies (2023)
Mummies (2023)~ TMDb - 66%, Rotten Tomatoes - 70% ~ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။ အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။ အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြို့ကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် နက်ဖာအတွက် ကြင်ယာဖက်ရွေးဖို့ အချစ်နတ်ဘုရားမရဲ့ ...
movie
Mummies (2023)
2023
5.9
Ca$h(2010)
Ca$h(2010)===========ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့အမေရိကန် crime-thriller အမျိုးအစားဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကားများဖြစ်တဲ့ The Lord of the Rings တွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီးSean Bean ၊Marvel ရဲ့ဇတ်ကားများတွင်မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသောကမ္ဘာကျော်မင်းသားChris Hemsworth နှင့်မင်းသမီး Victoria Profeta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth)နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံအပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီးသူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean )တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကိုပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကိုသုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ်ကြမှာလဲဆိုတာကို ...
movie
Ca$h(2010)
6.8
National Treasure (2004)
National Treasure (2004) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ...
movie
National Treasure (2004)
8.8
The Lord of the Rings: The Fellowship of the Ring (2001)
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie
The Lord of the Rings: The Fellowship of the Ring (2001)
2001
4K HEVCHDR
8.0
The Martian (2015) EXTENDED
Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာnasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်ကအဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့ ...
movie
The Martian (2015) EXTENDED
2015
5.0
Silent Hill: Revelation ( 2012 )
Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။Translated & Review ...
movie
Silent Hill: Revelation ( 2012 )
2012
6.6
Silent Hill ( 2006 )
Silent Hill ဆိုတဲ့ နာမည်က Oldie Gamer တွေနဲ့ သိပ်မစိမ်းမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Silent Hill(2006) Horror ဇာတ်ကားလေးကKonami ရဲ့ ၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ဗီဒီယိုဂိမ်းကို ဇာတ်ကားအနေနဲ့ပြန်ဖန်တီးထားလို့ စကားပြောတွေမကောင်းဘူး၊ ဇာတ်အိမ်ပရမ်းပတာဖြစ်တယ်၊ ပြသချိန်ကြာလွန်းတယ်လို့ ဝေဖန်မှုတွေဖြစ်ခဲ့ပါသေးတယ်။ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်လို့ကောင်းတယ််ဆိုတဲ့ မှတ်ချက်ကိုတော့ ပေးသွားကြတာချည်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားကကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကိုခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ...
movie
Silent Hill ( 2006 )
2006
5.4
Wicked Blood (2014)
Wicked Blood (2014) ဟာ IMDb Rating 5.4 ရရှိထားပြီးသရုပ်ဆောင် Abigail Bresln , Sean Bean , James Purefoy တို့ပါဝင်သရုပ်ဆောင်ထားသော Action , Crime , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Hannah နဲ့ Amber Baker တို့နှစ်ယောက်ဟာ အကြမ်းဖက်မှောင်ခိုမူးရစ်ဆေးဝါးနဲ့ မကောင်းမှု့မှန်သမျှလုပ်တဲ့တောင်ပိုင်းမြေအောက် မကောင်းမှု့ဒုစရိုက်ကမ္ဘာမှာပိတ်မိနေကြပါတယ်။သူတို့နှစ်ယောက် ထိုကဲ့သို့ ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်ဂိုဏ်းရဲ့ခေါင်းဆောင်Uncle Frank ရဲ့လက်အောက်မှာ နေထိုင်ရတဲ့အခါမှာဆိုရင်ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကတော့ဇာတ်ကားထဲမှာကြည့်ရှု့လိုက်ကြပါခင်ဗျာ။(အညွှန်းရေးသားတာကတော့ Win Kyaw Thuဖြစ်ပါတယ်) File size__( 800 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__5.4/10 Format__mp4 Duration__01:31:50 Type__Action , Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by NAL Encoded by Naing Aung Latt
movie
Wicked Blood (2014)
2014
6.5
Dark River (2017)
နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို့ ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို့ အဆင်ပြေသွားကြပါမလား။အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-EiDER Translated ...
movie
Dark River (2017)
2017
7.3
Ronin (1998)
Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie
Ronin (1998)
1998
5.9
Percy Jackson & the Olympians: The Lightning Thief (2010)
ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်…ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး…အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်…ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်…ပထမဇာတ်ကားကတော့ Lighting Thiefပါ…ဒီ Lighting theifထဲမှာတော့ သူ့ကိုယ်သူ နတ်ဘုရားရဲ့သားတော်မှန်းမသိသေးတဲ့ပါစီဂျက်ဆန်တစ်ယောက်…ပထွေးကြောင့်ရယ် သူ့ရဲ့ စာဖတ်မရတဲ့ ရောဂါကြောင့်ရယ် ဒုက္ခပွေနေရပုံတွေ…နောက်ပိုင်း အဖြစ်မှန်သိတဲ့အခါ ကျပြန်တော့လည်း သူ့ကို မိုးကြိုး သူခိုးပါဆိုပြီး နတ်ဘုရားတစ်လောကလုံးက စွပ်စွဲနေတဲ့အတွက် ဒါကိုဖြေရှင်းဖို့အတွက်ရယ် မိခင်ကိုကယ်တင်ဖို့အတွက်ရယ် မြို့အနှံ့ရွာအနှံ့အပြင် မြေအောက်ကမ္ဘာထိသွားပြီး စွန့်စားခန်းဖွင့်ရပုံတွေ တွေ့ရမှာပါ…သူ့ရဲ့စွန့်စားခန်းတွေကို လိုက်ပြီးကူညီခဲ့တဲ့သူတွေကတော့ ဥာဏ်ပညာနတ်ဘုရားမရဲ့သမီး ...
movie
2010