Channel Myanmar

Mark Boone Junior

Of Mice and Men (1992) 7.5
Of Mice and Men (1992) Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie

Of Mice and Men (1992)

1992
Run with the Hunted 2019 16+ 5
Run with the Hunted 2019 16+ Run with Hunted 2019 (16+)18+ လောက်တပ်လိုက်ရင် ခိုးDown နေရမှာစိုးလို့ 2019 အောက်တိုဘာမှာ ထွက်ခဲ့တဲ့ run with hunted ကို ဂျွန်ဆွက်ပ် ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်ညွှန်းရဲ့ အနှစ်သာရ ပိုပေါ်လွင်နေသလိုပါပဲ။ ၁၃နှစ်အရွယ် အော်စကာ လေးက ငယ်သူငယ်ချင်းလေး လူး အပေါ် အရောင်တွေပြောင်းလာတဲ့အခါ သူမ ပျော်ရွှင်ဖို့အတွက် လူတောင်သတ်ရဲခဲ့ပြီး ညတွင်းချင်း မိုင်ပေါင်းရာချီ စွန့်စားထွက်ပြေးခဲ့တယ်။ သွားစရာမရှိတဲ့ အို ကို ပိချ်ဆိုတဲ့ လမ်းသူရဲမလေးက ကယ်တင်ခဲ့တယ်။ အို က လူးကို မေ့ပြီး ပိချ်နဲ့ လက်တွဲပမလား နောက်ပီး မိဘနှစ်ပါးရဲ့ နွေးထွေးတဲ့သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ အို က လမ်းသူရဲလေး ဖြစ်သွားမှာလား။ အိုတစ်ယောက် ငယ်ချစ်လေးနဲ့ရော ပြန်ဆုံစည်းနိုင်မလား။ မှုခင်း၊ ဒရမ်မာ၊ ...
movie

Run with the Hunted 2019 16+

Memento (2000) 8.4
Memento (2000) Memento (2000) IMDb (8.4/10)__________Rotten Tomatoes (93%)Memento (2000)သူ.........ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း..........မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ......................ရိုင်းစိုင်းမှုတွေ...............အသနားခံမှုတွေ.........။ သေချာသွားပြီ.........သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ "John G. raped and murdered my wife."Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ...
movie

Memento (2000)

2000
Ghost House (2017) 4.7
Ghost House (2017) Ghost House (2017)_____IMDb - 4.7/10  ဒီရုပ်ရှင် ကားဟာ ထိုင်းနိုင်ငံတွင် ရိုက်ကူးထားတာ ဖြစ်ပြီး ယုံကြည်မှု တစ်ခုကို အခြေခံထားတဲ့ ကြောက်မက်ဖွယ်ရာ ကျိန်စာသင့် အိမ်တွေ အကြောင်းဖြစ်ပါတယ် ဒါနဲ့ သက်ဆိုင်တဲ့ အနေအထား ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံမှာ သစ်ပင်တွေ အိမ်တွေမှာ နတ်စင်တွေ ထားရှိပြီး ယုံကြည်စွာ ကိုးကွယ်ကြပါတယ် ထိုင်းတွေမှာလဲ နတ်စင်တွေ ရှိပါတယ် ဒါပေမယ့် သူတို့ကတော့ နတ်စင် လို့ မသုံးနှုန်းပါဘူး သေတဲ့သူတွေ ခိုကိုးရာ ရဖို့ ဝိဉာဉ်အိမ် (Ghost House) တွေလို့ သုံးနှုန်းတာကို အခုမှ ကျနော်လဲ သေချာသိပါတယ် ထိုင်းနိုင်ငံရဲ့ Shopping Mall တစ်ချို့မှာ ဆိုလျင် ထိုမြေပိုင်ရှင်များကို နတ်ကွန်း (Ghost House ) များဖြင့် အမွှေးတိုင် ပူဇော် ဆီမီးပူဇော် အစားအသောက်များ ကပ်ရုံ မကပဲ သူတို့ ကြိုက်နှစ်သက်သော ရှေးဟောင်း ထိုင်းသီချင်းများကိုပါ ဖွင့်ပေးထားရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးပါတယ် ထို (Ghost House ...
movie

Ghost House (2017)

2017