Channel Myanmar

Leonardo DiCaprio

Body of Lies (2008) 7.0
Body of Lies (2008)   IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့  Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson 
movie

Body of Lies (2008)

Blood Diamond (2006) 8.0
Blood Diamond (2006) Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ ...
movie

Blood Diamond (2006)

2006
4K HEVC
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
The Lost Leonardo (2021) 7.5
The Lost Leonardo (2021) The Lost Leonardo (2021)~ IMDb - 7.5/10, Rotten Tomatoes - 97% ~ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား ...
movie

The Lost Leonardo (2021)

2021
This Boy’s Life (1993) 7.3
This Boy’s Life (1993) This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie

This Boy’s Life (1993)

1993
The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015
Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002
The Quick and the Dead (1995) 6.4
The Quick and the Dead (1995) (Unicode)ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါIMDb – 6.4/10 ရရှိထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Sharon Stone , Russell Crowe တို့အပြင်Leonardo DiCaprio လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ...
movie

The Quick and the Dead (1995)

Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie

Django Unchained ( 2012 )

2012
The Basketball Diaries (1995) 7.3
The Basketball Diaries (1995) IMDb (7.3/10)လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်...လောကကြီးက နိုင်ရာစား...အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား...မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။  File size…(999 MB) and (600 MB) Quality….Blu-ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Htet Aung
movie


1995
Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996) IMDb - 6.7/10________Rotten - 72%  Romeo & Juliet အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်ကို မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးးလိယက်ကို ကျွန်တော်သတိရမိလိမ့်မယ်။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Julietဟာ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးးလိယက်ပြဇာတ်ဟာ Stared-Crossed Loverလို့ခေါ်တဲ့ သူက ကိုယ့်အတွက် ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ " Romeo must die "လို ့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့ လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့ အခါမှာလည်း ဒီနေ့ထိထက်တိုင်တော့ ဟောင်းမသွားသေးတဲ့ အကြိမ်ကြိမ် Rebootလုပ်ခံရပြီးတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နိုင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ...
movie

Romeo + Juliet (1996)

1996
The Aviator (2004) 7.5
The Aviator (2004) The Aviator (2004) IMDb - 7.5/10_____Rotten - 86%Won 5 Oscars. Another 81 wins & 130 nominations.    The Aviator ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ Director : Martin Scorsese ရိုက်ကူးခဲ့တဲ့ Biographical, Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ American Box Office အဖြစ် American $213.7 million အထိ ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioက Howard Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက် H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ လေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ ချိတ်ဆက်မိပြီး Army Air Forces မှာ Spy Aircraft ဆိုတဲ့ project ကို လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။     File size…(1.4GB) Quality…BR-Rip 1080p Format…mp4 Duration….02:50:06 Subtitle….Myanmar ...
movie

The Aviator (2004)

2004
Revolutionary Road (2008) 7.3
Revolutionary Road (2008) Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67%   Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie

Revolutionary Road (2008)

2008
The Man in the Iron Mask (1998) 6.5
The Man in the Iron Mask (1998) The Man in the Iron Mask (1998)_____IMDb - 6.5/10    သင်သာ စာပေတွေကို နှစ်ခြိုက်တဲ့လူတစ်ယောက်ဆိုရင် Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ။ ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက် အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့ ရာမီ ပေါသိုး အားသိုး ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ။ The Man in the Iron Mask ဟာလည်း Classic စာပေ တန်း ဝင်ခဲ့ပါတယ်။ ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး။ ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့ Sequel လို့ ဆိုနိုင်ပါတယ်။ Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းကိုတော့ Spoil သလို ဖြစ်နေမှာ စိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး။ The Three Muskteersကို အရင်ကြည့်ထားရင်တော့ ဒီထဲက ဒါးတညံနဲ့ ရာမီတို့သုံးယောက်ရဲ့ ဆက်ဆံရေးကို ပို သဘောပေါက်မှာပါ။ ကဲ..... ...
movie

The Man in the Iron Mask (1998)

1998
The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie

The Departed (2006)

2006