Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kurt Fuller
6.1
Red Heat (1988)
Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆိုတော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားကတော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်းကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie
Red Heat (1988)
1988
8.0
The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ...ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ ...
movie
The Pursuit of Happyness (2006)
2006
6.2
Anger Management (2003
ဒေ့ဗ် ဟာ အရမ်းတော်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ် အရာရာတိုင်းကို စည်းစနစ်တကျ လုပ်တက်ပြီး အရှက်အကြောက်လဲ ကြီးသလို ဒေါသကိုလဲ မျိုသိပ်နိုင်သူဖြစ်ပြီး အောက်ကျို့တက်သူပါ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကိစ္စ တစ်ခုကို ချိန်းဆိုထားလို့ လေယဉ် နဲ့ ခရီးထွက်ရပါတော့တယ်... အဲ့ဒီမှာ ပြသနာက စတော့တာပါပဲ ဒေ့ဗ် ဘေးနားမှာ ကျပ်မပြည့်တဲ့ အူကြောင်ကြား ဘဲတစ်ပွေ ရောက်နေပြီး စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုပဲ ဆက်တိုက်လုပ်နေခဲ့ပါတယ်... သက်သာလို သက်သာငြား ဆိုပြီး နားကြပ်လေးတပ်ပြီး ရုပ်ရှင်ကြည့်ဖို့ လေယဉ်မယ် ကို အကူအညီတောင်းခဲ့ပေမဲ့ တလွဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ကိုယ်ထိလက်ရောက်မှု နဲ့ တရားရုံးရောက်ခဲ့ပါတယ် တရားသူကြီးက အင်မတန်စိတ်ရှည်ပြီး ဒေါသထိန်းချုပ်နိုင်တဲ့ ဒေ့ဗ် ကိုမှ ဒေါသထိန်းချုပ်နည်း သင်တန်း တက်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ် ကဲ ဒေ့ဗ် တစ်ယောက် အေးချမ်းတဲ့ ဘ၀လေး ကနေ ဘယ်လို သောက်တလွဲ တွေ နဲ့ စတင်တော့မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ဒီရုပ်ရှင်ကားကို Yuki Aurora က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ ...
movie
Anger Management (2003
2003
7.7
Midnight in Paris (2011)
City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie
Midnight in Paris (2011)
2011
7.3
Office Uprising (2018)
Drama မပါ။ ဇာတ်လမ်းရှုပ်တာမပါ။ အပျင်းပြေ လုံးဝအခွီတစ်လိုင်းကြည့်ချင်သူများအတွက် Office Uprising(2018) ပါ။လုံးဝ Story line ကရှင်းရှင်းလေးပါ။လက်နက်စက်ရုံတစ်ခုမှာ ဘေးထွက်ဆိုးကျိုးရှိတဲ့ ကိုယ်တိုင်ထုတ် အားဖြည့်အချိုရည်တွေသောက်မိပြီး ရန်ပြုတတ်လာပြီးတော့ Zombie တွေလိုဖြစ်သွားတာပါပဲ။အဲဒီထဲကမှ အချောင်နေအချောင်စား ဝန်ထမ်း Desmond တစ်ယောက် ကုမ္ပဏီထဲမှာပိတ်မိနေပြီးတော့ သူငယ်ချင်းတွေနဲ့အတူပြန်ထွက်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ဇာတ်ကားကတော့ ကောင်းတယ်လို့ပြောမရပေမယ့် ခွီတာကြိုက်တဲ့ကျွန်တော်ကတော့ IMDB Rating 6.8 ရထားတာတန်ပါတယ်လို့ထင်ပါတယ်။ပြီးတော့ Deadpool ရဲ့အချစ်တော်လေး Dopinder အဖြစ်သရုပ်ဆောင်တဲ့ Karan Soni ပါဝင်တာကလည်း ဒီဇာတ်ကားကို ပိုရယ်ချင်စရာကောင်းသွားတာပေါ့ဗျာ။ဇာတ်ကားဇာတ်လမ်းတွေကြည့်မယ်ဆိုရင်တော့ မကောင်းဘူးလို့ ပြောလို့ရပေမယ့် အခွီတလိုင်းကြည့်မယ်ဆိုရင်တော့ မိသားစုနဲ့ကြည့်မရမယ့်အခန်းတွေမပါပေမယ့် လူငယ်တွေလောက်ပဲကြည့်ကောင်းမယ့်ကားဖြစ်လို့ ကျွန်တော်ကတော့ တစ်ယောက်တည်းခွီတာကိုအကြံပြုလိုပါတယ်ဗျာ။ (ဆရာဦး d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (700 MB) and (310 MB) Quality : WEB 720p Running Time : 1hr ...
movie
Office Uprising (2018)
2018
4.6
Josie (2018)
Game of Thrones စတားမင်းသမီး Sophie Turner နဲ့ မင်းသားကြီး Dylan McDermott တို့အဓိကပါဝင်ထားတဲ့Drama, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်...အမေရိကန်မြို့ငယ်လေးတစ်ခုမှာ တစ်ကိုယ်တည်းတိတ်တဆိတ်နေနေတဲ့ Hank ဆိုတဲ့အမျိုးသားတစ်ဦးနဲ့အဲ့ဒီ့မြို့ကို အသစ်ရောက်ရှိလာတဲ့ တက်တူးအပြည့်.. အပြောချိုချို ဆွဲဆောင်မှုအပြည့်နဲ့ Josie ဆိုတဲ့ အပျိုပေါက်လေးတို့ကြားမှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ.........။ File size…(850 MB) and (320 MB) Quality…WEB-DL 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Thu
movie
Josie (2018)
2018