Channel Myanmar

Jonathan Pryce

Pirates of the Caribbean: Dead Man’s Chest(2006) 7.3
Pirates of the Caribbean: Dead Man’s Chest(2006) Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie

Pirates of the Caribbean: Dead Man’s Chest(2006)

2006
4K HEVC
Pirates of the Caribbean: The Curse of the Black Pearl(2003) 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003) Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie

Pirates of the Caribbean: The Curse of the Black Pearl(2003)

2003
4K HEVC
Save the Cinema (2022) 6.7
Save the Cinema (2022) ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ...
movie

Save the Cinema (2022)

The Two Popes (2019) 7.7
The Two Popes (2019) ၂၀၁၇ ခုနှစ် The Pope အမည်ရပြဇာတ်ကိုမှီငြမ်းရိုက်ကူးထားတဲ့၂၀၁၉ ခုနစ်ထွက် Biological Drama အမျိုးအစားပဲဖြစ်ပါတယ်....The Best Director Award ရရှိထားတဲ့ Fernando Meirelles ရိုက်ကူးထားတဲ့အပြင်IMDB ကလည်း 7.7/10 ရရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ သူ့ဇာတ်ကားနာမည်အတိုင်းပုပ်ရဟန်းမင်းကြီးနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီ ဘန်နဒစ်နံပါတ်ခြောက်ကရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့ Conservative တစ်ယောက်ပြီးတော့သူက ဂျာမန်လူမျိုးလည်းဖြစ်နေပါသေးတယ်..ဘုန်းတော်ကြီး ဘာဂိုလီယိုကတော့ ပြုပြင်ပြောင်းလဲရေးသမားအာဂျင်တီးနားလူမျိုးတစ်ယောက်...ကြမ္မာလှည့်ကွက်တွေကြောင့် သူတို့နှစ်ယောက် တွေ့ဆုံကြတဲ့အခါသူတို့နှစ်ယောက်ကြားက မတူညီတဲ့အတွေးအခေါ်တွေ...အပြုအမူတွေနဲ့... လုပ်ရပ်တွေကြားမှာဘယ်သူက တကယ့်ပြောင်းလဲမှုတွေဖန်တီးပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်...ဘာသာရေးဆက်နွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့်လုံးဝမပျင်းမရိရပဲ ပညာသားပါတဲ့ဒိုင်ယာလော့ဒ်တွေအောက်မှာစီးမျောစေရမယ်လို့အာမခံပါတယ် File Size : ( 1 GB , 363  MB )Quality : ...
movie

The Two Popes (2019)

2019
The Wife(2017) 7.3
The Wife(2017) The Wife(2017)IMDB 7.3,,,,Rotten....84%ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး...ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ဇာတ်ကားကြီးလို့ ခံစားမိတယ်...သို့ပေမယ့်  ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close  ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်...IMDb နဲ့  RT  ကလည်း ကြွရွနေတယ်....တစ်ကယ်တော့ ဒီကားမျိုးက အညွှနး်ရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ... မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ၀ါကျ(၃)လေးကြောင်းအောက်မှာအော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလိုဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ.....တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်းရေရွတ်လိမ့်မယ် ...ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်...ပြောတဲ့ ဒိုင်ယာလော့တွေ ....သရုပ်ဆောင်တွေ ...ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်..ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်....လင်မယား(၂)ယောက်ရှိတယ်...ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်...ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့...ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ...ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ...မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောငး်လို့အော်စကာဆန်ကာတင်စာရင်း ...
movie

The Wife(2017)

2017
Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie

Ronin (1998)

1998
The Man Who Invented Christmas (2017) 7.1
The Man Who Invented Christmas (2017) အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းစ် ဆိုရင်ကမ္ဘာ့စာ​ပေလောကမှာမသိတဲ့လူမရှိပါဘူး။သူဟာအောင်မြင်တဲ့စာအုပ်များစွာကိုရေးသားခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ အံ့သြလောက်အောင် အရောင်းရဆုံးတွေဖြစ်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ လူတွေရဲ့နှုတ်ဖျား တွေ ရုပ်ရှင်ကားတွေမှာ ခုထိအသက်ဝင်ရှင်သန်နေတုန်းပါပဲ။မြန်မာနိုင်ငံကအများသိကြတဲ့ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း သူ့ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Great Expectation ဆိုတဲ့စာအုပ်ကို “မျှော်တလင့်လင့်”ဆိုပြီး မြန်မာမှုပြုရေးသားခဲ့ဖူးပါတယ်။ဒီရုပ်ရှင်လေးကတော့ စာရေးဆရာကြီးချားလ်စ်ဒစ်ကင်းစ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ခပ်မြူးမြူးလေးရိုက်ပြထားတဲ့Drama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချားလ်စ်ဟာ A Christmas Carol ဆိုတဲ့စာအုပ်ကိုမထုတ်ခင်ရှေ့မှာစာအုပ်သုံးအုပ်ဆက်တိုက်အရှံူးပေါ်ခဲ့ပါတယ်။ဒါနဲ့ခုစာအုပ်ကိုရေးဖို့ သူ့မှာ ဖိအားများစွာဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးသူဒီစာအုပ်ကိုရေးသားထုတ်ဝေပြီးချိန်မှာ အရင်ခရစ္စမတ်ကိုပစ်ထားကြတဲ့ အင်္ဂလိပ်တွေကစလို့ တစ်ကမ္ဘာလုံးကလူတွေ ခရစ္စမတ်ကိုယနေ့ထိပြန်လည်ကျင်းပလာကြတယ်လို့ဆိုပါတယ်။၂၀၁ရခုနှစ် နိုဝင်ဘာမှာထွက်ခဲ့တဲ့ကားဖြစ်ပြီး Rating တွေကတော့ Rotten Tomatoes 80%, IMDB 7.1/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုရမှာပါ။တကယ်ကောင်းမကောင်းဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုတော်မူကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဆရာ ဇွဲပါ)File Size : (850 MB) and (290 MB) Quality : Blu-Ray 720p Running Time : 1h 44min  Format ...
movie

The Man Who Invented Christmas (2017)

2017