Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gi Ju-bong
6.2
Out Live (Bichunmoo) (2000)
ဒီတစ်ခါ CM Fan တွေအတွက် သိုင်း အချစ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ အချစ်အတွက်နဲ့ အင်ပါယာ ကြီးတစ်ခုကို ရင်ဆိုင်အံတု တဲ့သူဆိုပဲဗျာ။ ဇာတ်ကားလေးကတော့ ၁၄ရာစုမှာ တရုတ်နိုင်ငံဟာ မွန်ဂိုတွေရဲ့ လက်အောက်ကို ကျရောက် နေပြီး တော်လှန်သူတွေကလည်း တော်လှန်နေတဲ့ အချိန်ပါ။ အဲ့အတောအတွင်းမှာပဲ ဆင်းရဲတဲ့ ဂျန်ဟာဆိုတဲ့ ကောင်လေးကို သူ့ဦးလေးက ပြုစု ပျိုးထောင်ပေးခဲ့ပြီး Bichun ဆိုတဲ့ လျှို့ဝှက် သိုင်းပညာရပ်သင်ပေးခဲ့ပါတယ်။သူနဲ့ အတူ မွန်ဂို စစ်ဗိုလ်တစ်ယောက်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ရဲ့ သမီးလေး ဖြစ်တဲ့ စူလီကလည်း သူနဲ့ အတူတူ ကြီးပြင်းခဲ့ပါတယ်။အနေနီးတဲ့ သူတွေ ဆိုတော့လည်း အချင်းချင်း ချစ်မိတာပေါ့။ ဒါပေမဲ့ တစ်ရက်မှာတော့ စစ်ဗိုလ်ကြီးက စူလီကို အဝေးတစ်နေရာကို ခေါ်ဆောင် သွားပါတယ်။သူတို့ တစ်နေ့မှာ ပြန်ဆုံမယ်လို့ ကတိထားခဲ့ ကျတာပေါ့။ဒါပေမဲ့ ကံကြမ္မာဆိုတာ အရမ်းကို လှည့်စားတက်တယ်ဆိုတဲ့ အတိုင်း စစ်ဗိုလ်က ...
movie
Out Live (Bichunmoo) (2000)
2000
6.5
Friend 2 (2013)
အကြမ်းပတမ်း သွေးထွက်သံယို ကားမှကြိုက်တတ်တဲ့ဖိုက်တာပရိသတ်ကြီးများအတွက် ကိုရီးယားအက်ရှင်ကားကောင်းလေးတစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ…ဆန်ဟွန်း(ကင်ဝူဘင်) ဟာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဖခင်မေတ္တာငတ်မွတ်ရင်း ကြီးပြင်းလာရသူပါ……ပထွေးတော့ရှိတယ်ပေါ့လေ…ဒါပေမယ့် ရှိတဲ့ပထွေးကလည်း အချိုးမပြေတဲ့အပြင် သူ့အမေကိုပါ ရိုက်လားနှက်လားတောင် လုပ်တတ်ပါသေးတယ်…ဆန်ဟွန်းလည်း သည်းမခံနိုင်တဲ့အဆုံး တူ(ခေါက်ဆွဲတူ)တစ်ချောင်းနဲ့ဆုံးမတာ လက်လွန်ပြီး ထောင်ကျသွားပါလေရော(ဘယ်လိုဆုံးမလဲတော့ကွကိုသာကြည့်တော့ :3)…သူ့သားလေးထောင်ထဲမယ် အနှိပ်စက်ခံရမှာစိုးတဲ့ သားဇောနဲ့ ဆန်ဟွန်းရဲ့အမေလည်း ထောင်ထဲမှာရှိနှင့်နေတဲ့ ငယ်သူငယ်ချင်း(Big Boss)ကို သွားအကူအညီတောင်းရပါတော့တယ်…ဒီလိုနဲ့ ထောင်သက် ၁၇ နှစ်ရှိနေတဲ့ Big Boss ဂျွန်ဆုတ်နဲ့ ဆန်ဟွန်း ထောင်ထဲမှာ ရင်းနှီးသွားပါတယ်…Big Bossဟာလည်း သူ မကျူးလွန်ပေမယ့် အကြောင်းတစ်ခုကြောင့် ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘူဆန်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ…ဆန်ဟွန်းနဲ့ Big Bossထောင်က ရှေ့ဆင့်နောက်ဆင့်လွတ်အပြီးမှာတော့ Big Bossဟာ သူမရှိတဲ့ ၁၇နှစ်အတွင်း အလုယူခံလိုက်ရတဲ့ ဘူဆန်ဂိုဏ်းကို ပြန်အုပ်စိုးဖို့ ဆန်ဟွန်းနဲ့ပူးပေါင်းလိုက်ပါတယ်…ကိုယ့် လူဆိုးဂိုဏ်းကိုယ် ပြန်လုကြမယ်ပေါ့…အားကြိုးမာန်တက် လူစုနေကြတုန်းမှာပဲ…Big Bossဟာ ဆန်ဟွန်းအဖေကိုသတ်ဖို့ ...
movie
Friend 2 (2013)
2013
7.4
Friend (2001)
ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ...သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်....ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး...ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်....ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့....CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်....ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း File Size : (950 ...
movie
Friend (2001)
2001
7.9
Joint Security Area
ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့ အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့) ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင် သာတဲ့ဘက်က စစ်သည်တွေက "ပြေးကြပါတော့ယောက်ဖတို့ရာ"ဆိုပြီးမျက်ရည်တောင် ကျခဲ့ကြပါသတဲ့ အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ...... ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက် ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို မလေးစားပဲမနေနိုင်ပါဘူး ၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ Quality…..BluRay 1080p Duration…..01:50:00 Format…Mp4 File Size…(779 MB, 532 MB , 310 MB) Translator…..မြန်မာကြီး Encoder…..Moe Myint Lwin
movie
Joint Security Area
2000