Channel Myanmar

Diego Luna

Rogue One: A Star Wars Story (2016) 8.1
Rogue One: A Star Wars Story (2016) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Rogue One: A Star Wars Story (2016)

2016
4K HEVC
The Terminal (2004) 7.4
The Terminal (2004) ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie

The Terminal (2004)

2004
4K HEVC
[18+] Y Tu Mamá También (2001) 7.7
[18+] Y Tu Mamá También (2001) Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie

[18+] Y Tu Mamá También (2001)

2001
DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie

DC League of Super-Pets (2022)

Wander Darkly (2020) 5.9
Wander Darkly (2020) Wander Darkly (2020)=================IMDb Rating - 5.9/10 အိမ်ထောင်တစ်ခု တစ်အိုးတစ်အိမ် ထူထောင်ဖို့ဆိုတာ အချစ်တစ်ခုတည်းနဲ့ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး.....တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု၊ နားလည်မှု၊ အပေးအယူညီမျှမှသာလျှင် အဆင်ပြေချောမွေ့နိုင်မှာပါ.......ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ Adrienne နဲ့ Matteo တို့ စုံတွဲတစ်တွဲရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ......ဇာတ်လမ်းကတော့ Adrienne နဲ့ Matteo တို့ဟာ စိတ်တူကိုယ်တူမရှိ၊ တစ်ယောက်ကို တစ်ယောက် သံသယတွေနဲ့ အမြဲတစ်ကျပ်ကျပ် ရန်ဖြစ်နေကြတဲ့အတွဲပါပဲ.....သူတို့မှာ သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်ရက် ညဘက်အပြင်ထွက်ကြရင်း ယာဥ်တိုက်မှုတစ်ခုဖြစ်ကာ Adrienne ကသူ့ကိုယ်သူ သေသွားပြီလို့ ထင်မှတ်ပြီး Trauma ရသွားပါတော့တယ်။အဲ့ထိအချိန်မှာ Matteo က Adrienne နေပြန်ကောင်းလာဖို့အတွက် အတိတ်ကအကြောင်းတွေကို ပြန်ပြောပြရင်း သူတို့နှစ်ယောက်ဘာတွေ ဆက်ဖြစ်ကြမလဲ.....Adrienne ကရော တကယ်သေသွားတာလား Matteo တစ်ယောက် Adrienneနေပြန်ကောင်းလာအောင် ကူညီနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်အပြည့်နဲ့ ...
movie

Wander Darkly (2020)

2020
The Book of Life (2014)
The Book of Life (2014) တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့... ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of ...
movie

The Book of Life (2014)

2014
A Rainy Day in New York (2019) 6.9
A Rainy Day in New York (2019) unicodeဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက်နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်းအပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ဒါပေမယ့် ဟိုရောက်တော့အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ပေါက်ကရအလွဲတွေကြုံပြီး၊ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ဇာတ်လမ်းလေးကလှပါတယ်။ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ကြိုက်ကြမှာပါ။File Size : ( 868 MB , 299 MB )Quality :  Web-DL 720pRunning Time : 1 hr 32 minFormat ...
movie

A Rainy Day in New York (2019)

2019
Flatliners (2017) 5.0
Flatliners (2017) ၁၉၉၀ ပြည့်နှစ်တုန်းက နာမည်တူအတိုင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားရဲ့အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီးဘယ်သူမှမလုပ်ဖူးတဲ့ စမ်းသပ်မှုမျိုးလုပ်ခဲ့တဲ့ ဆေးကျောင်းသားငါးယောက်ကြုံရတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။နယ်လ်ဆင်ရိုက်ဆိုသူရဲ့ အသက်နဲ့ရင်းပြီး လုပ်ဆောင်ခဲ့တဲ့ တုန်လှုပ်ချောက်ချားဖွယ်ရာ စမ်းသပ်မှုပြီးဆုံးခဲ့မှု ၂၈ နှစ်ကြာအပြီးမှာတော့ အလားတူစမ်းသပ်မှုမျိုးကို ဒေါက်တာကော်တနေဟုမ်းဦးဆောင်တဲ့ ဆေးကျောင်းသား အဖွဲ့တစ်ဖွဲ့က တိတ်တဆိတ် လုပ်ဆောင်ခဲ့ပါတယ်။ အသက်နဲ့ရင်းရတဲ့ သူတို့ရဲ့စမ်းသပ်မှုက သေသွားပြီးနောက်မှာ ဘာဖြစ်သလဲဆိုတဲ့ အဖြေအတွက် လုပ်ဆောင်တာဖြစ်ပြီး နှလုံးခုန်တာကို ခေတ္တရပ်အောင်လုပ်ပြီး သိမြင်ကြုံတွေ့ရတာတွေကို သုတေသနလုပ်ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ ဒေါက်တာကော်တနေအပါဝင် ဆေးကျောင်းသား တွေဟာ တစ်ယောက်တစ်လှည့်စီ နှလုံးခုန်ရပ်အောင်လုပ်ပြီး အန္တရာယ်ရှိတဲ့စမ်းသပ်မှုမျိုးကို လုပ် ဆောင်ခဲ့ကြပါတယ်။အဲဒီလို စမ်းသပ်ရင်းနဲ့ စိတ်တွေဟိုရောက်ဒီရောက်ဖြစ်ပြီး လက်ရှိဖြစ်နေသလိုလို၊ တမလွန်အခြေအနေမှာဖြစ် နေသလိုလိုနဲ့ ထိတ်လန့်စရာ အခြေအနေတွေနဲ့ ကြုံရပါတော့ တယ်။ လက်ရှိ အခြေအနေမှာကိုဆန်းကြယ်တဲ့ ခြောက်လှန့်မှုတွေက တစ်ဦးချင်းစီကို ဒုက္ခလှလှပေး တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အယ်လန်ပေ့ခ်ျ၊ ဒီဂိုလူနာ၊ နီနာဒိုဘရက်ဗ်၊ဂျိမ်းစ်နော်တန်၊ ကီရာဆေးကလီ ...
movie

Flatliners (2017)

2017