Channel Myanmar

Anupam Kher

M.S. Dhoni: The Untold Story (2016) 8
M.S. Dhoni: The Untold Story (2016) MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie

M.S. Dhoni: The Untold Story (2016)

2016
The Vaccine War (2023) 7.6
The Vaccine War (2023) The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Vaccine War (2023)

2023
Ghost (2023) 8.5
Ghost (2023) Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie

Ghost (2023)

2023
Tiger Nageswara Rao (2023) 6.9
Tiger Nageswara Rao (2023) Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး)ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ်ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်….. သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ….ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Tiger Nageswara Rao (2023)

2023
Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023
Shiv Shastri Balboa (2023) 6.7
Shiv Shastri Balboa (2023) Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Dramaမင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL
movie

Shiv Shastri Balboa (2023)

IB 71 (2023) 8.4
IB 71 (2023) IB 71(2023)လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle ...
movie

IB 71 (2023)

2023
Uunchai (2022) 7.7
Uunchai (2022) Uunchai ( 2022 ) IMDb 7.7/10အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့‌ ရုံတင်‌၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / ...
movie

Uunchai (2022)

2022
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL
The Kashmir Files (2022) 8.3
The Kashmir Files (2022) ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး  ဇာတ်လမ်းအကျဉ်း ===================ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။အညွှန်း Lwin Htoo Aung   File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J  
movie

The Kashmir Files (2022)

Dilwale Dulhania Le Jayenge (1995) 8.1
Dilwale Dulhania Le Jayenge (1995) IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie

Dilwale Dulhania Le Jayenge (1995)

1995
Veer-Zaara (2004) 7.9
Veer-Zaara (2004)   IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie

Veer-Zaara (2004)

2004
HEVC 1080p 5.1
Happy New Year (2014) 5.1
Happy New Year (2014) Happy New Year !!!!အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ...
movie

Happy New Year (2014)

2014
HEVC 1080p 5.1
Hotel Mumbai (2019) 7.8
Hotel Mumbai (2019) Hotel Mumbai(2018) Drama/Thriller IMDb - 7.8/10Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ...ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size ...
movie

Hotel Mumbai (2019)

2018
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်​လမ်းအကျဉ်းက​တော့ သမာသမတ်​ကျတဲ့ ရဲအရာရှိ ဘာဂျီရို ဆင်းဂမ်​ရဲ့ နိုင်​ငံ​ရေးအ​ကောက်​ကြံတဲ့ လူ​တွေကို ​ခြေမှုန်းတဲ့အ​ကြောင်းပါပဲ အသိဉာဏ်​နည်းပြီး အယူသီးသူ​တွေရဲ့ ကိုးကွယ်​မှု​ကြောင့်​ အင်​အားကြီး​နေတဲ့ ဘိုး​တော်​လိုလို ဘာ​လိုလို ဘာဘာကြီးဆိုသူဟာ နိုင်​ငံ​ရေးပါတီတစ်​ခုက ​ခေါင်း​ဆောင်​တစ်​​ယောက်​နဲ့​ပေါင်းပြီး ​ရွေး​ကောက်​ပွဲအနိုင်​ရဖို့ ပိုက်​ဆံသုံးပြီး ဆင်းရဲတဲ့ပြည်​သူ​တွေဆီက မဲ​တွေဝယ်​ယူဖို့ကြိုးစားကြပါတယ်​ ဒီလိုနဲ့မထင်​မှတ်​တဲ့ ကိစ္စတစ်​ခု​ကြောင့်​ သူတို့လုပ်​ရပ်​​တွေ ​ပေါ်မလိုဖြစ်​သွားတဲ့ အခါမှာ​တော့ ​သူတို့သရုပ်​မှန်​ကို ဖုံးကွယ်​ဖို့ အကြမ်းဖက်​ပြီး​တော့​ရော နိုင်​ငံ​ရေးလှည့်​ကွက်​မျိုးစုံနဲ့ ပါ ကြိုးစားကြပါ​တော့တယ်​ ဒီကိစ္စ​တွေရဲ့​နောက်​ကွယ်​မှာ သူတို့ရှိတာသိ​ပေမယ့်​ သက်​​သေမရှိလို့ ဖမ်းမရပဲ ဖြစ်​​နေခဲ့ပါတယ်​ ဆင်းဂမ်​က သူတို့ကို ဘယ်​လို အဆုံးသတ်​​ပေးမလဲဆိုတာ​တော့ ဒီဇာတ်​ကားထဲမှာ ကြည့်​ရှုသွားရမှာပါ ....................................................... ဆင်းဂမ်​က တရားဥပ​ဒေကို လက်​တစ်​လုံးခြားလုပ်​ပြီး ဥပ​ဒေရအပြစ်​​ပေးလို့မရတဲ့သူ​တွေကို ဘယ်​လိုဘယ်​နည်းနဲ့ အပြစ်​​ပေးလည်းဆိုတာ​တော့ ပထမကားကြည့်​ပြီးတဲ့သူ​တွေသိပြီးသားဖြစ်​မှာပါ ဒုတိယကားမှာလည်း ပထမကားထက်​ ပိုမိုက်​တဲ့ပုံစံ​တွေနဲ့ ဥပ​ဒေအရ ထိလို့မရတဲ့ လူဆိုး​တွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ်
movie

Singham Returns (2014)

2014
Love Sonia (2018) 7.1
Love Sonia (2018) ( 18+ လို့ခေါင်းစဉ်တပ်ထားတိုင်း အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့ Age Rating အရဆို Adult Only ဆိုတော့ အရွယ်ရောက်ပြီးသူတိုင်း ကြည့်ရှု့လို့ရပါတယ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်အသာပေးအခန်းတွေပါတာကြောင့် ကလေးသူငယ်တွေ၊ မိသားစုနဲ့ကြည့်ရှု့ဖို့ အဆင်မပြေပါဘူး)========================================ဟောဒီလောကမှာ အကျိုးအမြတ်နဲ့ အရှုံးဟာ ဆန့်ကျင်ဘက်ဆိုပေမယ့် အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ်ဒီတော့ အမြတ်ရဖို့ဆိုရင် အရင်းအနှီးရှိရပါတယ်၊ ရင်နှီးနိုင်လျှက်ရှုံးရသည်က တကဏ္ဌပါမရင်းနှီးနိုင်ရင်တော့ အကျိုးမြတ်မရနိုင်တာ လုံးဝအသေချာပါပဲဒီတော့ ရင်းနှီးဖို့ဘာလိုလာမလဲဆို ပိုင်ဆိုင်မှုလိုလာပါမယ်ပိုင်ဆိုင်မှုမရှိရင် အရင်းအနှီးဟာ အကြွေးဘက်ကို ဦးတည်သွားတတ်လေတယ်ဒီခေတ်မှာ မရင်းနှီးနိုင်လို့ ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့ အကြွေးတင်နေကြတာအများကြီးပါအသိပညာချို့တဲ့ပြီး ဆင်းရဲချွတ်ခြုံကျနေတဲ့ မိသားစုတွေမှာ အရင်းအနှီးဆိုတာ ဘာဖြစ်လေမလဲ ...၉၀ ရာခိုင်းနှုန်းကတော့ သူတို့သားသမီးပါပဲသားသမီးကို ကိုယ့်ပိုင်ဆိုင်မှု တစ်ခုလို့ယူဆပြီး အဲ့ဒီအပေါ်မှာ ရင်းနှီးလိုက်ကြပေမယ့် အကျိုးအမြတ်မရမယ့်အပြင် ဆုံးရှုံးသွားတာ ဒုနဲ့ဒေးပါတောရွာတွေမှာဆို ပညာသင်ရမယ့် အရွယ်ရောက်နေပေမယ့် လယ်ထဲဆင်းနေရတာ၊ မအေနဲ့ဈေးအတူရောင်းနေရတာတွေကိုယ့်အောက်က အငယ်ကိုထိန်းကျောင်းနေရတာတွေ မနည်းလှပါဘူးနောက်ဆုံး အဆင်မပြေမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုက ဒီသားသမီးကို ရရာအလုပ်ခိုင်းတော့တာပါပဲ ...အခုဇာတ်ကားလေးကလည်း ...
movie

Love Sonia (2018)

2018
Wake Up Sid(2009) 7.6
Wake Up Sid(2009) Wake Up Sid(2009). IMDb...7.6 သူနာမည်က ဆစ်ဒ်...ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ...လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား.....ရနံတွေ လွမ်းခြုံချင်သလား...ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်...သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘ၀ရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ...ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့... အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ...ဘ၀ရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို  ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်.. သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ.. .ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်...ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် ...သိတယ်မဟုတ်လား ပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက  ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ....ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : (1000 MB) and (422 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie

Wake Up Sid(2009)

2009
Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
movie

Special 26 (2013)

2013
Desi Boyz (2011) 5.9
Desi Boyz (2011) ဒီကားလေးကတော့ Bollywood ကားတွေထဲမှာ Old But Gold လို့ ပြောလို့ရတဲ့အထိကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းကတော့ နစ်နဲ့ဂျယ်ရီဆိုတဲ့ အလွန်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်.. သူတို့ဟာ တစ်အိမ်ထဲမှာအတူတူနေကြပြီးတော့ တစ်ယောက်ကိုအလုပ်တစ်ခုစီနဲ့အောင်မြင်အောင်ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်.. နစ်ကတော့ စီးပွားရေးဘွဲ့တစ်ခုရပြီးတော့ အထက်တန်းကျကျအလုပ်တစ်ခုမှာ အလုပ်လုပ်နေပါတယ်... ရိုးသားတဲ့ ဂျယ်ရီတစ်ယောက်ကတော့ ကြုံရာကျပန်းလုပ်တဲ့သူဖြစ်ပြီးတော့ ကျောင်းပြီးအောင်ဆက်မတက်တော့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.... သူတို့နှစ်ယောက်စလုံးရဲ့ဘ၀တွေဟာ အလုပ်တွေရှိစဉ်အချိန်က တောက်တောက်ပြောင်ပြောင် ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ကံဆိုးစွာနဲ့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အခြေနေမှာတော့ နှစ်ယောက်စလုံးအကျပ်ရိုက်ကုန်ကြပါတော့တယ်... နစ်လည်းသူ့ကောင်မလေးကို မင်္ဂလာဆောင်ဖို့တောင်အနိုင်နိုင်ဖြစ်သွားခဲ့ရပြီး ဂျယ်ရီတစ်ယောက်မှာလည်း သူအရမ်းချစ်ရတဲ့ကလေးလေးကို  ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့် အခြေနေကိုရောက်လာပါတော့တယ်... ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် လက်တစ်စုံဟာကျရောက်လာပါတယ်... ဒါကတော့ Desi Boyz ပိုင်ရှင်ဟာ သူတို့ရဲ့ တောင့်တင်းလှတဲ့ ကိုယ်အရွယ်အစားတွေကိုမျက်စိကျသွားတာကြောင့်ပါ.... Desi Boyz ဆိုတဲ့ အသုံးအနှုန်းကိုနားမလည်သူတွေအတွက် ပြောပြပါရစေ.. Desi Boyz ဆိုတာ ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေကအလိုဆန္ဒရှိတဲ့ အမျိုးသမီးတွေအတွက် Personal Privacy လုံခြုံမှု့ရှိတဲ့ဖျော်ဖြေရေး ၀န်ဆောင်မှု့ဖြစ်ပါတယ်...(18+ လုံးဝမပါပါ....) ဒီလိုမိန်းကလေးတွေနဲ့ပျော်ပါးနေရတဲ့ အလုပ်ကို နစ်ရဲ့ကောင်မလေးသိသွားတဲ့အခါ ပြသနာတွေ အကုန်စလာပါတော့တယ်.... Bollywood ကားတွေရဲ့ထုံးစံအတိုင်း သီချင်းတွေကတော့ တကယ်ကိုအမိုက်စားတွေပါ... ခဏခဏပြန်နားထောင်ရတဲ့အထိကိုကောင်းလွန်းပါတယ်... မိသားစုနဲ့အတူတူ ရယ်မောရင်းနဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်ဆိုရင်တော့ ဒီကားလေးကို ညွှန်းပါရစေ... အားလုံးကြိုက်နှစ်သက်ကြမယ့် ကားကောင်လေးတစ်ကားဖြစ်ပါတယ်.... File Size : (871 MB)  Quality : BluRay 720p Running Time : 2hr 02min Format : ...
movie

Desi Boyz (2011)

2011
Aiyaary (2018) 5.8
Aiyaary (2018) ဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့.....။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ) File Size : (1.2 GB) and (500 MB) Quality : DBDRip 720p Running ...
movie

Aiyaary (2018)

2018