Channel Myanmar

50 Cent

Morning Glory (2010) 6.5
Morning Glory (2010) Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie

Morning Glory (2010)

2022
LA Originals (2020) 7.3
LA Originals (2020) နယူးယောက်မှာ မစ္စတာ ကာတွန်းနဲ့ အက်စတီဗင် ဆိုတဲ့ မက္ကဆီကန်နွယ်ဖွား ဘဲနှစ်ယောက်ရှိတယ်မစ္စတာ ကာတွန်းက တက်တူးထိုးတယ် ပန်းချီဆွဲတယ် အက်စ်တီဗင်က ဓာတ်ပုံရိုက်တယ်Snoop Dogg တို့ Eminem တို့လို နာမည်ကြီးတွေကို တက်တူးထိုးပေးတဲ့ တက်တူးဆရာ သူကအစကကားဆေးမှုတ်တာကနေ ဒီဇိုင်းဆွဲတဲ့ဖက်ကနေ တက်တူးဖက်ရောက်လာတယ်သူတက်တူးထိုးတာတွေကို အက်စတီဗင်က မှတ်တမ်းတင်တယ်အက်စတီဗင်က ဓာတ်ပုံဆရာအပြင် Eminem တို့လိုနာမည်ကြီးတွေရဲ့ မြူးဇစ် ဗီဒီယိုတွေကိုလည်း ဒါရို်က်တာလုပ်တယ်Netflix က ပြတဲ့ ဒီ မှတ်တမ်းရုပ်ရှင်ဟာ သူတို့နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတာပါဒီထဲမှာ သူတို့ဟာ လော့အိန်ဂျယ်လိစ်က ဂရပ်ဖီတီ ယဉ်ကျေးမှုတွေလိုးရိုက်ဒါ ယဉ်ကျေးမှုတွေမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့ကြတယ်ဆိုတာတွေနဲ့ အယ်လ်အေက အောက်ခြေဘဝတွေ အထက်တန်းစားဘဝတွေဂိုဏ်းစတားလောကတွေ နဲ့ ဟစ်ဟော့ ယဉ်ကျေးမှုတွေကို မြင်ရမှာဖြစ်ပါတယ်တစ်ခုကျန်ခဲ့သေးတယ် ကားသူခိုးလို့သိကြတဲ့ GTA ဂိမ်းက သူတို့ ဒီဇိုင်းဆွဲထားတာပါIMDb - 7.3 နဲ့ Rotten tomatoes က ...
movie

LA Originals (2020)

2020
Escape Plan: The Extractors (2019) 4.4
Escape Plan: The Extractors (2019) Escape Plan: The Extractors (2019)    1080p BluRay 5.1 Ch Quality နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တွေ ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား Escape Plan: The Extractors (2019) ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ။  1080p ...
movie

Escape Plan: The Extractors (2019)

2019
Southpaw (2015) 7.4
Southpaw (2015) Southpaw(2015) ================== Southpaw လို့ကြားလိုက်တာနဲ့ သေချာတယ် ခင်ဗျားတို့ တန်းခွီကြမှာဒါပေမယ့်...အရင်ကြည့်ကြည့်ပါအခွီမစောပါနဲ့ဒီ Southpaw ဆိုတဲ့လက်ဝှေ့ကားမှာ ခင်ဗျားတို့မထင်မှှတ်ထားတဲ့ ဘဝတွေ မမျှော်လင့်ထားတဲ့ စွဲဆောင်အားတွေ တိမ်မြုပ်နေပါတယ် ။ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့...ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲ့လိိုထိုး သတ်တာကိုမကြိုက်ဘူး ။တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်...ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ...ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း '' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း 'ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ ...
movie

Southpaw (2015)

2015
Escape Plan 2: Hades (2018) 3.8
Escape Plan 2: Hades (2018) Escape Plan 2: Hades (2018)ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ==========Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ...
movie

Escape Plan 2: Hades (2018)

2018
Den of Thieves (2018) 7.0
Den of Thieves (2018) Den of Thieves (2018) IMDb - 7.0/10_____Rotten - 41%   အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး ...
movie

Den of Thieves (2018)

2018