Channel Myanmar

Shivaay (2016)

Shivaay    

NOT RATED 169 min ActionAdventureBollywoodDrama

6.7
IMDB: 6.7/10 6,386 votes

, , ,

1 win & 1 nomination.

India

1192103

Report error

အိန္ဒိယ နိုင်ငံမှာ ၀င်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
တောင်တက်လမ်းပြအဖြစ် တစ်ဘ၀လုံး နှစ်မြုပ်ထားတဲ့ ရှီဗား …သူ့ဘ၀ကတောင်တက်သမားတွေကို
လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် …တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို
တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကို
အချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်… ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်
ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့
လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် …ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ
ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့
မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ
မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ  သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ်
တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး
သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်..
တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ်ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်..
အဲ့ဒီမှာ သံရုံးကိုလည်းအားကိုးလို့မရ ဘူဂေးရီးယားရဲကိုလည်းအားကိုးလို့မရ ဖြစ်လာတဲ့အခါမှာတော့ တောင်တက်သမားကြီးဟာသူ့သမီးလေးအတွက် ဘယ်လိုဆက်လှုပ်ရှားမလဲ …လူ့ခန္ဓာကိုယ်အစိတ်အပိုင်း
တွေ ယူပြီးရောင်းတဲ့ ပြန်ပေးဆွဲဂိုဏ်းရယ် ..သံသယတရားခံဖြစ်နေတဲ့ရဲတွေကြားဘယ်လိုရင်ဆိုင်မလဲ ဆိုတာတော့
ပရိတ်သတ်ကြီး ဆက်လက်ကြည့်လိုက်ပါဦး……။

မင်းသားကြီးAjay Devgn ကိုတော့ အားလုံးသိပြီးသားနေမှာပါ ..ရုပ်ကြမ်းကြီးနဲ့ သရုပ်ဆောင် အရမ်းကောင်းတဲ့သူပါ..အခုကားက သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့အပြင် ပါဝင်အားဖြည့်ထားတဲ့ကလေးသရုပ်ဆောင် ရဲ့ သရုပ်ဆောင်ပိုင်နိုင်ချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားလို့ပဲပြောလိုက်ပါရစေတော့ဗျာ ။
နောက်တစ်ခုက နှင်းတွေဖွေးဖွေးနဲ့ တောင်တွေရဲ့ အလှ
ရိုက်ကွင်းတွေက ခန်းနားလွန်းပါတယ် သီချင်းတွေဆိုရင်လည်း cutting လုပ်ပြီး သိမ်းတောင်ထားသင့်ပါတယ် ။
စကားမစပ် …ဘူဂေးရီးယားသူလေး အဖြစ်သရုပ်ဆောင်တဲ့ ပိုလန်သူ ခေးလေး Erika Kaar ကိုလဲ သဘောတွေ့ဖို့ရှိနေကြောင်းပါ။

(Nyi Than Lwin မှခံစားတင်ဆက်ထားတာပါ။)

 

File size…(1.1GB)
Quality…HD-Rip 720p
Format…mp4
Duration….02:49:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies