Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2017
5.1
Allure (2017)
Allure (2017) ==========လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့ သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာ သန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့် သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလို အယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီး အချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေက စွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရ မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (452 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie
Allure (2017)
2017
7.4
War for the Planet of the Apes (2017)
War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94% အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie
War for the Planet of the Apes (2017)
2017
4K HEVC
8.0
The Greatest Showman (2017)
The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie
The Greatest Showman (2017)
2017
4K HEVC
4.6
Half Girlfriend (2017)
Half Girlfriend(2017)(သူငယ်ချင်းချစ်သူ)မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ...။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Half Girlfriend (2017)
2017
6.0
68 Kill (2017)
68 Kill (2017) IMDb-6/10Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့ သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီး ချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီး သွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီး လိုက်သတ်တဲ့အခါမှာတော့...။အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…1.2GB / 580MB Quality…1080p BluRay / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie
68 Kill (2017)
2017
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
5.8
Room No.7 (2017)
Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie
Room No.7 (2017)
2017
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
6.5
Terrified (2017)
ဒီကားလေးကတော့ စပိန် horror ကားလေးဖြစ်ပြီးတော့horror ချစ်သူတွေတော်တော်အကြိုက်တွေ့စေမှာပါ။စပိန်ကားတစ်ကားအနေနဲ့ IMDB 6.5 တောင်ရထားလို့ ခေတော့မခေဘူးဗျ။ဇာတ်လမ်း ဇာတ်အိမ်ကလဲစိတ်ဝင်စားဖို့ကောင်းသလိုကြောက်ဖို့လဲတော်တော်ကောင်းပါတယ်။ ဇာတ်လမ်းကသာမာန်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတဲ့ရပ်ကွက်တစ်ခုကိုသဘာဝလွန်ဖြစ်ရပ်တွေကိုအဓိကထားပြီးလေ့လာတဲ့ဒေါက်တာတစ်ဦးရယ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရဲအရာရှိတစ်ယောက်အတူတူစုံစမ်းစစ်ဆေးရင်းနဲ့ ဘာဖြစ်လို့ ဒီရပ်ကွက်မှာ ဒီလိုတွေဖြစ်နေရတာလဲ ဘာတွေကြုံတွေ့ရအုံးမလဲဆိုတာကို စောင်ကိုက်ရင်းစိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုတွေ၊ Jump scare တွေအများကြီးပါလို့ကလေးသူငယ်များနဲ့အသဲငယ်တတ်သူများမကြည့်ရင်ကောင်းပါတယ်ဗျ (ကျွန်တော်တော့ဘာသာပြန်ပြီး တစ်ညလောက်အိပ်မပျော်ဘူးဖြစ်သွားတယ်)။ဘာပဲဖြစ်ဖြစ်ပါ horror တွေ slasher တွေကြိုက်တတ်ရင် လက်မလွှတ်သင့်တဲ့ကားမျိုးဖြစ်လို့ မြည်းစမ်းကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ်ခင်ဗျာ။ File size… 1.34 GB / 473 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
Terrified (2017)
2017
6.1
Jigsaw (2017) Saw 8
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Jigsaw (2017) Saw 8
2017
6.9
Annabelle: Creation (2017)
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie
Annabelle: Creation (2017)
2017
4K HEVC
5.3
Danur (2017)
Danur (2017)ဒီတစ်ခေါက်ကိုတော့ ''Danur : I can See Ghosts ''ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါ တစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ် အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူး Risa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ် Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲ သူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 815MB | 392MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Danur (2017)
2017
5.8
The Little Hours (2017)
The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie
The Little Hours (2017)
2017
6.3
Marjorie Prime (2017)
ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.5 GB / 569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Marjorie Prime (2017)
2017
5.5
The Butterfly Tree (2017)
လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲကသိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်နိုင်တာပဲလေ။ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာသူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အမေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်ကလိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီးကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါလိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာအဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 1.4 GB / 619 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Drama Subtitle…. Myanmar Subtitle (Hard ...
movie
The Butterfly Tree (2017)
2017
5.8
Ravenous (2017)
Ravenous (2017)~ IMDb - 5.8/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်နေရတဲ့ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား... ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား... ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။Cinematography ကလည်း အရမ်းကိုလှပပြီး ...
movie
Ravenous (2017)
2017
6.4
Beach Rats (2017)
Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့်သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီးအိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာအသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့်ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ဒီဇာတ်ကားဟာ ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာသူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်းကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size… 2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
Beach Rats (2017)
2017
6.6
Darkland (2017)
Darkland (2017)~ IMDb - 6.6/10, Rotten Tomatoes - 56% ~ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ "ရာဇင်း" ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Darkland (2017)
2017
7.1
Die Tomorrow (2017)
Die Tomorrow (2017)အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို ...၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို....၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို...၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။လူတွေက ...
movie
Die Tomorrow (2017)
2017
7.6
Baby Driver (2017)
Baby Driver (2017)IMDb Rating (7.6) / Rotten Tomatoes (92%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ...
movie
Baby Driver (2017)
2017
4K HEVC
1
2
3
4
Last
Previous
Next