Channel Myanmar

2016

Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Suicide Squad (2016)

2016
4K HEVC
Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Befikre (2016) 4.1
Befikre (2016) Befikre (2016) =================== "ပါရီမြိုကို သက်သေတည်"CM ပရိသတ်ကြီးအတွက် ချိုမြိန်ပြီး ချစ်ဖိုကောင်းတဲ့ ၂၀၁၆ က ဟင်ဒီရိုမန့်ဇာတ်လမ်းအဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ်သရုပ်တောင် အချောအလှတွေတင်မက အရောင်အသွေးစုံလင်တဲ့ ပဲရစ်မြိုကြီးကို နောက်ခံထားပြီး ရိုက်ထားတာဆိုတော့ ရိုမန့်တစ်မဆန်မှာတော့ မပူနဲ့ကမ္ဘာ့ပေါ်မှာ ရိုမန့်တစ်အဆန်ဆုံး မြိုလေးအဖြစ် ပဲရစ်မြိုလေးကို သတ်မှတ်ထားကြတာ အားလုံးသိမှာပါ ရမ္မက်ပြင်းတဲ့ french kiss ဆိုတဲ့ သမုတ်ချက်တွေလည်း ရှိတဲ့အပြင် သော့ခလောက်တွေ တံတားဘောင်မှာ အစုလိုက်အပြုံလိုက် ခတ်ပြီး ချစ်သက်သေတည်တယ်ဆိုတာတွေလည်း ကြားဖူးမှာပါဇာတ်လမ်းလေးကတော့ အတော်လေးရိုးရှင်းပါတယ် အိန္ဒိယဖွား ရယ်ရယ်မောမော နေတတ်တဲ့ ဟာသပညာရှင် ဒါရမ်နဲ့ အိန္ဒိယသွေး/ပြင်သစ်သူ ဖြစ်တဲ့ တိုးဂိုက် ရှာယာတို ရိုမန့်မြိုတော် ပဲရစ်မှာ ဆုံကြတယ်ပေါ့ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ တောသားမြိုတက် ဒါရမ်တို အဝေမတည့်တာတွေ ခဏခဏ ဖြစ်ကြပေမယ့် ရန်ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက်ပါပဲဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းနေဖို ကိုယ်စီကိုယ်ငှ ဆုံးဖြတ်ကြပေမယ့် ပဲရစ်မြိုက အမှတ်တရတွေက မနေသာလို ပြန်ဆုံကြပြီး လမ်းခွဲခြင်းသော့ခလောက်ကို နှစ်ဦးသဘောတူ တိုင်တည်ကာ "သူငယ်ချင်းတွေလို" နေဖို ဆုံးဖြတ်လိုက်ပေမယ့်...တကယ်တမ်း ...
movie

Befikre (2016)

2016
Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Bad Caller (2016)
Bad Caller (2016) Bad Caller (2016)အခုဖြစ်နေတဲ့ကိစ္စတစ်ခုကို အရင်ကလဲဖြစ်ခဲ့ဖူးသလိုစိတ်ထဲမှာထင်မိကြတဲ့သူတွေရှိလား နေရာသစ်တစ်ခုကိုရောက်ရင် အရင်ကရောက်ခဲ့ဖူးသလိုမျိုး စကားတစ်ခွန်းပြောလိုက်ရင်တောင် အရင်က ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဒီလိုစကားပြောခဲ့ဖူးတဲ့ ခံစားချက်မျိုး ကြုံဖူးကြလား ဒါဆို ဒီကားလေးကိုကြည့်ကြည့်ပါဒီကားကတော့ ၂၀၁၆ မှာဒါရိုက်တာ AI Carretta ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဖြစ်ခဲ့ဖူးပြီးသားအကြောင်းအရာတစ်ခု ထပ်ဖြစ်မှာကိုမလိုလားတာကြောင့် ရှောင်လွှဲဖို့အမျိုးမျိုးကြိုးစားခဲ့ကြတဲ့အချိန်မှာ တာရန်စပရင်းဆိုတဲ့မင်းသမီးက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဘဝကနေ အရင်ဘဝကလူဝင်စားတစ်ယောက်လို့သက်မှတ်ခံရပြီး Studio တစ်ခုထဲမှာဖမ်းခံခဲ့ရတဲ့အချိန်မှာတော့ ...တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားလို့ အပြင်မှာလဲ ကိုယ့်အတွက်မထင်မှတ်တဲ့အမှားလေးက ကိုယ့်ဘဝတစ်ခုလုံးကိုတစ်ကယ်ပြောင်းလဲစေမယ် ဆိုရင် ပရိတ်သတ်ကြီးရော ဘယ်လိုနေမလဲ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ စကားများရန်ဖြစ်ရာကနေ ဇာတ်အိမ်စတည်ထားပြီးတော့ အစပိုင်းမှာ နားလည်ဖို့ခက်ပေမယ့် နောက်ပိုင်းမှာ သနားတာ ကိုယ်ချင်းစာတာတွေရောပြီးတော့ တကယ့်ကို ရင်သက်ရှုမောရမယ့်ကားလေးဖြစ်ပါတယ်ဇာတ်အိမ်ခိုင်ခိုင်မာမာလေးရှိနေတော့ ကြည့်လို့ကောင်းပါတယ် ဒါပေမယ့် ဇာတ်ကားက ဘတ်ဂျက် အရမ်းကို ချွေတာပြီး ရိုက်ထားတာမို့ အများကြီးမျှော်လင့်မထားဖို့ ကြိုတင်ပြောပြထားပါရစေ Carbon Fox ကားထဲကမင်းသမီး Freya Parson ကိုကြည့်ရတာနဲ့တင်တန်နေပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… ...
movie

Bad Caller (2016)

2016
Rogue One: A Star Wars Story (2016) 8.1
Rogue One: A Star Wars Story (2016) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Rogue One: A Star Wars Story (2016)

2016
4K HEVC
Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Headshot (2016)
Headshot (2016) Headshot (2016)အကြမ်းအရမ်းမှာ နာမည်ကြီးတဲ့ အက်ရှင်မင်းသား Iko ရဲ့ ကားဟောင်းထဲက ကားကောင်းလေး ပြန်ကြည့်ကြမယ်နော်။၆နှစ်ကနေ ၁၀နှစ်အောက် ကလေးငယ်တွေကိုပဲ ရွေးဖမ်းပြီးတော့ လက်ရွေးစင်ခိုးဆိုးလုနှိုက်တွေဖြစ်အောင် ပျိုးထောင်နေတဲ့ အကြမ်းဖက်ဖခင်ကြီးလို တင်စားခေါ်ကြတဲ့လူ၊ အဲဒီလူတည်ထောင်ထားတဲ့ဂိုဏ်းကတော့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကြားမှာတောင် အကြမ်းဆုံး အကြောက်ရဆုံးဂိုဏ်းတစ်ခုပေါ့။ ပင်လယ်ကမ်းခြေမှာ ဒဏ်ရာတွေနဲ့လဲကျနေတာကိုမြင်ပြီး ကယ်တင်ခံခဲ့ရာကနေ အိုင်လင်လို့ခေါ်တဲ့ ဆရာဝန်လေးနဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေး၊ သူ့ရဲ့ဒဏ်ရာတွေကြောင့် အတိတ်ကိုပြန်သတိမရဘဲ သူ့ကိုယ်သူ အစ်ရှ်မိုင်ယာလို့ နာမည်ပေးလိုက်ပြီးနောက် ဆရာဝန်မလေးအိုင်လင်နဲ့ ရင်းနှီးလာကြပြီး ဆရာဝန်မလေးက သူ့ခေါင်းထဲက ကျည်စတွေကို ထုတ်နိုင်ဖို့ ဂျကာတာကိုသူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့ပေမဲ့ သူ့ကိုယ်သူပြန်လည်ရှာဖွေမယ်ဆိုပြီးတော့ ရှာဖွေခဲ့ရာကနေ .... ဘယ်လိုတွေကြုံတွေ့ရမလဲ ..... အဲဒီဂိုဏ်းနဲ့ရော သူကဘယ်လိုတွေ ပတ်သတ်နေလဲ ..... ဒီကောင်လေးနဲ့ ဆရာဝန်မလေးအိုင်လင်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .... ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File size… 1.8GB ...
movie

Headshot (2016)

2016
Billy Lynn’s Long Halftime Walk (2016) 7.1
Billy Lynn’s Long Halftime Walk (2016) Billy Lynn's ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်...ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်...Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာသူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်... သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်.... ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူးဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး... အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစုသူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်... ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ...
movie

Billy Lynn’s Long Halftime Walk (2016)

2016
24 Weeks (2016) 7.2
24 Weeks (2016) 24 Weeks (2016)လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းအက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ...
movie

24 Weeks (2016)

2016
The Last Family (2016) 7.4
The Last Family (2016) ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာသူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့်နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်းလေ့လာရတာသဘောကျသူတွေကတော့သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ်လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်းသူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။  ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီးတောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီးစဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကိုခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲစတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ဘဝအကြောင်းကို နားလည်ချင်ရင်တော့ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့Jan P. Matuszyńskiဖြစ်ပါတယ်။Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။ File size…    ...
movie

The Last Family (2016)

2016
Neighbors 2: Sorority Rising (2016) 5.7
Neighbors 2: Sorority Rising (2016) Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကိုဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်‌‌ယောက်နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီးမြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ပြဿနာက အိမ်အရောင်းအဝယ်လုပ်‌နေတဲ့ကာလမှာသူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ်အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်‌ထက်နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်းတက်ဒီရဲ့ အကူအညီကိုယူပြီး ‌ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရောသူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။  File size…    1.8 GB /  966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Neighbors 2: Sorority Rising (2016)

2016
Pasukan Garuda: I Leave My Heart In Lebanon (2016) 7.1
Pasukan Garuda: I Leave My Heart In Lebanon (2016) Pasukan Garuda: I Leave My Heart in Lebanon (2016)IMDb - 7.2/10စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။ အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊ အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာက နောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေ ဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ...
movie

Pasukan Garuda: I Leave My Heart In Lebanon (2016)

2016
Hatred (2016) 7.6
Hatred (2016) Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။  ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie

Hatred (2016)

2016
Blue Jay (2016) 7.3
Blue Jay (2016) ဒီတခေါက်တင်ဆက်ပေးထားတာကတော့American Horror Story, Ocean's 8 စတဲ့ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါIMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူးဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ်အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ်အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကိုပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ်Before Sunrise လို ဇာတ်လမ်းသွားမျိုးကိုသဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်းအိမ်ကိုပြန်ပြင်ပြီး ...
movie

Blue Jay (2016)

2016
Wiener-Dog (2016) 5.9
Wiener-Dog (2016) Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie

Wiener-Dog (2016)

2016
Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
My Life as a Zucchini (2016) 7.8
My Life as a Zucchini (2016) ဒီဇာတ်ကားလေးထူးခြားပါတယ်။ကျွန်တော်စကြည့်တုန်းက ဘာမှမျှော်လင့်မထားပေမယ့်အခုတော့ ကျွန်တော်အကြိုက်ဆုံး stop motionဇာတ်ကားလို့တောင် ပြောလို့ရပါတယ် ။အားလုံး stop motion ကာတွန်းလေးတွေကြည့်ဖူးကြမယ် ထင်ပါတယ်။အများစုကတော့ Shawn The Sheepတို့လို ချစ်စရာကောင်းပြီးတော့ ရယ်ရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိမိဘမဲ့ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုပျော်စရာတမျိုး၊ ဝမ်းနည်းစရာတမျိုး၊ နွေးထွေးစရာတမျိုးရသအဖုံဖုံ မြောက်အောင် တင်ဆက်ပေးထားလို့ကျွန်တော်တော့ တော်တော် သဘောကျပါတယ်။ ဇာတ်လမ်း‌အကျဥ်းက Zucchini(ကျွန်တော်ကတော့ ဖိုးသခွားလို့ ချစ်စနိုးနဲ့ ဘာသာပြန်ထားပါတယ်ခင်ဗျာ) ဆိုတဲ့ကလေးလေးက သူ့အမေနဲ့ နှစ်ယောက်တည်းအတူနေရတာပါ။တနေ့ကျတော့ Zucchini က သူ့အမေကို မရည်ရွယ်ပဲ သတ်လိုက်သလိုဖြစ်သွားတာကြောင့် မိဘမဲ့ဂေဟာကို အပို့ခံလိုက်ရပါတယ်။အဲဒီမိဘမဲ့ဂေဟာရောက်မှ သူ့ဘဝဟာ စတာပါ။ဘဝတူကလေး အချင်းချင်းရဲ့ နားလည်မှုတွေ ချစ်ခြင်းတရားတွေယုံကြည်မှုတွေ တစ်ယောက်ယောက်တယောက်ကာကွယ်စောင့်ရှောက်ကြပုံတွေကြောင့်ကျွန်‌တော်ကြည့်နေရင်း မျက်ရည်ဝဲမိပါတယ်။ ဇာတ်ကား‌လေးကို ကြည့်ပြီးမှ ကျွန်တော့်မိဘတွေကို ပိုပြီးတန်ဖိုးထားမိပါတယ်။ IMDB အနေနဲ့ 7.8 ရထားပြီးတော့ ခရမ်းချဥ်သီး 99% တောင်ရထားတာမလို့ stop ...
movie

My Life as a Zucchini (2016)

2016
I’m a Killer (2016) 6.9
I’m a Killer (2016) I'm a Killer (2016)IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့"သွေးစုပ်ဖုတ်ကောင်" ကွင်းဆက်လူသတ်မှု ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါအသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးကစုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကိုစုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး "သွေးစုပ်ဖုတ်ကောင်"ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်းဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက်ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်းဝဇ်ကောက "သွေးစုပ်ဖုတ်ကောင်" လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…    2.7 GB /  961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

I’m a Killer (2016)

2016
United States of Love (2016) 6.1
United States of Love (2016) ၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကိုအချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်...  အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြားသွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင်ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာကသူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီးအတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူမာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်...အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလိုခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ... သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာကမီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကိုရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ...ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်.....ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီးဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ... File size…    1.6 GB /  746 MB Quality… BluRay 1080p / 720p Format… ...
movie

United States of Love (2016)

2016