Channel Myanmar
2015
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie
Furious 7 (2015) Fast and Furious 7
2015
Home (2015) 7.2
Home (2015) " အိမ် " ဆိုတာ လူသားတွေ အတွက် အနွေးထွေးဆုံးနေရာစိတ်အလုံခြုံမှု အပေးဆုံးနေရာ တစ်ခု ပေါ့ဘုဗ် တွေ အတွက်ကရော ?ဘယ်သူတွေက ဘုဗ်တွေလဲဘုဗ် တွေ ဆိုတာ အပုန်းအကောင်းဆုံးအပြေးအကောင်းဆုံး ဆိုတဲ့ ဂြိုလ်သားလေးတွေပါကမ္ဘာထက် ပိုကြီးတဲ့ ဂြိုလ် ပိုင်ဆိုင်ထားပေမဲ့ဂေါ့ဂျ် ဆိုတဲ့ ဘာမှန်းမသိတဲ့ ဂြိုလ်သားမျိုးနွယ်စုတွေကဘာမှန်းမသိ လိုက်တာ ခံနေရတဲ့ သနားစရာ ဘုဗ်လေးတွေပေါ့နောက်ဆုံးမှာတော့ ဂေါ့ဂျ်တွေ လက်ကနေ ခြေရာ ဖျောက်နိုင်ခဲ့ပြီးကပ္ပတိန်စမတ် ရဲ့ ဦးဆောင်မှု နဲ့ ကမ္ဘာမြေမှာ ပုန်းခိုဖို့ စီစဉ်နိုင်ခဲ့ပါပြီလူသားတွေကိုတော့ နေရာ သေးသေးလေး တစ်ခုမှာ စုပုံပေးလိုက်ပြီးဘုဗ် တွေက လူသားတွေ ရဲ့ နေရာကို သိမ်းပိုက်လိုက်တဲ့ အခါမှာတော့ကမ္ဘာကို ဘုဗ်ဂြိုလ်သားလေး တစ်ကောင် ဖြစ်တဲ့ အို့ ဆိုတဲ့ကောင်လေးပါ ပါလာခဲ့တာပေါ့...အို့ ကတော့ တစ်ခြားဘုဗ်တွေထက် ချွန်ထွက် ကျွံထွက်နေတဲ့ကောင်သူ့ ကို ...
movie
Home (2015)
2015
HEVC 1080p 6.1
The Witness (2015) 5.9
The Witness (2015) ဒီနေ့အတွက်တော့ တရုတ်အက်ရှင်ကားကောင်းလေးကို   တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက မှုခင်းကားလေးဆိုတော့   အက်ရှင်တင်မကပါဘူး သဲထိပ်ရင်ဖိုကြိုက်တဲ့သူတွေပါ ရင်တမမနဲ့   ကြည့်ရမှာဖြစ်ပါတယ် ဗျ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ယံမီဟာလဲ   မျက်မမြင်အဖြစ်သရုပ်ဆောင်တာ တော်တော်လေးပိုင်နိုင်တာကိုတွေ့ရပါတယ်   ဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိရှောင်ရှောင်းဟာ သူ့မောင်လေးကို   ရှာဖို့အတွက်နိုက်ကလပ်တစ်ခုကိုသွားခဲ့ပြီး သူ့မောင်လေးကို   ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ သူ့မောင်လေးက စိတ်ဆိုးပြီး ကားကို လီဗာကို နင်းရာမှ   မတော်တဆ ဖြစ်ပြီး ကားမှောက်သွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အက်စီးဒင့်ကြောင့်   မျက်လုံးကွယ်သွားခဲ့ပြီး ဌာနကနေ အနားယူခဲ့ရပါတယ် ဒီလိုနဲ့ ၃နှစ်ကြာပြီးတဲ့   အခါမှာတော့ သူ့ဌာနက စီနီယာက ပြန်လည်ဆက်သွယ်လာခဲ့ပြီး   အရင် အမှုဟောင်းရဲ့ ဆက်စပ်ချက်တွေနဲ့ ပြန်လည်ကူညီဖို့ပြောလာခဲ့ပါတယ်   ဒီလိုနဲ့ အမှုဟောင်းကြောင့်ပဲ ရှောင်ရှောင်းကို အသက်ရန်ရှာလာတဲ့ အခါမှာတော့   မျက်မမြင်ဖြစ်နေတဲ့ရှောင်ရှောင်းတယောက် ဘယ်လိုတွေများ ဆက်လက်ဖြစ်ပျက်မလဲ   ဆိုတာကိုတော့ ဆက်လက်ကြည့်ရမှာဖြစ်ပါတယ်ဗျ   (ဘာသာပြန်သူကတော့ ကျော်လင်း ဖြစ်ပါတယ်ဗျ )
movie
The Witness (2015)
2015
The Good Dinosaur (2015) 6.7
The Good Dinosaur (2015) The Good Dinosaur (2015)IMDb - 6.7/10_____Rotten - 76%    2015 လောက်က CM မှာ တင်ခဲ့ဖူးတဲ့ The Good Dinosaur ဆိုတဲ့ Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 1080P BluRay Version အဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ် ကြည်တောက်ရှင်းမှ ကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ.... ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင် မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်... ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင် ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ် ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့ အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်    အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ ...
movie
The Good Dinosaur (2015)
2015
My Brother’s Wife (2015) 6.1
My Brother’s Wife (2015) My Brother Wife 2015 ----------------------ဒရာမာကားဆိုလဲ မမှားသလို အိမ်ထောင်ရေးပညာပေးကားဆိုလဲ မမှားပါဘူး.ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်ရေးသုခ ပြည့်ပြည့်ဝဝမရတဲ့ဇိုဝီဆိုတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်းပေါ့. ဇိုဝီရဲ့ခင်ပွန်းဖြစ်တဲ့အီနာစီယိုက အဖက်ဖက်က ပြည့်စုံတဲ့ ခင်ပွန်းကောင်းဆိုပေမယ့်အကျင့်ဆိုးတစ်ခုတော့ ရှိပါတယ်. အဲ့ဒီအကျင့်က စနေနေ့ မဟုတ်ရင်သူ့မိန်းမဖြစ်တဲ့ ဇိုဝီနဲ့ လုံးဝ ချစ်ရည်လူးချင်းမရှိတာမျိုးပါ. ဇိုဝီအနေနဲ့ကြည့်တော့လဲ ၃၀ကျော်ဝန်းကျင်နဲ့အလှသွေးကြွယ်နေချိန် သွေးသားကတောင့်တမှုတွေက သိ်ပကိုမြင့်တက်နေတာပေါ့ဗျာ. အဲ့ဒါနဲ့ ငယ်ရွယ်ပြီးသန်မာတဲ့ အီနာစီယိုရဲ့မောင်ဖြစ်တဲ့သူနဲ့ မှားမိတာပေါ့. ပွင့်ပွင့်လင်းလင်းရေးရရင်ရည်ရွယ်ချက်ချက်ရှိရှိကို မှားလိုက်တာပါ. သူမရဲ့ သွေးသားဆန္ဒအပေါ် အလိုလိုက်မှုတွေသူမ ရလိုက်တဲ့ အသိတရားက ယှဉ်ကြည့်ရင်တော့ အရမ်းကွာပါတယ်. သူမမမှားသင့်တဲ့အမှားကို မှားမိပြီးနောက် ဘာတွေသိသွားရလဲဆိုတာကိုတော့ဆက်လက်ရှုစားကြပါခင်ဗျာ. တချို့ဇာတ်ဝင်ခန်းတွေဟာ လိင်ဆက်ဆံခန်းတချို့ပါတာကြောင့်အသက်၁၈နှစ်အောက်နဲ့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ် Translated and Reviewd by : Wet DreamEncoded by : YKFile SIze : 1.26 GB and ...
movie
My Brother’s Wife (2015)
2015
The Anthem of the Heart (2015) 7.4
The Anthem of the Heart (2015) Anthem of the heartNaruse Jun ဆိုတဲ့ကောင်မလေးဟာ သူအမှတ်မထင်ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေခွဲခွာသွားတာလို့ ယူဆထားပါတယ်။အဖေဖြစ်သူထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံးပေါ်လာကာ ရှေ့လျှောက်သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင်ကျိန်စာခတ်လိုက်ပါတော့တယ်။အလယ်တန်းအရွယ်ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး Sakagami နဲ့ရင်းနှီးသွားပြီး Jun ဟာ စကားမပြောနိုင်ပေမယ့် သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက် သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ်ရေးဖို့ Sakagami ကို အကူအညီတောင်းပါတော့တယ်...  Translated by :Pyi T NyeinEncoded by : YKQuality : 1080p and 720pFile Size : 1.9Gb and 1.3GbDuration : 1h 59minsOriginal Name : Kokoro ga sakebitagatterund
movie
The Anthem of the Heart (2015)
2015
Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie
Experimenter (2015)
2015
Insidious: Chapter 3 (2015) 6.1
Insidious: Chapter 3 (2015) ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာသူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ်အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက်အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်...အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာဝိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်...တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင်မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ....ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie
Insidious: Chapter 3 (2015)
2015
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie
Alice in Earnestland (2015)
2015
Assassination (2015) 7.3
Assassination (2015)   [Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Assassination (2015)
2015
The Chronicles of Evil 6.8
The Chronicles of Evil The Chronicles of Evil (2015) စုံထောက် Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီး ဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိ‌နေသူတစ်ယောက်ပါ။ ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာ ကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်း Choi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာ အလောင်းကို လာချိတ်ထားခဲ့ပါတယ်။ ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက် မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကို တိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား????? လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့ The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ မင်းသားPark Seo Joon ပါဝင်တဲ့အပြင် စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီး Ratingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Translated by : Milkeux Encoded by : August
movie
The Chronicles of Evil
2015
(18+)Tiger Woman 2015
(18+)Tiger Woman 2015 Tiger Woman 2015 ================== dsပေ့ချ်ကို အသစ်တဖန်ပြန်လည်ဖွင့်တဲ့အနေနဲ့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ သမန်းကျားမလေးကားပါပဲ. ဇာတ်လမ်း အကျဉ်းကတော့ ယောကျာ်းတွေဆို ကြောက်ရွံ့နေတတ်တဲ့ နီယာလေးကို သူငယ်ချင်းမလေးတွေက ကုသိုလ်လည်းရ ဝမ်းလည်းဝအောင် ခပ်တောင့်တောင့် ဘဲတွေကို ခေါ်ပြီး သူတို့လဲစားမယ် နီယာလေးလဲ ပျော်စေရမယ်ဆိုပြီး အပန်းဖြေစခန်း တစ်ခုဆီ ခေါ်သွားတာကနေ ဇာတ်လမ်းကစတာပါပဲ. နီယာလေးဟာ ယောကျာ်းတွေကို လွယ်လွယ်အကပ်မခံတာကြောင့် သူတို့တွေ အကြံအိုက်နေတုန်း ဒီကိုခေါ်လာတာဟာ သူ့ရဲ့ အပျိုရည်ကို ဖျက်ချင်ရုံသက်သက်ပဲဆိုတာကို နီယာလေးသိလိုက်ချိန်မှာတော့ ဝမ်းနည်းပက်လက်ဖြစ်ပြီး တောထဲကို စိတ်ရူးပေါက်ပြီး လျှောက်သွားပစ်ခဲ့ပါတယ်. တောထဲက ချောင်းတချောင်းမှာ မိန်းမတစ်ယောက် မိမွေးတိုင်း ရေချိုးနေတာကို သူမ မြင်သွားပြီး ကြည့်နေချိန်မှာ အဲ့ဒီမိန်းမက သူ့အနားကို ရောက်လာပြီး သူ့ကို လက်စားချေနိုင်အောင် ကူညီပေးခဲ့ပါတယ်. သူမ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ချင်စဖွယ် ဇာတ်ကွက်တွေနဲ့ ဆွဲဆောင်ထားပြီး နီယာ့ သူငယ်ချင်းမလေးတွေရဲ့ ဆွဲဆောင်မှုပြင်းအားကလဲ 9+ဖြစ်တာကြောင့် dsဖန်တွေ လက်မလွှတ်သင့်ကြောင်း သတင်းကောင်းပါးရင်း တင်ဆက်ပေးလိုက်ရပါတယ်. 18+ warningဖြစ်တာကြောင့် ၁၈နှစ်မပြည့်သူများကလွဲရင် လူမျိုးဘာသာမရွေးကြည့်ရှုနိုင်ပါတယ်ဗျာ.   Released: 01 Jan 2015 (5 years ago)  Genre: Thriller Adult  Countries: Thailand  Languages: Thai Translated ...
movie
(18+)Tiger Woman 2015
2015
King Naresuan 6 (2015) 5.5
King Naresuan 6 (2015) Part 6 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို   အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။   ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့   အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။   ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို   ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့   တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို   ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့   အကြောင်းပါ။   ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း   မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။   နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း   မြင်တွေ့ရမှာဖြစ်ပါတယ်။   ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို   အခြေခံပြီး ရိုက်ကူးထားတဲ့   ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။   Translator - Hazel Encoder - Thit San Khant
movie
King Naresuan 6 (2015)
2015
Port of Call 2015 6.7
Port of Call 2015 Port Of Call ပျော်ရွှင်မှုဆိုတာ ဘာလဲ ? ဝမ်းနည်းမှုဆိုတာရော? ဒီလူ့ဘဝကြီးမှာ ပျော်ဖို့ ဘာတွေပေးဆပ်ရမလဲ? ဘာတွေစွန့်စားရမလဲ ? ရှိတာလေးနဲ့ပျော်ရွှင်အောင်နေပြီး လာဘလေးသာမကြီးလာခဲ့ရင် ၁၆ စ်အရွယ် သဆုံးမှုဆိုတာဖြစ်မလာနိုင်ဘူးလို့ V ကတော့ ဘာသာပြန်နေရင်း တွးနေမိခဲ့တယ်။ တကယ်ကောင်းတဲ့ကားလေးပါ။ 18 စ်အထက် Softcore လေးတွေပါလို့ မိသားစုကြားကြည့်လို့မသင့်ပါဘူးနော်။ မာ်ဒန်ဖြစ်ချင်လွန်းတဲ့ ဝမ်ကျားမိန် တစ်ယောက် အိမ်ကလည်းအဆင်မပြေချိန် စီးပွားရေးမပြေလည်ချိန် စိတ်ထွက်ပေါက်ကိုလိုက်ရှာရင်း အပျော်မယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘဝကြီးက ခါးတယ်လို့ခံယူထားတဲ့သူ့အတွက်တော့ ပျာ်စရာကကြာရှည်မခံခဲ့ပါဘူး။ တစ်နေ့မှာ ဝတုတ်ကောင်လေးတစ်ယောက်က သူလူသတ်ခဲ့တယ်ဆိုပြီး ရဲစခန်းလာအဖမ်းခံတယ်။ အမှုကအားလုံးပိတ်သွားပြီဆိုပေမယ့် မပြီးသေးတာက ဇာတ်လိုက်ကျော်ကြီး Aron Kwok. အခုမှစတွေ့တဲ့သူကို သတ်ရအောင် ဘာတွေကများစည်းရုံးလိုက်သလဲပေါ့ နာက်ဆုံးအဆုံးသတ်မှာ ဝမ်ကျားမိန် ပာခဲ့တာကတော့ အခန်းရဲ့အပြင်ဘက်တံခါး တဲ့ အဲ့တော့ စိတ်ကိုဖွင့်ထားပါ စိတ်ရဲ့အမှောင်ဘက်ခြမ်းကနေ တိုးထွက်ခဲ့ပါတဲ့ သူကတော့ တ်ဆက်ခဲ့ပါတယ်တဲ့ ။ ။ Translator -Jo Jo Va Encoder - Thit San Khant File size-862MB Quality-720p
movie
Port of Call 2015
2015
Circle (2015) 6.0
Circle (2015) Circle (2015)==========IMDb Rating  - 6.0/10#Unicodeမဲပေးရမယ့် အချိန် ရောက်ပြီ ဆိုတော့ မဲပေးတဲ့ကားလေး ကြည့်လိုက်ကြရအောင်ဗျာ။ဘယ်လို မဲပေးကြမှာလဲ? ကိုယ့်ကို မဲပေးဖို့ လုပ်ရမှာလား? ကိုယ့်ကို မဲမပေးဖို့ လုပ်ရမှာလား?ဘယ်သူတွေအတွက် ဘယ်လို မဲဆွယ်ကြမှာလဲ?ဇာတ်လမ်းကတော့ ဒီလိုပါ။ လူအယောက် ၅၀ ဟာ အမှောင်ခန်းကြီးတစ်ခန်းမှာ နိုးလာပါတယ်။သူတို့ကို ကို စက်ဝိုင်းတစ်ခုထဲမှာ ထားပါတယ်။ ကလေး၊ လူကြီး၊ လူဖြူ၊ လူမည်း၊ ကိုယ်ဝန်ဆောင်၊အိမ်ထောင်သည်၊ အပြာကားမင်းသမီး ... စသဖြင့် ပါပါတယ်။ အဲဒီထဲကနေမှ နှစ်မိနစ်ကို တစ်ယောက်နှုန်းနဲ့ သတ်ဖို့ လူကို ရွေးရပါတယ်။ ဘယ်သူ့ကို ရွေးမယ် ဆိုတဲ့ စံကတော့ ရှိနေတဲ့ စက်ဝိုင်းထဲက လူ ၅၀နဲ့ပဲ ဆိုင်ပါတယ်။ဒီတော့ ဘယ်သူ့ကို ရွေးမယ်ဆိုတာကို မဲပေးကြတဲ့အချိန်မှာတော့ .....လူ့သဘော၊ လူ့သဘာဝတွေကို ဒီဇာတ်လမ်းထဲမှာ မြင်ရပါမယ်။ လူ့အသိုင်းအဝိုင်းရဲ့ ...
movie
Circle (2015)
2015
Bring Back the Dead (2015) 7.3
Bring Back the Dead (2015) ဘယ်သူမဆို ကိုယ်ချစ်တဲ့သူတစ်​ယောက်​ယောက်ကိုဆုံးရှုံးလိုက်ရရင် ချက်ချင်း​တော့ လက်မခံနိုင်​သေးတာ လူ့သဘာဝပါ ဒီကားမှာ​တော့ ဇာတ်​​​ဆောင်မင်းသမီး ဂျာအန်တို့လင်မယားက တစ်ဦးတည်း​သောသား​လေး​ရှောင်လဲ့ကိုတအားချစ်ရှာတယ် တစ်​နေ့သူတို့သား​လေးရုတ်တရက်ကားတိုက်ပြီးဆုံးသွားတယ် သား​သေဆုံးတာကိုလက်မခံနိုင်တဲ့မိခင်တစ်​ယောက်အ​နေနဲ့ သူ့သားဝိဥာဥ်ကိုဘယ်မှမသွား​စေချင်​တော့မလုပ်သင့်တာ​တွေလုပ်ရာက​နေ အ​ခြေအ​နေကဆိုးလာပါ​တော့တယ် စင်ကာပူသရဲကားဖြစ်တဲ့အတွက်​ပေါ​တော​တော လုံးဝမဟုတ်တာ​တော့ အာမခံပါတယ် မိခင်တစ်​ယောက်က သားကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ရယ် သားမရှိ​တော့တာကိုလက်မခံနိုင်​သေးတဲ့ခံစားချက်ရယ် နဲ့သရဲကား​ပေမယ့် jump scare လည်းအများကြီးမပါတာမို့ ကြည့်ရင်းသနားလာမိမှာ​သေချာပါတယ်   File Size -  1 gb Quality - 1080p bluray 5.1ch Subtitle -  Burmese Translator - Dolly Encoder - Thit San Khant
movie
Bring Back the Dead (2015)
2015
Kaili Blues (2015) 7.3
Kaili Blues (2015) Kaili Blues (2015)==============IMDb Rating - 7.3/10#Unicodeခိုင်လိမြို့၏ ပြာရီမှုန်ဝေခြင်းများမြို့ကြီးပေါ်ပဲမွေးမွေး မြို့လေးပေါ်ပဲမွေးမွေး ဇနပုဒ်ကလေးမှာပဲမွေးမွေး အချိန်တစ်ခုရောက်လာရင်တော့ . . .ပြန်မရတော့တဲ့ အသက်အရွယ်က ပြန်မရတော့တဲ့ အမှတ်တရတွေရှိနေတဲ့ ကိုယ့်မြို့ကလေးကို ချစ်တဲ့စိတ်ကအားလုံးရဲ့ ရင်မှာအမြစ်တွယ်နေကြမှာပါပဲ။အဆောက်အဦးအဟောင်းတွေဖြို အသစ်တွေဆောက်ကြလို့ပုံသဏ္ဍာန်တွေသာပြောင်းသွားကြပေမယ့် ကျွန်တော်တို့ရဲ့မြို့တွေမှာ ကျွန်တော်တို့ မမှတ်မိနိုင်စရာ အမှတ်တရဆိုတာမရှိပါဘူး။ အမှတ်တရဆိုတာ ရုပ်၀တ္တုတွေပေါ်မှာမှ မတည်ခဲ့ပဲကို။ ခိုင်လိမြို့ရဲ့ပြာရီမှုန်ဝေခြင်းများဟာ ကျွန်တော်တို့မြို့တွေအကြောင်းတော့မဟုတ်ဘူး။ ပိုင်ကန်ရဲ့ ဇာတိမြေ ခိုင်လိမြို့ကလေးအကြောင်း။ အပြင်လောကမှာတော့ခိုင်လိဟာ သူ့ဒေသရဲ့ မြို့‌တော်ကြီးပဲ ဒါပေမယ့် ပိုင်ကန်ရဲ့ရင်ထဲမှာတော့ သူချစ်တဲ့မြို့ကလေး သက်သက်။ သူ့မြို့ကလေးပေါ် သူချစ်တဲ့အချစ်ဟာ ကျွန်တော်တို့မြို့ကလေးကို ကျွန်တော်တို့ချစ်တဲ့အချစ်နဲ့တူတာမို့ ကျွန်တော်တို့နားလည်နိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာ ဒီမြို့ကလေးမှာ ရှိနေတဲ့လှပတဲ့အရာတွေကို အခမ်းနားဆုံးပြသွားတာဆိုလို့ အိမ်တွေဘေးကရေတံခွန်လေး‌ကလေးပဲရှိမယ်။ အလှတရားဟာ အသွင်သဏ္ဍာန်၌ မတည်ပြီကိုး။ ခိုင်လိမြိုရဲ့ ပြာရီမှုန်ဝေခြင်းများထဲ စီးမျောကြည့်ရင် ပုံရိပ်တွေ၊ ကဗျာတွေ၊ဘ၀တွေဟာ ဝေဝေဝါးဝါးပဲ စီးမျောလာကြတယ်။လူနှစ်ယောက်ပြောတဲ့ စကားတွေကြားမှာ အစကတော့ ...
movie
Kaili Blues (2015)
2015
Slow West (2015) 6.9
Slow West (2015) Slow West (2015)==============IMDb Rating - 6.9/10#Unicode2015 ခုနှစ်ကထွက်ရှိခဲ့ပြီး Rating 6.9/10 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကသရုပ်ဆောင်တွေကတော့ X-Men ပရိတ်သတ်တိုင်း အလွတ်ရအလွတ်မှတ်မိနေတဲ့ Magneto (Michael Fassbender) နဲ့ အသားမဲမဲနဲ့ nightcrawler အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kodi Smit-McPhee တို့ပဲဖြစ်ပါတယ် . Kodi ကိုတော့ လူတွေက သိပ်သတိထားမှတ်မိမယ်မထင်ပါဘူး။ဇာတ်လမ်းလေးကတော့ Jayဆိုတဲ့ ဆယ်ကျော်သက်လေးက စကော့တလန်ကနေ အမေရိကန်ကိုသူ့ရဲ့ ချစ်ရတဲ့ ကောင်မလေးကို လိုက်အရှာထွက်ခဲ့တယ်။ အဲ့မှာ Silasနဲ့ တွေ့ပြီး အကူအညီတောင်းရင်းဆက်ရှာတဲ့အခါမှ ကောင်မလေးက ဖမ်းဝရမ်းထုတ်ထားလို့ ပြေးနေတဲ့ သူဖြစ်မှန်း Silasက သိသွားတဲ့အခါ Silasတစ်ယောက် Jayနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။ Jayကလဲ သူ့ကောင်မလေးက သူထင်ထားသလို့ မဟုတ်မှန်းသိတဲ့အခါ ဘာဆက်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie
Slow West (2015)
2015
Son of Saul (2015) 7.5
movie
Son of Saul (2015)
2015