Channel Myanmar

2014

The Maze Runner (2014) 6.8
The Maze Runner (2014) The Maze Runner(2014) လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။ မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။ အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ...
6.8
IMDB: 6.8/10 360,642 votes
movie

The Maze Runner (2014)

2014
Blu-Ray 720p
Mary Kom 6.8
Mary Kom ဒီရုပ်ရှင်ကားကတော့ India လက်ဝှေ့မယ် မယ်ရီကွမ်း အကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းပါ... India နိုင်ငံရဲ့ မထင်မရှား နယ်စပ်မြို့လေးကနေ နိုင်ငံတကာ သိအောင်ထိ India နိုင်ငံကို အားကစားကနေ မြင့်တင်ပေးခဲ့တဲ့ အမ်စီ မယ်ရီကွမ်း အကြောင်း အတိုချုံးပြီး ရိုက်ကူးထားပါတယ်... သူမ ဘ၀ ငယ်ငယ်ထဲက ဘယ်လို ကြမ်းတမ်းခဲ့တယ် လက်ဝှေ့ထိုးဖို့ အတွက် မိသားစု ဘ၀ နဲ့ အလဲအလှယ်တွေ လုပ်ခဲ့ရတဲ့ အထိ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့တဲ့သူပေါ့... မယ်ရီကွမ်း အဖြစ် ဒီရုပ်ရှင်မှာ သရုပ်ဆောင်ပေးထားသူကတော့ မင်းသမီးချောလေး Priyanka Chopra ပဲ ဖြစ်ပါတယ်... ဒီ မှတ်တမ်းရုပ်ရှင်ဟာ ဆုကြီးလေးခု ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဇကာတင် စာရင်း ၁၄ ကြိမ် လောက် ပါဝင်ခဲ့ပါတယ်... ရုပ်ရှင်အစကနေ အဆုံးထိ အသက်မရှုစတမ်း ကြည့်ရှုခံစားနိုင်အောင် သီချင်းတွေက အစ ဘာသာပြန်ပေးထားပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်....    
6.8
IMDB: 6.8/10 8,584 votes
movie

Mary Kom

2014
Monsterz (2014) 5.7
Monsterz (2014) 2014 ကထွက်​ရှိထားတဲ့ ဂျပန်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက Drama နဲ့ Sci fi ကား​လေးဖြစ်​ပြီး Death Note ဇာတ်​ကားနဲ့နာမည်​ကြီးလာပြီး မြန်​မာပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်​ဆုယာ က ​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ထားတဲ့ကားဖြစ်​ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်​၀င်​​ငွေစံချိန်​​တွေချိုးထားပါ​သေးတယ်​ မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့.....   Qty - 720p HDTV Duration - 1hr 45min Gern - Drama / Sci - Fi Subtitle - Myanmar Translator - Ken Encoder - Kyaw Ye Aung
5.7
IMDB: 5.7/10 331 votes
movie

Monsterz (2014)

2014
HDTC 720p
Venus Talk (2014) 6.2
Venus Talk (2014)   ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ မမတို့ ရဲ့ ဘ၀ ဇာတ်ကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက မမ တို့ ရဲ့ သဘော သဘာဝတွေ နဲ့ သူတို့ ရဲ့ စိတ်နေသဘောထားလေးတွေကို ရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ တီဗီ ထုတ်လုပ်သူ ရှင်ဟေး  အိမ်ထောင်သည် မီယွန်း နဲ့ တခုလပ် အမေ ဟေးယောင်တို့ အသက်၄၀ အရွယ် မမကြီးတွေပါ သူတို့ဟာ သူငယ်ချင်းတွေဖြစ်ပြီးတော့ သူတို့ရဲ့ အချစ်တွေအကြောင်းကို လက်ရှိခေတ် ဆိုးလ်ရဲ့ လူမှုဘ၀ နဲ့ ချိန်ထိုးပြီး နေ့တိုင်း သုံးသပ်နေကြသူတွေပါ ဒီဟာသ အချစ်ကားက ဒါရိုက်တာ Kwon Chil ရဲ့ နော်ကဆုံးပေါ် မိန်းမတွေရဲ့ relationship အပေါ်သဘောထားလေးတွေနဲ့ လိင်ကိစ္စတွေ အပေါ်ဘယ်လိုသဘောထားတယ် ဘယ်လို လေးဆို နှစ်သက်တယ် ဆိုတာကို ဟာသလေးနှောပြီး ထိထိ မိမိ နဲ့ ရိုက်ကူးပြထားတာပါ ပညာ ယူမယ့်သူတွေကတော့ ကြည့်ကြပေါ့နော့ သိပ်အများကြီးပြောလိုက်ရင် ကြည့်တဲ့ အခါပေါ့သွားမှာစိုးလို့ သိပ်မညွှန်းတော့ပါဘူးဗျ စကားချပ် - တခါထဲ ...
6.2
IMDB: 6.2/10 102 votes
movie

Venus Talk (2014)

2014
The Grand Budapest Hotel 8.1
The Grand Budapest Hotel ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1.Best Achievement in Costume Design 2.Best Achievement in Makeup and Hairstyling 3.Best Achievement in Music Written for Motion Pictures, Original Score 4.Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ ...
8.1
IMDB: 8.1/10 571,117 votes
movie

The Grand Budapest Hotel

2014
The Best Of Me (2014) 6.7
The Best Of Me (2014)     IMDb rating 6.7 ရထားတဲ့ ဒရာမာကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါ့ရစေ ဇာတ်ကားလေးက စိတ်ကူးယဉ်ဖို့ကောင်းလွန်းတာမို့ ချစ်သူ ရီးစားရှိသူတွေသာ ကြည့်မိရင် တော်တော် ဖီးလ်မယ့် ဇာတ်ကားမျိုးလေးပါ ပြီးတော့ ဇာတ်လမ်းလေးက ငယ်စဉ်ကတည်းက ကွဲကွာခဲ့ရတဲ့ ချစ်သူ၂ယောက် နှစ်ပေါင်းများစွာကြာပြီးမှ ပြန်ဆုံတွေ့ရချိန်မှာ ကြုံတွေ့ရတာတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ် အမန်ဒါ နဲ့ ဒေါ်လ်ဆန်တို့ ၂ယောက်ဟာ သိပ်ချစ်ကြတဲ့ ချစ်သူ ၂ယောက်ဖြစ်ပြီး မိဘ နောက်ခံချင်းကတော့ မိုးနဲ့မြေပမာကွာခြား ကြပါတယ်။ ဒီလိုနဲ့ ကံတရားကြီးက သူတို့၂ယောက်ကို ရက်စက်စွာနဲ့ တကွဲတပြားဆီဖြစ်အောင်ဖန်တီးလိုက်ပြီး ကွဲကွာ ရဖို့ အကြောင်းဖန်လာတဲ့ အခါမှာတော့ ဝေးကွာခဲ့ရပြီး နောက် အျနှစ် ၂၀ အကြာမှာ ပြန်လည်ဆုံတွေ့ရာမှာတော့ အမန်ဒါတယောက် ဟာ အိမ်ထောင်ကြနေခဲ့ပြီးပါပြီ ကဲ ပရိတ်သတ်ကြီးရေ ဆက်သာကြည့်ကြတော့ ဆက်မပြောတော့ ဘူး။
6.7
IMDB: 6.7/10 45,731 votes
movie

The Best Of Me (2014)

2014
Lucy (2014) 6.4
Lucy (2014) Screen Shots     လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ...
6.4
IMDB: 6.4/10 332,654 votes
movie

Lucy (2014)

2014
Love, Rosie 7.2
Love, Rosie   ရိုစီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် သူမ ဟာ ပွင့်လင်းတယ် ရဲရင့်တယ် သူ့မှာ အဲလက်စ် လို့ ခေါ်တဲ့ သူငယ်ချင်း ကောင်လေး ရှိတယ် အဲလက်စ် နဲ့ ရိုစီ ဆိုတာ အသက် ၅ နှစ်လောက်ထဲက ခင်မင်လာတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေ အိမ်ချင်းကလဲ မျက်နှာချင်းဆိုင်ပါပဲ အဲလက်စ် ရဲ့ အရာရာဘာမဆို တိုင်ပင်နိုင်တဲ့ အကောင်းဆုံးလူဟာ ရိုစီ ဖြစ်သလို ရိုစီ ရဲ့ အတွင်းရေး အရာအားလုံးကိုသိရှိနေတာကလဲ အဲလက်စ် ပါပဲ သူတို့ ၂ ယောက်ဟာ ငယ်ငယ်ထဲက တပူးပူးတတွဲတွဲ ဖြစ်သလို အထက်တန်း အောင်ပြီးနောက်မှာလဲ တစ်မြို့ထဲ နေကြပြီး အဲလက်စ်က ဆေးကျောင်း ဆက်တက်မယ် ရိုစီက ဟိုတယ်စီမံခန့်ခွဲဆိုင်ရာ ကျောင်းကို ဆက်တက်မယ်ဆိုပြီး အိပ်မက်တွေ မက်ခဲ့ကြပါတယ်... ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရပါဘူး... ကျောင်းကပွဲတွေပဲ ဖြစ်ဖြစ် ဘယ်လို ပါတီမျိုးကိုပဲ ဖြစ်ဖြစ် အတူတူ ကဖို့ အဲလက်စ် နဲ့ ရိုစီ တို့ဟာ စုံတွဲ တက်လေ့ ရှိပေမယ့် နောက်ဆုံး ကျောင်းပိတ် နှုတ်ဆက်ပွဲမှာတော့ အဲလက်စ် က ရိုစီ ...
7.2
IMDB: 7.2/10 88,085 votes
movie

Love, Rosie

2014
Whiplash (2014) 8.5
Whiplash (2014) Whiplash(2014) IMDb….8.5,,,,,,,Rotten….94 ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..   File Size…(900MB) and (376MB) Quality…BluRay ...
8.5
IMDB: 8.5/10 523,478 votes
movie

Whiplash (2014)

2014
The Imitation Game 8.1
The Imitation Game Screen Shots ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာင်္ပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ ...
8.1
IMDB: 8.1/10 488,728 votes
movie

The Imitation Game

2014
The Hunger Games: Mockingjay – Part 1 6.7
The Hunger Games: Mockingjay – Part 1 Screen Shots     စာရေးဆရာမ ဆူဇန်ကောလင်းစ်ရဲ့ The Hunger Games သုံးအုပ်တွဲ ဝတ္တုရှည်ကို ဇာတ်လမ်းအဖြစ် ပြန်လည် ရိုက်ကူးထားတာပါ။ ပထမ ဇာတ်ကားနဲ့ ဒုတိယ ဇာတ်ကားတွေမှာ စံချိန်ချိုး အောင်မြင်မှု ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ပထမ ဇာတ်ကားတွေထဲက မင်းသား မင်းသမီးတွေ ဖြစ်တဲ့ ဂျနီဖာလောရင့်စ်၊ ဂျော့ခ်ျဟက်ချာဆန်၊ လီယမ်ဟမ်းစ်ဝေါ့သ်၊ ဝုဒ်ဒီဟာရယ်ဆန်တို့ ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ The Hunger Games: Catching Fire ဇာတ်လမ်း အဆုံးသတ်ရဲ့ Quarter Qurll ဂိမ်းတွေ ပျက်စီးသွားပြီးနောက်မှာ လူမဆန်တဲ့ လုပ်ရပ်တွေထဲက အောင်နိုင်သူအဖြစ် ထွက်ရှိလာသူဟာ ကတ်နစ္စအက်ဗာဒင်း ဖြစ်ပါတယ်။ ကတ်နစ္စက ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ ခရိုင် ၁၃ ထဲမှာ နိုးလာတယ်။ ခရိုင်တွေက အရင်ကပုံစံနဲ့ မတူဘဲ အားလုံး ဟင်းလင်းပြင်ကြီး ဖြစ်နေတယ်။ ...
6.7
IMDB: 6.7/10 347,726 votes
movie

The Hunger Games: Mockingjay – Part 1

2014
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) 6.2
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) Alexander and the Terrible, Horrible, No Good, Very Bad Day(2014) IMDb....6.2,Rotten ...60 ရုပ်ရှင်အမျိုးအစား family,comedy ဆိုတာမျိုးတွေက rating ပေးတာနည်းပါတယ်...5ဆိုရင်တောင် အတော်ကောင်းကြတာများပါတယ် ကျွန်တော့အထင်ပေါ့လေ.6.2 ဆိုတော့ကြည့်ရတာမဆိုးဘူး..ရယ်လည်းရယ်ရတယ် မိသားစုတွေမှာဖြစ်တတ်တဲ့ချို့ယွင်းချက်လေးတွေ ဖြည့်ဆည်းပေးရမယ့် အရာလေးတွေကို ဟာသလေးတွေနဲ့ပညာသားပါပါပြသွားတယ်...Ben Cooper တို့ဇနီးမောင်နှံမှာ ကလေး (၄)ယောက်ရှိတယ်...အရွယ်အသီးသီးနဲ့ဆိုတော့ မိဘတွေအနေနဲ့လည်း ထိန်းသိမ်းရမလွယ်ပါဘူး....အမေက အလုပ်သွား အဖေကလည်း အလုပ်ပြုတ်လို့အိမ်မှာကလေးထိန်း....ကျန်တဲ့ ကလေးတွေက ကျောင်းသွားကြပေါ့ .... အလက်ဇန်းဒါးဆိုတဲ့ ကောင်လေးရဲ့စိတ်ထဲမှာ ခံစားနေရတာတစ်ခုရှိတယ် အဲ့ဒါက သူတစ်ယောက်ထဲကသာ ကံတွေဆိုး ဘယ်သူမှဂရုစိုက်မခံရ အားလုံးရဲ့လျစ်လျူရှုခံရလို့တွေးနေမိတယ်...သူ့ကိုလည်းအပြစ်လို့ပြောမရပြန်ဘူး..ဒီတော့ ကလေးပီပီ ကျိန်စာတိုက်လိုက်တယ်...သူကလွဲလို့ ဘယ်သူမှအဆင်မပြေပါစေနဲ့ဆိုပြီးတော့ပေါ့...ဒီလို့နဲ့နောက်နေ့ မိုးလင်းတော့ သူ့ကျိန်စာက တကယ်ဖြစ်နေတယ်.......ကိုင်းပြိတ်သတ်ကြီးရေ သရုပ်ဆောင်တွေကတော့သိပြီးသားနေမှာပါ....Steve Carell  ,Jennifer Garner နဲ့ 13 Reasons Why   ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့  Dylan Minnettle တို့ဖြစ်ပါတယ်.... File Size…(950MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:21:00 Subtitle…Myanmar ...
6.2
IMDB: 6.2/10 33,771 votes
movie

Alexander and the Terrible, Horrible, No Good, Very Bad Day(2014)

2014
Timbuktu(2014) 7.2
Timbuktu(2014) IMDb...7.2, Rotten.....99 Rating တွေကြည့်ရုံနဲ့ဒီကားက စူးစမ်းချင်စရာပါပဲ....Best Foreign Language Film အော်စကာဆုလည်းရထားပါတယ်.အခြားဆု ၂၈ဆုလည်းရထားပါတယ်...ကျွန်တော်ဟာ အစ္စလမ်ဘာသာရဲ့ အယူအဆတွေဓလေ့ထုံတမ်းတွေကိုမသိပါဘူး....ဒီကားမှပြသထားတာတွေကိုမြင်သလောက်လေးပြောပြချင်ပါတယ်...Timbuktuဆိုတာ သူတို့ဘုရားကျောင်းရဲ့နာမည်ပါ....နောက်တစ်ခုက ဂျီဟတ်...ဂျီဟတ်ဆိုတာ တခြားဘာသာတွေအပေါ်လွှမ်းမိုးသိမ်းပိုက်ခြင်းလို့လက်နက်ကိုင်အဖွဲ့အစည်းကဆိုပါတယ် ဒီကားထဲမှာတော့ သူတို့ဘုရားကျောင်းက ဆရာတော်က လက်နက်ကိုင်အဖွဲ့ကို ဂျီဟတ်က မိမိကိုယ်ထဲမှာပဲလုပ်ရတာလို့ပြောတယ်.....နောက်ပြီးတော့ဒီကားရဲ့ plotတွေ  ဒိုင်ယာလော့တွေ ပေးချင်တဲ့ messageတွေကိုပြောဖို့ခက်လှတယ် စကားလုံးတိုင်း အခန်းတစ်ခန်းတိုင်းမှာ တွေးလို့ကောင်းတဲ့အရာတွေပြည့်နှက်နေတယ်...လက်နက်ကိုင်ကြီးစိုးသူတွေကတော့ ဘောလုံးသမား မက်စီ ကမ္ဘာ့ဖလားအကြောင်းတွေပြောနေပေမယ့် ဘောလုံးကန်တဲ့အရပ်သားကလေးငယ်တွေမှာတော့ ကြီးစွာသောစည်းကမ်းချိုးဖောက်သူဖြစ်ပြီးအပြစ်ပေးခံရတယ်...အကြမ်းဖျင်းပြောလို့ရတာကတော့ အရပ်သားတွေပါတယ်..အဆော့မက်တဲ့ကလေးတွေ...ရိုးသားစွာနွားမွေးအသက်မွေးဝမ်းကြောင်းပြုနေတဲ့မိသားစုတစ်စုပါတယ်....လက်နက်ကိုင်အဖွဲ့အစည်းပါတယ်...ဒီကားက တော်ရုံလူကြိုက်ကြမှာမဟုတ်လို့ ဒေါင်းခါနီးစဉ်းစားကြပါ...ကျွန်တော့လိုခပ်ကြောင်ကြောင်လူတွေတော့ကြိုက်မယ်ထင်တယ်.... File Size…(850MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Aung Six Ming
7.2
IMDB: 7.2/10 13,366 votes
movie

Timbuktu(2014)

2014
Road to Paloma (2014) 6.1
Road to Paloma (2014)   2014 ခုနှစ်ကထွက်တဲ့ ဆိုင်ကယ်စီးဖိုက်တာ အက်ရှင်ကားလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ 90 born အထက် လူတွေကြိုက်မယ့် ကားလေးတစ်ကားပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ jason momoa ပါ သူဟာ GoT နဲ့ လောလောလတ်လတ်က ထွက်ရှိထားတဲ့ Justice League ထဲမှာ Aquaman အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သူပါ ဇာတ်လမ်း အကျဉ်းလေးကတော့ အမေရိကန်ဖွား Wolf တယောက် သူ့အမေရဲ့ လူသတ်သမားက လိုက်လံ သတ်ဖြတ်တာကို ရှောင်တိမ်းပြေးလွားရင်း နဲ့ အမေရိကန် အနောက်ဖက် ကို မော်တော်ဆိုင်ကယ်စီး ဖိုက်တာတွေနဲ့ ရောက်သွားပါတယ် ဒီလိုနဲ့ ဒီပြသနာကြီးရဲ့ အနောက်မှာ တရားမျှတမူကို ရှာဖွေရင်း နဲ့ ပေးဆပ်ရမယ့်တန်ဖိုးကို သိလိုက်ရတော့တဲ့ အခါမှာတော့ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ   Qty - 720p Bluray Duration - 1hr 45min Gern - Drama Subtitle - Myanmar Hardsub Encoder ...
6.1
IMDB: 6.1/10 3,918 votes
movie

Road to Paloma (2014)

2014
I Fine Thank You Love You (2014) 7.1
I Fine Thank You Love You (2014) အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး... ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ... သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ဟောဒီ ထိုင်းအချစ်ဟာသ ဇာတ်ကားလေးထဲမှာ ကြည်နူးစရာ တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ .......။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်... အဆင်ပြေရင် "Happy Birthday ပါ....Ice" ဆိုပြီးမန့်သွားပေးကြပါ .. သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။ (စကားမစပ်....ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။) #Ye' Kyaw Htet   File size...(900MB) Quality...Blu-ray Rip ...
7.1
IMDB: 7.1/10 825 votes
movie

I Fine Thank You Love You (2014)

2014
Batman: Assault on Arkham (2014) 7.5
Batman: Assault on Arkham (2014) Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့ Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါ အဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။ Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကိုသူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ် ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာ ကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ဘာပစ္စည်းကိုယူခိုင်းတာလဲဘာအကြံအစည် တွေရှိလဲ SS အဖွဲ့သားတွေကရော ...
7.5
IMDB: 7.5/10 24,025 votes
movie

Batman: Assault on Arkham (2014)

2014
Earth to Echo (2014) 5.8
Earth to Echo (2014)   အခုတစ်ခါတော့ ၂၀၁၄ ခုနှစ်လည်ပိုင်းလော်က ထွက်ရှိထားတဲ့ စက်ရုပ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇတ်ကားလေးက IMdb မှာ ၅.၄ ရထားပြီးတော့ Stranger Things လိုခပ်ဆင်ဆင်လေးရိုက်ထားတာပါ ဇာတ်လမ်း အကျဉ်းလေး  တတ်ခ် ရယ် မာ့ခ်ျရယ် အဲလတ်စ် ရယ်ဟာ သူတို့ နားမှာ ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေတူးရာမှာ စပြီး သူတို့ဆီကို ထူးဆန်းတဲ့ စာတိုတွေ သူတို့ဖုန်းတွေကို ဆက်တိုက်ပို့နေရာမှ အဲ့ဒီ ဆောက်လုပ်ရေးဆိုက် ရဲ့ တာဝန်ရှိသူတွေကို သွားပြရာမှာ ဒီလိုနဲ့ အစိုးရပိုင်းကပါ သိပြီး ထူးဆန်းတဲ့ ဂြိုဟ်သားစက်ရုပ် ကျူးကျော်မှု တစ်ခုဆိုတာကို သိရှိသွားပါတယ် ဒီလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက်လဲ ဒီအရှူပ်တော်ပုံထဲကနေ ဘယ်လိုတွေဖြစ်ကြမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ   Qty - 720P Bluray Duration - 1hr 40min Gern - Sci-fi Encoder - Kyaw Ye Aung    
5.8
IMDB: 5.8/10 16,856 votes
movie

Earth to Echo (2014)

2014
Tell (2014) 5.6
Tell (2014)   2014 ခုနှစ်ကထွက်ရှိထားတဲ့ အက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက IMdb ၅.၄ ရထားတာကြောင့် သိပ်မဆိုးဘူးလို့ သတ်မှတ်လို့ရပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီသန်တဲ က ပဆံခိုးတဲ့ နေရာမှာ တော်တော် နာမည်ကြီးတဲ့ တစ်ယောက်ပါ  ဒါပေမဲ့ ပဆံခိုးတာ က သူ့ အတွက်လွယ်နေသလောက် လက်တွေ့ ဘ၀မှာ သူ့အတွက် အရေးပါတဲ့ သူ့သူငယ်ချင်းတွေသူ့ရဲ့ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဘယ်လို ဆက်လက်နေမလဲ သူပဆံခိုးတာကိုလဲ စုံထောက် တွေ့ လိုက်လံထောက်လှမ်းလာတဲ့ အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p Bluray Duration - 1hr 33min Gern - Action Encoder - Kyaw Ye Aung    
5.6
IMDB: 5.6/10 1,406 votes
movie

Tell (2014)

2014

Genres