Channel Myanmar
2013
Jealousy (2013) 6.4
Jealousy (2013) Jealousy (2013) =============== IMDb Rating - 6.4/10လူးဝစ်ဆိုတဲ့ ကောင်လေးက သူ့ဇနီးနဲ့ သူ့သမီးလေးကို ထားခဲ့ပြီး အပြင်မှာ ကလော်ဒီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေခဲ့ ပါတယ်။လူးဝစ်က ပြဇာတ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလော်ဒီယာကလည်း အရင်က ပြဇာတ်သရုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိအလုပ်လက်မဲ့တစ်ယောက်ပါ။ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲ......သူတို့ နှစ်ယောက်နဲ့ ဆက်ဆံရေးကရော ရေရှည်တည်မြဲမှာလားဆိုတာကို ကြည့်ရှုရမယ့်အပြင် .  လူးဝစ်နဲ့သမီးလေး ဆက်ဆံရေးကရော ရေရှည် ခိုင်မြဲမှာလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ဒီဇာတ်လမ်းက ပြင်သစ်အဖြူအမည်းရုပ်ရှင်ကားဟောင်းဖြစ်ပြီး ပြစ်သစ်လူနေမှုဘဝနဲ့ မိသားစုတစ်စုရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်လို့  Drama ကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ကားလေးလို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.96 GB) / (675 MB) / (348 MB) Quality............Web-Rip 1080p / 720p / 360p Duration.........1Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Parris Encoder..........SWM
movie
Jealousy (2013)
2013
Ramaiya Vastavaiya (2013) 5.7
Ramaiya Vastavaiya (2013) Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie
Ramaiya Vastavaiya (2013)
2013
Boss (2013) 5.3
Boss (2013) Boss 2013ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့်ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာ‌ကြောင့်ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူးကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကိုလိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲအဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့်အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni
movie
Boss (2013)
2013
Running Man (2013) 6.3
Running Man (2013) Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie
Running Man (2013)
2013
[18+] Jan Dara: The Finale (2013) 5.5
[18+] Jan Dara: The Finale (2013) Jandara :The Finale ဟာ ပထမဇာတ်ကား Jandara the begining (၂၀၁၂) ရဲ့ မပြီးသေးတဲ့ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။ သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။ သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည် ချေဖျက်ဖို့ ကြိုးစားလာပါတော့တယ်။အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာ ကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။ ဒါကို Janက အခွင့်ကောင်းယူ ပြီး လက်စားချေဖို့ ကြိုးစားတာပါ။ သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ကဲ.....ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကို ပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား?လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး ...
movie
[18+] Jan Dara: The Finale (2013)
2013
One Direction: This Is Us (2013) 4.5
One Direction: This Is Us (2013) One Direction: This is us (2013)=========================Simon Cowell ဟာ X Factor ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ Harry Styles, Zayn Malik,Niall Horan, Louis Tomlinson နဲ့ Liam Payne တို့ကို One Direction ဆိုပြီးဖွဲ့စည်းဖို့အချိန်ဆယ်မိနစ်ပဲ ယူခဲ့ပါတယ်တဲ့။ အစကတော့ သူကိုယ်တိုင် ဒီအဖွဲ့ဒီလောက်အောင်မြင်မယ်ဆိုပြီး လုံးဝ မထင်ထားခဲ့သလို ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။Directioner များရဲ့ Supporting အားကောင်းမှုကြောင့် 1D စဖွဲ့စည်းချိန်မှာပဲစံချိန်များစွာ ချိုးဖျက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ဒီ Documentary လေးကို Take Me Home Tour လှည့်ချိန်မှာရိုက်ကူးထားခဲ့ပြီးအမိုက်စား Performance တွေအပြင် Member တစ်ယောက်ချင်းစီရဲ့အမူအကျင့်တွေ၊ ညီအစ်ကိုသံဃောဇဉ်တွေနဲ့ Directioner များအပေါ်ထားရှိတဲ့သူတို့ရဲ့ ချစ်ခြင်းမေတ္တာများကိုပါထည့်သွင်းဖော်ပြသွားပါတယ်။လူလတ်တန်းစားမိသားစုတွေမှာမွေးဖွားလာခဲ့ကြတဲ့ သာမန်ကောင်လေး ငါးယောက်ရဲ့အောင်မြင်မှုအပေါ်ထားရှိတဲ့သူတို့ရဲ့အမြင် ပြီးတော့ ဒီအောင်မြင်မှုကိုဘဝနဲ့ဟန်ချက်ညီအောင် ...
movie
One Direction: This Is Us (2013)
2013
The Liar and His Lover (2013) 6.8
The Liar and His Lover (2013) The Liar and His Love (2013)လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် ...
movie
The Liar and His Lover (2013)
2013
Justin Bieber’s Believe(2013)
Justin Bieber’s Believe(2013) Justin Bieber's Believe (2013) ======================================== ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကိုရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရောသီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက်Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီးTour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလိုဝေဖန်မှုများစွာ ...
movie
Justin Bieber’s Believe(2013)
2013
Texas Chainsaw 3D (2013) 4.8
movie
Texas Chainsaw 3D (2013)
2013
The Hobbit: The Desolation of Smaug (2013) 7.8
The Hobbit: The Desolation of Smaug (2013) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie
The Hobbit: The Desolation of Smaug (2013)
2013
4K HEVCHDR
The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie
The Great Gatsby (2013)
2013
Iddarammayilatho (2013) 5.8
Iddarammayilatho (2013) Iddarammayilatho (2013)အညွှန်းဇာတ်လမ်းစဖွင့်ပုံက... နိုင်ငံအတွင်းမှာ ဖြစ်သွားတဲ့ ကုဋေ တစ်သိန်းတန်လာဘ်စားမှုကြီးတစ်ခုအကြောင်းကို IAS အရာရှိတစ်ယောက်ကဝန်ကြီးကို မေးမြန်းပြီး ၊ အဲ့ဒီကိစ္စကို စုံစမ်းပေးဖို့ ဝန်ကြီးကIAS အရာရှိကို တာဝန်ပေးလိုက်ရာက စဖွင့်ပါတယ်။ဒီနောက်တော့ ဝန်ကြီးရဲ့သမီး နိုင်ငံခြားကိုစိတ်ပညာဘွဲ့လွန်သွားတက်တာကို ပြပါတယ်။ဒါက ဇာတ်လမ်းရဲ့ နိဒါန်းပဲ ရှိပါသေးတယ်။ဒီနောက်တော့ ဝန်ကြီးသမီး အာကန်ရှာဟာ ပြည်ပမှာ ကောလိပ်တက်ဖို့အဆောင်တစ်ခုကို ရောက်လာပါတယ်။ အဲ့ဒီအဆောင်က သူတည်းခိုတဲ့အခန်းထဲကနေ မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့လို့ဖတ်ကြည့်မိရာကနေ ဒီဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်လုံးပေါ်လာတော့တာပါပဲ။တစ်ချို့က ကြည့်ဖူးကြပေမယ့် တစ်ချို့ကတော့ မကြည့်ဖူးလောက်ပါဘူး။ဇာတ်လမ်းကို ခြုံငုံသုံးသပ်ရရင် ဇာတ်အိမ်ကို အားမရပေမယ့် တေလဂူးဇာတ်ကားလေးတွေရဲ့ထုံးစံအတိုင်း ချစ်ခန်းကြိုက်ခန်း ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ထားပုံကဇာတ်လမ်းကို မြူးကြွစေပြီး ၊ တေလဂူးမင်းသမီးလေးတွေရဲ့ ညုတုတု အမူအရာ ၊သရုပ်ဆောင်ပုံလေးတွေက အသည်းယားစရာ ကောင်းလှပါတယ်။မိသားစုနဲ့ အတူ ကြည့်နိုင်သလို ၊မိမိရဲ့ ရည်းစား ၊ မိမိရဲ့ အိမ်ထောင်ဖက်နဲ့လည်း အတူကြည့်ရင်း အချစ်တွေပိုတိုးလာစေနိုင်ပါတယ်။ ...
movie
Iddarammayilatho (2013)
2013
Firestorm (2013) 6.2
Firestorm (2013) Firestorm (2013)Firestorm ဟာ ကိုးဆယ်ခုနှစ်ဟောင်ကောင် ရဲအက်ရှင်ကားတွေဟန်မျိုးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး အက်ရှင်ပရိသတ်တွေ စိတ်မပျက်ရအောင် အက်ရှင်ခန်းတွေ ဆက်တိုက်သလို ထည့်သွင်းထားတဲ့ကားပါ။ Infernal Affairs လို ရဲတွေနဲ့ ဒုစရိုက်သမားတွေကြားက လောဘတွေ အတ္တတွေကို နှစ်ဖက်လုံးပုံဖော်ထားတဲ့ကားလို့လည်း ဝေဖန်ရေးသမားတွေက ဆိုပါတယ်။"ပြည်သူ့တာဝန်ကို ကြည်ညို ဥပဒေကို လက်ကိုင်ထားပါ" တဲ့။ ဒါပြည်သူ့ရဲတစ်ယောက်ဖြစ်တဲ့ အထူးတပ်ဖွဲ့ အရာရှိ လူမင်းချင်ရဲ့ လက်ကိုင်စကားပါ။"ရဲလောကမှာ အရက်သမားတွေ လောင်းကစားသမားတွေ ပုံနေသလို မုဆိုးမဖြစ်သွားတဲ့ မိန်းမတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ငါတို့ ဒီအလုပ်ကို ဘာလို့ဆက်လုပ်နေလဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေစေချင်လို့ပဲ"တဲ့။ဒီလိုမျိုး တာဝန်သိတဲ့ စုံထောက်လူမင်းချင်နဲ့ ငွေအားလူအား တောင့်တင်းတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်အားပြိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက မြေစာပင်ဖြစ်ကျန်ခဲ့မလဲ ဘယ်သူတွေကို ပေးဆပ်ပြီး အဲ့ဂိုဏ်းကြီးကိုဖြိုခွင်းရမှာလဲ စသည်ဖြင့် အပစ်အခတ် ဒရာမာစုံလင်စွာနဲ့ ကြည့်ရှုရမဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ...
movie
Firestorm (2013)
2013
Baby Blues (2013) 3.7
Baby Blues (2013) Baby Blues (2013)2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြားhorrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါကျွန်တော်တို့တွေ တနေရာရာကို ပြောင်းရွေ့ကြတဲ့အခါအဲ့ဒီနေရာမှာ မကျွတ်မလွတ်ပရလောကသားတွေ ရှိတက်ပြီးသူတို့ရဲ့အစွဲအလမ်းရှိရာ အရာဝတ္ထုတခုခုမှာ တွယ်ကပ်နေတက်တာကိုပေါ့ဒီဇာတ်လမ်းလေးကလဲ အဲ့ဒီလိုဇာတ်လမ်းမျိုးကိုကျောရိုးခံထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့လူငယ်စုံတွဲတတွဲဟာ ဈေးသက်သာတဲ့အိမ်တလုံးမှာ အတူနေထိုင်ဖို့ ငှားရမ်းပြီးရွေ့ပြောင်းလာခဲ့ပါတယ်. အဲ့ဒီအိမ်မှာပဲထူးခြားတဲ့အရုပ်မလေးကို တွေ့ခဲ့ပါတယ်.ပထမကတော့ နဂိုအိမ်ငှားတွေကျန်ခဲ့တဲ့အရုပ်တခုပါပဲဆိုပြီးနမော်နမဲ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေခြောက်ခြားဖွယ်ရာတွေကို ကြုဲံတွေ့လာရချိန်မှာတော့............  File size…1.7GB / 575MB Quality…1080p BluRay 5.1CH / 720p Format…Mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by X Cross
movie
Baby Blues (2013)
2013
Switch (2013)
Switch (2013) Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်‌လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုး‌ပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်‌ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်‌သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်‌ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie
Switch (2013)
2013
Odd Thomas (2013) 6.8
Odd Thomas (2013) Odd Thomas (2013)IMDb - 6.8CM ပရိသတ်ကြီးရေခင်ဗျားတို့မှာ အများနဲ့ မတူ၊ သဘာ၀နဲ့ ဆန့်ကျင်နေတဲ့ စွမ်းရည်တစ်ခု ရှိနေမယ် ဆိုပါစို့ စိတ်ဖတ်နိုင်တာတို့ ၊ ကိုယ်ဖျောက်နိုင်တာတို့ ၊ အချိန်ခရီးသွားနိုင်တာမျိုးတော့ မဟုတ်ဘူးဗျသေခြင်းတရားကို မြင်နိုင်ခြင်းပါ ရှင်းအောင်ပြောရရင် နာနာဘာ၀တွေကို မြင်နိုင်ခြင်းပေါ့အဲဒီအစွမ်းရှိနေရင် ခင်ဗျားတို့ ဘာလုပ်မလဲကျွန်တော်လိုလူကတော့ အဲဒီအစွမ်းသာရှိနေရင် လောကကြီးမှာ နေနိုင်မယ်မထင်ဘူး ဘ၀မှာ သေမှာထက်ကြောက်တာ သရဲပဲဗျ :3သိုပေမဲ့ Odd Thomas ဆိုတဲ့ လူကတော့ ဒီစွမ်းရည်နဲ့ အကျွမ်းတ၀င်ရှိနေပုံပါပဲသူက အားလုံး အမြင်မှာတော့ သာမန်လူ အညတရ စားဖိုမှူး တစ်ယောက် ပတ်၀န်းကျင်မှာ အများနည်းတူ လှုပ်ရှားသွားလာနိုင်သူပေါ့မတူတာတစ်ခုကတော့ အမှောင်လောက က သာမန်မဟုတ်တဲ့ အရာတွေကို မြင်နေနိုင်တဲ့ သူရဲ့ မြင်ကွင်းပါပဲတစ်ခါတစ်ရံ နာနာဘာ၀တွေက တရားမျှတမှုအတွက် သူ့ထံရောက်လာကြသလို အကူအညီရဖို့အတွက်လည်း အိပ်မက်တွေ ပေးလေ့ရှိကြတယ်ဒီလိုတွေထဲမှာမှ ထူးခြားတာကတော့ Bodachs လို့ ခေါ်တဲ့ မကောင်းတဲ့လူနောက် လိုက်တဲ့ အမှောင်လောက သတ္တဝါဆိုးတွေပါပဲ သူတို့က ...
movie
Odd Thomas (2013)
2013
Dark Skies (2013) 6.3
Dark Skies (2013) Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie
Dark Skies (2013)
2013
Redemption (Hummingbird) (2013) 6.2
Redemption (Hummingbird) (2013) Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ‌ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်း‌ပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Redemption (Hummingbird) (2013)
2013
(18+)Nasha(2013)
(18+)Nasha(2013) (18+) Nasha (2013) --------------------- ဆယ်ကျော်သက်အရွယ် မှီးကောင်ပေါက်စကောင်လေးတစ်ယောက်နဲ့ ၃၀ဝန်းကျင် ရင့်ကျက်နေတဲ့လှလှပပ ဆရာမလေးတို့ကြားက မေတ္တာတရားကိုချပြထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ. တချို့အချစ်တွေကျမစွဲလန်းသင့်ဘူးဆိုတာကို နည်းနည်းပညာပေးထားတာတွေလဲပါတော့ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်း ------------------ ဆာဟေးတို့ဆိုတာ သူတို့မြို့ရဲ့ကောလိပ်မှာသိပ်ဆိုးတဲ့ ကျောင်းသားလေးတွေ.....စစနောက်နောက်နဲ့ လုံးဝမျက်နှာပိုးမသတ်လို့ကျောင်းအုပ်ကြီးခဏခဏဒဏ်ပေးရတဲ့လူဆိုးအဖွဲ့ပေါ့.တနေ့ကျ သူတို့ရဲ့နွေရာသီကျောင်းပိတ်ရက်လှုပ်ရှားမှုအတွက် အနီတာဆိုတဲ့ဆရာမလေးတစ်ယောက် ရောက်လာပါတယ်.အနီတာက မိန်းမလှပေါ့. မနက်ဆိုဘောင်းဘီတိုနဲ့ပုံမှန်ပြေးတယ်.ခန္ဓာကိုယ်အဆစ်အပေါက်ကလဲပြောစရာမရှိတော့ ကျောင်းကဆာဟေးတို့အဖွဲ့ငမ်းကြတာပေါ့ဗျာ.. ဒါပေမယ့်ဆာဟေးကတော့စည်းတခုကျော်မိသွားတယ်. အဲ့ဒါကတော့ အဲ့ဒီဆရာမကိုတဏှာစိတ်အပြင် ချစ်စိတ်ဝင်မိသွားတာပါပဲ...သူနဲ့ဆရာမဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားစေချင်ပါတယ်.......လူငယ်ကားတွေသဘောတရားအရတချို့ဇာတ်ဝင်ခန်းတွေမှာ က္ကထ္ထိယမလေးတွေရဲ့လှပတဲ့နေရာတချို့ လှစ်ဟပ်ပြသထားတာအပြင်ချစ်မှုရေးရာဇာတ်ဝင်ခန်းတချို့ကြောင့် အသက်၁၈နှစ်အောက်မကြည့်သင့်ပါFile size…1.85GB / 906Mb / 465MB Quality…1080p WEB Rip DD+5.1 / 720p / 480p Format…Mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YK
movie
(18+)Nasha(2013)
2013