Channel Myanmar

2013

Mary Is Happy, Mary Is Happy (2013) 7.1
Mary Is Happy, Mary Is Happy (2013) Mary Is Happy, Mary Is Happy (2013)~ IMDb - 7.1/10, Rotten Tomatoes - 78% ~အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ...
movie

Mary Is Happy, Mary Is Happy (2013)

2013
Short Peace (2013) 6.8
Short Peace (2013) Short Peace (2013) ============== IMDb Rating - 6.8/10ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့ သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက် ပေးပါမယ်။Code Geass, Gintama, Inuyasha, Colourful တို့လို Anime တွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDb Rating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ "Short Peace" ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တို လေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေ ဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတို လေးပါ။ဂျပန်ဒဏ္ဍာရီပုံပြင်တို‌(၃)ပုဒ်ကတော့ - ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့ စစ်ကားပေါ့ဗျာ။Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေး လည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fan မဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေ အတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe ...
movie

Short Peace (2013)

2013
Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
Steel Cold Winter (2013) 6.1
Steel Cold Winter (2013) Steel Cold Winter (2013)ယွန်းဆူဟာ သူငယ်ချင်းကို သတ်တဲ့တရားခံဆိုတဲ့ စိတ်ဒဏ်ရာနဲ့အတူ ‌ကျေးရွာလေးကို မိခင်နဲ့အတူ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အဲ့ကျေးရွာမှာ မကောင်းတဲ့ကောလဟာလတွေ အဖြန့်ခံနေရပြီး စိတ်မကျန်းမာတဲ့ အဖေနဲ့အတူတူနေတဲ့ အပယ်ခံဖြစ်နေတဲ့ ဟေးဝန်လည်းရှိနေပါတယ်။ ယွန်းဆူက ဟေးဝန်တို့ရွာကို ပြောင်းလာပြီး ဟေးဝန်ကို ချစ်မိသွားတဲ့အခါမှာ....ယွန်းဆူက တကယ်ပဲ သူငယ်ချင်းကို သတ်ခဲ့တာလား? ဟေးဝန်ရဲ့ ကောလဟာလတွေကရော တကယ်ပဲလား? သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဘာဖြစ်မလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုရမယ့် thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror Quality…. 1080p | 720p | 480p File size… 1.6GB " 692MB | 340MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August
movie

Steel Cold Winter (2013)

2013
Chez Nous (2013) 6.5
Chez Nous (2013) Chez Nous (2013) ============= IMDb Rating - 6.5/10ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက် အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့ လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲ အဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင် အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင် သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်က သိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက် သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါ တော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ် ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့ နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော် ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာ အဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက် FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.93 GB) / (828 MB) ...
movie

Chez Nous (2013)

2013
Ilo Ilo (2013) 7.3
Ilo Ilo (2013) Ilo Ilo (2013)~ IMDb - 7.3/10, RT - 100%, Meta - 85% ~အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ...
movie

Ilo Ilo (2013)

2013
The Hour of the Lynx (2013) 6.1
The Hour of the Lynx (2013) The Hour of the Lynx (2013) ==================== IMDb Rating - 6.1/10the Hour of the Lynxတဲ့ နာမည်လေးကိုက ခပ်ဆန်းဆန်း လေးရယ်၊ ဇာတ်ကားအစပိုင်းမှာကတည်းကို cinematography ကောင်းကောင်းလေးနဲ့ အစပြုထားတော့ ထင်လိုက်တာက အမြင် ဆန်းဆန်းလေးနဲ့ကြည့်ရမယ့် လူသတ်ကားထင်ရပေမယ့် drama ပိုင်းကလဲ တော်တော်လေး strongဖြစ်တယ်။ဇာတ်လမ်းအသွားလေး ခန့်မှန်းနေရတာလေးကိုက ဒီဇာတ်ကားကို ကြည့်နေရတဲ့ ရသ တစ်မျိုးပဲဗျာ၊ ကြည်နူးရတဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားကိုလဲ မတူညီတဲ့ ရှုထောင့်တစ်ခုကနေ မြင်စေရမယ့် ဇာတ်ကားလေးတစ်ကားလဲဖြစ်နေတာမို့ အချိန်ကုန်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားလို့တော့ ကျွန်တော်ညွှန်းလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.7 GB) / (586 MB) / (300 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Paul Encoder..........SWM
movie

The Hour of the Lynx (2013)

2013
The Flu (2013) 6.7
The Flu (2013) [Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie

The Flu (2013)

2013
[18+] Miss Change (2013) 5.7
[18+] Miss Change (2013)  ရှေ့နေဂျေချီဟာ လူပျိုစစ်စစ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စနဲ့ပတ်သက်ရင် မျက်လုံးချင်းတောင်ဆုံလို့မရတဲ့ အာဂယောင်္ကျားပါ။တစ်အိမ်ထဲအတူနေတဲ့ သူ့သူငယ်ချင်းယောင်းဂူကတော့ မြာပွေလှသူဖြစ်ပြီးသူငယ်ချင်းကြိတ်ကြွေနေတဲ့ ကောင်မလေးကိုပါ အလွတ်မပေးသူပါ။တစ်နေ့မှာ...သူတို့ဘဝထဲကို ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပြီးသူမနဲ့ထိတွေ့သူတိုင်း ဘဝပြောင်းသွားတဲ့အခါမှာတော့........။ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်လှပပြည့်ဖြိုးညက်ညောတဲ့ ကောင်မလေးနဲ့အချစ်ခန်းလေးတွေကလည်းစွဲမက်ဖွယ်ကောင်းတာမို့ ပုရိသတို့ လက်မလွှတ်သင့်ပါကြောင်း.. File size…(1.4GB)and(602MB) Quality…WEB-DL 1080P, 720p Format…mp4 Duration….01:40:51 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB 
movie

[18+] Miss Change (2013)

2013
3096 Days (2013) 6.5
3096 Days (2013) 3096 Days (2013) ============= IMDb Rating - 6.5/10ဒီအဖြစ်အပျက်လေးကတော့ ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် မတ်လ၂ရက်နေ့မှာ (၁၀) နှစ်အရွယ် နာတာရှာကမ်းဘွတ်ရှ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းသို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကြိုးစား ရှာပေမယ့်လည်း ရှာမတွေ့ခဲပဲ ဒီပျောက်ဆုံးမှုဟာ တအုံ့နွေးနွေးနဲ့ ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ထိုမိန်းကလေးဟာ အိမ်မြေအောက်ခန်းထဲမှာ ရက်ပေါင်း ၃၀၉၆ (၈နှစ်)အကြာပိတ်ထားခံခဲ့ရပြီး ၂၀၀၆ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အသက်၁၀နှစ်အရွယ် လူမမယ် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခဲ့သူ ထိုလူဟာ ပြန်ပေးဆွဲဖို့ရာ အတွက် မြေအောက်ခန်းပြင်ဆင်တာတွေ အခန်းဖွဲ့တာတွေအတွက် အချိန်တစ်နှစ်ကျော်လောက်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ထိုလူဟာ ကလေးမလေးကို ခိုင်းစေဖို့သက်သက်၊ နှိပ်စက်ဖို့သက်သက်၊ လိင် ကျွန်ပြုဖို့သက်သက်နဲ့ ၈နှစ်ကြာအောင် ဖမ်းဆီးခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ သူမရဲ့ကိုယ်တိုင်ရေး အထုပ္ပတ္တိဖြစ်တဲ့ "နာတာရှာ ကမ်းဘွတ်ရှ်"ဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကားကို ကောင်းတယ် မကောင်း ဘူး ဆိုတာထက် ဒီဇာတ်ကားလေးမှာ နာတာရှာတစ်ယောက် သူ့ဘဝရှစ် နှစ်တာလုံးကို ဒီမြေအောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုကုန်ဆုံးခဲ့လဲ၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ လွတ်မြောက်ဖို့ရာအတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File ...
movie

3096 Days (2013)

2013
Googly(2013) 7.5
Googly(2013) Googly (2013) Comedy, Romance IMDb 7.5/10 (2.8K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့..ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Googly(2013)

2013
Ready, Steady, Ommm! (2013) 5.2
Ready, Steady, Ommm! (2013) Ready, Steady, Ommm! (2013) ====================== IMDb Rating - 5.2/102013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.89 GB) / (854 MB) / (495 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Zaw Myo Thu Encoder..........SWM
movie

Ready, Steady, Ommm! (2013)

2013
Baadshah (2013) 6.3
Baadshah (2013) Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာက‌တော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Baadshah (2013)

2013
Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
The Stolen Years (2013) 6.2
The Stolen Years (2013) The Stolen Years (2013) (အညွှန်း)လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။“ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” ...
movie

The Stolen Years (2013)

2013
Thor: The Dark World (2013) MCU 7.0
Thor: The Dark World (2013) MCU Thor: The Dark World (2013)IMDb Rating (6.8)ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက ...
movie

Thor: The Dark World (2013) MCU

2013
4K HEVCHDR
Stoker (2013) 6.8
Stoker (2013) Stoker (2013)~ IMDb - 6.8/10, Rotten Tomatoes - 70% ~ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb - 6.8/10 နဲ့ RT - 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ...
movie

Stoker (2013)

2013
Shuddh Desi Romance (2013) 5.8
Shuddh Desi Romance (2013) Shuddh Desi Romance (2013) =========================မင်းသားဆူရှန်းဆင်းရဲ့ လူငယ်တွေကြားမှာ ဖြစ်တတ်တဲ့ အချစ်နဲ့ ဘဝကြားက ဒွိဟသံသယတွေအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲလူတစ်ယောက်က သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့ အချစ်နဲ့ထိတွေ့စမြဲပါပဲ..ပြီးရင်တော့ သူ့အချစ်က တည်မြဲပါ့မလား ချစ်ရသူနဲ့လက်ထပ်ရင် အဆင်ပြေပါ့မလား သူချစ်ရသူက သူ့အပေါ်ကောင်းပါ့မလား စသဖြင့် သံသယဝင်တတ်ကြပါတယ်...ဒီဇာတ်ကားလေးမှာလည်း အဲ့ဒီသံသယပေါင်းများစွာနဲ့ လူငယ်လေးသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖေါ်ပြထားပြီး ဘဝကြီးရဲ့လှည့်စားမှုတွေကို ကောင်းကောင်းသရုပ်ပြထားပါတယ်...ဟာသလေးတွေလည်း နှောထားလို့ ပျင်းရိစေမှာမဟုတ်တဲ့အပြင် ရိုတဲ့အခန်းလေးတွေနဲ့ ဇာတ်လမ်းကို သက်ဝင်စိတ်လှုပ်ရှားစေခဲ့ပါတယ်...ဒီတော့ ဒီဇာတ်ကားလေးကို ကြည့်ပြီး ကိုယ့်ဘဝရဲ့လက်တွဲဖေါ်ဟာ ဘယ်လိုဖြစ်သင့်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြပါစေနော်... File size…2.5GB / 1.14GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie

Shuddh Desi Romance (2013)

2013
[21+] Nymphomaniac: Vol. II (2013) 6.6
[21+] Nymphomaniac: Vol. II (2013) [21+] Nymphomaniac Vol.2 (2013)Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာ‌တွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့ Nymphomaniac Vol-1 ပထမကားရဲ့ အဆက် Volume 2 ပါ။Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။ ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း ...
movie

[21+] Nymphomaniac: Vol. II (2013)

2013