Channel Myanmar

2013

ABCD (Any Body Can Dance) (2013) 6.3
ABCD (Any Body Can Dance) (2013) ABCD: Any Body Can Dance (2013) အိပ်မက်ဟူသည် (IMDb Rating - 6.3/10)ပထမဆုံးအကြိမ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix ကပါ ထုတ်လွှင့်ထားတဲ့ ABCD: Any Body Can Dance ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။" ကိုယ်နှစ်ချီလများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို ငွေအင်အားကြီးတဲ့သူတွေက ဖိနှိပ်လို့ ရှုံးနိမ့်သွားတဲ့အခါမှာ လက်လျှော့လိုက်မှာလား..."ဒီကားလေးထဲမှာတော့ ဂီတသံစဉ်ကို အရူးအမူးဖြစ်ကာ လေထဲက သစ်ရွက်လေးတွေ လှုပ်ရှားတာ ငါးလေးတွေ ရေကူးတာ ငှက်ကလေးတွေပျံသန်းတာ ရေလေးတွေစီးဆင်းတာကအစ သံစဉ်လေးတွေနဲ့ လှုပ်ရှားကခုန်နေတယ်လို့ ခံယူထားတဲ့ ဗစ်ရှနူ။ ဒီလိုအကရူးသွပ်တဲ့ဗစ်ရှနူကို JDCသူဌေးက အကနည်းပြနေရာကို လူအသစ်ကို အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် တွဲဖက်အလုပ်မလုပ်ခိုင်းဘဲ အက်မင်မန်နေဂျာရာထူးကို ပေးလိုက်တဲ့အခါမှာတော့ အလုပ်ကနေ နုတ်ထွက်ဖို့သာ အကြောင်းဖန်လာပါတော့တယ်။ဒီလိုဆိုရင်တော့ဖြင့် ရွာကိုပြန်ပြီး ကောက်ပဲစိုက်ရင်းသေဆုံးသွားမလား အိပ်မက်တစ်ခုကြောင့် ရောက်လာတဲ့မွန်ဘိုင်းမှာပဲ ရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ ဒုတိယအခွင့်အရေးရောက်ရှိလာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူပေးကြပါဦးရှင်။ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

ABCD (Any Body Can Dance) (2013)

2013
Cloudy with a Chance of Meatballs 2 (2013) 6.5
Cloudy with a Chance of Meatballs 2 (2013) Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie

Cloudy with a Chance of Meatballs 2 (2013)

2013
Ugly (2013) 7.9
Ugly (2013) Ugly (2013) "အကျည်းတန်"ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာ‌စော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်‌လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။(အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Ugly (2013)

2013
Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie

Kick-Ass 2 (2013)

2013
4K HEVCHDR
Dick Figures: The Movie (2013) 6.6
Dick Figures: The Movie (2013) Dick Figures: The Movie (2013) =======================ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.2 ...
movie

Dick Figures: The Movie (2013)

2013
Who Killed Bambi? (2013) 5.6
Who Killed Bambi? (2013) ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကိုအဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size…  1.1  GB /  476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Who Killed Bambi? (2013)

2013
The Conjuring (2013) 7.5
The Conjuring (2013) သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များလည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လိုကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို ...
movie

The Conjuring (2013)

2013
4K HEVC
Talk to the Dead (2013)
Talk to the Dead (2013) Talk to the Dead (2013)ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က "တွေ့ချင်တယ်" လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ ...
movie

Talk to the Dead (2013)

2013
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
2 Guns (2013) 6.7
2 Guns (2013) 2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie

2 Guns (2013)

2013
4K HEVC
Jackass Presents: Bad Grandpa (2013) 6.5
Jackass Presents: Bad Grandpa (2013) Jackass Presents: Bad Grandpa (2013) Genre – Comedy IMDB – 6.5/10  အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီးတကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လိုမိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ(အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီးနှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့ထောင်ထဲ ...
movie

Jackass Presents: Bad Grandpa (2013)

2013
The House at the End of Time (2013) 6.7
The House at the End of Time (2013) The House at the End of Time (2013) Original Title - La casa del fin de los tiempos Genre – Drama, Fantasy, Horror IMDB – 6.7/10၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ အိမ်ကြီးတစ်အိမ်ထဲ မိသားစုတစ်ခုထူးခြားတဲ့ ကြမ္မာဆိုးငင်ခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓားနဲ့ ထိုးသတ်လိုက်တယ်တဲ့၊ သားဖြစ်သူကလည်းပျောက်ဆုံးနေတဲ့အတွက် သတ်ပစ်တယ်ဆိုပြီး ဇနီးသည်ကြီးကိုထောင်ဒဏ်အများကြီး ချမှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အနှစ် ၃၀ လောက်ကြာလာတဲ့အချိန်မှာတော့ အစိုးရရဲ့ လျှော့ပေါ့မှုအရအသက်ကြီးနေတဲ့အတွက် ကိုယ့်အိမ်ကိုယ်ယာမှာပဲအကျယ်ချုပ် ပုံစံမျိုး ထားပေးလိုက်တော့ ဒီအိမ်ကြီးကို ပြန်ရောက်လာခဲ့ရတော့တယ်။အဲဒီမှာ ဖာသာတစ်ပါးကလည်း ဒီ အမျိုးသမီးကြီးကိုဘာတွေဖြစ်ပျက်သလဲ လာမေးမြန်းရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို သိရှိလာတယ်။လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီ မိသားစုရဲ့ အဖြစ်မှန်တွေကိုလည်း ပြန်သိရှိလာရင်းခုလက်ရှိ အဘွားကြီးလည်း ဒီအိမ်ကြီးမှာ ...
movie

The House at the End of Time (2013)

2013
The Truth About Emanuel (2013) 6.0
The Truth About Emanuel (2013) The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thrillerဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါသူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြောင်းလာပါတော့တယ်မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာအကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကိုမြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာကစိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်းလူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလားအိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရောဘာတွေဖြစ်မလဲဆိုတာကိုဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်   File size…  1.3 GB /  625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO
movie

The Truth About Emanuel (2013)

2013
Stockholm (2013) 6.9
Stockholm (2013) IMDb - 6.9/10ဇာတ်လမ်းအညွှန်းအလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက်ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့်ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကိုသက်သေပြဖို့လုပ်တော့တာပေါ့။အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့ကောင်လေးနဲ့ သူစိမ်းတစ်ယောက်ကိုအလွယ်တကူမယုံလိုက်နိုင်တဲ့ကောင်မလေးတို့ရဲ့ စကားပြောခန်းတွေဟာ စိတ်ဝင်စားစရာဖြစ်လာပြီးကောင်လေးရဲ့ ပိုးပန်းမှုလေးတွေက ကြည်နူးစရာ ဖြစ်နေမှာပါ။ဇာတ်လမ်းသဘောလေးက ပါတီပွဲကအိမ်ပြန်လာတဲ့သူတို့နှစ်ယောက် ညသန်းခေါင်အချိန် လမ်းမထက်မှာစကားတောက်လျှောက်ပြောကြတဲ့ပုံစံကိုရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာမျိုးလေးဖြစ်ပါတယ်။ဒါပေမဲ့လည်း ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲကောင်လေးက ကောင်မလေးကို အိမ်အပါခေါ်နိုင်ပါ့မလား၊သူတို့နှစ်ယောက်ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားစရာဖြစ်နေမှာပါ။ရိုးရိုးရှင်းရှင်းရိုက်ကူးထားတယ်ဆိုပေမယ့်လည်းလူငယ်တွေရဲ့ သဘာဝတွေ ရိုမန့်ဖြစ်တဲ့အချစ်တွေလိမ်ညာမှုတွေ ဒါတွေ စဉ်းစားကြည့်မယ်ဆိုရင်တော့တကယ့်အကြောင်းတွေပဲဆိုတာမျိုးဖြစ်နေမှာပါ။“ကြွေမွအက်ကွဲနေတဲ့ ဖန်ခွက်လေးတစ်ခွက်ဟာ ထိလိုက်တဲ့အခါမှာအစိတ်စိတ်အမွှာမွှာသာဖြစ်သွားမယ်ဆိုရင်…ဒီဖန်ခွက်ကိုဒီအတိုင်းလေး ဆက်ရှိစေချင်သေးတယ်ဆိုရင်မထိလိုက်ဘဲ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်မလား။ဒီလိုဖန်ခွက်နဲ့တူတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။“ ‌awards တွေလည်း အများကြီးသိမ်းပိုက်ခဲ့တဲ့ romance/dramaဇာတ်လမ်းလေးကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…  803.2 MB / 402.1 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 31m Genre .....  ...
movie

Stockholm (2013)

2013
Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013
The French Minister (2013) 6.4
The French Minister (2013) IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…  2.2 GB  / 957.8 MB Quality… BluRay 1080p ...
movie

The French Minister (2013)

2013
Camp (2013) 6.7
Camp (2013) မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေကပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကိုစုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီးရိုက်တတ်သူတစ်ယောက်ပါ။ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီးနွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ်အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာလုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက်နွေရာသီစခန်းကို ရောက်လာပါတော့တယ်။မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကိုဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲစခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော်ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size…  2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Camp (2013)

2013
We’re the Millers (2013) 7.0
We’re the Millers (2013) 2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ်    File size…  1.9 GB / 884  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie

We’re the Millers (2013)

2013
[21+] All Babe Network(2013) 5.1
[21+] All Babe Network(2013) လူရယ်လို့မှဖြစ်လာပြီဆိုရင် အလုပ်တခု ဝါသနာတစ်ခုတော့ ရှိရမယ်လေ အလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ဆိုတာ ပိုအရေးကြီးနေပြန်ရော ဘရက် မှာလည်း အလုပ်တခုရှိနေတယ် ဝါသနာလည်းပါနေတယ်ခက်တာက အထက်လူကြီးက မကောင်းဘူးဖြစ်နေတယ် အထက်လူကြီးက ဘရက်ကို ထောင်းချင်နေပေမဲ့ ပိုင်ရှင်က ဘရက်ရဲ့ဦးလေးဖြစ်‌နေတယ် ဒီတော့ ဘရက်ကို အလုပ်ဖြုတ်ဖို့ ကြံရပါတော့တယ်ဘရက်ရဲ့ TV Show ကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်တယ် အလုပ်ထဲက လူတွေကို စည်းရုံးတယ် စည်းရုံးတဲ့နည်းက မိုက်နေရော ဘရက်မှာလည်း အခက်ခဲမျိုးစုံးကိုဖြေရှင်းပေးနိုင်တဲ့ ချစ်သူရထားတော့ အတော် ပွဲစည်သွားတယ် သူ့အထက်လူကြီးက ဘယ်လောက်ပဲ ဖျက်ဖျက် ဘရက်ကတော့ရအောင်ကြိုးစားရှာတယ်ဘရက်တယောက် မှတ်ချက်တွေ ဆိုးနေရာမှ မှတ်ချက်တွေ တဟုန်ထိုးတက်လာအောင် ဘယ်လိုနည်းလမ်း တွေ့သွားလဲ ဆိုတာ ကြည့်လို့ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်မှာ ထက်မြက်တဲ့မိန်းမတ‌ယောက်ရှိနေတက်ပါတယ် File size…926MB Quality…720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+] All Babe Network(2013)

2013
Mood Indigo (2013) 6.5
Mood Indigo (2013) အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားကကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲအချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့...ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက်ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေးမွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်...မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ...ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးIMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size…  2.84 GB /  1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie

Mood Indigo (2013)

2013