Channel Myanmar

2013

Kick-Ass 2 6.6
Kick-Ass 2 ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်... ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်... နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ... ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇ၀တ်မှု့ကို ကျူးလွန်ကြတော့မှာပါ... ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး... Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ.... (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.6
IMDB: 6.6/10 226,119 votes
movie

Kick-Ass 2

2013
Bluray 720p
47 Ronin 6.3
47 Ronin     #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။ တစ်ချို့က ဒီကားကိုကြည့်ပြီး ...
6.3
IMDB: 6.3/10 127,591 votes
movie

47 Ronin

2013
Safe Haven (2013) 6.7
Safe Haven (2013) ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ၀တ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘ၀သစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ၀ိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။ အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ပြန်ပြီး ယုံကြည်လာ၊ ချစ်တတ်လာပေမယ့် ထူးဆန်းတဲ့သူစိမ်းတစ်ယောက်က ...
6.7
IMDB: 6.7/10 89,980 votes
movie

Safe Haven (2013)

2013
Paper Moon (2013) 4.7
Paper Moon (2013) ကျွန်တော်တို့ အလွမ်းတွေ အုံ့မှိုင်းနေတတ်တဲ့အခါမျိုးမှာ တစ်ယောက်တည်း ဆွေးမြေ့နေရတာ ပြင်းရှတဲ့အရသာတစ်ခုပဲ။ အခုလဲ လူသူမသိတဲ့ ဟောင်ကောင်ဇာတ်ကားလေးတစ်ကားနဲ့ တိတ်တိတ်လေး ဆွေးမြေ့ကြရအောင်လား... ဒီဇာတ်ကားဟာ တိတ်ဆိတ်ကြေကွဲတဲ့အရသာတွေ တရစပ်ပေးနေရင်း အလွမ်းတွေ အုံလိုက် လှိုက်ခနဲ့ ရွာကျလာနိုင်တယ်... ကျွန်တော်တို့မှာ ခုံမင်တဲ့ ရူးသွပ်မှုတွေရှိပေမယ့် ဒါတွေကို သိုဝှက်ပြီး ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးကြည့်ကောင်းအောင် ချပြနေရတဲ့ အခါတွေရှိတတ်တယ်....ဒီအခါမျိုးနဲ့ဒီဇာတ်ကားနဲ့ တိုက်ဆိုင်ရင်တော့ ရင်တစ်ခုလုံး ညှို့မှိုင်းသွားနိုင်တယ်.... ကြုံကြိုက်လို့ ဘဝမှာ တစ်ခုတည်းကိုပဲ ရွေးချယ်ရမယ်ဆို ကျွန်တော်တို့ဆုပ်ကိုင်မယ့် အရာဟာ ဒွိဟတွေနဲ့ လွန်ဆွဲနေမယ်... ချစ်ခြင်းမှာတော့ ပိုဆိုးပြီး သွပ်ချောင်ချောင်ဖြစ်စေနိုင်တာပဲ.....။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကောင်းတယ် မကောင်းဘူး..Rating များတယ် မများဘူးဆိုတာ ပြောဖို့မလိုဘူး....... ပြောဖို့လိုမှာက ဘဝမှာ အချစ်ကိုတွေ့ဖူးရင် ဒီဇာတ်ကားကို နားလည်ပေးနိုင်မယ်။ အချစ်ဆိုတာဂျိုနဲ့လား ဆိုတဲ့လူတွေအတွက်တော့ ဒီဇာတ်ကားကိုကြည့်ဖို့မလိုပါ...သူတို့အတွက်တော့ လူရုပ်လေးတွေစကားပြောနေတဲ့သာမန်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်....။   File size…(800 MB) and (390MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:47:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung      
4.7
IMDB: 4.7/10 31 votes
movie

Paper Moon (2013)

2013
How to Use Guys with Secret Tips (or) Mens Manual (2013) 6.7
How to Use Guys with Secret Tips (or) Mens Manual (2013) ဇာတ်ကားနာမည်က How to use guys with secret tips (သို့မဟုတ်) Men's Manual  ပါတဲ့။ နွားတစ်ကောင်အသုံးပြုနည်း..အဲလေ...ယောင်္ကျားတို့အားကိုင်တွယ်နည်းလို့ ဆိုရမပေါ့။ မင်းသမီးချော Lee Si-young က Choi Bo‑na အဖြစ်အဓိကသရုပ်ဆောင်ထားပြီး မင်းသား Oh Jung‑se , Ji Chang‑wook တို့ပါဝင်ထားပါတယ်။ ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ပဲလုပ်နေတတ်တဲ့ Choi Bo‑na တစ်ယောက် အချစ်ဦးကဆော်ပလော်တီးသွားလို့ အချစ်ဆိုတာကို ကြောက်နေခဲ့ပေမယ့် ယောင်္ကျားတို့အားကိုင်တွယ်နည်းလမ်းညွှန်ရသွားတဲ့အခါမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ...။ IMDb Rating (6.6) ရရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးဖြစ်ပါတယ်။   File size…(900 MB) and (380MB) Quality…HD Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Black Rose  
6.7
IMDB: 6.7/10 361 votes
movie

How to Use Guys with Secret Tips (or) Mens Manual (2013)

2013
[18+] Wish Taxi (Aka) Secret Travel (2013) 6.1
[18+] Wish Taxi (Aka) Secret Travel (2013)   2013 ခုနှစ်​​လေက်​တုန်းက​ပေါ့... ဆိုးလ်​မြို့မှာ အသက်​၃၀ ၀န်းကျင်​ အင်​မန်းဆိုတဲ့​ လူပျိုနုနုထွတ်​ထွတ်​​လေးတစ်​​ယောက်​ရှိပါသတဲ့။ အသက်​ကသာ ၃၀ တန်း​ပေမယ့်​ တစ်​ခါမှကို ရည်းစားမထားဖူး..ချစ်​သူမရှိဖူး.. အိမ်​​ထောင်​မပြုရ​သေးတဲ့ လူပျိုစစ်​စစ်​​ ရေမ​ရောတဲ့သူ​ပါတဲ့။ သူ့သူငယ်​ချင်း​တွေက ​ဆောင်​ကြာမြိုင်​​တွေ အနှိပ်​ခန်း​တွေ သွားကြရင်​လည်း ​ ငေးကြည့်​​နေရုံသာ ဆိုတဲ့အတိုင်း ပိုက်​ဆံ​ငွေကြေးမ​ပြေလည်​တဲ့​ကောင်​​လေး တစ်​​ယောက်​ပါ။ သူ့အလုပ်​က ညဘက်​တက္ကစီ​မောင်းပို့ရတဲ့အလုပ်​ပါ။ တစ်​​နေ့ညမှာ​တော့ "လီဂျီယွန်း"ဆိုတဲ့ညဉ့်​ငှက်​မ​လေးတစ်​​ယောက်​နဲ့အဘိုးကြီးတစ်​​ယောက်​ကို ဟိုတယ်​တစ်​ခုဆီလိုက်​ပို့​ပြီး.. အဲဒီ​​ကောင်​မ​လေးအပြန်​ကိုပါ လိုက်​ပို့လိုက်ရပါတယ်​။ အဲဒီညဉ့်​ငှက်​မက​လေးက တကယ်​​တော့ တက္ကသိုလ်​ဘွဲ့ရပညာတတ်​က​လေးပါ။ မိသားစု​ငွေ​ရေး​ကြေး​ရေး ပြဿနာ​တွေကို ​ဖြေရှင်း​ပေးဖို့ဆိုတဲ့ မွန်​မြတ်​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပြည့်​တန်​ဆာမသာသာ ဘ၀​ရောက်​လာရသူ​လေး ဖြစ်​ပြီး လူ့ဘ၀ကိုစိတ်​ကုန်​​နေသူတစ်​​ယောက်​ပါ။ "မိမိဖာသာ ​သေ​ကြောင်းကြံစည်​ရန်​ကြိုးစားခြင်း" ဆိုတဲ့အပိုင်းကိုရောက်လာပါပြီ... ညဉ့်​ငှက်​မ​လေးက တက္ကစီသမား​လေးကို ​ပြောလိုက်​မိပါတယ်​။ "​သေ​ကြောင်းကြံစည်​ကြသူများအသင်း"ကိုဝင်​လို့ရမလားတဲ့...။ လီဂျီယွန်းကို ကာမဆန္ဒအတွက်​ အသုံးချဖို့ဆိုတဲ့ အကြံနဲ့ အင်မန်းက "​ပျော်​ရွှင်​စွာ ​သေ​ကြောင်းကြံစည်​ကြသူများအသင်း" ဆိုပြီး ဇာတ်လမ်းစလိုက်တဲ့အခါမှာတော့......။ Notice.....this movie is not the sort of erotical one,but within it there will be some erotic contents.Be careful...this ...
6.1
IMDB: 6.1/10 13 votes
movie

[18+] Wish Taxi (Aka) Secret Travel (2013)

2013
BlueRay-Rip 720p
Frozen (2013) 7.5
Frozen (2013) Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ ...
7.5
IMDB: 7.5/10 478,434 votes
movie

Frozen (2013)

2013
BlueRay-Rip 720p
The Wolf of Wall Street (2013)
The Wolf of Wall Street (2013) IMDb (8.2)...Rotten Tomatoes(78%) - - - - - - - - The Wolf of Wall Street [2013] အရမ်းကောင်းတယ်။ ဇာတ်က မြူးတယ်။ The Great Gastby မှာ သူဋ္ဌေးကြီး တစ်ယောက်ပုံစံ သရုပ်ဆောင်ခဲ့တဲ့ လီယိုနာဒို ဟာ ဒီဇာတ်ကားမှာ လူလည်စီးပွားရေးသမား၊ ရင်းနှီးမြုပ်နှံသူ၊ Stock breaker တစ်ယောက်အဖြစ် (ပြေတီဦးပြောတဲ့ အလှုပ်ဇာတ်ရုပ် ကို) ပီပြင်အောင် သရုပ်ဖော်သွားတယ်။ ဒါ့အပြင် အော်စကာ Nominee ဟာသမင်းသား Jonah Hill ကို သူရဲ့လက်ထောက်အဖြစ် ထည့်ထားတော့ ဇာတ်က ပိုပြီး Hilarious ဖြစ်သွားတယ်။ ငွေကြေးအမြတ်အစွန်းတွေ အများကြီးရလိုက်လို့ ကုမ္ပဏီရုံးခန်းထဲမှာ ပါတီပေးပြီး Stripper တွေ အုပ်လိုက်ကြီးခေါ်ထည့်လိုက်တဲ့ အခန်းတွေဆို မပြုံးဘဲ ၀ါးလုံးကွဲရီရတယ်။ လီယိုနာဒိုက ဒီဇာတ်ကားမှာ လူလည်တစ်ယောက်၊ FBI ...
IMDB: /10 votes
movie

The Wolf of Wall Street (2013)

2013
Blu-Ray 720p
Man of Steel 7.1
Man of Steel Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီး June 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇတ်ကား အသစ်ဖြစ်ပါတယ်... Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်း ထူးဆန်းတဲ့ မိုးကောင်းကင်ကနေ ကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားက မွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲ ဒါပေမယ့် ထူးခြားနေပါတယ်.... Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်း နဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကို တွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့ Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်.... အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ် ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်း မဟုတ်ခဲ့ပါဘူး ...
7.1
IMDB: 7.1/10 591,519 votes
movie

Man of Steel

2013
Blu-Ray 1080p
The Originals 8.3
The Originals   CM ပရိတ်သက်များတောင်းဆိုထားတဲ့ TV Series တစ်ခုကို အပတ်စဉ် ပုံမှန်တင်ဆက်ပေးဖို့ အလှည့်ကျလာပြန်ပါပြီ IMDb မှာ Rate 8.3 ထိ ရထားတဲ့ The Originals ဆိုတဲ့ TV Series လေး ဖြစ်ပါတယ် လက်ရှိပြသနေတာတော့ Season 5 ထိ ရောက်ရှိနေပါပြီ CM ပရိတ်သက်တွေအတွက်တော့ တစ်လ ကို 1 Season ထိ ဘာသာပြန်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ် The Originals ကတော့ Teen Wolf နဲ့ The Vampire Diaries လို Series မျိုးကို ကြိုက်နှစ်သက် အားပေးသူတွေအတွက် ပိုပြီး ကြည့်လို့ကောင်းစေမယ့် TV Series မျိုးဖြစ်ပါတယ် အစဉ်အလာ ကြီးမားလှတဲ့ နှစ်ပေါင်း ထောင်နဲ့ချီပြီး အသက်ရှည်နေတဲ့ သွေးစုတ်ဖုတ်ကောင် တွေနဲ့ လူတပိုင်း မြေခွေးတပိုင်း ဖြစ်နေတဲ့ သမန်းဝံပုလွေ နဲ့ စစ်ခင်းကြမယ့် စစ်ပွဲ ကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ Thit San Khant
8.3
IMDB: 8.3/10 90,700 votes
movie

The Originals

2013
R… Rajkumar (2013) 5.2
R… Rajkumar (2013) ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် အလန်းစားCrime,Comedy,Action ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်။ Prabhu Deva ရိုက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ခပ်မြူးမြူးနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားပြီးMusic ပိုင်းတွေ၊ Action ပိုင်းတွေကို အမှန်အကန် ပုံဖေါ်ထားပါတယ်။ Rody Rahtore, Boss တို့လို ဇာတ်လမ်းမ်ျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူး ဒိုဟရ်ပူးရ်ဆိုတဲ့ရွာလေးမှာ အစိုးရဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တရားဥပဒေဆိုတာ ဘာမှန်းမသိ အဲ့ဒီရွာကို အဓိက ဗိုလ်ကျနေတဲ့ လူနှစ်ယောက်ရှိတယ် ရှိဗ်ရာဂ်ျနဲ့ ပရ်မာ နှစ်ယောက်လုံးက ဘိန်းဘုရင်အကြီးစားတွေ ဖြစ်ကြသလို ကိုယ်ကျိုးတွက်ဆို လူသတ်ဖို့ ဝန်မလေး ဒုစရိုက်မှုကို ခါးဝတ်ပုဆိုးလို ဖြစ်နေကြတယ်။ အဖွဲ့နှစ်ဖွဲ့က တဖက်နဲ့တဖက် အမြဲလိုလို ချောင်းမြောင်းလုပ်ကြံနေကျ ဒါပေမဲ့ ရှိဗ်ရာဂ်ျကံကောင်းတယ်ပဲ ပြောရမလား ဂျာရ်ကူမားရ်ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီရောက်လာတယ်bရာဂ်ျကူမားရ်ဆိုတာ ဇသိပ်ပြင်းတဲ့ မြွေပွေးလိုကောင်မျိုး သူနဲ့ ထိပ်တိုက်တွေ့မိသမျှ ဘယ်သူမှ အသက်ဆိုးမရှင်ကြဘူး " အသံတိတ်နေလိုက် ... မဟုတ်လို့ကတော့ အကြမ်းပတမ်းဖြစ်သွားမယ်" သူပြောသလို အသံတိတ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ် မဟုတ်ရင် တကယ့်ကို ...
5.2
IMDB: 5.2/10 4,280 votes
movie

R… Rajkumar (2013)

2013
anohana: The Flower We Saw That Day – The Movie (2013) 7.4
anohana: The Flower We Saw That Day – The Movie (2013) ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။ တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘ၀ကို ကူးနိုင်မှာတဲ့။ ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။ ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘ၀ကူးနိုင်အောင် အဖြေရှာရင်း သူတို့အချင်းချင်းပြန်အဆင်ပြေသွားကြမလား ပြီးတော့ အဲ့နေ့က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အချင်းချင်းလျှို့ဝှက်ချက်တွေကကောဘာတွေလဲ ဆိုတာ? ဇာတ်လမ်းအမျိုးအစားကတော့ Comedy, Drama ဖြစ်ပြီးတော့၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ series ကို ပြန်ပြီး ရိုက်ထားတဲ့ movie ...
7.4
IMDB: 7.4/10 1,063 votes
movie

anohana: The Flower We Saw That Day – The Movie (2013)

2013
Ender’s Game 6.7
Ender’s Game Ender's Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ၀တ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့  ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender ...
6.7
IMDB: 6.7/10 200,329 votes
movie

Ender’s Game

2013
Princess Sakura: Forbidden Pleasures 5.1
Princess Sakura: Forbidden Pleasures ဆာကူရာ ဆိုတဲ့ ချောမောလှပတဲ့ ကောင်မလေးက တော်ဝင်မျိုးနွယ်လေးပေါ့ ဆာကူရာ လေးဟာ ခန္ဓာကိုယ်က ဆာကူရာပန်းရနံ့လေး အမြဲမွှေးနေလို့ လိုချင်တပ်မက်သူတွေ ၀ိုင်းနေတာပေါ့ ဒါပေမယ့် ဆာကူရာလေးကတော့ ဗိုင်းကောင်းကျောင်ဖိ မိကောင်းဖခင် သမီးလေးပေါ့ အချစ်ရေးကို စိတ်မ၀င်စားသေးပါဘူး ဆာကူရာ တို့ စံအိမ်တော်မှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းထားတဲ့ တော်ဝင်ငှက်မွှေး ဆိုတဲ့ ပစ္စည်းရှိပါတယ် တန်ဖိုးလဲ ကြီးပါတယ် တစ်ရက်မှာတော့ ဆာကူရာ တို့အိမ်ကို ငတက်ပြား နာမည်ကျော်သူခိုး ၀င်ပြီး ထိုငှက်မွှေးကို ခိုးပါတယ် ငှက်မွှေးခိုးရုံပဲလား ဆိုတော့ မဟုတ်ပါဘူး အပျိုစင်လေး ဆာကူရာ အိပ်နေတဲ့ အိပ်ခန်းထဲ ၀င်ပြီး ဘုသွားပါသေးတယ် :P တော်ဝင်ထိန်းသိမ်းထားတဲ့ ပစ္စည်းလဲ ပျောက်လူလဲ ဘုခံလိုက်ရတဲ့ ဆာကူရာလေးဟာ အိမ်မှာမနေတော့ပဲ ထို သူခိုးကို ရှာဖို့ အတွက် ရည်မှန်းချက်ကြီးကြီးမားမား နဲ့ စံအိမ်ကနေ ထွက်ခွာသွားပါတော့တယ်... ရည်မှန်းချက် ကြီးမားပုံများ လူဆိုးသူခိုးဂျပိုးများ အ၀င်အထွက်များတဲ့ ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာ အဖြစ် အလုပ်ဝင်လိုက်တာပါ :D သူမ ကိုယ်က ပန်းရနံ့ မွှေးတော့ နိုင်ငံအနှံ့ကတောင် လာပြီး သူမနဲ့ အိပ်ဖို့ ...
5.1
IMDB: 5.1/10 82 votes
movie

Princess Sakura: Forbidden Pleasures

2013
All Is Lost (2013) 6.9
All Is Lost (2013) All Is Lost(2013) IMDB...6.9,,,,Rotten...94 ဒီကားက ဆန်းတယ်လို့ပဲပြောရမလား မသိဘူး တစ်ကားလုံးမှာ သရုပ်ဆောင်တစ်ယောက်ထဲရယ်...ပြီးတော့ နောက်ခံစကားလေးအနည်းငယ်ကလွဲလို့ တစ်ကားလုံးဘာမှကိုမပြောဘူး.... လှေတစ်စီးပေါ်မှာလူတစ်ယောက် အိပ်နေတယ်...ဗြုန်းဆို လှေထဲကိုရေ၀င်သံကြောင့်သူနိုးလာတယ်.....ပင်လယ်ပြင်ထဲက သူ့လှေကိုထူးထူးခြားခြား ဘယ်သင်္ဘောပေါ်ကျခဲ့မှန်းမသိတဲ့ ကွန်တိန်နာရဲ့ထောင့်နဲ့လှေ၇ဲ့ဘေးနံရံနဲ့တိုက်မိပြီးပေါက်သွားတယ်.....လှေကိုဖာတယ် ..ရေတွေကိုပြန်ထုတ်တယ်....ဒီကားက  imdb ရော rotten ရောအတော်ကောင်းပါတယ်... ဘာကြောင့်ြ မင့်ရလဲဆိုတော့ အသက်၇၇နှစ်အရွယ် အဘိုးကြီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးရုန်းကန်မှုကို ပီပီပြင်ပြင်ပြနိုင်လို့ လိုဆိုပါတယ်...အချစ်တွေ အလွမ်းတွေ အဆွေးတွေ တော့မပါပါဘူး... File Size…(850MB) and (318MB) Quality…BluRay 720p Format…mp4 Duration…01:30:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Sherlock    
6.9
IMDB: 6.9/10 65,518 votes
movie

All Is Lost (2013)

2013

Genres