Channel Myanmar

2012

Ek Tha Tiger (2012) 5.4
Ek Tha Tiger (2012) ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် သူလျှိုတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ Tiger (ဆလက်မန်ခမ်း) ဟာအိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။ သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ် ဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ် ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ် Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ် ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)အကြောင်းလည်း ပြောပြချင်ပါတယ် Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ ဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘ၀တို့ရှေ့ဆက် ...
5.4
IMDB: 5.4/10 24,003 votes
movie

Ek Tha Tiger (2012)

2012
Blu-Ray 720p
Cool Kids Don’t Cry (2012) 7.5
Cool Kids Don’t Cry (2012) Channel Myanmar ပရိတ်​သတ်​ကြီးအတွက်​ ဒီတစ်​ခါတင်​ဆက်​​ပေးမယ့်​ဇာတ်​ကား​လေးက​တော့ Director Dennis Botsရဲ့IMDb Rating 7.5ရထားတဲ့ Drama Kids&Familyကား​လေးဖြစ်​ပါတယ်​။ ဇာတ်​ကားနမည်​ကေ​တာ့ #Cool-kids-Don’t cry ပါ။ ဒီဇာတ်​လမ်းမှာဆိုရင်​ ….. အကီ ဆိုတဲ့၈တန်း​ကျောင်းသူ​လေးမ​လေးက သူမရဲ့ကင်​ဆာ​ရောဂါကိုအရှုံးမ​ပေးပဲ​နောက်​ဆုံးထိ သတ္တိရှိရှိရင်​ဆိုင်​သွားပုံ​တွေကို ​တွေ့ရမှာဖြစ်​ပါတယ်​။ အကီက​ဘောလုံးကစားရတာကိုချစ်​မြတ်​နိုးပြီး ယောက်ျား​လေး​တွေနဲ့တန်းတူကစားနိုင်​သူဖြစ်​တယ်​။ ကစားတိုင်းလည်းဒဏ်​ရာ​တွေခဏခဏရတတ်​သူ​လေး​ပေါ့။ ဒီဒဏ်​ရာ​တွေအ​ပေါ်မှာလည်း အကီကသိပ်​feelမ​နေတတ်​ပြန်ဘူး။ အကီက မဟုတ်​မခံ စွာကျယ်​မ​လေးတစ်​​ယောက်​လည်းဖြစ်​တယ်​ ချုပ်​ချယ်​တာကိုလည်းမကြိုက်​ပြန်။ ဒါ​ပေမယ့်​မထင်​မှတ်​ထားတဲ့အချိန်​မှာကံကြမ္မာဆိုးတစ်​ခုက သူမဘဝထဲ ရုတ်​တရက်​ဝင်​​ရောက်​လာခဲ့ပါတယ်​။ ထိခိုက်​ဒဏ်​ရာ​ကြောင့်ဆေးသွားစစ်​ကြည့်​မိရာက စပြီးသူမမှာ ကင်​ဆာ​ရောဂါရှိ​နေမှန်းသိခဲ့ရပါတယ်​။ လူတိုင်းသိကြတဲ့အတိုင်းရောဂါခံစား​နေရပြီးဆိုရင်​ အရင်​ဆုံးဖြစ်​တာက Depressionဝင်​ကြတာပါပဲ။ ​ရောဂါကတစ်​မျိုး depressionကတစ်​မျိုးနဲ့ သတ်​မှတ်​ကာလအချိန်​ထိ​တောင်​ အသက်​ရှင်​​နေနိုင်​သွားသူ​တွေက ရှားပါတယ်​…. ​ရောဂါဖြစ်​​နေချိန်​မှာ ကိုယ့်​ဘာသာ ရင်​ဆိုင်​ရပ်​တည်​ဖို့ဆိုတာတကယ်​မလွယ်​တဲ့ကိစ္စပါ.. ​ အားလုံးရဲ့ကူညီ​ဖေးမမှု​တွေလိုအပ်​သလို ကိုယ်​တိုင်​လည်းစိတ်​ဓာတ်​ခိုင်​မာမှသာ အဆုံးထိခုခံနိုင်​ကြမှာပါ… ကဲ…..ဒီဇာတ်​လမ်း​လေးထဲမှာ​တော့ အကီက​ကင်​ဆာ​ရောဂါကို သတ္တိရှိရှိဘယ်​လိုရင်​သွားမလဲဆိုတာနဲ့ သူမသူငယ်​ချင်း​တွေက​ရော ဘယ်​လိုကူညီ​ဖေးမကြမလဲဆိုတာ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ။ ဒေါင်းလော့ဆွဲဖို့ လင့်အသစ်လေးထည့်ပေးထားတာကြောင့် ဒေါင်းကြည့်ပြီး အဆင်ပြေမပြေလဲ ပြောပေးကြပါဦးဗျ အဆင်မပြေတာရှိရင်ပြင်ရအောင်လို့ပါ   Qty – 720P Bluray Duration – 1hr 40min Gern – Drama File Size – 786MB / 362MB Translator – May Thet Pai Review – Aye Mon Kyaw Encoder – ...
7.5
IMDB: 7.5/10 2,198 votes
movie

Cool Kids Don’t Cry (2012)

2012
The Hunger Games 7.2
The Hunger Games   ဒီဇာတ်ကားက The Hunger Games စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီး ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။ Hunger Games တွေဖြစ်ပေါ်လာပုံကတော့ အဲ့ဒီပြည်နယ်တွေက ဆင်းရဲသားတွေက Capitol ကို တော်လှန်ကြရာမှာ မအောင်မြင်ပဲ Capitol ရဲ့ လက်အောက်ပြန်ကျရောက် ခဲ့သလို၊ Capitol က သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ နှစ်စဉ် ပြည်နယ်တစ်ခုစီကနေ အသက် ၁၂ နှစ်နဲ့ ၁၈ ကြားက ယောက်ျားလေးမိန်းကလေး တစ်ယောက်စီရွေးပြီး Hunger Game မှာဝင်ယှဉ်ပြိုင်ရပါတယ်။ သူဌေးတွေက ရုပ်သံ အစီအစဉ်တစ်ခုလို အားကစားနည်းတစ်ခုလို ...
7.2
IMDB: 7.2/10 757,099 votes
movie

The Hunger Games

2012
The Dark Knight Rises (2012) 8.5
The Dark Knight Rises (2012)  ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.5
IMDB: 8.5/10 1,180,676 votes
movie

The Dark Knight Rises (2012)

2012
Blu-Ray 720p
Project X (2012) 6.7
Project X (2012) ဒီတစ်ခါ CM ပရိတ်သတ် ကြီးကို ပေါ့ပေါ့ ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်ဗျာ။ ပထမဦးဆုံးပြောလိုတာကတော့ အနောက်တိုင်းကျောင်းသား Fancy ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း Family နဲ့ကြည့်ဖို့ မသင့်တဲ့ ဇာတ်ကားပါ.....အပျော်တွေကူးစက်လာမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားဖြစ်သလို… အနောက်တိုင်းယဉ်ကျေးမှု နဲ့ ခံယူချက်တွေကို တစ်စိတ်တစ်ဒေသ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းကတော့ အထူးညွန်းနေစရာမလိုတဲ့ ကားလေးတစ်ကားပါ။ အနည်းအကျဉ်း ပြောပြရရင် သောမတ်စ် ကုဘ် ရဲ့ အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ သောမတ်စ် တစ်ယောက် မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခု ကျင်းပဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလို ပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီး တစ်ခြားလူတွေကို ထပ်မံ ဖိတ်ခေါ်ပါတော့တယ်။ အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။ သောမတ်စ် ...
6.7
IMDB: 6.7/10 168,480 votes
movie

Project X (2012)

2012
The Silent War (2012) 6.2
The Silent War (2012) CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ "Ting feng zhe" ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာ အခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာ ပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။ ဒီလို လုပ်ဆောင် ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကို ကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီလို အချိန်မှာ ...
6.2
IMDB: 6.2/10 1,205 votes
movie

The Silent War (2012)

2012
Gangs of Wasseypur (2012) Part 2 8.3
Gangs of Wasseypur (2012) Part 2 Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ် မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ...
8.3
IMDB: 8.3/10 57,151 votes
movie

Gangs of Wasseypur (2012) Part 2

2012
Gangs of Wasseypur (2012) Part 1 8.3
Gangs of Wasseypur (2012) Part 1 Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ် မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ...
8.3
IMDB: 8.3/10 57,151 votes
movie

Gangs of Wasseypur (2012) Part 1

2012
The ABCs of Death 4.7
The ABCs of Death The ABCs of Death ဆိုတဲ့ ရုပ်ရှင်ကို မကြည့်ခင် အရင်သတိပေးချင်တာက 21+ အဆင့်လောက်ရှိလို့ မိသားစုတွေ ကလေးတွေ နဲ့ အတူ မကြည့်သင့်ပါ သွေးသံရဲရဲတွေ အသဲယားလောက်စရာတွေ များလို့ နှလုံးရောဂါ ရှိသူများ ရွံ့တက်သူများ ၊ အန်တက်သူများ မကြည့်ပါနဲ့ အစားအသောက်စားနေရင်းလဲ မကြည့်ပါနဲ့ အစာစားချင်စိတ် ကုန်ခမ်းသွားပါမယ် ဒီရုပ်ရှင်ဟာ A ကနေ Z အထိ အက္ခရာအလိုက် စီပေးထားပြီး စကားလုံး တစ်ခုစီမှာ သေပုံ သေနည်း တစ်မျိုးစီ ပြသပေးထားပါတယ် ပိုဆိုးတာက ကြည့်ရင်း ကြည့်ရင်း အတော်လေး စိတ်ဆင်းရဲလာမယ်ဆိုတာပါပဲ ဘယ်လိုတွေတောင် စိတ်ဆင်းရဲရမယ် ဆိုတာ မပြောပြပါဘူး ကျနော်လဲ စိတ်ဆင်းရဲ ခံပြီး Z ရောက်တဲ့ အထိ ကြည့်နိုင်ခဲ့ပါတယ် ဖြစ်နိုင်ရင် သင့် သူငယ်ချင်းတွေနဲ့ Z ရောက်တဲ့ အထိ ဘယ်သူကြည့်နိုင်မလဲ ဆိုပြီး Mention ခေါ်ပြီး ပြိုင်သင့်ပါတယ် စိတ်ဆင်းရဲခြင်း ကင်းနိုင်ကြပါစေ... File size - ( 1.5GB & 750mb) Quality - ...
4.7
IMDB: 4.7/10 15,730 votes
movie

The ABCs of Death

2012
Moonrise Kingdom (2012) 7.8
Moonrise Kingdom (2012) IMDb မှာ 7.8 ရထားတဲ့ Drama ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ လူငယ်လေး ၂ယောက်အကြောင်းကို တင်ဆက် ရိုက်ကူးထားတာ ဖြစ်ပြီးတော့ ၁၉၆၅ ပတ်ဝန်းကျင်ကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ၁၉၆၅ခုနှစ် နွေရာသီမှာ အသက် ၁၂ နှစ် အရွယ်ကောင်လေးနဲ့ ကောင်မလေး ၂ယောက်ဟာ မေတ္တာမျှခဲ့ကြပြီး မတူညီတဲ့ အသိုင်းအ၀ိုင်း ၂ခုကြားထဲကနေ ထွက်ပြေးကြပါတယ် အဲ့သည်မှာ သူတို့ ၂ယောက်ထွက်ပြေးကြရင်း ဘယ်လို အခက်အခဲတွေ တွေ့ရမလဲ သူတို့ ၂ယောက်ကကော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ   Qty - 720p Bluray Duration - 1hr 34min Gern - Drama / Romance Subtitle - Myanmar Encoder - Kyaw Ye Aung    
7.8
IMDB: 7.8/10 266,144 votes
movie

Moonrise Kingdom (2012)

2012
Naked Soldier (2012) 4.9
Naked Soldier (2012) ဒီဇာတ်လမ်းလေးထဲမှာတော့ ... အရာရှိလန် (ကွန်ဖူးဖက်တီး) ဟာ ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးမှုတစ်ခုကို ဖော်ထုတ်ခဲ့ပြီး တစ်လခန့်အကြာမှာတော့ သူ့ရဲ့တစ်မိသားစုလုံးဟာ ပြန်လည်လက်စားချေမှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ချစ်လှစွာသော သမီးလေးကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဆယ့်ငါးနှစ်အကြာမှာတော့ ကျွမ်းကျင်လေ့ကျင့်ထားသော လူသတ်သမားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အင်တာပိုမှလည်း အတွေ့အကြုံရှိသော အရာရှိလန်အား ပြန်လည်အလုပ်ခေါ်ယူရင်း မဒန်ရိုစ့် ခေါင်းဆောင်သော ရာဇဝတ်ဂိုဏ်းအား ချေမှုန်းဖို့ပြင်ဆင်ခဲ့ရာမှာ........။ အက်ရှင်ဇာတ်ကားဖြစ်ပြီး တိုက်ပေ့ခိုက်ပေ့ဆိုသည်များကို သဘောကျသော ပရိတ်သတ်တွေ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (Tartee Poe မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(900MB)and (370MB) Quality…DVD-Rip Format…mp4 Duration….01:33:19 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
4.9
IMDB: 4.9/10 421 votes
movie

Naked Soldier (2012)

2012
ATM: Er Rak Error (2012) 7.2
ATM: Er Rak Error (2012) Screenshots     မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော  Preechaya Pongthananikorn  တို့ အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။ IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။ မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ (မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။ pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။) File size...(1.2GB) Quality...HD-Rip 720p Format...mp4 Duration....01:57:08 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung     နမူနာကြည့်ရန်
7.2
IMDB: 7.2/10 1,072 votes
movie

ATM: Er Rak Error (2012)

2012
Back to 1942 (2012) 6.9
Back to 1942 (2012)   "စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲက အစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်" ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေ နဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓားနဲ့ ခတ်ခံရရင် လူမသေဘဲဓားကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊ အစားအသောက်မီးလိုတောက်ပြီး အစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမ္ဘာ ပေါ်မှာမရှိစေရဘူးဆိုတာ သက်သေပြနေတဲ့နိုင်ငံ၊ ကမ္ဘာ့ စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါး ဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ် တို့ သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆို တဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာ ရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေ ပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊ သဘာဝ အလှအပများ အံ့သြမဆုံးတည်ရှိရာ နိုင်ငံ၊ ကမ္ဘာလုဦးရေးအများဆုံးသောနိုင်ငံ....... အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့ အတိတ်ကဖြစ်ရပ်တစ်ချို့ ကို ပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင် မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဒီကားကို ၂၀၁၂ နိုဝင်ဘာ လမှာ ပြသခဲ့ပါ တယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ် သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာ ယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူး ထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှု ကိုပိုပြီး အလေးပေးရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။ UMDb Rating 6.9 ၊ Rotten ...
6.9
IMDB: 6.9/10 2,599 votes
movie

Back to 1942 (2012)

2012
Flight(2012) 7.3
Flight(2012) IMDb....7.3,,,,,Rotten....78 Oscarဆုရ မင်းသား Denezl Washingtonပါဝင်ပြီး ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။ Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်ရက်ကျတော့ ခရီးသွားရင်း လေယာဉ်စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ်ဒါပေမယ့်ပိုင်းလော့ရဲ့ကျွမ်းကျင်မှူကြောင့် လူအနည်းသာ သေဆုံးခဲ့ရပြီး သူလဲ  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်....လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် ဒါပေမဲ့ သူ ဆေးရုံက ဆင်းပြီးမကြာခင်မှာ လေယာဉ်မောင်းနေချိန်စဉ် တားမြစ် ဆေးသုံးစွဲခဲ့တဲ့ဆိုတဲ့ စွတ်စွဲမှုတွေ ဆေးသုံးတဲ့စွပ်စွဲမှုရဲ့နောက်ဆက်တွဲ                                           အကျိုးဆက်အနေနဲ့ လေယာဉ် ဆင်းသက်မှူတွေကြောင့် ပျက်စီးခဲ့ရတာအတွက် တရားရင်ဆိုင်ရပါတော့တယ်..... File Size…(1Gb) and (419MB) Quality…BluRay 720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
7.3
IMDB: 7.3/10 282,899 votes
movie

Flight(2012)

2012
Journey to the Christmas Star (2012) 5.9
Journey to the Christmas Star (2012) CM ပရိတ်သတ် ကြီးအတွက် နော်ဝေ ရိုးရာ ပုံပြင်တစ်ပုဒ်ကို ရုပ်ရှင် အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုလို ခရစ္စမတ် နားရက်မှာ မိသားစုနဲ့ အတူ စိတ်ဝင်တစား ကြည့်လို့ ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် သာယာလှပတဲ့ တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီး ရယ် သူ့သမီးတော် ရွှေရောင်ဆံပင် နဲ့ မင်းသမီးလေးရယ် မိဖုရားကြီးရယ်တို့က တိုင်းပြည်ကိုပျော်ရွှင်စွာ အုပ်ချုပ်နေသတဲ့။ဒါပေမဲ့ ဘုရင်ကြီးရဲ့ ညီဝမ်းကွဲ မြို့စားကလည်း ဘုရင် ဖြစ်ချင်နေတာပေါ့။ ဒါပေမဲ့ သူ ဘုရင်ဖြစ်ဖို့ မင်းသမီးလေး နဲ့ မိဖုရားကြီးတို့ မရှိမှ ဖြစ်မှာ ကိုး ဒီလိုနဲ့ မြို့စားက စုန်းမကြီးကို တိုင်းပြည် တစ်ဝက် ခွဲပေးမယ် လို့ အကူအညီတောင်းတာပေါ့။ ဒီလိုနဲ့ မြို့စားရဲ့ လှည့်ဖျားမှု့ နဲ့ မင်းသမီးလေးက ခရစ္စမတ် ကြယ်ကို ရှာဖို့ ...
5.9
IMDB: 5.9/10 911 votes
movie

Journey to the Christmas Star (2012)

2012
A Muse (2012) 6.8
A Muse (2012) ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါ အဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါ သူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ် တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ် သူ့တပည့်က မနာလိုဖြစ်ပါတော့တယ် ...
6.8
IMDB: 6.8/10 1,016 votes
movie

A Muse (2012)

2012
Batman: The Dark Knight Returns, Part 1 (2012) 8.0
Batman: The Dark Knight Returns, Part 1 (2012) 1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns  Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ...
8.0
IMDB: 8.0/10 42,543 votes
movie

Batman: The Dark Knight Returns, Part 1 (2012)

2012
The Vow (2012) 6.8
The Vow (2012) ကိုယ်သာ အတိတ်မေ့သွားမယ်ဆို ကိုယ်ချစ်တဲ့သူကို ပြန်သတိရနိုင်မှာလား အချစ်တွေကိုရောမေ့သွားနိုင်မှာလား ဇာတ်လမ်းကတော့ လီယို နဲ့ ပိခ်ျ့တို့ဟာ သိပ်ချစ်ကြတဲ့လင်မယားတွေပါ တစ်ယောက်ကို တစ်ယောက်ကို ဖေးမရင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ကြသူတွေပါ ဒါပေမယ့်တစ်နေ့မှာ ကံဆိုးစွာနဲ့ သူတို့နှစ်ယောက်အက်ဆီးဒင့်ဖြစ်ခဲ့ပါတယ် အဲ့နောက်မှာ ပိခ်ျ့ဟာ မှတ်ဥာဏ်ပျောက်ဆုံးသွးပြီး သူမခင်ပွန်း လီယိုကို မမှတ်မိနိုင်ဖြစ်သွားပါတယ် ပိခ်ျ့ဟာ လီယိုကို ပြန်မှတ်မိနိုင်မှာလား ဒါမှမဟုတ် လီယိုကိုရော လီယိုအပေါ်အချစ်တွေကိုရော လုံးဝပြန်မမှတ်မိနိုင်တော့ဘူးလား……. လီယိုကရော ပိခ်ျ့ပြန်ချစ်လာအောင် ပြန်မှတ်မိလာအောင်လုပ်နိုင်မလား ပိခ်ျ့က လီယို့ကိုပြန်မချစ်နိုင်တော့ပဲ ပိခ်ျ့ရဲ့အရင်ချစ်ရသူ ဂျဲရမီကိုပဲ ရွေးသွားမလား……...........   (ဘာသာပြန်သူကတော့ အဉ္ဇလီသန်းထိုက်ပါ)   File Size : (930 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p DTS x264-beAst Translated ...
6.8
IMDB: 6.8/10 160,864 votes
movie

The Vow (2012)

2012
Ernest & Celestine(2012) 7.9
Ernest & Celestine(2012) Ernest and Celestine ( 2012 ) ဇာတ်လမ်းအညွှန်း ≡≡≡≡≡≡≡≡≡ တခါတုန်းက ဝက်ဝံတွေနဲ့ ကြွက်လေးတွေ နေထိုင်တဲ့မြို့လေးတမြို့ရှိတယ် ။ ဒါပေမယ့် အတူယှဉ်တွဲနေထိုင်ကြတာတော့မဟုတ်ခဲ့ဘူး။ ဝက်ဝံတွေဟာလည်း ကြွက်တွေကိုကြောက်ကြတယ် ကြွက်တွေဟာလည်းဝက်ဝံတွေကိုကြောက်ကြတယ်။ ဒါ့ကြောင့် ဝက်ဝံတွေ က မြေပြင်ပေါ်မှာနေထိုင်ပြီးကြွက်တွေဟာမြေအောက်မှာနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ ကြွက်မလေးတစ်ကောင်ဟာ အပြစ်ပေးခံရတဲ့အတွက် သွားတွေရှာဖို့ မြေပေါ်တက်လာရင်း အန္တရာယ်တွေကြားထဲမှာ ဝက်ဝံတကောင်နဲ့တွေ့ခဲ့တယ်။ ဝက်ဝံဟာလည်း ဒုက္ခတွေခံစားနေရတဲ့သူဖြစ်တယ်။ ဒီလိုတွေ့ဆုံရာကနေ တစ်ယောက်ကိုတစ်ယောက်ကူညီရင်း ဖြစ်လာတဲ့ပြသနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ။ တစ်ကောင်နဲ့တစ်ကောင် ကြောက်ရွံ့နေကြတဲ့ ဒီမျိုးနွယ်နှစ်ခုက သူတို့နှစ်ယောက်ကြောင့် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို တော့ဒီဇာတ်ကားလေးကိုဆက်လက်ကြည့်ရင်း ခံစားလိုက်ပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုအောင်မျိုးသက်ပါ. File Size…(789MB) and (221MB) Quality… 720p Format…mp4 Duration…01:20:00 Subtitle by Aung Myo Thet Encoder...Phyo Pyae
7.9
IMDB: 7.9/10 13,937 votes
movie

Ernest & Celestine(2012)

2012