Channel Myanmar

2009

The Haunting in Connecticut 5.9
The Haunting in Connecticut ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ သိပ်မလှပါဘူး အယုံအကြည် သိပ်မရှိတဲ့ မတ် ရဲ့ အမေ ကတော့ ...
5.9
IMDB: 5.9/10 54,014 votes
movie

The Haunting in Connecticut

2009
[18+] Ninja She Devil (2009) 4.8
[18+] Ninja She Devil (2009) Dark Side Production မှတင်ဆက်လိုက်တဲ့ ဂျပန်နင်ဂျာ(၁၈+) ဇာတ်ကားဖြစ်ပါတယ်။ လူမှန်ရင် ယောက်ျားမိန်းမ ဘယ်သူပဲဖြစ်ဖြစ် ဒွါရကိုးပေါက်ပဲပါရှိကြတာပါ။ ဘယ်သူ့မှာများ ပိုပါနေတာ လျော့ပါနေတာရှိလို့လဲပေါ့..။ ဒါပေမယ့်လို့ ထူးထူးခြားခြားပဲ ဂျပန်နင်ဂျာကောင်မလေးတစ်ယောက်မှာ ဒွါရပေါက်တစ်ခု ပိုပါလာပါသတဲ့။ကျွန်တော်တို့ ရှုစားရမယ့် ဇာတ်လမ်းကလည်း ဒွါရပေါက်တစ်ခု ပိုပါလာတဲ့( Tsubame)ဆူဘာမေ ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဆူဘာမေ မှာ (Hayabusa) ဟာယာဘူဆာ လို့ခေါ်တဲ့ အကိုတစ်ယောက်ရှိပြီးတော့ သူတို့ မောင်နှမနှစ်ယောက်စလုံးက (Kuniyoshi )ကူနိယိုရှိ ဆိုတဲ့ နယ်စားကြီးရဲ့ လက်အောက်မှာ အမှုထမ်းနေကြတဲ့ Shinobi (ရှိနိုဘီ) နင်ဂျာမောင်နှမပါ။ တစ်နေ့မှာ ဆူဘာမေ အတွက်လျှို့ဝှက်တာဝန်တစ်ရပ်ထမ်းဆောင်ဖို့ ဖြစ်လာရပါတယ်။ ဘာတာဝန်လည်း ဆိုတော့ အဝေးခရီးမသွားနိုင်တဲ့ နယ်စားကြီး ကူနိယိုရှိ ရဲ့ လူသားမျိုးစေ့(သုက်သွေး) တွေကို သူမရဲ့ လျှို့ဝှက်ထားတဲ့ ဆယ်ခုမြောက် ဒွါရပေါက်ကတဆင့် သူ့ကိုယ်ထဲသိုမှီးထားပြီး ...
4.8
IMDB: 4.8/10 99 votes
movie

[18+] Ninja She Devil (2009)

2009
DVD-Rip
The Proposal (2009) 6.7
The Proposal (2009) The Proposal ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၉ခုနှစ်​ထွက်​ဒရာမာဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​ ဇာတ်​ကားကြာမြင့်​ချိန်​က​ ၁နာရီ မိနစ်​​ ၄၀​ကျော်​ရှိပြီး Imdb rating 6.7/10 အထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ နာမည်​ကြီးမင်းသမီး Sandra Bullock.....မင်းသား Ryan Reynolds တို့ဖြစ်​ပါတယ်​ ဇာတ်​လမ်းအကျဉ်းက​တော့ စာအုပ်​တိုက်​တစ်​ခုမှာ အယ်​ဒီတာချုပ်​ဖြစ်​တဲ့ Margret တစ်​​ယောက်​ ဗီဇာစည်းကမ်း​ဖောက်​လို့ ပြည်​နှင်​ဒဏ်​​အ​ပေးခံရမယ့်​အ​ခြေအ​နေဆိုက်​​နေပါတယ်​.... သူ့အတွက်​​ဖြေရှင်းဖို့နည်းလမ်းက​တော့ နိုင်​ငံသားတစ်​​ယောက်​နဲ့လက်​ထပ်​တာပါ.... အဲဒီအခါ သူ့လက်​​ထောက်​ဖြစ်​တဲ့ Andrew နဲ့ လက်​ထပ်​ဖို့ကြံစည်​ပါ​တော့တယ်​..... ဒါပေမယ့်လည်း အ​မေရိကန်​လူဝင်​မှုကြီးကြပ်​​ရေးအရာရှိမှ သူတို့နှစ်​​ယောက်​​ပေါင်းလိမ်​​နေတယ်​လို့သံသယရှိလာတာ​ကြောင့်​ ၂​ယောက်​စလုံးကို​မေးခွန်း​တွေ​မေးမယ်​ မတူရင်​ Margret က နယ်​နှင်​ဒဏ်​ Andrew က​ငွေဒဏ်​နဲ့​ထောင်​ဒဏ်​ခံရမှာပါ..... ဒီကိစ္စ ကို​ဖြေရှင်းဖို့ ၂​ယောက်​သားဘယ်​လို​တွေလုပ်​​ဆောင်​မလဲ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ။ ....မိသားစု....ရည်းစား​ဟောင်းစတဲ့အခက်​အခဲ​တွေကြားမှာ မထင်မှတ်ပဲအချစ်​စစ်​တစ်​ခု​ပေါက်​ဖွားလာနိုင်​မလား၊ ဆိုတာတော့ Dramaကြိုက်တဲ့ ပရိသတ်​ကြီးတွေကိုယ်တိုင်ကြည့်​ရှုလိုက်​ပါဦး​နော်​   File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1h 48min  Format ...
6.7
IMDB: 6.7/10 252,819 votes
movie

The Proposal (2009)

2009
Watchmen (2009) 7.6
Watchmen (2009) ဒီတစ်ခါတော့ CM Fans တွေအတွက် အထူးဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်ကားလေးဟာ တစ်ချိန်က Superheroes ရုပ်ရှင်တွေထဲမှာ Epic အဖြစ်ဆုံး အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှာတ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့ပြီးတော့ Zack ကိုယ်တိုင်က သူ့ဘ၀မှာ ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတွေထဲက တစ်ခု အပါအ၀င်ပါလို့ ပြောကြားခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ Imdb Rating 7.6 ရရှိထားပြီး ဆုပေါင်းများစွာလည်းရထားသေးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့နဲ့ အပြိုင် Altarnate Reality တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲ့ Reality မှာ Superheroes တွေ တကယ်ရှိပြီး သူတို့က နိုင်ငံရေး လူမှု့ရေးတွေမှာ ပါဝင်ပတ်သတ်မှု့တွေရှိနေပါတယ်။ ဇာတ်လမ်းကတော့ အနားယူနေတဲ့ စူပါဟီးရိုးတစ်ယောက်အသတ်ခံလိုက်ရတာကနေစတော့တာပါပဲ။ အသတ်ခံရသူက ကျွမ်းကျင်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်နေပေမဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။ အဲ့မှာပဲ ကျန်တဲ့ စူပါဟီးရိုးတွေက ပြန်စုပေါင်းပြီး ဒီ လက်စားလိုက်ချေနေတဲ့သူက ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သူတို့တွေ ဒီလို ဖော်ထုတ်ရာမှာ တဖြည်းဖြည်းနဲ့ ပိုပို နက်နဲလာတဲ့ ဇာတ်ကွက်ကို စိတ်ဝင်တစားကြည့်ရမှာပဲ ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင်တော်ရုံစူပါဟီးရိုး ကားတွေကို ...
7.6
IMDB: 7.6/10 424,784 votes
movie

Watchmen (2009)

2009
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ် ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော???? အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား……. ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။ သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။ သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။ နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။ သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။   File Size : (950 ...
7.1
IMDB: 7.1/10 124,723 votes
movie

The Time Traveler’s Wife (2009)

2009
Prayers for Bobby (2009) 8.1
Prayers for Bobby (2009)   Prayers for Bobby (Bobby အတွက် ဆုတောင်းသံများ) ဆိုတဲ့ဇာတ်ကားလေးထဲက Bobby ရဲ့ အမေ ဖြစ်သူ Mary နောက်ဆုံးပြောသွားတဲ့ စကားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ "လိင်တူချစ်တယ်ဆိုတာ အပြစ်တစ်ခုပါ။ သူတို့တွေ သေရင် ငရဲကျမယ်။ သူတို့တဲ့ မကောင်းတဲ့ အကျင့်တွေပြင်မယ်ဆို ပြင်လို့ရပါတယ်။ ဒီ တဏှာ ရာဂ စိတ်တွေ မရှိရင် သာမန် ပြန်ဖြစ်လာမယ်။ သူတို့သာ ပြင်ချင်ရင် အကြိမ်ကြိမ်ကြိုးစားပြီး ပြင်လို့ရတယ်" လို့ ကျမသားလေး Bobby ကို ကျမ ပြောခဲ့ပါတယ်။ သူက လိင်တူချစ်သူတစ်ယောက် (အခြောက်) ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျမ ဘဝ၊ ကျမ မျှော်လင့်ချက်တွေ ရေစုံမျော ပျက်ဆီးသလို ခံစားရပါတယ်။ ကျမသားလေးရဲ့ ဒီ ရောဂါကြီးကို ကုသဖို့ ကျမတတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ လက ကျမသားလေး တံတားပေါ်ကနေခုန်ချ ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။ လိင်တူချစ်သူ တွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ကို မလေ့လာခဲ့ ...
8.1
IMDB: 8.1/10 13,199 votes
movie

Prayers for Bobby (2009)

2009
Up in the Air (2009) 7.4
Up in the Air (2009) ဘ၀ဆိုတာ ခရီးရှည်တစ်ခု... ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ... လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။ IMDB 7.4 | RT 91% | Roger Ebert 4/4 ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ " ခင်ဗျား အလုပ်ပြုတ်ပြီ " ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ ...
7.4
IMDB: 7.4/10 285,137 votes
movie

Up in the Air (2009)

2009
Confessions of a Shopaholic (2009) 5.9
Confessions of a Shopaholic (2009) အခုမိတ်​ဆက်​​ပေမယ့်​ ဇာတ်​လမ်းက​တော့ ၂၀၀၉ ခုနှစ်​က ထွက်​ခဲ့ပြီး P.J.Hogan ရိုက်​ကူးထားတဲ့ Confessions of A Shopaholic ဆိုတဲ့ ဇာတ်​မြူး​လေးပါ နယူး​ရော့ခ်​မြို့ရဲ့ ​ပျော်​ရွှင်​စရာ ကမ္ဘာ​လေးထဲမှာ Rebecca Bloomwood ဟာ shopping ထွက်​တဲ့​နေရာမှာ တကယ်​ကို​တော်​တဲ့ ချစ်​ဖို့​ကောင်းတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ပါ ​တော်​တယ်​ဆိုတဲ့​နေရာမှာ နည်းနည်း​လေး​တော့ ​တော်​လွန်း​နေသလို​ပေါ့​နော် ​ သူဟာ သူ့ရဲ့အကြိုက်​ဆုံး ဖက်​ရှင်​မဂ္ဂဇင်းမှာ အလုပ်​လုပ်​ဖို့ အိပ်​မက်​တစ်​ခုလည်းရှိပါတယ်​ ဒါ​ပေမယ့်​ အဲ့ဒီ company ကဘဲ ထုတ်​​ဝေတဲ့ စီးပွား​ရေး မဂ္ဂဇင်း အတွက်​ အကြံ ​ပေးအဖြစ်​ အလုပ်​မလုပ်​ခင်​အထိ သူ့အိပ်​မက်​နားကို ​​ခြေဦး​တောင်​မလှည့်​နိုင်​ခဲ့ပါဘူး ​နောက်​ဆုံး​တော့ သူ့အိပ်​မက်​​တွေ တကယ်​ဖြစ်​လာခဲ့ချိန်​မှာ သူ့အတိတ်​​တွေက သူ့ရဲ့လှပတဲ့အနာဂတ်​ကိုဖျက်​ဆီးမယ့်​ ရန်​က​နေ ကာကွယ်​ဖို့အတွက်​ ခါတိုင်းထက်​ပိုရယ်​စရာ​ကောင်းပီး ပြင်းထန်​တဲ့အားထုတ်​မှုေ​တွကို သူကြိုးစားရပါ​တော့တယ်​ ဟာသဆန်​ဆန်​ မြူးမြူးကြွကြွ ဇာတ်​ကွက်​​လေး​တွေနဲ့ မအီရ​အောင်​ ရိုက်​ကူးထားတဲ့ ...
5.9
IMDB: 5.9/10 67,142 votes
movie

Confessions of a Shopaholic (2009)

2009
Kung Fu Chefs (2009) 5.2
Kung Fu Chefs (2009)   " အသီးမှာ သရက် ၊ အသားမှာ ၀က် ၊အရွှက်မှာ လက်ဖက် " "အစားအသောက်က လူနဲ့တည့်တယ်" "ဆီးချိုတက်ကနောက်မှသေမှအခုစား ရဖို့အဓီက" ယနေ့ခေတ် လူ့အသိုင်းအ၀ိုင်းထဲမှာတွေ့ရတက် တယ့် စကားအတိုင်း အစားအသောက်က အကျိုးပြုတာလဲရှိသလို အန္တရယ်လဲပေးတက်ပါ တယ်။ အဲ့ဒါက အရသာအနုပညာဖန်တီးသူ ၀ါ စားဖိုမှု တွေရဲ့အခန်းကဏ္ဍက ထင်သလောက်မ လွယ်ပါဘူး။ အရသာရှိတာစားရဖို့ဆိုတာ ကိုရော့ အင့် ဆိုပြီ လွယ်လွယ်လေးဖြစ်လာတာမဟုတ်မှန်း ဒီကားကြည့်ပြီး စီဘောပေါက်နိုင်ပါလိမ့်မယ်။ ဒီကားက IMDb rating ၅.၂ ၊ Rotten Tomatoes ၃၆ % ၊ Asiawiki ၈၃ % ရရှိထားပါတယ်။ ဟောင်ကောင်ကားဖြစ်ပြီး ၂၀၀၉ ခု နှစ်က ဖြန့် ချီထားခဲ့ပါတယ်။တစ်ကားလုံး ၉၂ မိနစ်ကြာပြီး Box Office မှာ ဟောင်ကောင် ဒေါ်လာ၁၈မီလီယံရရှိထားခဲ့ပါတယ်။ တရုတ် စကားပြော တရုတ်ကားဖြစ်ပါတယ်။ ဘောလုံးမင်းသားလားဖက်တီးမင်းသားလား အခု အသက် ၆၅ နှစ်အရွှယ်ရှိနေပြီး ကျွန်တော် တို့ ငယ်ဘ၀ ကြီးပြင်းလာတဲ့ အရာတွေ ထဲမှာ သူလဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတဲ့ Sammo Hung နဲ့ Vanness Wu သူတို့ အဓီကပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီမင်းသားကြီးပါတဲ့ကားဆိုရင်တော့ကြည့် လို ...
5.2
IMDB: 5.2/10 478 votes
movie

Kung Fu Chefs (2009)

2009
Castaway on the Moon (2009) 8.1
Castaway on the Moon (2009)     ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊ Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့ နဲ့ Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိက မင်းသားဂျောင်ဂျေရောင်း နဲ့  အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့  ဖွဲ့  စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့် ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ...
8.1
IMDB: 8.1/10 12,551 votes
movie

Castaway on the Moon (2009)

2009
More Than Blue (2009) 7.6
More Than Blue (2009)       Friendzone  နာမည်လေးတော့ ကြားကောင်းတယ်နော် ခံစားရတဲ့သူကျ အသေအကြေပဲဗျ... ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ More than Blue လို့ခေါ်တဲ့ Melodrama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်... ဘဝမှာ အသက်ရှင်ရမယ့်ရက်တွေ ဘယ်နှရက်များ ရှိမှာလဲ? နေ့တိုင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေနိုင်ပါတယ်... ကိုယ်မရှိတော့တဲ့အခါ ကိုယ်သိပ်မြတ်နိုးရတဲ့သူကို ကာကွယ်မပေးနိုင်တော့မှာကို သိပ်ကြောက်ပါတယ်... ကိုယ့်ဘဝရဲ့ နေဝင်ချိန် မရောက်ခင်မှာ သူ့ကို လုံခြုံစေချင်မိတယ်... သူ့အကြောင်းကို ကိုယ့်ထက် ဘယ်သူကများ နားလည်ပါ့မလဲ စိုးရိမ်မိတယ်... ဒီလို ခံစားချက်တွေက လူတိုင်းမှာရှိကြပါတယ်... ယခု ဇာတ်လမ်းလေးထဲမှာလည်း ဒီနေ့လား မနက်ဖြန်လား မသေချာတဲ့ မင်းသားဟာ သူငယ်စဉ်ကတည်းက မြတ်နိုးချစ်ခင်ခဲ့ရတဲ့ မိန်းကလေးအတွက် အစွန့်လွှတ် အနစ်နာခံကာ သူ့ရဲ့နေဝင်ချိန်တွေကို စိတ်ချချင်ခဲ့ပါတယ်... ဒါအတွက် သူဘာလုပ်မလဲ? ဖြူစင်လွန်းတဲ့ချစ်ခြင်းကရော ဘာလဲ တကယ်ရှိလား? နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်တဲ့ Kwon Sangwoo နဲ့ Lee Boyoung တို့က ဒီဇာတ်လမ်းလေးကနေ တဆင့်ဖြေပေးပါလိမ့်မယ် Qty - 720p DVD rip Duration - 1hr 45 min Gern - Drama / Romance Translator ...
7.6
IMDB: 7.6/10 1,745 votes
movie

More Than Blue (2009)

2009
Thirst (2009) 7.2
Thirst (2009) IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Park Chan-wook ရဲ့ ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။ သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျိုးစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။ လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။ စိတ်ဝေဒနာခံစားမှု ။ မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။ အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။ အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။ အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲ့မှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။ ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။ အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ...
7.2
IMDB: 7.2/10 34,099 votes
movie

Thirst (2009)

2009
The Message (2009) 7.4
The Message (2009) IMDb Rating (7.4) ရရှိထားတဲ့ ဒီတရုတ်ကားမှာ မင်းသား Huang Xiaoming ...မင်းသမီး Li Bingbing နဲ့ Zhou Xun တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့...... 1942 ခုနှစ်၊ နန်ကျင်းအခြေအနေ... ဂျပန်တွေထိန်းချုပ်ထားတဲ့ ရုပ်သေးအစိုးရတာဝန်ရှိသူများအပေါ် တရုတ်တော်လှန်ရေးတပ်တွေရဲ့ လုပ်ကြံမှုအစီအစဉ်ပြီးနောက်  ဂျပန်ထောက်လှမ်းရေးအကြီးအကဲတွေက သူတို့ဌာနမှာ သူလျှိုရှိနေတာကို သိသွားတဲ့အတွက် သူလျှိုကို ဖော်ထုတ်ဖို့ သတင်းတုကို ဖန်တီးပြီး လွှင့်လိုက်ပါတော့တယ်။ အဲ့ဒီသတင်းတုနဲ့ပတ်သက်ပြီး ဌာနအတွင်းက တရုတ်တော်လှန်ရေးတပ်တွေရဲ့ သံသယရှိသူတွေကို သူတို့ရဲ့ကိုယ်ပိုင်အိမ်တော်တစ်ခုမှာ ထိန်းသိမ်းပြီး တရားမ၀င် စုံစမ်းမေးမြန်ကြတယ်။ အခြေအနေတင်းမာနေတဲ့ အချိန်မှာ တရုတ်ဝှက်စာဖော်ထုတ်ရေးအရာရှိတွေက ဒီအရေးကြီးသတင်းကို အပြင်ဖက်ရောက်စေဖို့ နည်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးစားကြတဲ့အခါ..........။ တရုတ် - ဂျပန် စစ်ပွဲနောက်ခံနဲ့ ဖန်တီးရိုက်ကူးထားပြီး Crime, Drama, Thriller ရသစုံမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Myat Shwe ပါ။)   File Size…(999 MB) and (350 MB) Quality…BluRay Rip 720p Format…mp4 Duration…02:01:00 Subtitle…Myanmar ...
7.4
IMDB: 7.4/10 2,562 votes
movie

The Message (2009)

2009
[18+] Tokyo Train Girls: Private Lessons (2009) 5.2
[18+] Tokyo Train Girls: Private Lessons (2009)   ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန် ၁၈+ ကားလေးတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ရင်ထဲမှာ နှမြောတသတွေ ထင်ကျန်ခံစားစေရမယ်လို့ စာရေးသူရဲရဲကြီးအာမခံတယ် ဘာလို့လဲ ဆိုတော့ဒီကားထဲက မင်းသမီးလောက် ပြည့်စုံတဲ့ အကြည့်၊ ရုပ်ရည်၊ မယ်ရှုံးလောက်တဲ့ခန္ဓာကိုယ် 18+ လောကမှာ ခပ်ရှားရှားရယ်။ ပိုတယ် ဆိုမှာစိုးလို့ ထပ်ပြီးမတင်စားတော့ပါဘူး။ ကျောင်းဆရာမဖြစ်ချင်တဲ့ ကာဝါဆာကီ တစ်ယောက် ကောလိပ်ကို မဖြစ်မနေ ကြိုးစားတက်ခဲ့ရပါတယ် ကောလိပ်မှာ သူငယ်ချင်းအသစ်တွေရခဲ့ပါတယ် သူငယ်ချင်းတွေက ငွေကြေးတက်နိုင်သူတွေဖြစ်နေပါတယ် သူမဟာ သူတို့နဲ့ အပြိုင် သုံးရင်း ကျောင်းတက်လာလိုက်တာ အကြွေးတွေန ပတ်လည်ဝိုင်းသွားပါတော့တယ်။ ဒီလိုနဲ့ သူမဟာကျောင်းပြီးသွားခဲ့ပြီး ကျောင်းဆရာမအလုပ်ကို ကျောင်းရဲ့ အညံ့ဆုံးအခန်းမှာ စာသင်ရပါတယ်။ သူမရဲ့အကြွေးတွေက များလွန်းတာကြောင့် ကျောင်းဆရာမလစာနဲ့ဘယ်လိုမှမကြေပါဘူး။ ဒါကြောင့်သူမဟာ အိမ်မှာနေရင်း ၀င်ငွေကောင်းတဲ့ Video Chatting အလုပ်ကို စတင်လုပ်ပါတော့တယ်...။ သူမဟာမျက်နှာဖေါ်မပြပဲ နာမည်အသစ်နဲ့ အကောင့်ကိုသုံးခဲ့ပေမဲ့ သူမရဲ့ အတန်းသားတစ်ယောက်က သိသွားပါတယ်...... ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ 18+ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲ...။   File Size ...
5.2
IMDB: 5.2/10 39 votes
movie

[18+] Tokyo Train Girls: Private Lessons (2009)

2009
Splice(2009) 5.8
Splice(2009)   အလ်ဆာနဲ့ကလိုက်ဗ်လို့ခေါ်တဲ့ ဇီဝဗေဒသိပ္ပံပညာရှင်၂ယောက် ရောဂါကာကွယ်တိုက်ဖျက်ရန်မျိုးဗီဇတွေပေါင်းစပ်ကာ မျိုးစိတ်သစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။ ထိုပရောဂျက်ကို ကုမ္ပဏီကထောက်ပံ့ပေးဖို့အခက်အခဲတွေရှိလာတဲ့အခါမှာတော့ အလ်ဆာနဲ့ဖရက်တို့ဟာ ထိုမျိုးစိတ်သစ်မှာ လူသားမျိုးဗီဇကိုပါထည့်ပြီး သန္ဓေသားလောင်းတစ်ခုဖမ်းတီးဖို့ကြိုးပမ်းပါတော့တယ်။ ထိုသို့ဖန်တီးရင်း ထူးခြားဆန်းပြားတဲ့မျိုးစိတ်တစ်မျိုးဟာ ကြီးထွားနှုန်းလျှင်မြန်စွာနဲ့အရွယ်ရောက်လာပါတော့တယ်။ ထိုမျိုးဗီဇပေါင်းစပ်ဖန်တီးထားတဲ့သတ္တဝါလေးဟာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ ကလိုက်ဗ်နဲ့အလ်ဆာတို့ကို အကျိုးပြုမလား ဒုက္ခပေးမလားဆိုတာကို ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်ကြပါ ဘာသာပြန်နဲ့ အညွန်းကတော့ ရဲမာန်အောင်ပါ Qty - Blu ray 720p Duration - 1hr 47min Subtitle - Myanmar Hardsub Format - Mp4 (×264) Gern - Horror/ Sci- fi Translator - Ye Mann Aung Encoder - Kyaw Ye Aung
5.8
IMDB: 5.8/10 83,103 votes
movie

Splice(2009)

2009

Genres