Channel Myanmar

2008

Barbie and the Diamond Castle (2008) 6.2
Barbie and the Diamond Castle (2008)   2008 ခုနှစ်​ကထွက်​ထားတဲ့ ဘာဘီ စီးရီးရဲ့ ​အောင်​မြင်​ထားတဲ့ဇာတ်​ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက မြီး​ကောင်​​ပေါက်​မ​လေး​တွေ သဲသဲလှုပ်​ကြိုက်​ကြတဲ့ Animated ကား​လေးပါ ပြီး​တော့ တစ်​ကားလုံး မပျင်းရ​အောင်​ သီချင်း​လေး​တွေနဲ့ ဆိုပြီး ဆွဲ​ဆောင်​ထား ပါ​သေးတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ လိယားနာ နဲ့ အဲလိဆာ တို့နှစ်​​ယောက်​ဟာ သိပ်​ချစ်​ကြတဲ့ သူငယ်​ချင်း​တွေဖြစ်​ပြီး​တော့ သီချင်းဆို ၀ာသနာပါကြပြီး တ​ယောက်​ကို တ​ယောက်​မျက်​စိ​အောက်​က အ​ပျောက်​မခံကြပါဘူး ဒီလိုနဲ့ တစ်​​နေ့မှာ သ​တောင်းစား ကြီး တစ်​​ယောက်​က သူတို့ကို ​မှော်​မှန်​ကြီး စွန့်​ကြဲလိုက်​ပါတယ်​ အဲ့ဒီ့​မှော်​မှန်​ကြီးက သီချင်းသံကြားရင်​ ဒွန့်​ပြီး ပုံရိပ်​​တွေ​လျှောက်​ပြပါတယ်​ ဉာဏ်​​ကောင်းလွန်းတဲ့ လိယားနာ နဲ့ အဲလီဆာ တို့၂​ယောက်​ ပုံရိပ်​​တွေကို ပ​ဟေဠိ​ဖော်​ပြီး ရတနာ​တွေကို ရှာ​ဖွေနိုင်​မှာလား ဘာ​တွေဆက်​ဖြစ်​ကြမလဲဆိုတာကို​တော့ ဆက်​လက်​ ကြည့်​လိုက်​ပါ​တော့ဗျို့ Qty - DVD rip Gern - Animation/Musical Duration - 1hr 44min Translator - Si Thu Encoder -Kyaw Ye Aung
6.2
IMDB: 6.2/10 1,514 votes
movie

Barbie and the Diamond Castle (2008)

2008
A Wednesday!(2008) 8.2
A Wednesday!(2008) A Wednesday!(2008) IMDb...8.2 "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့် ဇာတ်မျိုးဖြစ်သည်။ IMDB - 8.3 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ၀င်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ...
8.2
IMDB: 8.2/10 58,144 votes
movie

A Wednesday!(2008)

2008
Blu-Ray 720p
Seven Pounds(2008) 7.6
Seven Pounds(2008) Seven Pounds(2008) IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း  သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့  လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ်  သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့  ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ  Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင်  BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric  Lynn  Khant ဖြစ်ပါတယ်... File Size : (850 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre ...
7.6
IMDB: 7.6/10 255,712 votes
movie

Seven Pounds(2008)

2008
Blu-Ray 720p
WALL·E (2008) 8.4
WALL·E (2008) ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ် ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ... ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ... ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်.. ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ် ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်.... အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်.. IMDb မှာ Rating က 8.5/10 ...
8.4
IMDB: 8.4/10 829,713 votes
movie

WALL·E (2008)

2008
Blu-Ray 720p
The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီအားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါ။ စွန့် စားရှာဖွေသူ အိုကောနယ်နဲ့ သားဖြစ်သူတို့ ဟာ အသက်ပြန်ရှင်လာတဲ့ ဟန်ဘုရင်ရဲ့ လက်စားချေမဲ့အစီအစဉ်တွေကို ရပ်တန့် ဖို့ ကြိုးစားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ လူသားမျိုးနွယ်တခုလုံးကို ကျွန်ပြုဖို့ ကြံစည်နေတာဖြစ်ပါတယ်...ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်2000က မှော်ဆရာမတဦးရဲ့ ကယ်တင်မှု့ ကြောင့် ဟန်ဘုရင်နဲ့ သူ့ တပ်တခုလုံးဟာ ရွံ့ ရုပ်တုများအသွင်ပြောင်းခဲ့ပါတယ် အခုအသက်ပြန်ဝင်လာတာကြောင့် ဟန်ဘုရင်ဟာ ဒီအစီအစဉ်ကို ပြန်အသက်သွင်းနေပါတယ်...ရစ်ခ်နဲ့ သားတော်မောင်အဲလက်စ်ရောဟာ သဘာဝလွန်ကိစ္စများနဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့် အကြောက်အလန့် မရှိတဲ့မိသားစုနဲ့ ဟန်ဘုရင်စစ်တပ်တို့  ဘယ်လိုကြုံတွေ့ မယ်ဆိုတာ...။ (ရုပ်ရှင်အညွှန်းကို nmsmovie.blogspot  မှကူးယူဖော်ပြပါသည်။)   File size…(999MB) and (450MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
5.2
IMDB: 5.2/10 122,564 votes
movie

The Mummy: Tomb of the Dragon Emperor (2008)

2008
Babysitter Wanted (2008) 5.5
Babysitter Wanted (2008) Babysitter Wanted ရုပ်​ရှင်​ဇာတ်​ကား​လေးဟာ ၂၀၀၈ခုနှစ်​ထွက်​ အ​မေရိကန်​ Horror ကားတစ်​ကားဖြစ်​ပါတယ် ​Imdb rating 5.5/10ရရှိထားပြီး ဇာတ်​ကားကြာမြင့်​ချိန်​က​တော့ ၁နာရီခွဲပါ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Sarah Thompson ,Bill Moseley, Kristen Dalton တို့ဖြစ်​ပါတယ်​ ဇာတ်​လမ်းအကျဉ်းက​တော့​​ကောလိပ်​​ကျောင်းသူ​လေးတစ်​ဦးဖြစ်​တဲ့ Angie ဟာ ​​ကျောင်းစရိတ်​ရရှိဖို့အတွက်​ က​လေးထိန်းအလုပ်​​လျှောက်​ခဲ့ပါတယ်​ သူမထိန်းရမယ့်​က​လေး​လေးနာမည်​က Sam ပါ Sam ရဲ့​နေအိမ်​ဖြစ်​တဲ့လယ်​​တောအိမ်​အကျယ်​ကြီးမှာ ပထမဦးဆုံးအလုပ်​ဆင်းတဲ့​နေ့မှာ​တော့ Angie တစ်​​ယောက်​ထူးဆန်းတာ​တွေနဲ့ကြုံ​တွေ့လာရပါ​တော့တယ်​ အမည်​မသိဖုန်း​ခေါ်ဆိုမှု​တွေ….. အိမ်​တံခါးကိုဖျက်​ပြီးဝင်​​ရောက်​လာတဲ့လူတစ်​​ယောက်​…… အလုပ်​ရှင်​မိသားစုရဲ့ ကြီးမားတဲ့လျှို့ဝှက်​ချက်​တစ်​ခု…..စတဲ့သံသယဖြစ်​ဖွယ်​​ခြောက်​ခြားစရာ​တွေနဲ့အတူ Angie တစ်​​ယောက်​ ​ဘယ်​လို​ရှေ့ဆက်​သွားမလဲဆိုတာ စိတ်​၀င်​စားဖွယ်​ကြည့်​ရှုရမယ့်​ ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​   File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BestHD Translated by ...
5.5
IMDB: 5.5/10 6,368 votes
movie

Babysitter Wanted (2008)

2008
I’ll Never Die Alone (2008) 5.0
I’ll Never Die Alone (2008) ဒီဇတ်လမ်းကို ကြည့်ဖို့ အတော်လေး အားမွေးထားပါ ပြီးတော့ ဖြစ်နိုင်ရင် မိသားစု နဲ့ အတူကြည့်တာမျိုး အသက်မပြည့်သေးတဲ့ ကလေးတွေကို ပေးကြည့်တာမျိုး မလုပ်ပါနဲ့ Rate R အဆင့် သက်မှတ်ထားပြီး သွေးသံရဲရဲတွေ သတ်ဖြတ်တာတွေ ပါဝင်လို့ စိတ် နှလုံး ခိုင်မှ ကြည့်ပါ 21+ လောက် ရှိတဲ့ Nude တွေ ပါလို့ မိသားစု နှင့် အတူမကြည့်ရန် သေချာသတိပြုပါ ============================================= ဇတ်လမ်းလေး ရဲ့ အစမှာတော့ ဆယ်ကျော်သက် ကောင်မလေး ၄ ယောက်ဟာ ကျောင်းပိတ်တုန်း နယ်မြို့လေး တစ်ခုဆီသို့ ခရီးထွက်လာပါတယ် မိန်းကလေးတွေပဲ မို့ လမ်းမှာ နားလိုက် သွားလိုက်နဲ့ ခရီးဆက်လာကြတယ် သူတို့ သွားချင်တဲ့ ခရီးကို ပျော်ပျော်ရွှင်ရွှင် သွားလာကြရင်း လမ်းတစ်နေရာမှာ ဓါတ်ဆီ ၀င်ထည့်ကြတယ် ဓါတ်ဆီ ၀င်ထည့်ပြီး ခရီးဆက်တဲ့အခါ တောလမ်း တစ်ခုဘေးမှာ အမျိုးသမီး တစ်ဦး ခေါင်းကို သေနတ်မှန်ပြီး လဲနေတာ သူတို့ တွေ့တဲ့ အတွက် ကယ်ဆယ်ဖို့ ကြိုးစားကြတယ် အဲ့လို ကြိုးစားနေရင်း လမ်းမ နဲ့ မလှမ်းမကမ်းမှာ သေနတ် တွေ နဲ့ လူတစ်စုကိုလဲ သူ တို့ ...
5.0
IMDB: 5.0/10 618 votes
movie

I’ll Never Die Alone (2008)

2008
The Day the Earth Stood Still 5.5
The Day the Earth Stood Still Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ် ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီး တာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တ၀ါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီး ကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်... ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ် ပြီးနောက် သတ္တ၀ါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ် ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တ၀ါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ် ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး... ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
5.5
IMDB: 5.5/10 147,641 votes
movie

The Day the Earth Stood Still

2008
Fool’s Gold (2008) 5.6
Fool’s Gold (2008) ၁၇၁၅ ခုနှစ် ဇူလိုင်လ ၂၄ စပိန်နိုင်ငံရဲ့ ဘုရင်ဖီးလစ်ပ် မင်္ဂလာပွဲအတွက် ရတနာတွေကို ဟာဗားနား ကျူးဘားကနေ စတင် ရွက်လွှင့်ပို့ဆောင်ခဲ့တယ် သမိုင်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှတ်တမ်းမှာ အကြီးမားဆုံးပို့ဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ရတနာတွေ... " ဘုရင်မကြီးရဲ့ လက်ဖွဲ့ "လို့ခေါ်ဆိုကြတဲ့ အဲဒီရတနာတွေဟာ အဲဒီ ခေတ်က ဒေါ်လာ သန်းငါးရာတန်တဲ့ ရွှေ ငွေနဲ့ ကျောက်သံပတ္တမြားတွေ ဖြစ်တယ်... အချိန်မတော်ကျင်းပတဲ့ မင်္ဂလာပွဲအတွက် ဘုရင်ဖီးလစ်က လက်ဖွဲ့ပစ္စည်းတွေကို နှစ်တစ်နှစ်ရဲ့ အဆိုးဆုံးအချိန်မှာမှ ပို့ဆောင်မိခဲ့တယ် ပင်လယ်ပြင်ရဲ့ လှည့်စားမှုကြောင့် သင်္ဘောကြီးဟာ ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ခေါင်ကိုမှ ၀င်တိုးမိရက်သား ဖြစ်သွားခဲ့တယ် သင်္ဘောကြီးကို နောင်တစ်ချိန်အထိ ထပ်မတွေ့ခဲ့ကြတော့ဘူး... IMDb 5.7/10 ... Rotten Tomatoes 11% ... Metacritic 29% Rating တွေ ကြည်ပြီး စိတ်ထဲ မတင်မကျဖြစ်မသွားပါနဲ့ သမိုင်းကြောင်းကို မှီငြမ်းရိုက်ထားတဲ့ ရတနာရှာတဲ့ကားတွေဟာ Rating နည်းတတ်လေ့ရှိပါတယ် ဒီကားက အလုံးစုံတော့ ပြည့်စုံနေတာ မဟုတ်ပေမယ့်လည်းပဲ Christopher Nolanရဲ့ Interstellarမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး Dallas Buyers Club နဲ့ အော်စကာဆုရခဲ့တဲ့မင်းသား Matthew McConaugheyနဲ့ Almost ...
5.6
IMDB: 5.6/10 59,942 votes
movie

Fool’s Gold (2008)

2008
Mamma Mia! (2008) 6.4
Mamma Mia! (2008) ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။ နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။ Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 million သာဖြစ်ပြီး တကယ် ရုံတင်ပြသခဲ့တဲ့အခါ $609.8 million အထိဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Kalokairi လို့ခေါ်တဲ့ ဂရိကျွန်းတစ်ကျွန်းပေါ်မှာ ...
6.4
IMDB: 6.4/10 158,209 votes
movie

Mamma Mia! (2008)

2008
Get Smart(2008) 6.5
Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ ကိုကိုတော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေး တွေမှာ ...
6.5
IMDB: 6.5/10 177,336 votes
movie

Get Smart(2008)

2008
Tropic Thunder (2008) 7.0
Tropic Thunder (2008) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။   မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr... Night at The Museum မင်းသားကြီး Ben Stiller... ဂါလီဗာ မင်းသားကြီး Jack Black... မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။   နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။   IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။ Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။   File Size…(900 MB) and (400 MB) Quality…BluRay Rip ...
7.0
IMDB: 7.0/10 328,433 votes
movie

Tropic Thunder (2008)

2008
Breathless (2008) 7.6
Breathless (2008)   breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျိုးမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။ လူသားစာမျက်နှာကြီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံးတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ ...
7.6
IMDB: 7.6/10 3,937 votes
movie

Breathless (2008)

2008
Harold & Kumar Escape from Guantanamo Bay 2008 6.6

Harold & Kumar Escape from Guantanamo Bay 2008

2008
Bedtime Stories 6.1
Bedtime Stories အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက   ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို”  စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။   ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့  ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
6.1
IMDB: 6.1/10 75,909 votes
movie

Bedtime Stories

2008
Truck (2008)
Truck (2008) 2008 ခုနှစ်ကထွက်ရှိခဲ့ တဲ့ သည်းထိပ်ရင်ဖို ကားလေး တစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ ဖခင်တစ်ယောက်ရဲ့ မိမိသားသမီးအပေါ်ထားရှိတဲ့မေတ္တာတရားနဲ့ ထူးဆန်းလှတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ရိုက်ကူးပြထားတာပါ ထရပ်ကား ဒရိုင်ဘာ ယူဟဲဂျင်းဟာ သူ့သမီးလေး ဆေးကုဖို့ ပဆံ အရေးပေါ်လိုအပ်နေချိန်မှာ ပုံမှန်ထက်ပိုတဲ့ အကြေးငွေနဲ့ အလုပ်တစ်ခုကို ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံ လိုက်မိပြီး သူသယ်ပေး ရတာက တော့ လူသေအလောင်းများ ဖြစ်နေပြီး သယ်ဆောင်ရာလမ်း တစ်လျှောက်မှာ ရဲများနဲ့ စစ်ဆေးခံရပြီး ရဲများကလဲ ဆက်တိုက် ဖြစ်နေတဲ့ ရက်စက်တဲ့ လူသတ်မူတွေကို စုံစမ်းနေတဲ့ အခါမှာတော့ ကဲ …… ဘာသာပြန်ကတော့ မင်းပြည့်စုံ ပါ
IMDB: /10 votes
movie

Truck (2008)

2008
WEBRIP 720P
Bangkok Dangerous (2008) 5.4
Bangkok Dangerous (2008) ဂျိုး(နီကိုလတ်ကေ့ဂ်ျ) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါ သူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက် သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ် အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ် ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအ၀င် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာ မှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။ File Size : 680MB/330MB Quality : 720P Running Time : 1h 39min Format : Mp4 Genre : ...
5.4
IMDB: 5.4/10 votes
movie

Bangkok Dangerous (2008)

2008

Genres