Channel Myanmar

2007

Going by the Book (2007) 7.4
Going by the Book (2007) အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရ စေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ "- လက်ဝှေ့ချန်ပီယံနဲ့ ၀ူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ " ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါ တယ်။ CJ Entertatinment ကထုတ်လုပ်ထာုးပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ၀င်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါ တယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည် နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲ ပြန်ရိုက်ထားတဲ့ ဟာသ ၊အချစ်ဟာသ ...
7.4
IMDB: 7.4/10 1,415 votes
movie

Going by the Book (2007)

2007
The Water Horse (2007) 6.5
The Water Horse (2007) The Water Horse: Legend of the Deep ဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။ ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့ ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့ ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်...ဒါပေမယ့် သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။ Rating အနေနဲ့ကတော့ IMDb 6.5 ရရှိခဲ့ပြီး Rotten Tomatoes မှာ 74% ရရှိထားပါတယ်။ ဘာကြောင့် ခုလို ဝင်ငွေကောင်းပြီး Rating တွေမြင့်နေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး။   File size…(999 MB) and (360MB) Quality…Blu-Ray ...
6.5
IMDB: 6.5/10 34,123 votes
movie

The Water Horse (2007)

2007
Hot Fuzz (2007) 7.9
Hot Fuzz (2007) ကမ္ဘာ့အကောင်းဆုံး Action,Comedy Movie ဆိုတာနဲ့ တန်းတွေ့ရမှာက Hot Fuzz ဆိုတဲ့ ဇာတ်ကားပါ။ သရော်ထားချက်တွေမြင်မကောင်းအောင်ကို ပြောင်မြောက်လှပါတယ်။ ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဟာ ရဲဥပဒေကလွဲရင် ဘာမှစိတ်မဝင်စားပါဘူး.... အသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ နိုင်ငံ့တာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ ရခဲ့ပေမယ့် သူ မပြောင်းရွှေ့ချင်တဲ့နေရာကိုပြောင်းရွှေ့ဖို့အကြောင်းဖန်လာပါတယ်။ သူက မပြောင်းရွှေ့ချင်ကြောင်း စောဒကတက်တဲ့အခါမှာတော့ ရဲချုပ်ကိုယ်တိုင် သူ့ကို တမင်ချောင်ထိုးထည့်မှန်းသိလာရပါတော့တယ်။ ရဲဌာနတစ်ခုလုံးက သူ့ကိုမမြင်ချင်တော့ပါဘူး...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ အရမ်းထူးချွန်လွန်းပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြားနယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့လိုက်ရပါတယ်။ နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ်အတွင်းထဲက ကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့..... တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။ ဒီဇာတ်ကားကို ကြည့်ပြီး  အတော်လေးကို သံဝေဂရမိပါတယ်...လူ့သဘောတွေကို သရော်ထားတဲ့ ဒီဇာတ်ကားလေးဟာ Rating တွေလဲမြင့်မားပြီး IMDb (7.9) ...Rotten Tomatoes (91%) ထိ ...
7.9
IMDB: 7.9/10 395,537 votes
movie

Hot Fuzz (2007)

2007
The Bedside Detective (2007) 6.4
The Bedside Detective (2007) IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ... သူဟာ...တီဗွီပန်ကာ...နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီး လုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး.... ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်.... ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။ အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့.... မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ.........။ မင်းသားကတော့ I fine thank you,love you ...Heard Attack ဇာတ်ကားတွေထဲက မင်းသား  Sunny Suwanmethanont... မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri... တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။   File size…(999 MB) and (630MB) Quality…DVD Rip 720p Format…mp4 Duration….01:50:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Suzy Jirakit ...
6.4
IMDB: 6.4/10 189 votes
movie

The Bedside Detective (2007)

2007
Ratatouille (2007) 8.0
Ratatouille (2007) Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ် သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ ...
8.0
IMDB: 8.0/10 529,084 votes
movie

Ratatouille (2007)

2007
Blu-Ray 720p
Apartment 1303 4.8
Apartment 1303 သရဲကား တွေ တော်တော်များများ ကြည့်ဖူးပါတယ် အကောင်လိုက်ပြတောင် ကြောက်ဖို့ မကောင်းတာတွေ ကြုံဖူးတယ် ဒါပေမယ့် ဒီ Apartment 1303 ဆိုတဲ့ Japan Horror Movie ကတော့ သင့်စိတ်ကို အကောင်းဆုံး ချောက်လှန့်မှု အပေးနိုင်ဆုံး ရုပ်ရှင်ကားလို့ ညွှန်းဆိုချင်ပါတယ် တစ်ယောက်ထဲ တိုက်ခန်းတစ်ခုထဲ နေတက်တဲ့သူတွေ တိုက်တွေရဲ့ အပေါ်ဆုံး ထပ်မှာ နေတဲ့ သူတွေ နဲ့ ကိုယ်နေတဲ့ တိုက်ခန်းမှာ ခြေရာလက်ရာ ပျက်ယွင်းနတာ ကြုံရတဲ့ သူတွေ အတွက် ဒီရုပ်ရှင်ကားက ထိတ်လန့်တုန်လှုပ်ဖွယ် အတိနဲ့ပါပဲ... ဒီဇတ်လမ်းထဲမှာတော့ ပင်လယ်နဲ့ နီးပြီး ဈေးအရမ်းတန်တဲ့ တိုက်ခန်း ကို ငှားနေကြသူတွေ ၀ယ်ကြသူတွေဟာ အမြဲတမ်း အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချပြီး သက်သေသွားတက်ကြပါတယ် ဘယ်လောက်ပဲ မယုံကြည်တဲ့သူဖြစ်ပါစေ ဘယ်လောက် သတ္တိကောင်းတဲ့သူဖြစ်ပါစေ အဲ့ဒီ တိုက်ခန်းမှာ မနေရဲလောက်အေအာင် ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမှာဖြစ်ပြီး ရုပ်ရှင်ကြည့်သူတွေလဲ ညဘက်မှာ စောင်လေးခြုံပြီး မီးတွေ အကုန်မှိတ် တိတ်တိတ်လေး ဒီရုပ်ရှင်ကို ကြည့်ကြရအောင်... ကဲ.. သေချာပြီ ဆိုရင် အလွှာ ၁၃ ဓါတ်လှေကားနံပါတ် ၁၃ အခန်းနံပါတ် ၁၃၀၃ ကို ခဏလောက် အလည်သွားရအောင် သင် ...
4.8
IMDB: 4.8/10 1,637 votes
movie

Apartment 1303

2007
Gone Baby Gone(2007) 7.7
Gone Baby Gone(2007) Gone Baby Gone (2007) IMDB- 7.7/10 ....Rotten...94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ် (Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရ​ဦးမှာပါ) ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး (၁) ဘယ်သူက မှန်လဲ? (၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား? ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်​ခဲ့တဲ့အ​ပေါ် Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်... (A) Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့ အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘ၀တွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ ဇာလမ်းက ရှည်​လျားဟန်​ရှိ​ပေမယ့်​ အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။ (B) ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘ၀တွေကို တင်ဆက်ပြသတတ်သူပါ။ ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့် အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ...
7.7
IMDB: 7.7/10 217,247 votes
movie

Gone Baby Gone(2007)

2007
Widow Apartment (2007) 3.8
Widow Apartment (2007)   2007 ခုနှစ်ကထွက်ထားတဲ့ ဂျပန်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ မုဆိုးမတို့ရဲ့ အချစ် မုဆိုးမတို့ ရဲ့ မာယာ ဘာညာတွေကို တွေ့ကြရမှာပါ ဒီကားထဲမှာတော့ မီဆာကီ ဟာ ယောကျာ်းရပြီး မကြာခင်မှာပဲ သူ့ ယောကျာ်းဟာသေဆုံး သွားခဲ့ပါတယ် ဒါကြောင့် သူနဲ့ သူ့ယောကျာ်းနှစ်ယောက်အတူတူနေတဲ့ တိုက်ခန်းမှာ တစ်ယောက်ထဲ ကျန်နေခဲ့ပါတယ် ကန်အစ်ချီဟာ အဲ့တိုက်ခန်းမှာ မန်နေဂျာတစ်ယောက်ဖြစ်ပြီးတော့ မီဆာကီ ယုံကြည့်ထားတာက သှူုယောကျာ်းက သူ့ကို သေဆုံးပြီးတာတောင်မှ ဆက်လက်ညွန်ကြားနေတယ် တိုက်ခန်းကို ပြင်ဆင်တာ ဘာညာအတွက်ပါ ၀ိညာဉ်ဘ၀ နဲ့ မှာကြားနေတယ် ပေါ့ ဒီလိုနဲက သူတို့ အတွက် တိုက်ခန်းမှာ နေတဲ့သူတွေကပါ စိုးရိမ်စရာတွေဖြစ်လာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီး ကဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ်  တခု ကြိုသတိပေးချင်တာကတော့ ဒချိခန်းတွေ ဖောဖောသီသီပါတာကြော်င့ မိသားစုနဲ့ အတူ မကြည့်သင့်ပါဘူးဗျ   Qty - DVD Rip Duration - 1hr 45min Gern - Drama Transaltor - ကိမုချိ Encoder - Kyaw Ye Aung  
3.8
IMDB: 3.8/10 13 votes
movie

Widow Apartment (2007)

2007
The Simpsons Movie (2007) 7.4
The Simpsons Movie (2007) ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။ နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။ အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။ အဲ့ဒါကို မြို့သူမြို့သားတွေက ...
7.4
IMDB: 7.4/10 276,093 votes
movie

The Simpsons Movie (2007)

2007
The Love of Siam (2007) 7.9
The Love of Siam (2007) 2007 ခုနှစ်ကထွက်ခဲ့တဲ့ မာရီိယို ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb မှာ 7.2 ထိ ရထားပြီးတော့ သိပ်ချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်ရဲ့ ချစ်ခြင်း မေတ္တာကိုဖော်ကျူး ပြထား တဲ့ကားလေး တစ်ကားဖြစ်ပါတယ်  ဒီကားလေးထဲမှာ တော့မောင်နှမ ၂ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ဝေးကွာသွားရတဲ့ မိသားစုဝင်တွေ အပေါ်ခံစားရတဲ့ ခံစားချက်တွေ နဲ့ မိသားစုတွင်း ပြသနာတွေကို တွေ့ကြုံရတဲ့အခါမှာ ခံစားရတဲ့ ကလေးတယောက်ရဲ့ ခါးသီးမူတွေ ကို ပုံဖော် ရိုက်ကူး ပြထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်လေး ၂ယောက် အခင်ဆုံးသူငယ်ချင်းတွေ သူတို့ ၂ယောက်ထဲမှာ တယောက်ရဲ့အမက တောတွင်းခရီးသွားနေတုန်းမှာပျောက်ဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ အချစ်ဆုံး သူငယ်ချင်း ၂ယောက်ကံကြမ္မာက လှည့်စားတော့ ခွဲခွာကြရဖို့ ဖြစ်လာပါတော့တယ်  ဒီလိုနဲ့ နှစ်များစွာကြာပြီးတော့ သူတို့ ၂ယောက် ပြန်တွေ့ကြတဲ့အခါမှာ သူတို့ ၂ယောက် တယောက်အပေါ်တောယာက် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ .................။ ဒီကားက မာရီိယို တက်သစ်စ အချိန်က ရိုက်ကူးခဲ့တဲ့ BL ကားတစ်ကားပါ BL ကားဆိုပေမယ့် အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကြားထဲက ပုံစံလေးတွေနဲ့ ဆင်တူနေတာ ကြောင့် ဥပမာပြု အတုယူ ရအောင်လို့ တင်ဆက်ပေးလိုက်တာပါ #BoyLoves #Support_LGBT   Qty - DVD rip Duration - 2hr ...
7.9
IMDB: 7.9/10 3,318 votes
movie

The Love of Siam (2007)

2007
Live Free or Die Hard (2007) 7.2
Live Free or Die Hard (2007) ခရစ်စမတ်နားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော်ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ဒီလိုဇာတ်ကားတွေကို စုစည်းပြီးတင်ဆက်ချင်လို့ အခုပြန်ကြည့်မိတော့လဲ မရိုးနိုင်အောင်ကောင်းနေဆဲပါပဲ။ အထူးသဖြင့် ဘာမထီဇာနည်ရုပ်နဲ့ ….စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ဘရုစ်ဝီလီဟာ အပိုအလိုမရှိကွက်တိ ပီပြင်စွာစွမ်းဆောင်ပြသနိုင်ခဲ့ပါတယ်။ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ဟာ ဘာနဲ့မှအရသာမတူတဲ့ အရသာတစ်မျိုးကို ပီပီပြင်ပြင်ပေးထားနိုင်ခဲ့ပါတယ်။တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေတဲ့ကြားက အကြောက်အလန့်ကင်းတဲ့ သူ့ရဲ့ခနဲ့တဲ့တဲ့စကားပြောဟန်တွေဟာ ဂျွန်မက္ကလိန်းဆိုတာ ဒါမျိုးလို့ အသက်ဝင်စေခဲ့ပါတယ်။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။   Die Hard (4) Live Free or Die Hard (2007) IMDb (7.2) / Rotten ...
7.2
IMDB: 7.2/10 353,977 votes
movie

Live Free or Die Hard (2007)

2007
No Country for Old Men(2007) 8.1
No Country for Old Men(2007) No Country for Old Men (2007) ဒီဇာတ်ကားကတော့ IMDB Rating 8.1/10 နဲ့ RT Rating 93 % ရရှိထားတဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကားပါ Ethan Coen နဲ့ Joel Coen ဆိုတဲ့ ညီနောင် ဒါရိုက်တာရဲ့ ဖန်တီးမှုဖြစ်ပြီးBest Picture Best Actor (Supproting) Best Director Best Writing Adapted စတဲ့ အော်စကာ ၄ ဆုနဲ့ အခြားဆုပေါင်း ၁၅၆ ဆု တောင် ရရှိထားတဲ့ ဇာတ်ကားကြီးပါ ဇာတ်လမ်းအကျဉ်းကတော့ လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်း မထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအ၀ယ်တစ်ခု ပြသနာတက်တဲ့ နေရာကို တွေ့သွားမိတယ် ...အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ် သေလုမျောမျောလူတစ်ယောက် ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး...ဒါကြောင့် အမဲလိုက်သမားဟာ မှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ယူခဲ့မိပါတယ် အဲဒီနောက်မှာတော့ ...
8.1
IMDB: 8.1/10 687,810 votes
movie

No Country for Old Men(2007)

2007
Dhamaal (2007) 7.1
Dhamaal (2007) Bollywood ဖန်တွေအတွက် ပေါ့ပေါ့ပါးပါး တခွီးခွီး နဲ့ ဟားရမယ့် ဟာသ ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cast တွေကတော့ မင်းသားကြီး Snajay Dutt, ဟာသကားတိုင်းလိုလို ပါနေကျ ဖြစ်တဲ့ Riteish Deshmukh , Arshad Warsi တို့က ဓိကပါဝင်ထားပြီး တကားလုံ နားချိန်မရအောင် ရယ်နေရမယ်ဆိုတာ အာမခံပါတယ်။ ဇာတ်လမ်းလေးကတော့ အလုပ်လက်မဲ့ ဘော်ဒါ လေးယောက်ဖြစ်တဲ့ Roy, Adi, Boman နဲ့ Madav တို့ဟာ တစ်နေ့ မှာ အက်ဆီးဒန့် ဖြစ်သွားတဲ့ လူတစ်ယောက်ကို ကူညီဖို့ သွားပေမယ့် ထိုသူက သူ့အခြေအနေ သူသိပြီး မသေခင်မှာ သူဖွက်ထားခဲ့တဲ ပိုက်ဆံ သန်း၁၀၀ ရှိတဲနေရာကို ပြောပြခဲ့တယ် သူငယ်ချင်းလေးယောက်ခွဲယူဆိုပြီးတော့ ဒါပေမဲ့ ဒီလူက ရာဇဝတ်သားဖြစ်လို့ သူ့ကို လိုက်ဖမ်းနေတဲ့ ရဲနဲ့ သူတို့ ပက်ပင်းမိပြီး ပြသနာတွေ ...
7.1
IMDB: 7.1/10 8,568 votes
movie

Dhamaal (2007)

2007
Shooter (2007) 7.2
Shooter (2007) အာဖရိကရှေ့တန်းစစ်ဆင်ရေးတစ်ခုမှာ သူငယ်ချင်းလဲဖြစ် တွဲဖက်လဲဖြစ်သူကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့လူတစ်ယောက် ပစ်ခတ်မှုတွေကိုစိတ်နာပြီး အငြိမ်းစားယူခဲ့တဲ့လူတစ်ယောက် ကိုက် ၁၀၀၀ အကွာအဝေးကပစ်မှတ်ကို မလွဲအောင်ပစ်နိုင်တဲ့လူတစ်ယောက် သမ္မတလုပ်ကြံမှုကိုကာကွယ်ဖို့ အထက်အရာရှိက အကူအညီလာတောင်းတဲ့အခါ ပစ်ခတ်မှုတွေကြားထဲပြန်ဝင်လာခဲ့တယ် ဒါပေမယ့် သူ့ကိုထောက်ချောက်ဆင်ပြီး အသုံးချမယ်ဆိုတာ သူမသိခဲ့ဘူး အဲ့ထောင်ချောက်ဆင်တာကို လွတ်အောင်ပြေးနိုင်မလား သူ့ကိုထောင်ချောက်ဆင်ခဲ့တဲ့သူတွေကို လက်စားချေနိုင်မလား ထောင်ချောက်ဆင်မှုနောက်ကွယ်မှာ ရှိနေတဲ့အဓိကလျို့ဝှက်ချက်ကိုရောဖော်ထုတ်နိုင်မလား တရားဥပဒေက နောက်ဆုံး အနိုင်ယူနိုင်မလား ဒါမှမဟုတ်................. IMDB Rating 7.2/10 ရရှိထားတဲ့ Action,Crime,Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Transformer မင်းသား Mark Wahlberg က စနိုက်ပါသမား တပ်ကြပ် Bob Lee Swagger အဖြစ် သရုပ်ထားပြီးမင်းသမီးကတော့ Transcendence နဲ့ Fantastic Four(2015) ထဲကမင်းသမီး Kate Mara ပဲဖြစ်ပါတယ် Ant Man(MCU)ကားထဲက စကားခပ်ပြတ်ပြတ်ပြောတတ်တဲ့ Michael Pena ကလည်း FBI agent Nick Memphis အဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။ Actionဇာတ်ကားကောင်းကောင်းကြိုက်တဲ့သူတွေကတော့လုံးဝလက်မလွှတ်သင့်ဇာတ်ကားပဲဗျို့   (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size : (950 MB) ...
7.2
IMDB: 7.2/10 274,022 votes
movie

Shooter (2007)

2007
Frontier(s) (2007) 6.3
Frontier(s) (2007)   Ultra-violet လို့တင်စားခံထားရတဲ့ အရမ်းသည်းထိတ်ရင်ဖိုကြည့်ရမည့် Slasher ကားတစ်ကား ကို Saw, Texas Chainsaw, Wrong Turn, The Hill Have Eyes စသည့် စူပါအကြမ်းဇာတ်ကားမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီး အတွက် ရွေးခြယ်ဘာသာပြန်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းက စထွက်ခြင်းမှာပဲ ဝေဖန်အကြံပေးသူတွေရဲ့ အားပေးမှု့ကို တစ်ခဲနက် ရရှိထားပါတယ်။ IMDb 6.5 ရရှိထားပါတယ်။ International film festival ပွဲတွေမှာလည်း ပွဲထုတ်ပြသခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်း သမရိုးကျ လူသတ်ကားတွေနဲ့မတူပဲ ထူးထူးခြားခြားလေး တည်ထားပါတယ်။ ပဲရစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကြီးစတင်ပါပြီ။ အဲဒီအချိန်မှာပဲ ပြည်သူတွေမုန်းတီးမလိုလားတဲ့ အမတ်တစ်ယောက်က စပြီးအာဏာကိုအလွဲသုံးစားလုပ်ကာ မဲတွေကိုကလိန်ကျပါတယ်။ ဒါကိုပြည်သူတွေက သိရှိသွားပြီး အပြင်းအထန်ကန့်ကွတ်ဆန္ဒပြလာကြပါတယ်။ ပြည်သူတွေ တစ်ခဲနက် အုံကြွမှု့ကြီးဖြစ်ပေါ်လာပြီး ရဲတွေနဲ့ တိုက်ခိုက်မှု့တွေအထိရှိလာပါတယ်။ မြို့ကြီးက ပရမ်းပတာအခြေနေကို ရောက်ရှိလာပါတယ်.. ဒါကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတဲ့ သူခိုးတစ်စုကတော့ ခိုးရာပါပစ္စည်းတွေနဲ့ အထိကရုန်းကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားနေပါတယ်။ တစ်နေရာအရောက်မှာတော့ ထိုသူခိုးထဲမှ တစ်ယောက်ကိုသေနတ်ထိမှန်သွားပြီး လူစုကွဲသွားပါတယ်။ ပြန်ဆုံပေမဲ့လည်း သေနတ်ဒဏ်ရာကအခြေနေက ဆိုးနေပြီဖြစ်ဖို့ ဆေးရုံကို လူစုခွဲပြီး ...
6.3
IMDB: 6.3/10 21,771 votes
movie

Frontier(s) (2007)

2007
American Gangster(2007) 7.8
American Gangster(2007) IMDB...7.8 Rotten...87% American Gangster ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မင်းသားကြီး Denzel Washingtonရဲ့  အန္တိမ သရုပ်ဆောင်ချက်တွေသာ မပြောင်မြောက်ခဲ့ရင်ဒီဇာတ်ကားကြောင်းကို ပြန်တင်ပြစရာအကြောင်းမရှိပါဘူး။စုံထောက်တစ်ယောက်အဖြစ် မင်းသားကြီး Russell Croweကလည်း အကောင်းဆုံး တင်ဆက်သွားခဲ့ပေမယ့် Denzelနဲ့ယှဉ်လိုက်ရင်တော့ အနည်းငယ်မှေးမှိန်သွားရပါတယ်။ 1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါး ဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဟားလမ်းဆိုတာကလည်း ဒုစရိုက်မှု တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။အဲဒီနေရာမှာ Frank Lucas(Denzel)ရဲ့ ဆရာက သြဇာအာဏာရှိပြီး အားလုံးရဲ့ လေးစားမှု ကို ခံရတဲ့သူတစ်ဦးပါ။သူက Frankကို တပည့်ရင်းတစ်ဦးအဖြစ်ထားရှိပြီး သူသေသွားရင် သူ့နေရာမှာ လျာထားဖို့ ရည်ရွယ်ထားသူပါ။Frank မှာ ရိုးသားခြင်း သစ္စာရှိခြင်း ကတိတည်ခြင်း ရဲရင့်ခြင်း ပါးနပ်ခြင်းစတဲ့ ယောက်ျားကောင်းတစ်ဦးမှာရှိထိုက်တဲ့အရည်အသွေးတွေအကုန်ရှိပါတယ်။အဲဒါကို ...
7.8
IMDB: 7.8/10 343,561 votes
movie

American Gangster(2007)

2007
Underground Rendezvous (2007) 6.0
Underground Rendezvous (2007) အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ခဲ့တဲ့Underground Rendezvous ဆိုတဲ့ ကိုရီးယားကားလေးပါ ဒီထဲမှာ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဆိုပြီး ကွဲမသွားခင်က အခုနယ်စပ်နေရာမှာ ရှိတဲ့ရွာလေးက မိသားစုလေးအကြောင်းကို အခြေခံရိုက်ကူးထားတာပါ ကိုရီးယားနိုင်ငံ နှစ်ပိုင်းကွဲသွားတဲ့အခါ မိသားစုတွေ ခွဲတာခံလိုက်ရပါတယ် တစ်နေ့တော့ တောင်ကိုရီးယားဘက်က ရွာမှာ စာသင်ဖို့ ကျောင်းဆရာတစ်ယောက်ရောက်လာတာကနေဇာတ်လားစလာပါတယ် သူဟာ အဲရွာကသူကြီးကို သူ့ခယ်မနဲ့ညကြီးအချိန်မတော်တွေ့လိုက်တဲ့အခါအထင်လွဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ဒီအထင်လွဲမှုတွေကို သူတို့ဘယ်လိုဖြေရှင်းကြမလဲb သူကြီးရဲ့ ခယ်မကရော ဘယ်ကလဲ ဘယ်သူလဲ ကွဲသွားတဲ့ မိသားစုတွေရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲ ကျောင်းဆရာကရော သူ့မွေးရပ်ကိုပြန်နိုင်မလားဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားလေးပါ IMDb 6 အထိရထားတဲ့ ဟာသဇာတ်လမ်းလေးပါ ဇာတ်ကားရဲ့ မြှုပ်ကွက်လေးတွေကို မပျင်းစေရဘဲ ဟာသလေးတွေနဲ့ဝေဝေဆာဆာရိုက်ကူးထားပြီး ဇာတ်သိမ်းပိုင်းထိ ပရိသတ်ကို ဆွဲခေါ်သွားမယ့်ဇာတ်ကားလေးပါ   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ မေသရဖီလွင်ပါ)   File Size : (900 MB) and (450 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre :Comedy, Drama, War Subtitle ...
6.0
IMDB: 6.0/10 6 votes
movie

Underground Rendezvous (2007)

2007
My Tutor Friend 2 (2007) 6.2
My Tutor Friend 2 (2007)   ဒီတစ်ကားကတော့ မတူညီတဲ့ plot တွေ ကွဲပြားတဲ့ မင်းသား မင်းသမီးတွေနဲ့ My tutor Friend 1 ရဲ့ အဆက်အဖြစ် CJ ENTERTAINMENT က တင်ဆက်လိုက်တာပါ အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းနဲ့ ပြည့်စုံပြီး တစ်ချက်ပြုံးရင် ကြယ်ကြွေလောက်တဲ့ မင်းသားချော Park Ki woong နဲ့ ဘယ်လိုနေနေ ချစ်စဖွယ် မမေ့နိုင်စဖွယ် အမူအရာလေးတွေနဲ့ မင်းသမီးချောလေး Lee Chung ah တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ကိုရီးယားကို Student exchange နဲ့ ကျောင်းလာတတ်တဲ့ ဂျပန်မလေး ဂျွန်ကို ဟာ သူမရဲ့ Crush ဖြစ်တဲ့ ဝူဆန်းကို ကိုရီးယားမှာ လိုက်ရှာချင်ခဲ့ပါတယ် သူမတည်းခိုရာ ဧည့်ဂေဟာ ပိုင်ရှင်ဧ။်သားဖြစ်သူကတော့ လူငယ်ဆန်ဆန် ရွတ်နောက်နောက် နေတတ်ပြီး ပိုက်ဆံကို ရရင်ရသလို ရှာတတ်သူပါ ဒီအပျော်လွန်တတ်တဲ့ ...
6.2
IMDB: 6.2/10 327 votes
movie

My Tutor Friend 2 (2007)

2007

Genres