Channel Myanmar
2005
The Red Shoes 5.9
The Red Shoes သင်္ကြန် အတွင်း အိမ်တွင်းပုန်းနေတဲ့ CM Fan တွေ ပျင်းနေမှာဆိုးလို့ အိမ်တွင်းပုန်း ဘာသာပြန် တစ်ယောက်ဖြစ်တဲ့ ThinZar Htet ကနေ ကိုရီးယား သရဲကား တစ်ကားကို ပြန်ပေးလာပါတယ် ဒီရုပ်ရှင်ကားဟာ ၂၀၀၅ ခုနှစ်က ဖြစ်လို့ အန်းဒိတ်ဖြစ်သွားပြီလို့ ယူဆရပေမယ့် ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဆိုသလိုပဲ ဇတ်လမ်းအစကနေ အဆုံးထိ သင့်ကို ဆွဲခေါ်သွားမှာပါ ပြီးတော့ ကြိုသတိပေးချင်တာကတော့ ဒီဇတ်လမ်းဟာ Uncut Version ဖြစ်လို့ Adult ပါလို့ သတိပေးထားပါတယ် ဖြစ်နိုင်ရင် မိသားစု နှင့် အတူမကြည့်သင့်ပါ လိင်ဆက်ဆံ တဲ့ အခန်းမျိုး အနည်းငယ်ပါဝင်ပါတယ် ရုပ်ရှင်အကြောင်းကို စပွိုင်လာ မလုပ်ပဲ ဇတ်လမ်း အစလေးကိုပဲ ဖော်ပေးချင်ပါတယ် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာ ပုံမှန်ရထားစီးဖို့ ရထားဆိုက်ကပ်မယ့် ဘူတာကို ရောက်လာပါတယ် ဒီလိုနဲ့ ရထားစောင့်နေရင်း ဖိနပ်နီနီလေး တစ်ရံကို တွေ့လို့ ကောက်စွပ်ကြည့်တဲ့အခါ သူမ နဲ့ လုံးဝ ကို ကွက်တိဖြစ်နေပါတယ်... ဒါပေမယ့် နောက်မှ ရောက်လာတဲ့ သူမ ရဲ့ သူငယ်ချင်း ဖြစ်သူက ဒီဖိနပ်ကို အရင်တွေ့တာ ဆိုပြီး အချစ်ဆုံး သူငယ်ချင်းဆိုတာတွေ မေ့ပြီး လုယူသွားပါတယ် ဒီလို လုတဲ့အတွက် ကောင်မလေး ဟာ ရထားလာနေတဲ့ လမ်းကြောင်းထဲကိုတောင် ပြုတ်ကျမလို ဖြစ်ခဲ့ရပါတယ် သူမ ရဲ့ သူငယ်ချင်းကတော့ ဖိနပ်ကို ရလို့ ...
5.9
IMDB: 5.9/10 2,460 votes
movie
The Red Shoes
2005
Derailed (2005) 6.6
Derailed (2005)   ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြား အခုတလောရေပန်းစားနေတဲ့ “Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်.. အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်… နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး… ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလို Plot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့ ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့ တော်တော်လေး ရှက်ဖို့ကောင်းပါတယ်  ဒီဇာတ်ကားထဲမှာတော့ Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့ Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်.. အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာ ငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။ သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။ ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။ သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။ ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။ တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။ ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့ လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက် ရထားလက်မှတ်မပါလာလို့ လူစင်ဒါက ...
6.6
IMDB: 6.6/10 65,657 votes
movie
Derailed (2005)
2005
Batman Begins (2005) 8.3
Batman Begins (2005) June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ ...
8.3
IMDB: 8.3/10 1,006,848 votes
movie
Batman Begins (2005)
2005
Blu-Ray 720p
Memoirs of a Geisha 7.4
Memoirs of a Geisha ဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘ၀ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ချီယို လေး ၉ နှစ်သမီး ဘ၀မှာ ဒုက္ခတွေ နဲ့ စတင်ရင်ဆိုင်ရတဲ့ နှစ်ပေါ့... ချီယို နဲ့ သူ့အစ်မ ဆပ်စု ဟာ တစ်နေရာစီ ...
7.4
IMDB: 7.4/10 125,599 votes
movie
Memoirs of a Geisha
2005
Munich (2005) 7.6
Munich (2005) ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
7.6
IMDB: 7.6/10 187,464 votes
movie
Munich (2005)
2005
Jarhead(2005) 7.0
Jarhead(2005) Jarhead(2015) IMDB....7 ဒီစစ်ကားက တခြားစစ်ကားရဲ့ထူးခြားချက်က ရဲဘော်တစ်ယောက်စစ်ထဲစ၀င်တဲ့ အခန်းကနေစပြထားတယ် စစ်မြေပြင်အတွက်သင်တန်းတွေ ရဲဘော်သစ်ကိုကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကို အသေးစိတ် ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် သရုပ်ဆောင်တွေကလည်း နာမည်ကြီးမင်းသား Jake Gyllenhaal,Jamie Foxx,Peter Sarsgaard,Lucas Black စတဲ့သူတွေမို့ ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာသရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင် အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကို လှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ File Size…(879MB) and (348MB) Quality…BluRay 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Zuel Khant Thwin
7.0
IMDB: 7.0/10 153,082 votes
movie
Jarhead(2005)
2005
Innocent Steps (2005) 7.0
Innocent Steps (2005)   အခုတစ်ခါတော့ Innocent Steps ဆိုတဲ့ ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုတော့ ပရိတ်သတ်ကြီးတော်တော်များများကတော့ ရင်းနှီးထားပြီးသားဖြစ်ကြမှာပါ  ဇာတ်ကားလေးကတော့ ၁၉ နှစ်အရွယ် ကောင်မလေးတစ်ယောက်နဲ့အကူလိုက်ကပေးတဲ့ အကသမားလေးတစ်ယောက် တို့ အနေနီးရာမှာ လူမျိုးမတူ ဘာသာမတူပေမဲ့ အချစ်မှာမျက်စိမရှိဘူးဆိုသလို ချစ်ကျွမ်းဝင်သွားတာကို ဟာသဆန်ဆန်လေး ရိုက်ကူးပြထားတာဖြစ်လို့ ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်   ဇာတ်လမ်း အကျဉ်းလေးကတော့ အသက် ၁၉ နှစ်အရွယ် တရုတ်က အကသမလေး Mun Geun-yeong သူမဟာ ကိုရီးယားက အကချန်ပီယံ ပြိုင်ပွဲကြီးအတွက် ကိုရီးယားကိုလာခဲ့ပြီး သူနဲ့ အတူ ကူညီ ယှဉ်ပြိုင်ပေးဖို့ကိုတော့ Park Geon Hyeong      ကို ၃လတိတိ ကူညီ လေ့ကျင့်ပေးဖို့ ငှားရမ်းခဲ့ပါတယ် ဒီလိုနဲ့ အနေနီးရာမှ ကြိုးချင်းထားကြိုးချင်းညှိဆိုသလိုပဲ အကလေ့ကျင့်ရင်း အချစ်တွေပေါက်ဖွားလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့  ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ်   Qty - 720p HDTV Rip Duration - 1 hr 50 min Subtitle - Myanmar ...
7.0
IMDB: 7.0/10 1,280 votes
movie
Innocent Steps (2005)
2005
Sad Movie (2005) 7.4
7.4
IMDB: 7.4/10 2,745 votes
movie
Sad Movie (2005)
2005
Hitch (2005) 6.6
Hitch (2005)   (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်​မခိုင်​လျှင်​ မကြည့်​သင့်​ပါ။ အခန့်​မသင့်​လျှင်​ ဤကားကြည့်​ပြီး မကြာခင်​ ​ရည်းစားရသွားနိုင်​​ပါ သည်​ :P​ ရည်းစားရှိ​သော်​လည်း မိန်း​က​လေး​တွေအ​ကြောင်း အထာမနပ်​သူများ ကြည့်​သင့်​ကြည့်​ထိုက်​​သော ကား​ကောင်းတစ်​ကားဖြစ်​သည်​) ဒီကား​လေးကို ကြည့်​ပြီးသွားကြရင်​​တော့... ​ယောက်ျား​လေး အများစု မိန်းက​လေး​တွေနဲ့ ပတ်​သတ်​ပြီး "ငါမဖြစ်​နိုင်​ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်​​လောက်​ပါဘူးကွာ" ဆိုတဲ့ ခံယူချက်​​၊ ခံစားချက်​​တွေ ​လျော့ပါး​သွားမှာ​တော့အ​သေအချာပါပဲ ဒီကားထဲမှာ ကျွန်​​တော်​တို့ ​ယောက်ျား​လေးအများစုအတွက်​ ကိုယ်​ချစ်​ကြိုက်​​နေတဲ့ ခွက်​​နေတဲ့ မိန်းက​လေးတစ်​​ယောက်​ကို ရည်းစားစကား​ပြောဖို့ဆိုတာ ဘယ်​​လောက်​​တောင်​မလွယ်​လိုက်​လဲဆိုတာ ​တွေ့ရပါလိမ့်​မယ်​...(လွယ်​လွယ်​ကြိုက်​ လွယ်​လွယ်​ပြတ်​ ​ခေတ်​ကြီးထဲမှာ ဒီစကားက ရယ်​စရာလဲ ဖြစ်​​ကောင်း​ဖြစ်​​နေပါလိမ့်​မယ်​) ဒီဇာတ်​ကား​လေးထဲမှာ... * မိန်းက​လေးတစ်​​ယောက်​ကိုတကယ်​ချစ်​ကြိုက်​မိသွားရင်​ မိန်းမကျမ်း​ကျေပါတယ်​ဆိုတဲ့သူ​တောင်​ အထစ်​ထစ်​အ​ငေါ့​ငေါ့ ဖြစ်​တတ်​ပုံ​တွေ... >>> မိန်းက​လေး​တွေ ဘယ်​လိုပြုမူပြီ ဘယ်​လို​ပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်​တာ... >>> ပထမဆုံးအနမ်းတစ်​ခု​အ​ပေါ်မှာ မိန်းက​လေးအများစုရဲ့သ​ဘောထား...​ >>> အချစ်​တစ်​ခုဖြစ်​​ပေါ်လာဖို့ဆိုတာ မလွယ်​​ကြောင်း​တွေ ​အစုံအလင်​​တွေ့ရပါလိမ့်​မယ်​ * ဇာတ်​လမ်းအကျဉ်း​လေး ​ပြောရရင်​... >>> အဲလပ်​စ်​ဟစ်​ရှ်​(Will Smith)​ဆိုတာ Date doctor တစ်​​ယောက်​ပါ(ဖူးစာ​ရေးနတ်​ သ​ဘောမျိုး​ပေါ့) ​မိန်းက​လေး​တွေနဲ့ပတ်​သတ်​ပြီး မိမိကိုယ်​ကိုသိမ်​ငယ်​တတ်​သူ​တွေ မဖြစ်​နိုင်​ပါဘူးဆိုပြီး မြိုသိပ်​​နေရတဲ့ ​ယောက်ျား​လေး​တွေအ​တွက်​​တော့ ...
6.6
IMDB: 6.6/10 260,009 votes
movie
Hitch (2005)
2005
You Are My Sunshine(2005) 7.0
You Are My Sunshine(2005) Imdb .......7.0 ဒီဇတ်ကား2006 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆု ရုပ်ရှင်ဆု အကောင်းဆုံးဇတ်ပို့ဆု တွေရရှိခဲ့ပါတယ်.............. ဒီကားထဲက မင်းသားကြီးကတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တစ်လောကထွက်ရှိခဲ့တဲ့ Battleship Island မှာ ဂီတအဖွဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hwang Jung-min ပါ... သူဟာ မွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးနေတဲ့သူတစ်ယောက်ပါ အသက်အရွယ်အရ သူဟာအိမ်ထောင် ပြုသင့်တဲ့အရွယ်ဖြစ်ပေမဲ့ သူ့ရည်မှန်းချက်ကြောင့် အိမ်ထောင်ပြုဖို့အရေးဟာ နှောင့်နှေးနေတယ်..... တကယ်ချစ်တဲ့သူတွေမှ သူအိမ်ထောင်ပြုမယ် ဆိုတဲ့ ရည်မှန်းချက်ကြောင့်ပါ......ဒီလိုနဲ့သူတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်နေ့တော့တွေ့သွားတယ်....အဲ့ဒီမိန်းကလေးက KTV နဲ့ကော်ဖီဆိုင်မှာ အလုပ် လုပ်တဲ့မိန်းကလေးတစ်ယောက်......ဒီကားက Plot အလှည့်အပြောင်းလေးတွေသိပ်ကိုငြင်သာတယ်... ဒါပေမဲ့စွမ်းအားက အရမ်းကိုကြီးတယ်....... ကိုင်းပြိတ်သတ်ကြီးရေ . FILM ဆု မင်းသားဆု မင်းသမီးဆု ဒါရိုက်တာဆု ဇတ်ပို့ဆုတွေ ရခဲ့လဲဆိုတာ ကြည့်ရင်းနဲ့သဘောပေါက်သွားလိမ့်မယ်.......ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ကို Phyo Thu Hein ဖြစ်ပါတယ် File Size : (784 MB) and (384 MB) Quality :  720p Running Time : 2hr 05min Format : ...
7.0
IMDB: 7.0/10 561 votes
movie
You Are My Sunshine(2005)
2005
Hostel (2005) 5.9
Hostel (2005)   ပုရိတ်သတ်ကြီးအတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ကျော်ကြား ခဲ့တဲ့ ဒါရိုက်တာကြီး Eli Roth ရဲ့ဇာတ်ကားကောင်းတွေကို တင်ဆက်လိုက်ပါတယ်။ အမှန်တော့ Hostel ဇာတ်ကားတွေက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာမဟုတ်ပါဘူး။ ဒါပေမဲ့ အပိုင်းသုံးပိုင်းထဲက အပိုင်းတစ်ခုဟာထိုင်းမှာ အလားတူသဏ္ဍန် တစ်ခုဖြစ်သွားခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ...... လူတွေဆိုတာ အခက်သားကလား။ သာယာမှု့ဆိုတာကို လူတိုင်းလက်ခံသဘောကြ ကြပါတယ်။ နာကြင်မှု့ကိုတော့ ကြားတောင်မကြားချင်ကြပါဘူး။ ဒီဇာတ်ကားက အဲဒီခံစားချက်နှစ်မျိုးရဲ့ အချိတ်ဆက်ကို ဖော်ပြပေးသွားမှာပါ။ မူမှန်တဲ့ လူတွေအတွက် ပျော်စရာ ကလပ်တွေရှိနေသလို မူမမှန်တဲ့သူတွေအတွက်လည်း ပျော်စရာ ကလပ်တွေ ရှိနေပါတယ်။ မူမမှန်သူတွေကတော့ လူ့အသက်တွေနဲ့ အကြောက်တရားတွေကို ငွေကုန်ကြေးကျခံပြီး ကစားကြသူတွေပါ။ ဇာတ်ကားရဲ့အခြေခံကတော့ မြို့တွေကို ပျော်ရွင်စရာတွေနဲ့ သုခဘုံအလားဖန်တီးထားပြီးနိုင်ငံခြားသား/သူ တွေကို အစဖျောက်ဖမ်းခေါ်ပြီးမူမမှန်တဲ့ သူတွေဆီကို ပိုက်ဆံယူပြီး ဝကွက်အပ်လိုက်တာပါပဲ။ ပိုက်ဆံအတွက် အသတ်ခံကြရသလို ပိုက်ဆံအတွက် သတ်ကြရပါတယ်။ လျှင်သူစားစတမ်းပေါ့ဗျာ...   (ဘာသာပြန်သူကတော့ ကိုအေးမင်းဦးပါ)   File Size : (700 MB) and (250 MB) Quality ...
5.9
IMDB: 5.9/10 147,637 votes
movie
Hostel (2005)
2005
Unleashed (2005) 7.0
Unleashed (2005)   Unleash (သို့မဟုတ်) Danny the dog ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာရုံတင်ပြသခဲ့ပြီးIMDb 7.0 ရရှိခဲ့ပါတယ် ဂျက်လီရဲ့အကောင်းဆုံးဆိုတဲ့ ဇာတ်လမ်းတွေထဲက တစ်ကားဖြစ်ခဲ့ပြီး Hollywood ရဲ့ နာမည်ကြီးလူမည်း မင်းသားကြီး Morgan Freeman ပါဝင် အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအမျိုးအစားကAction,Crime,Drama အမျိုးအစားဖြစ်လို့ Drama ဇာတ်ရုပ်ဆိုရင် ရုပ်ရှင်ရိုက်နေတယ်လို့တောင်မထင်ရပဲ ပီပြင်စွာသရုပ်ဆောင်နိုင်သူ မော်ဂန်နဲ့ ကွန်ဖူးအက်ရှင်မှာဆိုရင်တရုတ်မင်းသားတွေထဲမှာ အတော်ဆုံးထဲကတစ်ယောက်ဖြစ်တဲ့ ဂျက်လီတို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုဟာ ဒီဇာတ်လမ်းရဲ့ အကြီးမားဆုံးသော ဆွဲဆောင်မှုတစ်ခုပါပဲ ဇာတ်လမ်းအကျဉ်းကတော့ လူသားလား တိရိစ္ဆာန်တစ်ကောင်လား ကိုယ်တိုင်ခွဲခြားသိနိုင်ခြင်းမရှိအောင် ရိုက်သွင်းပြုပြင်ခြင်းခံခဲ့ရတဲ့ ဒန်နီဆိုတဲ့ အာရှသားလေးတစ်ယောက် နောက်ပြီးစန္ဒရားတွေကို ကြိုးညှိ့ပေးရင် အသက်မွေးနေခဲ့တဲ့ မျက်မမြင်အဖိုးကြီးတစ်ယောက် မိသားစုဆိုတာ ဘာမှန်းမသိတဲ့ အရိုင်းတစ်ကောင်ကို မိသားစုရဲ့ နွေးထွေးမှုတွေ ပေးမိတဲ့အခါလောဘရဲ့သားကောင်တစ်ယောက်ကြောင့် သူတို့ဘာတွေကြုံရမလဲ အရိုင်းအစိုင်း ဒန်နီရဲ့ဟိုး...အရင်ကငယ်ဘဝကရော ဘယ်လိုလဲ သူအဲ့ဒီ့လို ဘဝဆိုးကနေရော ရူန်းထွက်နိုင်ပါ့မလား ...... Old but gold. ...
7.0
IMDB: 7.0/10 89,248 votes
movie
Unleashed (2005)
2005
Rumor Has It… (2005) 5.5
Rumor Has It… (2005) ဆာရာ ဟတ်တင်ဂါ တစ်ယောက် ကယ်လီဖိုးနီးယား မျာရှိတဲ့ သူ့ ညီမ အန်နီ ရဲ့ မင်္ဂလာပွဲကို သွားခဲ့တယ် မင်္ဂလာအကြိုပွဲနေ့ မှာတော့ ဆာရာ တစ်ယောက် သူ့ အဖွားဆီကနေ သူ့ အမေက သူရဲ့ အဖေနဲ့  မင်္ဂလာမဆောင်ခင်တစ်ရက်မှာ သူရဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက်နဲ့  ထွက်ပြေးသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ် အဲ့ဒီနောက်ပိုင်းမှာတော့ ဆာရာဟာ သူ့ ရဲ့ ဖခင်အရင်းက ဘယ်သူဖြစ်မလဲဆိုတာကို သိချင်လာတယ် သူ့ ညီမ မင်္ဂလာပွဲပြီးတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် သူ့ အမေရဲ့ နောက်ကြောင်းကိုစပြီး စုံစမ်းဖို့ အတွက် ဆန်ဖရန် စစ္စကို မြို့ ကို ခရီးထွက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ သူ့ အဖေအရင်း ကကော ဘယ်သူဖြစ်မလဲဆိုတာ သိရအောင် ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ (ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 750 MB / 330 MB Quality ...
5.5
IMDB: 5.5/10 42,743 votes
movie
Rumor Has It… (2005)
2005
Tarzan 2 (2005) 5.6
Tarzan 2 (2005) ဒီဇာတ်ကားလေးကတော့ IMdb rating 5.6 ရထားတဲ့ Animation ဇာတ်ကားလေးဖြစ်ပါတယ်။ Disney ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပြီး ကြည့်ရှု့မိသူတွေအတွက် မက်ဆေ့တွေ တစ်ပုံကြီးပေးထားပါတယ်။ တာဇံ တစ်ယောက်တောကြီးမျက်မည်းထဲမှာ oက်oံတွေနဲ့ အခက်ခဲတွေကို အတူကျော်ဖြတ်လာပြီး လူမှန်းသိတက်စ အရွယ်လဲရောက်ရော ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ ဆန်းစစ်မိလာပါတယ်။ လူရယ်ဆိုပေမဲ့ လူမမြင်ဘူးတဲ့ ကလေးတစ်ယောက်အတွက် သူ့ပတ်oန်းကျင်က တိရိစ္ဆာန်တွေကိုပဲ အတုယူကျင့်ကြံအားကျနေမိပါတယ်။ တစ်နေ့ သူ့ဘoတစ်ဆစ်ချိုးမှာ oက်oံမိသားစုနဲ့အတူ ခရီးသွားရင်း ချောက်ကြီးထဲကိုကျသွားပါတယ်.. အဲဒီနောက် တာဇံတစ်ယောက် ဘယ်လိုဆက်လက်ရုန်းကန်ပြီး ဘယ်လိုသင်ခန်းစာတွေရသွားမလားဆိုတာကို ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေ... (ဘာသာပြန်သူကတော့ စိုးရာဇာ ပဲဖြစ်ပါတယ်) File Size : 500 MB Quality : 720P Web Rip Running Time : 1hr 12minutes Format : Mp4 Genre :   Animation, Adventure, Comedy Encoder : Thanhtike Zaw   Download Here 720P Web Rip (500MB) ...
5.6
IMDB: 5.6/10 6,124 votes
movie
Tarzan 2 (2005)
2005
Duelist (2005) 6.0
Duelist (2005) ဒီ​ဇာတ်​​လမ်း​လေးက​တော့.. စိတ်​မြန်​လက်​မြန်​အလုပ်​လုပ်​တတ်​ပြီးဒေါသထွက်မြန်တဲ့ နန်းတွင်းစုံ​ထောက်​နမ်​ဆွန်​တစ်​​ယောက်ငွေအတုပြသနာကိုဖြေရှင်းရာကနေ ဒုစရိုက်​ဘက်​​တော်​သားတစ်​ဦးနောက်ကိုခြေရာခံလိုက်ခဲ့ပါတယ်.. အဲ့ဒုစရိုက်သမားလို့သူထင်နေတဲ့တစ်ယောက်ကတော့ အေးစက်တဲ့မျက်နှာကိုပိုင်ဆိုင်ထားပြီးတော့ ဓားစွမ်းကလည်းသူ့ထက်ပိုသာနေပါတယ်... တစ်ရက်ပြီးတစ်ရက်အဲ့ဓားသမားနောက်ကိုနောက်ယောင်ခံလိုက်ရင်းကနေ တိတ်​တခိုးချစ်​မိသွားခဲ့ပါတယ်... အဲ့နောက်ပိုင်းမှာတော့  တကယ့်ပြသနာကြုံလာရတဲ့အခါသူချစ်မိသွားတဲ့သူကိုပဲကာကွယ်ပေးမလား... အဲ့ပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ... ဝန်​ကြီးချုပ်​ရဲ့ရည်​ရွယ်​ချက်​အမှန်ကိုဖော်ထုတ်နိုင်မလားဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...     Size...(1 GB)  Format…mp4 Duration...01:51:54 Subtitle….Myanmar Subtitle (Hardsub) Translator…Pyae Phyo Hein Encoder….Moe Myint Lwin   Download with VIP Link   Download with Pcloud   Download with Pcloud (Small Size)   Download with Openload      
6.0
IMDB: 6.0/10 1,122 votes
movie
Duelist (2005)
2005
The Legend of Zorro-2(2005) 5.9
The Legend of Zorro-2(2005) ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့ (၁၀)ကားမြောက်ဘာသာပြန်ကားလေးဖြစ်ပါတယ်။ IMDb rating 5.9/10ရရှိထားတဲ့ဒီဇာတ်ကားကို ဇောရိုးဆိုတာနဲ့cmပရိတ်သတ်တွေရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ ဇောရိုးဖြစ်တည်လာပုံအစပိုင်း အပိုင်း(၁)ကိုတော့ ကျွန်တော်တို့ရဲ့cmမှာတင်ပြီးထားပါပြီ။ အပိုင်း(၁)ကြည့်ပြီးဆံ့တငံ့ငံ့ဖြစ်နေတဲ့ ပရိတ်သတ်တွေရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အပိုင်း(၂)လေးကိုပရိတ်သတ်တွေဆီအရောက်ပို့လိုက်ပါပြီ။ ဇောရိုးအပိုင်း(၁)ကတော်တော်လေးကိုကောင်းပါတယ်။ အပိုင်း(၂)ကလည်း အပိုင်း၁နဲ့မခြားအရမ်းကောင်း ပါတယ်။ Channel Myanmar ပရိတ်သတ်တွေသေချာပေါက်အကြိုက်တွေ့မှာပါ။ ကျွန်တော်ဇာတ်လမ်းအကြောင်းလေးနည်းနည်းပြောပြပါ့မယ်။ အပိုင်း၂မှာကတော့ဇောရိုးနဲ့ အလီနာတို့ရဲ့ရင်သွေးလေးပါဝင်လာပါပြီ။ ကယ်လီဖိုးနီးယားကိုအမေရိကန်ပြည်ထောင်စုနဲ့ အတူတူပူးပေါင်းနိင်ဖို့အတွက် ဇောရိုးဦးဆောင်ပြီးကြိုးစားပုံ၊ ထူးဆန်းတဲ့ဗုံးလက်နက်ကိုတီထွင်တဲ့ မြို့စားအာမန်ဇောရိုးရဲ့ဇနီးချောလေးအလီနာ၊ စွန့်စားမှုတွေကိုခုံမင်တဲ့ဇောရိုးနဲ့အလီနာတို့ရဲ့သားလေး ဂျို အာကွင်းအန္တရာယ်တောတွင်းထဲကနေ ဇောရိုးနဲ့အလီနာတို့ ကယ်လီဖိုးနီးယားကိုဘယ်လိုကာကွယ်မလဲ စသဖြင့် သည်းထိပ်ရင်ဖိုစွန့်စားမှု အချစ်အလွမ်းအဆွေး အကြမ်းစသဖြင့်ပရိတ်သတ်တွေကို ဇာတ်လမ်းစလယ်ဆုံးဆွဲဆောင်သွားပါလိမ့်မယ်။ ကဲ . . . စိတ်ဝင်စားမှုများလာရင်တော့ ဒေါင်းသာကြည့်ကြပါတော့ . . . (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသာသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။) Zorro Part(1)ကို ဒီလင့်ကနေဒေါင်းနိုင်ပါတယ်။ Download and Direct Watch HD720P     Download and Direct Watch HD small file 360P
5.9
IMDB: 5.9/10 73,937 votes
movie
The Legend of Zorro-2(2005)
2005
King Kong (2005) 7.2
King Kong (2005) IMDb Rating 7.2 ရရှိထားပြီး ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ ကင်းကောင်ဇာတ်ကားလေးကို မြန်မာစာတန်းထိုးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အခု ဘားရှင်းက Extended Version ဖြစ်တာမို့ မူလထွက်ရှိရာမှာ မပါဝင်ခဲ့တဲ့ အခန်းတွေပါ ပါဝင်တာမို့ ပြန်လည်ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းတကားပါ ဇာတ်လမ်း အကျဉ်းကတော့ ပြဇာတ်လောကကနေ အရှုံးပေါ်နေလို့ အလုပ်ပြောင်းတဲ့ မင်းသမီးဟာ ရုပ်ရှင်အဖွဲ့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ သဘာဝအလှ ရှုခင်းတွေကို ရိုက်ကူးဖို့ ပင်လယ် ခရီးသွားရာမှ မထင်မှတ်ထားပဲ လမ်းမှားပြီး ကျွန်းကြီးတစ်ကျွန်းကိုရောက်သွားပြီး ကင်းကောင်နဲ့ ဆုံတွေ့ရာမှာ ကင်းကောင်က မင်းသမီးအပေါ်မေတ္တာယိုဖိတ်ပြီး လိုက်လံ ဖမ်းဆီးရာမှ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ကတောက်ကဆဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေကလည်း ကင်းကောင်ကို လိုက်လံဖမ်းဆီးပြီး မြို့ပေါ်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး ရုံသွင်းပြစားရာမှ ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာကို ဆက်လက် ကြည့်ရှူလိုက်ကြပါတော့ဗျာ ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးထားတဲ့သူကတော့ Aye Min Oo ပဲဖြစ်ပါတယ်ဗျ ဇာတ်ကားက ၃နာရီခွဲ ကြာတာကြောင့် ဖိုင်ဆိုက် ကြီးနေတာကိုတော့ ကြိုတင် ပြောပြထားပါရစေဗျာ Download On V.I.P Link     Download Large File On Pcloud       Download Small File On Pcloud      
7.2
IMDB: 7.2/10 321,251 votes
movie
King Kong (2005)
2005
Goal! The Dream Begins (2005) 6.8
Goal! The Dream Begins (2005) Director: Danny Cannon ရိုက်ကူးတင်ဆက်ထားပြီး May 12, 2006 (USA) မှာ ရုံတင်ပြသခဲ့တဲ့ အားကစားစိတ်ဓါတ်ကို အတည်ပြု အဓိက ရိုက်ကူးထားတဲ့ ဘောလုံးရုပ်ရှင် Goal! (1) ဖြစ်ပါတယ်... နယ်စပ်ကနေ ခိုးဝင်လာပြီး တရားမ၀င် နေထိုင်နေတဲ့ ဆန်တီရာဂို မူနက် တို့ မိသားစုဟာ အဖေ ဖြစ်သူရဲ့ ခြံရှင်း သန့်ရှင်းရေး ၀န်ဆောင်မှု မှာ ၀ိုင်းကူလုပ်ပေးနေရင်း မူနက် ဟာ သူဝါသနာပါတဲ့ ဘောလုံး ကစားချင်းကိုလဲ ကစားနေပါတယ် သူတို့ လူငယ်အသင်းမှာ မူနက် က ဦးဆောင်ကစားရပါတယ် သူပါတဲ့ ပွဲတိုင်းလဲ နိုင်ပါတယ် အတော်ဆုံးလူငယ်စာရင်းထဲ အပါဝင်ပေါ့... ဒါပေမယ့် မူနက် ရဲ့ အဖေဟာ သူ့သား ဘောလုံးကစားတာကို ကြည့်မရပါဘူး အမျိုးမျိုးပိတ်ပင်တားဆီးရင်းနဲ့ သူ့ခြံရှင်းလုပ်ငန်းအတွက် ကားဝယ်ဖို့ကိုလဲ မူနက် ခြေစမ်းဖို့ သွားမယ့် ခရီးစရိတ်ထဲက မသိအောင် ယူသုံးလိုက်ပြန်ပါတယ် အကြီးအကျယ် စိတ်ဓါတ်တွေ ကျနေတဲ့ အချိန် သူကစားတာကို မြင်မိတဲ့ လူငယ်ကင်းထောက်ဟောင်း ...
6.8
IMDB: 6.8/10 51,672 votes
movie
Goal! The Dream Begins (2005)
2005
Genres