Channel Myanmar

2004

Downfall (2004) 8.2
Downfall (2004) IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%) ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ " Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra ...
8.2
IMDB: 8.2/10 283,659 votes
movie

Downfall (2004)

2004
Man on Fire(2004) 7.7
Man on Fire(2004) Man on Fire(2004) IMDb...7.7 နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက် အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့် အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအ၀န်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်. .. သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်.. .ဘောဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်... .ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီး ကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး  Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်. ..ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့  Denzel Washington, ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်. .သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်..   .သူ့စောင့်ရှောက်ရတဲ့ကလေးမလေးအပေါ် သမီးလေးတစ်ယောက်လိုသံယောဇဉ်တွယ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဆက်ဆံရေး.. .ရှုတ်ထွေးပွေလီလှတဲ့ ကလေးငယ်ပြန်ပေးဆွဲမှုတွေ....ကျွန်တော့်လိုခပ်ကြောင်ကြောင် ကားတွေကြိုက်တဲ့သူတွေအဖို့ ကြည့်သင့်ပါကြောင်း မ၀ံမရဲတိုက်တွန်းပါရစေ... File Size : (9၀0 MB) and (400 ...
7.7
IMDB: 7.7/10 290,563 votes
movie

Man on Fire(2004)

2004
Secret Window (2004) 6.6
Secret Window (2004) တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်… ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ.. ဇာတ်လမ်က အေးပါတယ် .. ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ် ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး… မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ.. ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။ စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။ အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။ စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ. .နောက်ထပ်လူသတ်မှုတွေ…????? 2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten tomatos 47%   (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူက ကိုကြီး ဇွဲပါ)   File ...
6.6
IMDB: 6.6/10 161,159 votes
movie

Secret Window (2004)

2004
The Terminal (2004) 7.3
The Terminal (2004)   မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ။ တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ…အမုန်းတွေ.. မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.3/10) ရရှိထားပြီး မကြည့်ဖူးတွေကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့  ကို Thae Htoo ...
7.3
IMDB: 7.3/10 325,676 votes
movie

The Terminal (2004)

2004
BlueRay-Rip 480p
The Machinist (2004) 7.7
The Machinist (2004) The Machinist(2004) IMDB….7.7,,,,,Rotten…77 ဒီကားက ကြည့်ဖူးတဲ့သူတိုင်းညွှန်းဆိုကြသလို မဖြစ်မနေကြည့်သင့်တဲ့ကားရယ်လို့ သတ်မှတ်ထားကြတယ်.. ..ဒီကားက အံသြမင်သက်စရာတွေများလှတယ်…..insomniaရောဂါသည်တစ်ယောက်အဖြစ် Baleကသရုပ်ဆောင်ထားတယ်… .ဒီရောဂါက ညဖက်အိပ်မပျော်တဲ့ရောဂါ…သူ့ရဲ့ဆိုးကျိုးကတော့  အင်အားချိနဲ့ပြီး ပိန်လှီလာစေတာပဲ. …ကျွန်တော့အထင်ပြောရရင် ဒီကားရဲ့ အဓိက ကျောရိုးလိုဖြစ်နေတဲ့ bodyပိုင်းကို အဓိကပြင်ဆင်ခဲ့ပုံပေါ်တယ်…. ဒီလိုပိန်ဖို့ baleဟာ နေ့စဉ်လုပ်နေကျ gym ကိုလုံးဝရပ်တန့်လိုက်ပြီး အစားအစာ အဟာရလုံဝလျော့ချလိုက်တယ်.. .သူ့ရဲ့မူလ ၁၇၄ပေါင်ကို ပေါင် ၆၀ထိချပြီး insomniaရောဂါသည်နဲ့တူအောင်လုပ်လိုက်တယ်.. .Body Transformation အကြီးကျယ်ဆုံး top 10 ထဲမှာတောင်ပါတယ်…သူ့ရဲ့ပြင်ဆင်မှုက ကြောက်စရာကောင်းလှတယ်. ..နိုင်ငံတစ်ကာရုပ်ရှင်ဆု ၇ဆုတောင်ရရှိထားပါတယ်….ဒီကားကမကြည့်ရသေးသည့်တိုင်အောင် တော်တော်များများရင်းနှီးကြပါတယ်… .. ဇာတ်လမ်းနဲ့ပတ်သက်ပြီးမပြောတာအကောင်းဆုံးဖြစ်မယ်လို့ ယူဆထားလို့ ကျွန်တော်မပြောတော့ပါဘူး… . ဒီကားဟာ ပေးချင်တဲ့ Message က အရမ်းကိုကောင်းပါတယ်… ပေးချင်တဲ့ message အရမ်းကောင်းတာကို ဘယ်လောက်တောင်ကောင်းလဲ ဘာကြောင့်ကောင်းလဲ ဆိုတာ ကျွန်တော်မပြောပြတတ်တဲ့အတွက် ခွင့်လွှတ်ပေးပါလို့…. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Sherlock ဖြစ်ပါတယ်….. File Size…(950MB) and (382MB) Quality…BluRay 720p Format…mp4 Duration…01:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sherlock
7.7
IMDB: 7.7/10 308,631 votes
movie

The Machinist (2004)

2004
Agent Cody Banks 2: Destination London (2004) 4.5
Agent Cody Banks 2: Destination London (2004) Agent Cody Banks 2: Destination London ဟာ ၂၀၀၄ ခုနှစ်​က ဆက်​လက်​ထွက်​ရှိတဲ့ ဇာတ်​ကားတစ်​ကားပါ ဒီဇာတ်​ကားမှာ​တော့ ကိုဒီတစ်​​ယောက်​ သံစုံတီးဝိုင်း​ကျောင်းသားအဖြစ်​ဟန်​​ဆောင်​ရင်း လန်​ဒန်​မှာ စုံစမ်း​ရေးတာဝန်​ထမ်း​ဆောင်​ရမှာဖြစ်​ပါတယ်​.... တာဝန်​က​တော့ လျှို့ဝှက်​လက်​နက်​တစ်​ခုဖြစ်​တဲ့ စိတ်​ထိန်းချုပ်​ကိရိယာကို တားဆီးရမှာဖြစ်​ပါတယ်​..... တာဝန်​ထမ်း​ဆောင်​ရင်း MI 6 ​အေးဂျင့်​ဖြစ်​သူ အတန်း​ဖော်​သူငယ်​ချင်း Emily နဲ့အတူပူး​ပေါင်းပြီးလှုပ်​ရှားဖို့အ​ကြောင်းဖန်​လာခဲ့ပါတယ်​ .....သူဘယ်​လိုအခက်​အခဲ​တွေကြုံဦးမှာလဲ.... တာဝန်​ကို​အောင်​မြင်​​အောင်​ထမ်း​ဆောင်​နိုင်​မလားဆိုတာ ​ကြည့်​ရှုခံစားလိုက်​ဦး​နော်​.....   File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-Yify Translated by Myat Noe Wutt Yi Encoded by ...
4.5
IMDB: 4.5/10 12,154 votes
movie

Agent Cody Banks 2: Destination London (2004)

2004
Sky Captain and the World of Tomorrow (2004) 6.1
Sky Captain and the World of Tomorrow (2004) Sky Captain and The World of Tommorrow ဇာတ်​ကားဟာ 2004 ခုနှစ်​ကထွက်​ရှိထားတဲ့ စိတ်​ကူးယဉ်​သိပ္ပံဇာတ်​ကား​လေးဖြစ်​ပါတယ်​ Imdb rating အ​နေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ် ​သရုပ်​​ဆောင်​​တွေက​တော့ နာမည်​ကြီး​တွေဖြစ်​တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်​လမ်းအကျဉ်း​လေးက​တွော့းပညာ​တွေတိုးတက်​​ခေတ်​မီ​နေတဲ့ 1939 ခုနှစ်​မှာ သိပ္ပံပညာရှင်​တစ်​ဦးဖြစ်​သူ ​ဒေါက်​တာ Vargas တစ်​​ယောက်​ အ​ရေးကြီးပစ္စည်းတစ်​ခုပို့​ဆောင်​ရင်း ​ရုတ်​တရက်​​ပျောက်​ဆုံးသွားပါတယ်​ ဤဖြစ်​ရပ်​နဲ့အလားတူ သိပ္ပံပညာရှင်​ ငါးဦးတိတိ​ပျောက်​ဆုံးမှုကို​လေ့​လာစုံစမ်း​နေတဲ့ သတင်း​ထောက်​မ​လေး Polly Perkins ဟာ စုံစမ်းရင်း ​ဒေါက်​တာ Jennings နဲ့​တွေ့ဆုံခဲ့ပါတယ် ​ ​တွေ့ဆုံစဉ်​ ​ဒေါက်​တာ Jennings မှ ​ဒေါက်​တာ Tokenkopf ဆိုသူ၏​နောက်​ပစ်​မှတ်​မှာ သူဖြစ်​​ကြောင်း​ပြောခဲ့ပါတယ်​..... ထိုစဉ်​ရုတ်​တရက်​ အစွမ်းထက်​စက်​ရုပ်​များ သူမတို့မြို့ကိုတိုက်​ခိုက်​လာပါ​တော့တယ်​.... စက်​ရုပ်​များကိုတန်​ပြန်​တိုက်​ခိုက်​သူ Sky Captain လို့​ခေါ်တဲ့ ...
6.1
IMDB: 6.1/10 75,913 votes
movie

Sky Captain and the World of Tomorrow (2004)

2004
Chasing Liberty(2004) 6.1
Chasing Liberty(2004) ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့  သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်..... File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
6.1
IMDB: 6.1/10 32,184 votes
movie

Chasing Liberty(2004)

2004
Collateral 7.6
Collateral  မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max...  ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ် မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့ အကြပ်ကိုင်မှုတွေနဲ့အတူ ရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့ လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Imdb Rating 7.6 Rotten Tomatoes 86%ရထားတဲ့  Collateral (2004)ကို CM ပရိသတ်ကြီးအတွက်ခရစ်စမတ်ကာလလေးမှာတင်ဆက်ပေးလိုက်ပါတယ်.... ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Aye Mon Kyaw ဖြစ်ပါတယ် File Size…(900MB) and (340MB) Quality…BluRay 720p Format…mp4 Duration…01:55:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
7.6
IMDB: 7.6/10 314,825 votes
movie

Collateral

2004
Eternal Sunshine of the Spotless Mind(2004) 8.3
Eternal Sunshine of the Spotless Mind(2004) Eternal Sunshine of The Spotless Mind IMDb...8.3,,,,Rotten...93 ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့...တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ် မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်....ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့ ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်.....ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်... သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ် ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် ...
8.3
IMDB: 8.3/10 742,597 votes
movie

Eternal Sunshine of the Spotless Mind(2004)

2004
Shaun of the Dead (2004) 8.0
Shaun of the Dead (2004) ဒီကားက ဇွန်ဘီဇာတ်ကားကြိုက်သူတွေအတွက်တော့ အကိုက်ပဲဖြစ်စေမှာပါ ဟာသဇာတ်မြူးဇွန်ဘီကားပါ IMDb 8 ရရှိထားတဲ့ ကားကောင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့မှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ရှောင်တို့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေရဲ့အစားခံရမှာလား? ဘယ်လိုတွေ ဟာသမြောက်အောင် ရိုက်ထားမလဲ? စိတ်ဝင်စားဖွယ်ရိုက်ထားမလဲ?     File Size : (700 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre :Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.H264.AAC-RARBG Translated by Inzail Thanhtike Encoded by Thanhtike Zaw
8.0
IMDB: 8.0/10 432,456 votes
movie

Shaun of the Dead (2004)

2004
50 First Dates(2004) 6.8
50 First Dates(2004) သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘ၀မှာ မိုက်မဲခြင်း ရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆို နှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘ၀ဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်.. .နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ် File Size…(850MB) and (359MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
6.8
IMDB: 6.8/10 284,598 votes
movie

50 First Dates(2004)

2004
Howl’s Moving Castle (2004) 8.2
Howl’s Moving Castle (2004)   Studio Ghibi ရဲ့ animation ကားကောင်းလေးတွေ ကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလို လောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါ မှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက် လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက် ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီးဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့ အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာအဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင် မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ဟအိုယုတစ်ယောက်လူသားတွေနဲ့ မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်က ဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ်တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော် Qty - 720p Bluray Duration - 1hr 45min Subtitle - Myanmar Hardsub Translator - Soe Htwe Review - Soe Htwe Encoder - Kyaw Ye Aung
8.2
IMDB: 8.2/10 243,028 votes
movie

Howl’s Moving Castle (2004)

2004
Troy (2004) 7.2
Troy (2004) Troy (2004) Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဘူးနားဝရှိကြပါလိမ့်မည်။ ထင်ရှားကျော်ကြားသော စစ်ပွဲတွေ အကြောင်းကို ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေ လက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီး ဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့ ၏ ထရွို င်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြု စိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့ နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။ လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ ထရွို င်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ...
7.2
IMDB: 7.2/10 414,092 votes
movie

Troy (2004)

2004
Before Sunset 8.0
Before Sunset Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့ နှစ်ဦးရဲ့ အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့ လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့ အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလိုက်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့  စကားတွေများနေကြတာလဲ ဆိုပြီး … . အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ ...
8.0
IMDB: 8.0/10 181,350 votes
movie

Before Sunset

2004
Veer-Zaara (2004) 7.9
Veer-Zaara (2004) IMDB rating က 7.9 အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘ၀င်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။ အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
7.9
IMDB: 7.9/10 39,520 votes
movie

Veer-Zaara (2004)

2004
The Punisher (2004) 6.5
The Punisher (2004) အက်ရှင်ကားကောင်းတွေကိုကြိုက်တက်တဲ့ CM Fans တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ Marvel Superhero Fans တွေအကြိုက်တွေတဲ့ The Punisher ဇာတ်ကားဖြစ်ပါတယ်။ဒါပေမဲ့ Superhero တစ်ယောက်မဟုတ်ပဲ သာမန် စေတနာ့ဝန်ထမ်း မကောင်းသူပယ် ကောင်းသူကယ် ၀န်ထမ်း တစ်ယောက် သာမန် လူတစ်ယောက်သာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... FBI ရဲ့ လျို့ဝှက်အေးဂျင့်တစ်ယောက်ဟာ သူ့မိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့ စီးပွားရေးသမားတစ်ယောက်ကို လက်စားချေရန် လိုက်ရှာရာမှ မကောင်းမှုတွေဖယ်ရှားသော စေသနာ့ဝန်ထမ်း သုတ်သင်ရှင်းလင်းရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူရှာနေသော သူ့ရန်သူတော်ကို လက်စားချေနိုင်မလား၊ လမ်းကြုံလို့ အမြင်မတော်တာတွေ ဖြေရှင်းရင်းမှ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလားဆိုတာကို ကြည့်ရှုလိုက်ကြပါစို့လားဗျာ။ Tariq L Walker File Size : 1GB / 350 MB Quality : 720P Running Time : 2hr Format : Mp4 Genre : Action, Crime, Drama Translator : Moonlight777 Encoder :Tariq L Walker   Download ...
6.5
IMDB: 6.5/10 128,656 votes
movie

The Punisher (2004)

2004

Genres