Channel Myanmar

Content at random


Movies

SEE ALL
You’ll Never Find Me (2023) 5.9
You’ll Never Find Me (2023)  ၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင်You'll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့ကရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mysteryအမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီးBrendan Rock နဲ့ Jordan Cowan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင်ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံးအသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာအမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီတောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်ကလူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်းဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.11GB / 415MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

You’ll Never Find Me (2023)

RAM: Rapid Action Mission (2024) 8.3
RAM: Rapid Action Mission (2024) RAM (2024) ရမ် IMDb- 8.3/10စစ်ဆင်ရေးတစ်ခုလုပ်ပြီဆိုရင် အရမ်းကိုတော်ပြီးတော့ နာမည်ကြီးတဲ့ ဆူရာပရာကတ်ရှ်တစ်ယောက် အကြမ်းဖက်သမားအဖွဲ့ကို နှိမ်နင်းဖို့ သူ့အဖွဲ့နဲ့အတူ လာရင်းနဲ့ သူ့အဖွဲ့ကို ကယ်တင်ပေးရင်း သူကတော့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူ့မှာ တစ်ဦးတည်းသော သားလေးရမ်ဆိုတာရှိပါတယ်။ ရမ်ကတော့ အဖေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီးချိန်ကစလို့ ဘဝကို ပေါ့ပေါ့နေပေါ့ပေါ့စား နေခဲ့ပါတယ်။ဒီလိုနဲ့ ရမ်အသက်ရလာတဲ့အချိန်မှာတော့ သူ့အဖေနှိမ်နင်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်ဟာ နောက်ထပ်အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းကိုရပြီးနောက် ရမ်အဖေရဲ့တပည့်ဖြစ်သူ ဂျေဘီဦးဆောင်ပြီး အဲဒီအကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အချက်အလက်တွေ စတင်စုဆောင်းခဲ့ပါတော့တယ်။ဆရာဖြစ်သူရဲ့ မှာခဲ့တဲ့စကားအရ ဆရာဖြစ်သူရဲ့သားကိုပါ သူတို့အဖွဲ့ထဲဝင်ဖို့အတွက် ဂျေဘီတစ်ယောက်သွားရောက် စည်းရုံးခဲ့ပေမဲ့လည်း ရမ်ကတော့ တွင်တွင်ငြင်းနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရမ်တစ်ယောက် အချစ်စိတ်တွေ ပေါက်ဖွားလာပြီး ဒေါက်တာလေးတစ်ယောက်ကို ချစ်မိသွားရာကနေ .... အဲဒီဒေါက်တာလေးရဲ့ တိုက်တွန်းချက်အရ သူ့အဖေတို့အဖွဲ့ကို ဝင်ရောက်တဲ့နောက် ဘယ်လိုမစ်ရှစ်တွေထမ်းဆောင်ရမလဲ ..... အကြမ်းဖက်သမားတွေကရော ဘာတွေ ကြံစည်နေကြတာလဲ... ဒေါက်တာမလေးနဲ့ ရမ်တို့ရဲ့ လမ်းခရီးကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~Aditi~KKKZ~V~Yunni တို့ပဲဖြစ်ပါတယ်) File size…2.2GB ...
movie

RAM: Rapid Action Mission (2024)

2024
Upendra Gadi Adda (2023) 7.8
Upendra Gadi Adda (2023) Upendra Gadi Adda (2023) "အောင်မြင်မှု"IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်း ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့ အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ် ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီး အူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ် ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့...အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Upendra Gadi Adda (2023)

2023
The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Black Cat II (1992) 5.1
Black Cat II (1992)  ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဒါကတော့ နောက်ဆက်တွဲကားဖြစ်ပြီး Jade Leung ကပဲ ကတ်သရင်း ခေါ် အယ်ရစ်ကာအဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ အရင်ဇာတ်ကားထက်ပိုမိုက်ပိုကြမ်းတဲ့ အက်ရှင်ကားစစ်စစ်တစ်ကားအဖြစ်တွေ့မြင်ရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ alias ပါ )File size_(1.9GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Asian, Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Black Cat II (1992)

A Mother’s Nightmare (2012) 5.8
A Mother’s Nightmare (2012) A Mother's Nightmare (2012) "မိခင်သောက" IMDb - 5.8/10ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ...
movie

A Mother’s Nightmare (2012)

2012
Art of Love (2024)
Art of Love (2024) Art of Love (2024) Synopsisပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Art of Love (2024)

2024
Charlie Wilson’s War(2007) 7.1
Charlie Wilson’s War(2007)  "ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie

Charlie Wilson’s War(2007)

2007
3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie

3:10 to Yuma (2007)

2007
Body of Lies (2008) 7.0
Body of Lies (2008)   IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့  Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson 
movie

Body of Lies (2008)

Hostile Forces (2023)
Hostile Forces (2023)  ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Hostile Forces (2023)

The Sea Inside (2004) 8.0
The Sea Inside (2004)  ဇာတ်ကားကြည့်တဲ့ မိတ်ဆွေတွေထဲမှာ အငြိမ်လေးနဲ့ တွေးဆရတဲ့၊ ခံစားရတဲ့ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ညွှန်းပါရစေ။စပိန်ဒါရိုက်တာ Alejandro Amenábar ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လေဖြတ်ပြီး မလှုပ်နိုင်မရှားနိုင်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်သနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ Euthanasia လို့ခေါ်တဲ့ "ဆန္ဒအလျောက် ညင်သာစွာဇီဝိန်ခြွေပေးခြင်း" ဆိုတဲ့ ကိစ္စရပ်တစ်ခု အကြောင်းကို အဲ့လိုမျိုး သေးဆုံးဖို့ ဆန္ဒရှိသူ ရေမွန် ဆိုတဲ့ လေဖြတ်ဝေဒနာသည်၊ သူ့ရဲ့မိသားစု၊ သူ့မိတ်ဆွေတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ တရားဥ‌ပဒေရေရာ ပညာရှင်တို့ရဲ့ အမြင်သတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ Biography ဆန်ဆန်၊ Drama ဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရေမွန် ဆမ်ဖရီဒိုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလို့လည်း သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရွေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ The Best Foreign Language Film ဆုကိုရရှိခဲ့တဲအပြင် အခြားသော ...
movie

The Sea Inside (2004)

Rush (2013) 8.1
Rush (2013)  Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie‌‌ လေးကို recommend‌ ပေးပါရစေ။ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ်ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။သူတို့ကပြိုင်ဘက်‌တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။Nikiကတော့ ပုံရိုးပြီး ...
movie

Rush (2013)

A Bride for Rip Van Winkle (2016) 7.2
A Bride for Rip Van Winkle (2016) CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကိုအသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင်ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ကောင်မလေးက စားဝတ်နေရေးအတွက်အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီးအဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာမင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကိုထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင်ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူကတစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်းမိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကိုစုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ ရောက်လာမှာ ...
movie

A Bride for Rip Van Winkle (2016)

Ronal the Barbarian (2011) 6.6
Ronal the Barbarian (2011) Ronal the Barbarian (2011) Original title: Ronal Barbaren Genre – Animation, Action, Adventure, Comedy IMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ ...
movie

Ronal the Barbarian (2011)

Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

Sherina’s Adventure 2 (2023) 7.2
Sherina’s Adventure 2 (2023) Sherina's Adventure 2 (2023)အင်ဒို musical ကားလေး Sherina's Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။ Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီး အထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့ အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။ တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲက မျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။ အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာက သူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ… သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ သီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ...
movie

Sherina’s Adventure 2 (2023)

2023
Sherina’s Adventure (2020) 7.8
Sherina’s Adventure (2020) Sherinas Adventure 2000 အညွှန်းဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ...
movie

Sherina’s Adventure (2020)

2020
{18+} Late Night Project (2020)
{18+} Late Night Project (2020) Late Night Project (2020)လူသားတွေရဲ့ဗီဇကလေ နတ်ဘုရားတွေတောင် လိုက်လို့မမှီနိုင်လို့ လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကားပုံလေး တွင်သွားတယ်ထင်ပါရဲ့..ရတာမလို လိုတာမရ လွန်၍တပ်မက်ခြင်းကြောင့် ဘေးတွေ့၏တဲ့အထူးသဖြင့် အိမ်ထောင်သည်တွေကြားမှာ စိတ်ကျေနပ်မှုမရှိတာက အဓိကပြဿနာတွေပါပဲ။ တချို့သော ချစ်ခြင်းမေတ္တာတွေက အတွေးနယ်ပယ်ရဲ့အလွန်မှာရှိတယ်ဆိုတာ တကယ်များလားနော်။ မိန်းမဖြစ်သူရဲ့စိတ်ကျေနပ်မှုကို မဖန်တီးပေးနိုင်လို့ တခြားသူကို ချစ်စေသတဲ့။ကဲ စိတ်ဝင်စားသွားလား...။ကိုယ်တွေသိထားတဲ့ ချစ်ခြင်းမေတ္တာရဲ့အလွန်က ချစ်ခြင်းတရားတစ်မျိုးကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦးနော်...။အသက်မပြည့်သေးသူများကြည့်ရန်မသင့်တော်သော ဇာတ်ဝင်ခန်းများပါဝင်ပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ။ File size…600MB Quality… 720p Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Dark
movie

{18+} Late Night Project (2020)

2020
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
Showtime (2024) Complete
Showtime (2024) Complete Showtime (TV Series - 2024) IMDb - 6.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းလေးပိုင်းပါဝင်ပါတယ်။သုံးကားမြောက်တိုက်ဂါးရုပ်ရှင်မှာ ဗီလိန်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား အင်မရန်းနဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော မဟီမာတို့ပါဝင်ထားတဲ့ ဘောလိ၀ုဒ်အရှုပ်တော်ပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။လောကဇာတ်ခုံလို့ ဆိုကြသလိုပဲ ပညာရပ်နယ်ပယ်အသီးအသီးမှာ အရှုပ်တွေ အပြိုင်အဆိုင်တွေ နားမလည်နိုင်စရာတွေ ပွစာတက်နေတာက ဓမ္မတာပဲဆိုပေမဲ့ အနုပညာလောကကတော့ ပိုမိုရှုပ်ထွေးနက်နဲတယ်လို့ ဆိုကြတယ်။အောင်မြင်တဲ့ အသီးအပွင့်ဆိုတာကလည်း မူးယစ်စွဲမက်စေတတ်တဲ့အရာတစ်ခုမို့ အောင်မြင်မှုအပေါ်မှာ ယစ်မူးရင်း နေရာဖယ်မပေးချင်မှုတွေ အဆင်းမှာ ဘီးအကြီးကြီးတပ်ပေးကြတဲ့ ဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ဒီမှာတော့ နှစ်ပေါင်းလေးဆယ်တိုင်တိုင်အောင်မြင်မှုရယူထားတဲ့ ရုပ်ရှင်စတူဒီယိုကြီးတစ်ခုကနေစတည်လိုက်တဲ့ဇာတ်လမ်းကနေ ဒါရိုက်တာ ပရိုဂျူဆာ မင်းသားမင်းသမီး အဆိုတော် စတဲ့ ရုပ်ရှင်အနုပညာလောကက နားမလည်နိုင်စရာတွေကို နားရည်လည်ဖို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunniတို့ဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DL Duration – 45minute (@Episode)Total ...

Showtime (2024) Complete

2024
Eye Love You(2024)
Eye Love You(2024) Eye Love You(2024)*******************အပိုင်းသစ်(၉)Castတွေအနေနဲ့ကတော့ "Nevertheless"က အာလူးလေး Chae Jong Hyeopနဲ့ ဂျပန်မလေးFumi Nikaidoတို့အပြင် တခြားဂျပန်သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်အသက်၃၀အရွယ် ဂျပန်မလေး ယူရီဟာ မတော်တဆမှုတစ်ခုကြောင့် လူ‌တွေရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့သူတို့ရဲ့ စိတ်အတွေးတွေကိုပါသိနိုင်တဲ့ အထူးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်.... ဒါကြောင့်မို့ ယူရီဟာ လူတွေရဲ့စိတ်ရင်းအမှန်ကိုသိလာရလေလေနာကျင်‌ရလာလေဖြစ်တာကြောင့် လူတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပြီးတစ်ယောက်ယောက်ကိုချစ်ဖို့ကိုတောင် ကြောက်ရွံ့နေပါတယ်.... တစ်နေ့မှာတော့ ယူရီဟာ ဂျပန်ကို ပညာတောင်သင်‌ေရာက်လာတဲ့ အသက်၂၆နှစ်အရွယ် ကိုရီးယားလူမျိုးထယ်အိုဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး မျက်လုံးချင်းဆုံမိတဲ့အချိန် စိတ်အတွေးတွေကိုကြားရပေမဲ့သူ နားမလည်တဲ့ ကိုရီးယားဘာသာစကား ဖြစ်နေပါတယ်.... ဂျပန်မလေးယူရီတစ်ယောက် ရင်းနှီးဖော်ရွေတတ်တဲ့ ကိုရီးယားမောင်လေးနဲ့တွေ့ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...  Aired: Jan 23, 2024 - Mar 26, 2024 Aired On: Tuesday Genres: Comedy, Romance, Fantasy Duration: 60 mins Episodes: 10 Original Nif Translated by  Phyu Sin Hnin , Miri, Tiff,Stary, ...

Eye Love You(2024)

2024
The Impossible Heir(2024)
The Impossible Heir(2024) The Impossible Heir(2024)************************အပိုင်းသစ်(၉ + ၁၀) Alchemy of Souls ထဲက မင်းသား Lee Jae-Wook နဲ့ Brave Citizen ထဲက မင်းသားLee Jun-Young တို့ နှစ်ယောက်ကို တစ်ကားထဲမှာတင် အတူတူတွေ့မြင်ရမယ့်The impossible heir စီးရီးဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ဇာတ်လမ်းအညွှန်း ----------------------------- အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ဖယ်ကျဉ်ခြင်း‌ေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်းတရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်‌ေတွဆီက‌ေနတောင်လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့... ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango လုပ်ငန်းစုကြီးရဲ့ ဆက်ခံသူရာထူးကို ရယူချင်တဲ့Kang In-Ha ...

The Impossible Heir(2024)

2024
Squad 38(2016) 7.8
Squad 38(2016) Squad 38(2016)***************အပိုင်း ( ၁ မှ ၁၆) ထိ  စ/ဆုံး ဇာတ်လမ်းပုံစံ ခပ်လန်းလန်းလေးမို့ ပရိတ်သတ်ကြီးကို အကြိုက်တွေ့စေမှာပါ။သရုပ်ဆောင်တွေကတော့ အက်ရှင်မင်းသားကြီး Mar Dong-Seok၊ မင်းသားချောလေးSeo In-guk၊ Idolလည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Choi Soo-youngတို့က အဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းဘဲ့ဆောင်းအီ(Mar Dong-Seok)က အကောက်ခွန်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီးတော့ အထက်လူကြီးတွေကို လာဘ်ထိုးပြီး ပမာဏများတဲ့ အခွန်တွေကို ပေးဆောင်ဖို့ရှောင်နေတဲ့သူတွေကို မနှစ်မြို့တဲ့သူတစ်ယောက်ပါ။ယန်းဂျောင်းဒို(Seo In-guk)ကတော့ ကျွမ်းကျင်လူလိမ်တစ်ယောက်ဖြစ်တယ်။လူတွေကို လိမ်လည်ပြီး ရိုက်စားလုပ်ရတာက သူ့အတွက်တော့ ထမင်းစား ရေသောက်လိုပါပဲ။လာဘ်ထိုးပြီး အခွန်ရှောင်နေတဲ့သူတွေကို ဘဲ့ဆောင်းအီအနေနဲ့ သမရိုးကျလုပ်ရိုးအတိုင်းပဲဆက်ပြီး လုပ်လို့ မရတော့တဲ့အဆုံး ယန်းဂျောင်းဒိုရဲ့လူလိမ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖြစ်လာတော့တယ်။ဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ အစိုးရဝန်ထမ်းနဲ့ ဥပဒေကို ချိုးဖောက်ပြီးလုပ်စားနေတဲ့ လူလိမ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါ့မလား။ဘဲ့ဆောင်းအီနဲ့ယန်းဂျောင်းဒိုတို့က အခွန်ပေးဆောင်ဖို့ ရှောင်နေတဲ့သူတွေအပေါ်ဘယ်လိုမျိုး ငွေတွေကို လိမ်လည်ပြီး ရယူသွားမလဲ။မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြား ...
7.8
TMDb: 7.8/10 23 votes
tv

Squad 38(2016)

2016
Kiseki in Tokyo Chapter 2 (2024)
Kiseki in Tokyo Chapter 2 (2024) ချစ်ခြင်းရှိရာ တိုကျိုမှာ (၂၀၂၄) အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ထိုင်းစီးရီးလေးကတော့ ဂျပန်ကို အလည်ရောက်လာတဲ့ ဘီဘွိုင်ဆိုတဲ့ အသွက်ကလေးကို သူ့အချစ်ဆုံးသူငယ်ချင်း ဖီက အလည်အပတ်​ အထင်ကရနေရာတွေကို လိုက်ပို့ပေးရာက အစချီထားပါတယ်သူတို့ဂျပန်ခရီးစဉ်မှာ မထင်မှတ်ဘဲ ဂီတရူးသွပ်တဲ့ ထိုင်းလူမျိုး YouTuber အမွှာနှစ်ယောက် ဖြစ်တဲ့ ပန် နဲ့ ပလိုင်တို့ကို ပန်းခြံတစ်နေရာမှာ ဆုံမိကြပါတော့တယ်ဖီတစ်ယောက်နဲ့တော့ သိပ်ကီးမကိုက်လှပေမယ့် ၄ ယောက်သား ဘယ်လိုတွေ ဂျပန်မြေကို အတူလည်ပတ်ဖို့ဖြစ်လာကြမလဲ ဘယ်လောက်ထိရင်းနှီးသွားကြမလဲဆိုတာတော့ အတူစောင့်မျှော်ကြည့်ရှုပေးပါနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Noe, Thada တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin, Noe, Thada Encoder ..... Aaron720pEpisode 01 - ...

Kiseki in Tokyo Chapter 2 (2024)

2024
Love at First Night (2024)
Love at First Night (2024) ကိုယ်တို့ ချစ်နိုင်ကြချိန်ထိ (၂၀၂၄)မင်(န်) အဖြစ် Mark prin အားဘို / ဝီးယူ အဖြစ် Yaya Urassayaဇာတ်လမ်းအကျဉ်းမင်(န်) ကတော့ ဖခင်ဖြစ်သူ သူဌေးဖူဒင်နဲ့ အမြဲ နားလည်မှု အယူအဆတွေ ကွဲလွဲနေတတ်တဲ့ တစ်ဦးတည်းသော သူဌေးသား ဘူမိဗေဒပညာရှင်လေးတစ်ယောက်ပါ တစ်နေ့ ဖခင်ဖြစ်သူနဲ့ စကားများလို ကမ်းခြေဘက်ကို စိတ်အပန်းပြေထွက်လာရင်း ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိရာက “ဝီးယူ” ဆိုတဲ့ ကောင်မလေးနဲ့ သိကျွမ်းလာခဲ့တယ် မင်(န်) နဲ့ ဝီးယူတိုက ကိုယ်ရေးကိုယ်တာတွေ မမေးကြေး ကတိစကားနဲ့ နှစ်ယောက်တူတူ လည်ခဲ့ရင်း မင်(န်) တစ်ယောက် ရူးရူးမူးမူး ချစ်မိသွားခဲ့ပြီး ချိုမြိန်တဲ့တစ်ညတာကို တူတူဖြတ်သန်းခဲ့ပါတော့တယ်ဒီလိုနဲ့ ဝီးယူတစ်ယောက် အိပ်မက်တစ်ခုလို ပျောက်သွားခဲ့ပြီး မင်(န်) ဟာ ကိုယ့်အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မထင်ထားလောက်အောင် အံ့ဩစရာတစ်ခုက ဖြစ်လာခဲ့ပါတော့တယ် အဲ့ဒါကတော့ သူအရမ်းချစ်ရပြီး အိပ်ခဲ့တဲ့ ကောင်မလေး ဝီးယူက ဖခင်ဖြစ်သူရဲ့ ဇနီးလောင်း အားဘိုအဖြစ် အိမ်ကို ရောက်လာခဲ့တာပါပဲ မင်(န်) တစ်ယောက် ...

Love at First Night (2024)

2024
Beauty Newbie (2024)
Beauty Newbie (2024) အလှတရားတစ်ခု မွေးဖွားခြင်း (၂၀၂၄)Win Metawin နဲ့ Baifernတို့ Main castအဖြစ်နဲ့ပွဲထွက်လာလို့ ရိသတ်ကြား အပြောများနေတဲ့ Beauty NewbieStory ကလည်း My ID is Gangnam beautyဆိုတဲ့ ဝက်ဝက်ကွဲအောင်မြင်ထားတဲ့ k- drama remake ဆိုတော့ cast‌ ရော storyပါ မိမိုက်နေတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီ။နှလုံးသားအလှက အရေးအကြီးဆုံးပါလို့ပြောနေပေမဲ့ အပြင်ပန်းရုပ်ရည်ကို အလေးပေးတာကပိုများနေတဲ့လောကကြီးမှာ သာမန်ရုပ်ရည်နဲ့Liuကတော့ လူတကာရဲ့အနိုင်ကျင့်ခံ နင်းပြားသာသာပေါ့ဒီလိုဒုက္ခတွင်းက လွတ်မြောက်ဖို့အတွက် Liuရွေးချယ်လိုက်တဲ့လမ်းကတော့ plastic surgeryဒါပေမဲ့ plastic surgeryကြောင့် ပြီးပြည့်စုံလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားရပြန်တော့ ကြိတ်မနာလိုနေတဲ့BFFအယောင်ဆောင် သူငယ်ချင်းFaye အပါအဝင် မနာလိုသူတွေရဲ့ပစ်မှတ်ဖြစ်လာပြန်တဲ့အခါ....တစ်ချိန်က အိပ်မက်ဆိုးတွေလိုအဖြစ်မျိုး ဒုတိယအကြိမ်ကြုံလာရချိန်မှာတော့ ငယ်စဉ်က ကျောင်းတူတူတက်ခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့သူတွေနဲ့အတူတူလို့ Liuသတ်မှတ်ခဲ့တဲ့Guyဆိုတဲ့ကောင်လေးက သူ့ကို ကာကွယ်မယ့်သူဖြစ်နေချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦးအညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Hmwe, Mary, Blue တို့ပဲ ဖြစ်ပါတယ်။Genre..... ...

Beauty Newbie (2024)

Wedding Impossible (2024)
Wedding Impossible (2024) Wedding Impossible (2024)****************************အပိုင်းသစ် (၁၀) ဒီဇာတ်လမ်းတွဲလေးကတော့ Under the Queen's Umbrella,Duty after school ထဲက မင်းသား Moon Sang Min နဲ့Ballerina, Call ထဲက မင်းသမီး Jeon Jong Seo တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း...Na Ah Jeong (Jeon Jong Seo)ဟာ အရည်အချင်းရှိပေမဲ့အသိအမှတ်ပြုမခံရတဲ့ ဇာတ်ရံမင်းသမီး‌တစ်ယောက်ပါ။သူမမှာ ၁၅နှစ်ကြာ ရင်းနှီးလာတဲ့ Lee Do Hanဆိုတဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။Lee Do Han (Kim Do Wan)ကတော့ LJ လုပ်ငန်းစုရဲ့သားကြီးဖြစ်ပြီးမိသားစုရဲ့ လက်ထပ်ဖို့ တွန်းအားပေးမှုကို ခံနေရပေမဲ့သူ့မှာ လက်မထပ်နိုင်တဲ့လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ဒါကြောင့်လည်း သူ့ သူငယ်ချင်းမလေးကို ဟန်ဆောင်လက်ထပ်ဖို့အကူအညီတောင်းပါတော့တယ်။Lee Ji Han (Moon Sang Min)ကတော့ LJလုပ်ငန်းစုရဲ့ သားငယ်ဖြစ်ပြီးသူ့အစ်ကိုကို LJလုပ်ငန်းစုရဲ့ ဆက်ခံသူဖြစ်လာစေချင်နေတဲ့သူပါ။ဒါပေမဲ့ ...

Wedding Impossible (2024)

2024
Physical: 100 Season 2 – Underground (2024)
Physical: 100 Season 2 – Underground (2024) Physical: 100 Season 2 - Underground (2024)**********************************************အပိုင်းသစ် (၅+၆+၇) “ Physical :100 “ ဆိုတဲ့ အစီအစဉ်က Season 1 ပြီးသွားတဲ့နောက်မှာSeason 2 အနေနဲ့ ပရိသတ်ကြီးဆီကို ပြန်လည်ရောက်ရှိလာပါပြီ။အင်အားသုံးပြီး ယှဉ်ပြိုင်ရတဲ့ ပွဲတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့တကယ့်ကို လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ဒီအစီအစဉ်မှာ ကျား၊မ မရွေးဘဲ နယ်ပယ်အသီးသီးကတကယ့်ကို ခန္ဓာကိုယ်တောင့်တင်းပြီး နာမည်ကြီးတဲ့ကစားသမား  အယောက် ၁၀၀ တိတိကရုပ်ပိုင်းဆိုင်ရာ အင်အားချင်း ယှဥ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။Season 1 နဲ့ မတူဘဲ Season 2 မှာတော့ တကယ့်ကိုအားကစားနယ်ပယ် စုံလင်စွာ ပါဝင်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ပြိုင်ပွဲဝင် အယောက် ၁၀၀ က ခက်ခဲလှတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြိုင်ပွဲတွေကိုဖြတ်ကျော်ရှင်သန်လာပြီးမှ နောက်ဆုံး ခန္ဓာကိုယ် အကြံ့ခိုင်အတောင့်တင်းဆုံးသူတစ်ဦးတည်းကသာ အနိုင်ရရှိမဲ့ အစီအစဉ်လေးပဲ ...

Physical: 100 Season 2 – Underground (2024)

2024
The Regime (2024) 7.909
The Regime (2024)  ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကိုDomineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။  File Size –  1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – ...
7.909
TMDb: 7.909/10 11 votes
tv

The Regime (2024)

2024
Shōgun (2024) 10
Shōgun (2024) Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် ...
10
TMDb: 10/10 2 votes
tv

Shōgun (2024)

2024
Furies (2024) 7.439
Furies (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှာ အသစ်စက်စက်ထွက်ရှိထားတဲ့"The Furies" Netflix series လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ပြင်သစ်မြို့ကြီးဟာ အရောင်အသွေးစုံပြီးလှပသလောက် ဒုစရိုက်မှုတွေလည်းပေါများလှပါတယ်တဲ့ ပဲရစ်ကဒုစရိုက်လောကမှာ ဒုစရိုက်သမားအချင်းချင်း ရာဇဝတ်မှုကျူးလွန်ရင် ကြားဝင်ဖြေရှင်းပေးရတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ် သူမကို"ပြစ်ဒဏ်စီရင်တဲ့နတ်သမီး"လို့ခေါ်ကြပါတယ် သူမနာမည်အရင်းက "ဆယ်လ်မာ"ပါဇာတ်လမ်းအကျဥ်းကတော့လီနာဆိုတဲ့ကောင်မလေးဟာ သာမန်ကောလိပ်ကျောင်းသူလေးတစ်ယောက်ပါ ဒါပေမဲ့ သူမရဲ့မိဘတွေကတော့ ဒုစရိုက်သမားတွေပါ သူမရဲ့ဖခင်ဟာ ဒုစရိုက်လောကရဲ့စာရင်းကိုင်းတစ်ယောက်ဖြစ်ပြီး လီနာရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရပါတယ် လီနာလည်း သူ့အဖေကို ပြစ်ဒဏ်စီရင်တဲ့နတ်သမီး(ဆယ်လ်မာ)ကသုတ်သင်လိုက်တာလို့ထင်မှတ်နေခဲ့တာကြောင့် ပြစ်ဒဏ်စီရင်တဲ့နတ်သမီးကိုလိုက်လံရှာဖွေခဲ့ပါတယ် ဒါပေမဲ့ သူမရှာတွေ့တဲ့အခါမှာတော့ သူမအဖေကိုသတ်တာက ''ဆယ်လ်မာ"မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် အဲ့ဒါကြောင့် သူမအဖေကိုသတ်ခဲ့တဲ့လူကိုဖော်ထုတ်ဖို့အတွက် ဆယ်လ်မာနဲ့ပူးပေါင်းပြီး ဒုစရိုက်လောကထဲကိုခြေစုံပစ်ဝင်လိုက်ပါတော့တယ်လီနာရဲ့အဖေကိုဘယ်သူကသတ်ခဲ့တာလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကို လီနာတစ်ယောက်ဖော်ထုတ်နိုင်ပါ့မလား........ File size…(662 MB)/(335 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:05:00 Genre...Action, addventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup ...
7.439
TMDb: 7.439/10 33 votes
tv

Furies (2024)

2024
The Signal (2024) 6.685
The Signal (2024)  ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်စက်စက် Thriller/Mystery/ Sci-fi ဂျာမန် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Season 1 မှာ အပိုင်း ၄ ပိုင်း ထွက်ရှိထားတာဖြစ်ပါတယ်။စဗန်က သမီးလေး ချာလီနဲ့အတူ မိန်းမဖြစ်သူ အာကာသယာဉ်မှူး ပေါလာရဲ့ အာကာသခရီး အိမ်အပြန်ကို စောင့်မျှော်နေသူပါ။ ရိုးသားတဲ့စဗန်နဲ့ အမေနဲ့တူပြီး ဉာဏ်ရည်ထက်မြက်တဲ့သမီးငယ်လေး ချာလီက ပေါလာရဲ့ အာကာသခရီးစဉ် လွှတ်တင်ခြင်းတွေနဲ့ ဆင်းသက်ခြင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အစဉ်မပြတ်စောင့်ကြည့်ပြီး ပေါလာအိမ်ပြန်လာမဲ့ရက်ကို လက်ချိုးရေတွက်ပြီး စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စောင့်မျှော်နေကြတာပါ။ပေါလာရဲ့ အာကာသယာဉ်က ကမ္ဘာမြေပေါ် ဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်တဲ့နေရာကနေ သူ့တို့သားအဖရှိရာဆီ ပြန်လာမဲ့နေ့မှာ သားအဖနှစ်ယောက် လေဆိပ်မှာ သွားစောင့်နေကြရင်း သူတို့ရဲ့ကမ္ဘာလေးကို ချာချာလည်သွားစေမဲ့ မယုံနိုင်စရာ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ ပေါလာ စီးလာတဲ့ လေယာဉ်က အဆက်အသွယ်မရဘဲ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မတွေ့ဘူးဆိုတာပါပဲ။စဗန်လည်း ပေါလာရဲ့သတင်းကို စောင့်စားရင်းနဲ့ ပေါလာ ...
6.685
TMDb: 6.685/10 46 votes
tv

The Signal (2024)

2024
Aníkúlápó: Rise of the Spectre (2024) 7.3
Aníkúlápó: Rise of the Spectre (2024)  IMDb - 6.3/10လတ်တလောလေးကမှ Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဂျီးရီးယား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေ နှစ်ခြိုက်သဘောကျရတဲ့ ဧမာနွေလတို့လူမျိုးတွေပေါ့။ ၂၀၂၂ကလည်း Aníkúlápóဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားကို နတ်ဖလစ်ကနေပဲ တင်ဆက်ပေးခဲ့တာမှာ ပရိသတ်အားပေးမှု အတော်ရခဲ့သလို ဒါရိုက်တာဖြစ်သူက Game Of Thronesစီးရီးရဲ့ နိုင်ဂျီးရီးယားဗားရှင်းလို့ ပြောဆိုခဲ့တဲ့အတွက် ဝေဖန်သံတွေ သောသောညံခဲ့ပါသေးတယ်။ ဒီစီးရီးကိုလည်း ထူးခြားဆန်းကျယ်အမျိုးအစား ရုပ်ရှင်စီးရီးအနေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒဏ္ဍာရီလာ ငှက်ကြီးတစ်ကောင်ဖြစ်တဲ့ အက္ကာလာရဲ့စွမ်းအင်ကို စုပ်ယူပြီး ရက်ကန်းသည် ဆာရိုတစ်ယောက် သေသူတွေကို ပြန်ရှင်သန်လာအောင်လုပ်နိုင်တဲ့ အစွမ်းရခဲ့ပါတယ်။ သူသေလွန်တဲ့အချိန်မှာတော့ ကောင်းကင်ဂိတ်တံခါးကိုစောင့်တဲ့ နတ်မင်းကြီးက ဖြတ်ကျော်ခွင့်မပြုပဲ သေခြင်းတရားကိုလှည့်စားပြီး သူ ပြန်ရှင်သန်စေခဲ့သူတွေရဲ့ အသက်ကို ပြန်နှုတ်ယူဖို့ လက်ဖွဲ့အဆောင်တစ်ခုပေးကာ ရှင်သူတွေဆီကို ဝိညာဉ်ဘ၀နဲ့ ပြန်စေလွှတ်ခဲ့ပါတယ်။ဝိညာဉ်ဘ၀နဲ့ သူ အသက်ပြန်သွင်းပေးခဲ့သူတွေကို အသက်လိုက်နှုတ်နေတုန်းမှာပဲ မျက်မမြင်အဘွားကြီးဆီရောက်ချိန်မှာတော့ ဝိညာဉ်ကနေ လူ့ဘ၀ပြန်ရောက်မဲ့နည်းပေးပြီး သူ့ကိုမသတ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဆာရိုလည်းသဘောတူပြီး ...
7.3
TMDb: 7.3/10 6 votes
tv

Aníkúlápó: Rise of the Spectre (2024)

2024
Love Storiyaan (2024) 3
Love Storiyaan (2024) Love Storiyaan (2024) "အချစ်ဆိုသည်မှာ..." IMDb - 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 36minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Documentary, DramaTranslator ...
3
TMDb: 3/10 1 votes
tv

Love Storiyaan (2024)

2024
Death and Other Details (2024) 7.5
Death and Other Details (2024)  Hulu ကထုတ်တဲ့ အလန်းစား စုံထောက်ဇာတ်လမ်းကြီးဖြစ်ပါတယ် Rating 7 နဲ့ Crime ဇာတ်လမ်းတွဲကြိုက်သူ‌တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...အညွှန်းကို ဆက်ရရင်....အမွေခံမိသားစုကြီးရဲ့ ၂ ခုရဲ့ ၁၀ ရက်တာ ပင်လယ်သင်္ဘောခရီးစဉ်ကြီးမှာ ကမ္ဘာ့အတော်ဆုံး စုံထောက်ကြီး ရူးဖက်ကော့ဝေါ့နဲ့ သူ့ရဲ့ လက်ထောက် ထရူးဘစ်စကီပါ ပါဝင်လာပါတယ် အကြောင်းကတော့ နှစ်ဖက်မိသားစုက ဘီလီယံဒေါ်လာချီတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မှာဖြစ်တဲ့အတွက် စုံထောက်ကြီး ရူးဖက်စ်ကို background check နောက်ကြောင်းစစ်ဖို့အတွက် တစ်ဖက်မိသားစုက ငှားရမ်းလိုက်တာဖြစ်ပါတယ်ဒါပေမယ့် ဖြစ်ချင်တော့ သင်္ဘောရေချပြီး တစ်ညမှာပဲ သူ့ရဲ့လက်ထောက် ထရူဘစ်စကီအသတ်ခံလိုက်ရပါတယ် မိသားစုနှစ်ခုကြားက ဇာတ်ကောင်တစ်ကောင်ချင်းစီကို စုံစမ်းအဖြေရှာရင်းနဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်ကွက်တွေကိုလည်း အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်...စုံထောက်ဇာတ်လမ်းတွေဆိုတာ နောက်ဆုံးမှာ တရားခံဘယ်သူလဲ သိမှာဖြစ်တဲ့အတိုင်း ဒီဇာတ်လမ်းကလည်း သူလား ငါလားပဟေဠိပေါင်းများစွာနဲ့ စုံထောက်ကြီးရူးဖက်ရဲ့ တရားစီရင်ခန်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File ...
7.5
TMDb: 7.5/10 22 votes
tv

Death and Other Details (2024)

2024
3 Body Problem (2024) 7.6
3 Body Problem (2024)  2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ.......ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ.....အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ.....နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်......စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ.....ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး......လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း ...
7.6
TMDb: 7.6/10 67 votes
tv

3 Body Problem (2024)

2024
To Be Continued (2024)
To Be Continued (2024) ဆက်ရန် ရှိသေးသည် (၂၀၂၄) အညွှန်းလူအများစောင့်မျှော်နေကြတဲ့ CHANNEL 3 ရုပ်သံလိုင်းရဲ့ ပထမဆုံး Boys Love, BL Series ဆက်ရန်ရှိပါပြီ။"မတော်တဆ အနမ်းတစ်ပွင့်က အရာအားလုံးကို အစပြုခဲ့တယ်"ဒေါက်တာဂျီရဝပ်က အပြောဆိုးပြီး ဒေါသကြီးပေမဲ့ အပြုံးချိုချိုနဲ့ ရိုးသားပွင့်လင်းတဲ့သူလို့ ပြောကြပါတယ်။ အာချီဝစ်ကတော့ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ နာမည်ကြီးစူပါစတားပေမဲ့ အထီးကျန်ကျန်နဲ့ ရှင်သန်နေသူပါတဲ့။ ကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့ကြတဲ့သူတို့ ၂ ယောက်ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ပြန်လည် တွေ့ဆုံခဲ့ကြပါတော့တယ်။အချိန်တွေကြာပြီးမှ အနည်ထိုင်နေတဲ့ ခံစားချက်တွေကို ပြန်စမ်းသပ်ကြည့်ဖို့ ဖြစ်လာတဲ့အခါ...။ သူငယ်ချင်းနှစ်ယောက်ကြားက သူငယ်ချင်းထက်ပိုတဲ့ မပြီးပြတ်သေးတဲ့ ခံစားချက်တွေကို ဘယ်လိုအဖြေထုတ်မလဲဆိုတာကို ဆရာဝန်လေးနဲ့ နာမည်ကျော်တို့ရဲ့ ဒီဇာတ်လမ်းမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Char Ou, Thant တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

To Be Continued (2024)

2024

Sponsored

Genres

Archives