Channel Myanmar

Content at random


Movies

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Nodadha Putagalu (2023) 6.8
Nodadha Putagalu (2023) Padikkadha Puththagangal (Nodadha Putagalu) (2024)မောင်ကံကောင်းရဲ့ တလွဲကြမ္မာတစ်ခါတလေတော့လည်း လောကကြီးကဆန်းကြယ်သား ။ အရေးကြီးတဲ့အရာတွေ ဘဝကိုအဆုံးအဖြတ်ပေးတဲ့အချိန်တွေမှာ ကံကောင်းတတ်ပြီး ကျန်တဲ့အချိန်တိုင်း ဘယ်လောက်ကြိုးစားကြိုးစား အမြဲလွဲချော်နေတတ်တယ် နေ့စဉ်ဘဝကြီးက အမြဲကသိကအောက်နဲ့ ကံဆိုးတယ်ပြောရအောင်လည်း တကယ့်အရေးဆို အားလုံးအဆင်ချောနေပြန်ရော။ဒီကားထဲက အာဒီကလည်း မွေးကင်းစမှာ အစာဝင်အဆုတ်ရောင်ရောဂါဖြစ်ပြီး သေလုဆဲဆဲမှာ ကံကောင်းပြီးအသက်ဆက်ခွင့်ရခဲ့တယ် ။ကံကောင်းလေးပါလို့ ပြောရအောင်လည်း အဲဒီအချိန်တည်းက သူ့ငယ်ဘဝ လူငယ်ဘဝ နဲ့ အချစ်ရေးကိစ္စတွေမှာ အလွဲလွဲအချော်ချော်တွေဖြစ်တာပဲ ဒါပေမဲ့ လူ့လောကထဲကိုအရောက်ပို့ပေးနိုင်ခဲ့တဲ့ သူရဲ့ကံကြမ္မာက သူ့ဘဝမှာရော ဘယ်လို‌အပြောင်းအလဲကြီးကြီးမားတွေ လုပ်ပေးဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nodadha Putagalu (2023)

2023
The Djinn’s Curse (2023)
The Djinn’s Curse (2023) The Djinn's Curse (2023)ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ..... သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ..... သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ... ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. ...
movie

The Djinn’s Curse (2023)

2023
Hungry Hearts (2014) 6..4
Hungry Hearts (2014) Hungry Hearts (2014) ====================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Hungry Hearts (2014)

Four Souls of Coyote (2023) 7.3
Four Souls of Coyote (2023)  ဒီပုံပြင်လေးမှာ Animation အသံသရုပ်ဆောင်ရာမှာ ဂုရုတွေဖြစ်ကြတဲ့ Fred Tatasciore, Bill Farmer, Clé Bennett, John Eric Bentley, Gerda Pikali, Péter Bozsó, Lorne Cardinal တို့လို လူတွေအားလုံး တက်ညီလက်ညီ ပါဝင်ထားကြတဲ့ animation ကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့animation လက်ရာတွေကနေ ကျွန်တော်တို့မျိုးဆက်တွေထဲမှာ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ပါဘူး။အရမ်းနားထောင်လို့ ကောင်းမယ့် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြပါမယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်အရင်းရှင်သူဌေးကြီးတွေက native americanတွေ ရှိတဲ့တောအုပ်ကို ဖျက်၊သစ်ပင်တွေကို ခုတ်လှဲပြီး ရေနံပိုက်လိုင်းသွယ်ဖို့လုပ်နေပါတယ်။ ဒီလိုနဲ့ ထိုပရောဂျက်ကို ဆန္ဒပြဖို့ native americanတွေပေါင်းပြီး စုဝေးကြပါတယ်။ Native americanတွေထဲမှ အသက်အကြီးဆုံးဖြစ်တဲ့ အဖိုးကြီးကနေ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်အကြောင်းကနေ အစချီလို့ ပတ်ဝန်းကျင်ကို ...
movie

Four Souls of Coyote (2023)

Seagrass (2023) 6.0
Seagrass (2023)  ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Seagrass (2023)

The Deadly Swarm (2024)
The Deadly Swarm (2024)  ဟော်ရာ သိပ္ပံရုပ်ရှင်သစ်ပါ။ ငွေလိုနေတဲ့ အယ်လီတို့သူငယ်ချင်းတစ်စုက ဒေါက်တာဖယ်လ်မန်းဆိုသူရဲ့ အခကြေးငွေရမယ့် ဆေးဝါးစမ်းသပ်မှုမှာ ဗော်လန်တီယာလုပ်ပေးဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကိုရောက်လာကြပါတယ်။အယ်လီတို့ရောက်ရှိသွားကြတဲ့အချိန်မှာတော့ အယ်လီတို့ကို အသိပေးထားသလိုမဟုတ်ဘဲ ဆေးဘက်၀န်ထမ်းလည်းတစုံတရာမရှိ၊ အယ်လီတို့ကို ဆေးဝါးစမ်းသပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ထားတဲ့ ဒေါက်တာဖယ်လ်မန်းရဲ့နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေရှိနေတဲ့အခါမှာတော့...အယ်လီတို့ သူငယ်ချင်းတစ်စုဟာ ဒေါက်တာဖယ်လ်မန်းရဲ့စံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံတွေ့ရမလဲ၊ အသက်အန္တရာယ်ပါကြုံတွေ့လာရတဲ့နောက်မှာတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလား၊ ဒေါက်တာဖယ်လ်မန်းနဲ့ သူ့နောက်ကွယ်က လျှို့ဝှက်စမ်းသပ်မှုတွေ၊ အကျည်းတန်တဲ့အရာတွေကရော ဘာတွေလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre... Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

The Deadly Swarm (2024)

How to Date Billy Walsh (2024) 5.6
How to Date Billy Walsh (2024)  ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant
movie

How to Date Billy Walsh (2024)

The Greatest Hits (2024) 6.2
The Greatest Hits (2024)  တစ်စုံတစ်ယောက်ကို သတိရစေတဲ့ သီချင်းတွေနားထောင်မိတိုင်း အချိန်တွေနောက်ပြန်လှည့်လို့ရရင်ဆိုတဲ့ အတွေးက ကပ်ပါလာလေ့ရှိပါတယ်။ အကယ်၍ တကယ်နောက်ပြန်လှည့်လို့ရခဲ့ရင်ရော?ဇာတ်လမ်းအကျဉ်းအဖြစ်ဆိုးတစ်ခုကြောင့် ဆုံးပါးသွားရတဲ့ ရည်းစားဖြစ်သူကို မေ့မပစ်နိုင်တဲ့၊ မေ့မပစ်နိုင်အောင်လည်း ခိုင်လုံတဲ့ အကြောင်းအရင်းရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သီချင်းတွေရဲ့ လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ အချိန်ခရီးသွားခြင်းအယူအဆပေါ် အခြေခံ ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bonsai
movie

The Greatest Hits (2024)

His Secret Life (aka) The Ignorant Fairies (2001) 7.3
His Secret Life (aka) The Ignorant Fairies (2001)  ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ...
movie

His Secret Life (aka) The Ignorant Fairies (2001)

Super Villain ( 2024 ) 5.8
Super Villain ( 2024 ) ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။"သူဌေးကြီးကို ပြန်ပေးဆွဲခြင်း" ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ...... သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ...
movie

Super Villain ( 2024 )

All You Need Is Death (2023) 5.2
All You Need Is Death (2023)  “အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ”အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ......? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ........? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ...
movie

All You Need Is Death (2023)

UnWoman (2023) 8
UnWoman (2023) UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်) IMDb -8/10ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊ သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ ပေါများလွန်းတဲ့ ရွာလေးပေါ့။ ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာ သူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေ ဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊ ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကို အေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကို လိုက်ပါသွားရပါတော့တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ...... ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ .... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်) File size…2.1GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 54mins Subtitle….Myanmar Subtitle (Hard ...
movie

UnWoman (2023)

2023
The Embroidered Sword ( 2024 ) 5.9
The Embroidered Sword ( 2024 ) တရုတ်ပြည်ရဲ့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင့်အာဏာကို နောက်ကွယ်ကနေချုပ်ကိုင်တတ်ကြတာ မိဖုရားတွေဖြစ်ပြီး နောက်လူတစ်မျိုးကတော့ ရှင်ဘုရင်နားမှာအနီးကပ်နေတဲ့ မိန်းမစိုးကုန်းကုန်းတွေပဲဖြစ်ကြတယ်။ဒီဇာတ်ကားမှာ တိုင်းပြည်ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့ မိန်းမစိုးအဖွဲ့အစည်းကို ကိုယ်ရံတော်တပ်ကသစ္စာရှိ ကိုယ်ရံတော်တွေက တွန်းလှန်ဖို့ကြိုးစားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။အလေအလွင့်ဓားပြတစ်ယောက်ဟာ မဟုတ်မခံ မတရားမှုကို လက်ပိုက်မကြည့်နေနိုင်တဲ့အကျင့်တစ်ခုရှိတယ် သူကအကြောင်းတိုက်ဆိုင်ပြီး ကိုယ်ရံတော်တပ်ထဲကိုရောက်သွားခဲ့ပါတယ်။ မကောင်းတဲ့လမ်းဟောင်းကိုစွန့်ပြီး တရားသောလမ်းကိုသူလျှောက်နိုင်မလား...... တရားသောလမ်းမှာသူ့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ...... စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာ....... သေသပ်တဲ့ရိုက်ချက်တွေနဲ့ အရည်အသွေးကောင်းတဲ့ သိုင်းကားအက်ရှင်ကားလေးကို အားပေးလိုက်ကြပါဦး။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Embroidered Sword ( 2024 )

The Golden Book of Tricks ( 2024 ) 5.7
The Golden Book of Tricks ( 2024 ) ပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုကို အသုံးချပြီးတော့ အမြတ်ထုတ်စီးပွားရှာကြတဲ့ မသမာသူတွေကို ပြန်ပြီးဆန့်ကျင်နှိမ်နင်းတဲ့အကြောင်းလေးဖြစ်ပါတယ်။တစ်ဖက်ပိတ် ယုံကြည်ကိုးကွယ်စိတ်ဟာဘယ်လောက် ကြောက်စရာကောင်းလဲဆိုတော့ ခရိုင်တစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့အထိပါပဲ။ ခရိုင်လေးမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေခဲ့တယ်။ အဲဒါကမကောင်းဆိုးဝါးဓာတ်ရှိတဲ့ ပစ္စည်းတစ်ခုကြောင့်ပါဆိုပြီး အသိဉာဏ်နည်းတဲ့ပြည်သူတွေကိုအယုံသွင်းတယ်။အဲဒီလိုအယုံသွင်းပြီးတော့ တဖြည်းဖြည်းနဲ့ မိန်းမပျိုလေးတွေကို သူတော်စင်မအဖြစ်ပူဇော်ခိုင်းတဲ့အထိပါဖြစ်လာခဲ့တယ်။ အိမ်ကရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုပါ ဂိုဏ်းကိုပူဇော်လာဖို့တောင်းဆိုလာတဲ့ခါ...... ဒီမသမာတဲ့ဂိုဏ်းကိုရပ်တန့်လို့ရနိုင်ပါဦးမလား...... ပြည်သူတွေကနေစပြီး ခရိုင်မှူးအရာရှိမင်းအထိပါ ချုပ်ကိုင်ထားတဲ့ မသမာဂိုဏ်းကိုဘယ်လိုများတွန်းလှန်ကြမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Golden Book of Tricks ( 2024 )

Sapta Sagaradaache Ello – Side B (2023) 7
Sapta Sagaradaache Ello – Side B (2023) Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Sapta Sagaradaache Ello – Side B (2023)

2023
For Regn (2024) 7.2
For Regn (2024) For Regn (2024) အချစ်နဲ့အတူIMDb - 7.9/10ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်း လက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့ နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းက ညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေ ရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါအာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင် အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ်နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလား အချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…1.9GB / 934MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

For Regn (2024)

2024
One Bad Apple: A Hannah Swensen Mystery (2024) 6.6
One Bad Apple: A Hannah Swensen Mystery (2024)  Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့One Bad Apple: A Hannah Swensen Mysteryရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီးဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကိုဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်းစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီးရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney ကဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခုသင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

One Bad Apple: A Hannah Swensen Mystery (2024)

The Haunted Hotel (2023) 5.5
The Haunted Hotel (2023)  cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့"Panggonan Wingit" လို့လည်း ခေါ်ပါတယ်။ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်ကဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာအခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူကပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါအခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက်ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ဘာတွေပတ်သတ်မှု ရှိနေတာလဲ....။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Haunted Hotel (2023)

Genres

Archives