Channel Myanmar

Content at random


Movies

Missions of Love (2018) 5.5
Missions of Love (2018) Mission of love (2018)IMDb - 5.5 My Drama List - 6.92009 ခုနှစ်‌ကနေ 2015 အထိ Nakayoshi manga magazine မှာလစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာကအွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့်အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရအချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက်ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလားယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကိုစိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…    1.9 GB /  844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... ...
movie

Missions of Love (2018)

Earwig and the Witch (2020)
Earwig and the Witch (2020) ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက်Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲAnime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီးHayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါHowl's Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမDiana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကိုရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါOriginal Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ်2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာတမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ်အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ်ဇာတ်လမ်းလေးကတော့1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာအခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီးထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ်‌ဒီကလေး ...
movie

Earwig and the Witch (2020)

Everyone’s Hero (2006) 5.8
Everyone’s Hero (2006) ၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေကသူ့ကိုဆိုမပါစေချင်ပါဘူး။အမြဲအဖယ်ကျဉ်ခံရပါတယ်။ ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။ တစ်ရက်သူ့အဖေအလုပ်ဆီသူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။ ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကိုမြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာထိုရိုက်တံကို ပြန်လည်ခိုးယူပြီးပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကိုရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်... File size…    1.4 GB /  696 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Everyone’s Hero (2006)

2006
Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
I Wish (2011) 7.3
I Wish (2011) I Wish ( 2011 )ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို ...
movie

I Wish (2011)

2011
Axegrinder 666 (2023)
Axegrinder 666 (2023) Axe Grinder 666 (2023)ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူး ကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါ တူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင် မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါ သူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့ သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရော ဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရော အဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့.... စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.6GB | 939MB Format… ...
movie

Axegrinder 666 (2023)

2023
172 Days (2023) 6.5
172 Days (2023) 172 Days (2023)Netflix ကနေ ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ အင်ဒိုနီးရှား Drama Romantic ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Rating မှာလဲ IMDb 6.5 ထိရရှိထားတဲ့ အချစ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဇီရာဟာ ပေတေလေလွင့်နေပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့တစ်နေ့မှာတော့ အသက်သေမလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဆေးရုံပေါ်ရောက်သွားပြီးမှာ ဘာသာရေးဘက်ကိုလိုက်စားပြီး စိတ်အေးချမ်းမှုကိုစတင်ရှာဖွေခဲ့ပါတယ်။ နောက်တော့ဇီရာက အစ်မဖြစ်သူနဲ့ ဗလီကျောင်းကိုလိုက်သွားခဲ့ရာမှ မထင်မှတ်ထားဘဲ ငယ်သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ရာမှ အာမာဆိုတဲ့ ဗလီဆရာလူငယ်လေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ တိုးလာပြီး သံယောဇဉ်တွေတွယ်လာတဲ့နောက် လက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇီရာရဲ့အတိတ်ကအရိပ်ဆိုးတွေလိုက်လာတဲ့အခါမှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 730MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ...
movie

172 Days (2023)

2023
Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
Real Fighter (2020)
Real Fighter (2020)  Real Fighter (2020) =============== IMDb rating - 6.4/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် အမိုက်စား Action ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Tae seong ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်က UFC ကြိုးဝိုင်းထဲမှာယှဉ်တိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပထမဆုံးပွဲကိုယှဉ်ထိုးပြီး အနိုင်ရလာပြီးတဲ့နောက်သူ့ရဲ့ပွဲဦးထွက်ဖို့အချိန်ကိုစောင့်နေတဲ့ကစားသမားစာရင်းဝင်ဖြစ်လာပါတယ်။ အဲဒီညမှာပဲ သူ့သူငယ်ချင်းအကူအညီတောင်းလို့ လမ်းဘေးကလမ်းသူရဲတစ်ယောက် Ho yeol ဆီကနေ အလဲထိုးတာကိုခံလိုက်ရတဲ့အချိန်မှာတော့ အဲဒီသတင်းကဟိုလေးတကျော်ကျော်ဖြစ်ပြီး သူ့ပွဲဦးထွက်ဖို့အစီအစဉ်ပျက်စီးသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Ho yeol ကို Tae seong ဘယ်လိုအနိုင်ပြန်ပိုင်းမှာလဲ... ချန်ပီယံဆိုတာတစ်ယောက်သာရှိနိုင်တာကြောင့် Blood street က ချန်ပီယံကဘယ်သူဖြစ်လာမလဲဆိုတာ.. ဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:23:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Real Fighter (2020)

Wrongfully Accused (1998) 6.0
Wrongfully Accused (1998)  ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ်ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့... စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ်Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို .......ပရိသတ်ကြီး ...
movie

Wrongfully Accused (1998)

Twice Born (2012) 7.3
Twice Born (2012)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး ...
movie

Twice Born (2012)

What Jennifer Did (2024) 6.1
What Jennifer Did (2024) အေးချမ်းဆိတ်ငြိမ်လှတဲ့ ကနေဒါနိုင်ငံက မြို့‌လေးတစ်မြို့မှာ ဗီယက်နမ် မိသားစုနေထိုင်ကြပါတယ်။ မိဘ နှစ်ပါးနဲ့ သမီးလေးတစ်ယောက်ရှိတဲ့ သူတို့မိသားစုဟာ ရိုးသားကြိုးစားပြီး အားလုံးနဲ့ သင့်မြတ်အောင်နေတတ်သူတွေပါ။တစ်ညမှာတော့ အဲဒီမိသားစုအိမ်လေးကို လူတစ်စုအတင်းဝင်ရောက်လာပြီး အကြမ်းဖက်တဲ့အတွက် အမေဖြစ်သူသေဆုံးကာ အဖေဖြစ်သူမှာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ သမီးလေးမှာတော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့ စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။အဲဒီအမှုအကြောင်း တစ်မြို့လုံး ဟိုးလေးတကျော်ဖြစ်သွားပြီး ဆိတ်ငြိမ်တဲ့မြို့လေးမှာ ပူပန်မှုတွေ ဖုံးလွှမ်းသွားပါတော့တယ်။ ဒီအဖြစ်အပျက်တွေကတော့ 2010 ခုနှစ်က ကနေဒါမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။ အမှုကို စုံစမ်းစစ်ဆေးကြတဲ့အခါမှာတော့ အံ့အားသင့်ဖွယ် မယုံနိုင်ဖွယ် ကြိုးကိုင်စီမံသူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘယ်သူက ဘယ်လိုကြောင့်ကျူးလွန်ခဲ့ရသလဲ။ ဘယ်လို တွေစီမံခဲ့လဲ ဆိုတာကို မကြာသေးခင်ကမှ Netflix မှာပြသခဲ့တဲ့ true crime documentary အသစ်စက်စက်လေး မှာ ဆက်လက်ရှုစားနိုင်ပါတယ်။ဒီအမှုမှာ ပါဝင်ခဲ့သူတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး လူ့စိတ်ရဲ့ဆန်းကျယ်ပုံ ကြောက်မက်ဖွယ်ကောင်းပုံတွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 400MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

What Jennifer Did (2024)

2024
Silence 2: The Night Owl Bar Shootout (2024) 8.1
Silence 2: The Night Owl Bar Shootout (2024) Silence 2 The Night Owl Bar Shootout (2024) "ဖုံးကွယ်တတ်သော" IMDb - 7.9/10Manoj Bajpayeeနဲ့ Prachi Desaiတို့ရဲ့ စုံထောက်ကားကားကိုတင်ဆက်ပေးလိုက်ပါတယ် Silence... Can You Hear It(2021) ဒီသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းမတူတဲ့ ရုပ်ရှင်ကားကိုလည်း CM မှာ တင်ဆက်ပေးဖူးတာမို့ ပြန်ရှာကြည့်ချင်တဲ့ပရိသတ်တွေအတွက် CM Appမှာရှုစားနိုင်ပါတယ်။ဘားတစ်ခုမှာ သေနတ်တစ်လက်နဲ့ဝင်ပစ်ပြီး လူအတော်များများ သေခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါအရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပါနေတဲ့အတွက် တရားခံကို အပူတပြင်းလိုက်ရှာပါတော့တယ်တရားခံက လိုက်ရှာနေရင်း လိုက်လေဝေးလေဖြစ်နေတာမို့ ထောက်လှမ်းရေးတွေ မခံချိမခံသာ ဖြစ်နေတာတွေကို ရှုစားရမှာပါ ဒီအမှုဖြေရှင်းတဲ့အချိန်မှာ စုံထောက်ကြီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်ထက်ပြေးတဲ့ လူငယ်လေးတွေရဲ့ အကူအညီက အမှုအတွက်အရေးပါရုံမကဘဲ စုံထောက်ကြီးကပါ အံ့ဩယူလောက်အောင် ထက်မြက်နေခဲ့ပါတယ်။အမှုလိုက်ရင်း သူတို့တွေ ထပ်သိလာရတာက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတွေ လိင်ကျွန်အဖြစ် တရားမဝင်လူကုန်ကူးနေတာတွေကိုပဲ။ဘားတစ်ခုလုံး‌မှာ လူအများကြီး အသတ်ခံလိုက်ရတဲ့အမှုက သက်သေအထောက်အထားမလုံလောက် တရားခံမပေါ်တဲ့ထူးဆန်းတဲ့အမှုနဲ့ နောက်ဆက်တွဲအမှုတွေကို စုံထောက်ကြီးတို့ ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood ...
movie

Silence 2: The Night Owl Bar Shootout (2024)

2024
Immaculate (2024) 6.3
Immaculate (2024) Immaculate (2024)IMDb Rating (6.3) / Rotten Tomatoes (70%)Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းImmaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ...
movie

Immaculate (2024)

4K HEVC
Cake (2014) 6.4
Cake (2014)  IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie

Cake (2014)

Manon of the Spring (1986) 8.0
Manon of the Spring (1986)  ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။ မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Manon of the Spring (1986)

No Pressure (2024) 5.1
No Pressure (2024)  အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

No Pressure (2024)

Sleeping Dogs (2024)
Sleeping Dogs (2024)  ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie

Sleeping Dogs (2024)

Last Night at Terrace Lanes (2024)
Last Night at Terrace Lanes (2024)  ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy, Horror, Thriller Subtitle….Myanmar ...
movie

Last Night at Terrace Lanes (2024)

Genres

Archives