Channel Myanmar
Movies
Lady Bird (2017) 7.8
Lady Bird (2017) သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ကျောင်းကောင်းတွေကိုသာ ရွေးလျှောက်ဖို့ကြိုးစားခဲ့ပါတယ်။ အဖေဖြစ်သူကတော့ သမီးလေးအဆင်ပြေအောင် နည်းမျိုးစုံနဲ့ထောက်ပံ့ခဲ့ပါတယ်။ ငှက်မဒီတစ်ယောက် ...
7.8
IMDB: 7.8/10 44,407 votes
movie
Lady Bird (2017)
2017
Thor: Ragnarok (2017) 8.1
Thor: Ragnarok (2017) Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ၀ိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ခ်ျ၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အ၀ခံစား ရဦးမှာပါ။ ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို အကူအညီတောင်းပြီး သူ့အဖေကို ရှာတဲ့အခါ ကမ္ဘာမြေပေါ်က ...
8.1
IMDB: 8.1/10 183,001 votes
movie
Thor: Ragnarok (2017)
2017
Blu-Ray 720p
The Bodyguard(2004)
The Bodyguard(2004) The Bodyguard(2004) IMDb....5.9 ဒီကားထဲကမင်းသားကိုတော့ Ong-bak ကားထဲမှာ စပြီးသတိထားမိမယ်ထင်ပါတယ်....ပရိတ်သတ်တွေကိုပျော်ရွှင်အောင်လုပ်နိုင်သလို ၀မ်းနည်းပူဆွေးသွားအောင်လည်း လုပ်ပြနိုင်တဲ့ သူတစ်ယောက်ပါ Ong-bakကားမှ သူ့အခန်းကဏ္ဍတွေအများကြီးအရေးပါခဲ့တာကို အားလုံးအသိအမှတ်ပြုမိခဲ့မှာပါ....ဒီကားထဲမှာလည်း သူဟာ သိပ်တော်တဲ့ သက်တော်စောင့်တစ်ယောက် သူ့အလုပ်ရှင်သူဌေးကို အသက်ပေးကာကွယ်ခဲ့ပေမယ့် သူဌေးဟာလုပ်ကြံခံခဲ့ရပါတယ်....သူဌေးရဲ့အသိုင်းအ၀န်းက သူ့ကို ဖယ်ကျဉ်ခဲ့ကြသလို သူကိုယ်တိုင်လည်း နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့.....သူဌေးရဲ့သားကိုဆက်ပြီးအကာအကွယ်ပေးချင်ပေမယ့် သူ့ကို အယုံအကြည်ကင်းမဲ့သွားလို့ အလုပ်ပါထုတ်ခံလိုက်ရတယ်....ဒီကားကဇာတ်လမ်းလေးကောင်းသလို ဟာသခန်းတွေ ကအတော်ကိုရယ်ရပါတယ်...အကုန်လုံးက ရုပ်တည်ကြီးတွေနဲ့....ဟာသခန်းတွေကလည်း အံကြိတ်ပြီး ရယ်ရတာမျိုး...စိတ်အပန်းပြေချင်တယ်ဆိုရင် ဒီကားလေးကို ကြည့်ကြပါလို့ မရဲတရဲတိုက်တွန်းပါရစေ....... File Size…(850MB) and (318MB) Quality… DVDRip Format…mp4 Duration…01:45:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Soe Htwe Vs John La Yaung  
IMDB: /10 votes
movie
The Bodyguard(2004)
Maayavan (2017) 7.4
7.4
IMDB: 7.4/10 198 votes
movie
Maayavan (2017)
2017
Hanson and the Beast (2017) 5.5
Hanson and the Beast (2017) ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ.... တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်... ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်... အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဥာဏ်ဖျက်လိုက်ပါတယ်။ ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့.....။   (ဘာသာပြန်သူကတော့ မယမင်းသော်တာမောင်ပါ)   File Size : (950 MB) ...
5.5
IMDB: 5.5/10 1,198 votes
movie
Hanson and the Beast (2017)
2017
Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။ သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။ အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။ သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊ လမ်းဘေးလူသတ်မှုပုံစံလား၊ မီးရှို့သတ်မလား၊ မတော်တဆပုံစံလားစသဖြင့်ပေါ့။ Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။ အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။ မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ)   File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
6.0
IMDB: 6.0/10 1,198 votes
movie
Accident Man (2018)
2018
Princess Sakura: Forbidden Pleasures 5.1
Princess Sakura: Forbidden Pleasures ဆာကူရာ ဆိုတဲ့ ချောမောလှပတဲ့ ကောင်မလေးက တော်ဝင်မျိုးနွယ်လေးပေါ့ ဆာကူရာ လေးဟာ ခန္ဓာကိုယ်က ဆာကူရာပန်းရနံ့လေး အမြဲမွှေးနေလို့ လိုချင်တပ်မက်သူတွေ ၀ိုင်းနေတာပေါ့ ဒါပေမယ့် ဆာကူရာလေးကတော့ ဗိုင်းကောင်းကျောင်ဖိ မိကောင်းဖခင် သမီးလေးပေါ့ အချစ်ရေးကို စိတ်မ၀င်စားသေးပါဘူး ဆာကူရာ တို့ စံအိမ်တော်မှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းထားတဲ့ တော်ဝင်ငှက်မွှေး ဆိုတဲ့ ပစ္စည်းရှိပါတယ် တန်ဖိုးလဲ ကြီးပါတယ် တစ်ရက်မှာတော့ ဆာကူရာ တို့အိမ်ကို ငတက်ပြား နာမည်ကျော်သူခိုး ၀င်ပြီး ထိုငှက်မွှေးကို ခိုးပါတယ် ငှက်မွှေးခိုးရုံပဲလား ဆိုတော့ မဟုတ်ပါဘူး အပျိုစင်လေး ဆာကူရာ အိပ်နေတဲ့ အိပ်ခန်းထဲ ၀င်ပြီး ဘုသွားပါသေးတယ် :P တော်ဝင်ထိန်းသိမ်းထားတဲ့ ပစ္စည်းလဲ ပျောက်လူလဲ ဘုခံလိုက်ရတဲ့ ဆာကူရာလေးဟာ အိမ်မှာမနေတော့ပဲ ထို သူခိုးကို ရှာဖို့ အတွက် ရည်မှန်းချက်ကြီးကြီးမားမား နဲ့ စံအိမ်ကနေ ထွက်ခွာသွားပါတော့တယ်... ရည်မှန်းချက် ကြီးမားပုံများ လူဆိုးသူခိုးဂျပိုးများ အ၀င်အထွက်များတဲ့ ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာ အဖြစ် အလုပ်ဝင်လိုက်တာပါ :D သူမ ကိုယ်က ပန်းရနံ့ မွှေးတော့ နိုင်ငံအနှံ့ကတောင် လာပြီး သူမနဲ့ အိပ်ဖို့ ...
5.1
IMDB: 5.1/10 82 votes
movie
Princess Sakura: Forbidden Pleasures
2013
Ant-Man 7.4
Ant-Man Channel Myanmar ရဲ့ ပရိတ်သက်များမျှော်လင့်စောင့်စားနေတဲ့ Ant-Man 2015 Movie ကြည့်လို့ရပါပြီ။ အကြည်မထွက်သေးလို့ စောင့်မျှော်နေခဲ့ရတာလည်း 3 လလောက်ရှိပါပြီ။ IMDb rating 7.7 အထိရရှိထား ပြီး Marvel Cinematic Universe ရဲ့ အသစ်ထပ်မံထွက်ပေါ်လာတဲ့ Super Hero တစ်ယောက်ဖြစ်ပါ တယ်။ Marvel Cinematic Universe ကမွေးထုတ်ပေးလိုက်တဲ့ Hero တိုင်းက ကမ္ဘာမှာနာမည်ကြီး ထင်ပေါ်ကျော် ကြားခဲ့သလိုပဲ အခုလည်း Ant-man ကလည်းနောက်ထပ်နာမည်ကျော်မယ့် heroတစ်ယောက်ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်းအစကနေ စပြောရရင် Howard StarkကPym Particle Formula ကိုတီထွင်ထားပြီး သူ့ရဲ့ နည်းပညာကိုပုံတူပွားပြီးထုတ်လုပ်ဖို့ ခံခဲ့ရတဲ့အတွက် ၄င်းရဲ့လက်ရှိအဖွဲ့ထဲကနေနုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလမှာပဲ Scott lang က ခိုးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာခဲ့ပါတယ်။ ထောင်ကထွက်လို့ အလုပ်ရှာဖွေနေပေမဲ့ အလုပ်မရရှိနိုင်တဲ့ Scott ကို Hank က အကူအညီတောင်းဖို့အတွက်သတိထား စောင့်ကြည့်နေခဲ့ပါတယ်။ အကြောင်းရင်းကတော့ Hankရဲ့တပည့်Darren Cross က hank ရဲ့နည်းပညာကိုအသုံးပြုပြီး စမ်းသပ်အောင်မြင်ထားတဲ့ Yellowjacket ဝတ်စုံကို တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Ant-man ဝတ်စုံလိုတော့ အစွမ်းမထက်သေးပါဘူး။ မိမိတည်ထောင်ထားတဲ့Companyကနေ ဘုတ်အဖွဲ့ကပြန်လည်ပြီးပြန်ဖြုတ်ခံထားရတဲ့ Hank တစ်ယောက် ...
7.4
IMDB: 7.4/10 344,845 votes
movie
Ant-Man
2015
Hostages(2017) 6.5
Hostages(2017) Hostages(2017) IMDb...6.5,,,,,Rotten....100 ဒီရုပ်ရှင်ကားလေးကတော့ ၁၉၈၃ ခုနှစ်လောက်က ဂျော်ဂျီယာမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဂျော်ဂျီယာနိုင်ငံအတွင်းမှာ နေထိုင်ရတာဟာ ကန့်သတ်မှုတွေ ချုပ်ချယ်မှုတွေရှိတယ်လို့ ခံစားမိတဲ့ ခေတ်ပညာတတ် လူငယ် ၇ ယောက်ဟာ နိုင်ငံကနေထွက်ပြေးဖို့ ကြိုးစားရင်း ကြီးမားတဲ့ရာဇဝတ်တစ်ခုကျူးလွန်မိခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ် ဒီဖြစ်ရပ်ဟာ ဂျော်ဂျီယာနိုင်ငံအတွင်းမှာ အဆိုးဝါးဆုံးမှတ်တမ်းတစ်ခုအဖြစ် သမိုင်းတွင်စေခဲ့တာပဲဖြစ်ပါတယ် Spoiler ဖြစ်မှာစိုးလို့ ဇာတ်လမ်းအညွှန်းလေးကိုတော့ ဒီလောက်နဲ့သိမ်းလိုက်ပါမယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ် File Size…(950MB) and (336MB) Quality…BluRay 720p Format…mp4 Duration…01:43:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant  
6.5
IMDB: 6.5/10 1,023 votes
movie
Hostages(2017)
2017
American Pie 5 : The Naked Mile (2006)
American Pie 5 : The Naked Mile (2006)
American Pie 4 : Band Camp (2005)
American Pie 4 : Band Camp (2005) နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(4)ဇာတ်ကားပါ။ American Pie အစကမင်းသားတွေ မပါတော့ဘဲ စတစ်ဖလာက မင်းသားဖြစ်သွားပြီး မူရင်း စတစ်ဖလာရဲ့ ညီအကြောင်းကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်။ စတစ်ဖလာ ဆိုတာ မျိုးနဲ့ ရိုးနဲ့ သောင်းကျန်းသူတွေဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ File size...(900MB)   and (400MB) Quality...Unrated HDTV Rip 720p Format...mp4 Duration....01:34:10 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
IMDB: /10 votes
movie
American Pie 4 : Band Camp (2005)
American Pie 3 : American Wedding (2003)
American Pie 3 : American Wedding (2003) နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(3)ဇာတ်ကားပါ။ American Pie မင်းသားတွေ ဒီဇာတ်ကားမှာ အဆုံးသတ်သလောက်ဖြစ်သွားပြီး နောက်ကားတွေမှာ နောက်မင်းသားတွေနဲ့ ဆက်သွားတော့မှာပါ။ American Reunion (2012) ဇာတ်ကားကျမှ ဒီမင်းသားတွေပြန်ဆုံကြမှာပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကိုဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ File size...(800MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:43:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung Download Link (2) ပိုင်းလုံးကိုဒေါင်းပါ။ ၂ ပိုင်းခွဲထားလို့ပါ။ Openload>>>> Download Part(1)  and Download Part(2) Soliddrive>>>> Download Part(1)  and Download Part(2)   CM Cloud>>>> Download Part(1)  and Download Part(2)
IMDB: /10 votes
movie
American Pie 3 : American Wedding (2003)
American Pie (1999)
American Pie (1999) Screenshots     ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။ American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။ စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက် ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးထားပါတယ်။ ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ American Pie ဇာတ်ကားအကုန်လုံးကို http://www.channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။ (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေးမှ တင်ဆက်လိုက်တာပါ။) File size...(950MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:35:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်  
IMDB: /10 votes
movie
American Pie (1999)
The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီအားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါ။ စွန့် စားရှာဖွေသူ အိုကောနယ်နဲ့ သားဖြစ်သူတို့ ဟာ အသက်ပြန်ရှင်လာတဲ့ ဟန်ဘုရင်ရဲ့ လက်စားချေမဲ့အစီအစဉ်တွေကို ရပ်တန့် ဖို့ ကြိုးစားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ လူသားမျိုးနွယ်တခုလုံးကို ကျွန်ပြုဖို့ ကြံစည်နေတာဖြစ်ပါတယ်...ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်2000က မှော်ဆရာမတဦးရဲ့ ကယ်တင်မှု့ ကြောင့် ဟန်ဘုရင်နဲ့ သူ့ တပ်တခုလုံးဟာ ရွံ့ ရုပ်တုများအသွင်ပြောင်းခဲ့ပါတယ် အခုအသက်ပြန်ဝင်လာတာကြောင့် ဟန်ဘုရင်ဟာ ဒီအစီအစဉ်ကို ပြန်အသက်သွင်းနေပါတယ်...ရစ်ခ်နဲ့ သားတော်မောင်အဲလက်စ်ရောဟာ သဘာဝလွန်ကိစ္စများနဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့် အကြောက်အလန့် မရှိတဲ့မိသားစုနဲ့ ဟန်ဘုရင်စစ်တပ်တို့  ဘယ်လိုကြုံတွေ့ မယ်ဆိုတာ...။ (ရုပ်ရှင်အညွှန်းကို nmsmovie.blogspot  မှကူးယူဖော်ပြပါသည်။)   File size…(999MB) and (450MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
5.2
IMDB: 5.2/10 122,564 votes
movie
The Mummy: Tomb of the Dragon Emperor (2008)
2008
The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%) 1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးတင်ဆက်ထားတာပါ။ ပထမဇာတ်ကားက ဇာတ်ကောင် မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် Dwayne Johnson မှပါဝင်ထားပါတယ်။ Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး ပထမ Mummy ဇာတ်ကားကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်ရှိစွာ ခံစားကြည့်ရှုနိုင်မှာပါ...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ (ဘာသာပြန်ထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။)   File size…(999MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.3
IMDB: 6.3/10 253,970 votes
movie
The Mummy Returns (2001)
2001