Channel Myanmar

Manjhi: The Mountain Man (2015)

BiographyDramaHistory

IMDB: /10 votes

872113

Report error

(အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ
သို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)

ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။
ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ
ရဲတယ်…
တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက်
ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. စတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။
ဆိုတော့ကာ…
အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်…
ခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး???
လက်ခံလိုက်ပါ မိတ်ဆွေ.. ????

အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်..
နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။

အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။

PK, 3Idiots, Doom 3, စတဲ့ ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အိန္ဒိယမင်းသားကြီး Aamir Khan(အမေးရ်ခမ်း) ပါပဲ..။ စီစဉ်ဖြစ်ပုံကလည်း ဒီလိုဗျ…
မင်းသားကြီးက တကယ့်အပြင်က Manjhi ရဲ့ ဘဝအကြောင်းကို သိရှိသွားပြီးနောက်မှာ Manjhiတို့မိသားစု နေထိုင်ဖို့ အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ Manjhi ကလည်း မင်းသား Aamir Khan ဝယ်ပေးတဲ့ အိမ်လေးမှာပဲ နေထိုင်ရင်း ခေါင်းချကွယ်လွန်ခဲ့တာပါ။

>> ရုပ်ရှင်အညွှန်း <<

၁၉၃၄ခုနှစ် အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်လေးထဲက ဂေလာ (Gehlaur ) ဆိုတဲ့ရွာငယ်လေးမှာ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ကြတဲ့ ဆင်းရဲချို့တဲ့နွမ်းပါတဲ့ မိသားစုလေးထဲမှာ Manjhiဆိုတဲ့ လူငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

ရိုးရာဓလေ့ထုံးစံအရ Manjhiကို (၁၂)နှစ်သားကတည်းက အိမ်ထောင်ပြု (စေ့စပ်) ရမှာဖြစ်လို့ အဲ့ရွာလေးထဲက Faliguni Devi ဆိုတဲ့ မိန်းကလေးနဲ့ စေ့စပ်ခဲ့ကြပါတယ်။ (ဒီနေရာမှာ အသက်အရွယ်အရ စေ့စပ်တယ်ဆိုပေမယ့် တကယ်တမ်းကတော့ လက်ထပ်ထားပြီးဖြစ်ပါတယ်)

အဲ့စေ့စပ်တဲ့နေ့မှာပဲ ရွာလူကြီးက Minjhi အဖေဆီကို အကြွေးလာတောင်းပါတယ်, အကြွေးမပေးနိုင်လို့ ရွာလူကြီးထံမှာ Manjhi ကို အဖေဖြစ်သူကရောင်းစားခဲ့ပါတယ်။ ရွာလူကြီးအိမ်မှာ အနိုင်ကျင့်ခံပီး ဆင်းရဲစွာ ပင်ပန်းစွာနဲ့လုပ်ကိုင်နေရတဲ့ Manjhi လေးဟာ သည်းမခံနိုင်တဲ့အဆုံးး တစ်နေ့မှာ ရွာလူကြီးအိမ်ကနေ ထွက်ပြေးပြီး ကျောက်မီးသွေးတင်တဲ့ ရထားနဲ့ခိုးလိုက်ကာ ဘုံဘေမြို့ပေါ်ကိုတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်။

ဒီလိုနဲ့..နောင်အနှစ်၂၀ခန့်ကြာတဲ့အခါ…

Manjhi ဟာ ဘုံဘေကိုစွန့်ခွာပီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရွာလေးကို အပြီးအပိုင်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ ရွာလေး ကတော့ နှစ်တွေကြာသွားလည်း ဘာမှတိုးတက်ပြောင်းလဲသွားခြင်းမရှိပါဘူး။ ပိုပြီးတော့တောင် ဆင်းရဲချို့တဲ့လာခဲ့ပါတယ်။

အကြောင်းက ရွာလူကြီးသားရဲ့ နှိပ်စက်မှုကိုအလူးအလဲကို ရွာသူရွာသားတွေဟာ ခံနေရပါတယ်။
ရွာသူမိန်းကလေးတွေကိုလည်း အတင်းအဓမ္မစော်ကားနိုင်ကျင့် ၊ ရွာသားတွေကိုလည်း ကြီးငယ်ရွယ်မရွေး ခေါင်းပုံဖြတ်ပီး အနိုင်ကျင့်နေပါတော့တယ်။
ရဲတိုင်လို့ လည်းမရပါဘူး။ ရွာမှာ ရဲစခန်းလည်းမရှိပါဘူးဗျ။
ဒါဆို တခြားရွာမှာသွားတိုင်လေ.. ဒါမှမဟုတ် မြို့ပေါ်တက်တိုင်ပါလားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။

ဒါပေမယ့်လည်း.. အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။
ဒီရွာလေးရဲ့ ပတ်ပတ်လည်မှာ မြင့်မားလှတဲ့ တောင်ကြီးတွေက ဝန်းရံထားပါတယ်..
ရွာသူရွာသားတွေထဲမှာလည်း အဲ့ဒီတောင်ကြီးတွေကိုဖြတ်ပြီး မြို့ကို ရောက်ဖူးတဲ့သူမရှိသလောက်ရှားပြီး၊ မြို့ပေါ်ကလူတွေကလည်း ဒီတောင်တွေရဲ့နောက်မှာ ရွာသေးသေးလေးတစ်ရွာရှိတယ်လို့ သိတဲ့သူရှားပါးပါတယ်။
ရွာကနေ မြို့ကိုသွားရမယ်ဆိုရင်လည်း ဒီတောင်တွေကိုပတ်ပီးမှ သွားရတဲ့ အတွက်ကြောင့် မြို့ပေါ်ရောက်ဖို့အတွက် ၅ရက် ၆ရက်ထိ သွားရပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ.ဆင်းရဲချို့တဲ့စွာ ဗဟုသုတကင်းမဲ့စွာနဲ့ ရွာလူကြီးသားရဲ့ နှိပ်စက်မှုတွေကို ခံနေကြရပါတယ်.။

ကဲ..
Manjhi ရဲ့အကြောင်းလေးဆက်ပြောပြကြည့်မယ်…

အချစ်ကဆန်းကျယ်လွန်းလှပါတယ်။ Manjhi သူ့ရွာလေးကို ပြန်ရောက်တဲ့နေ့မှာပဲ သူငယ်ငယ်က စေ့စပ်ဖူးသူ မိန်းကလေးDevi နဲ့ ပြန်တွေ့ရပါတယ်။ Devi ဟာ အခုဆိုအပျိုကြီးဖားဖားဖြစ်ပီး တောသဘာဝနဲ့အညီ လှနေပါတယ်..
Manjhi ဟာ Devi ကို မြင်မြင်ချင်း ချစ်မိသွားပြီး သူသိလိုက်ရတာက Devi ဟာ သူငယ်ငယ်က လက်ထပ်ထားတဲ့ မိန်းကလေးဖြစ်နေတာပါပဲ..
Manjhi ဟာ အရမ်းကိုပျော်သွားးပီ Deviရဲ့ အဖေဆီကိုသွားကာ ” ဒါကျုပ်မိန်းမ ကျုပ်ငယ်ငယ်ကတည်းက လက်ထပ်ထားတာ ကျုပ်သူ့ကို လိုချင်တယ်လို့ ” သွားပြောရာမှာတော့ Deviရဲ့ အဖေက Manjhi ကို မောင်းထုတ်ပါတော့တယ်။ Deviရဲ့ အဖေမသိသေးတာက …သူ့သမီး Devi ဟာလည်း Manjhiကို ချစ်မိနေတယ် ဆိုတာပါပဲ..ဒီတော့ ဘာတွေဆက်ဖြစ်မလဲ.. ဘာကြောင့် တောင်တစ်လုံးကို တစ်ယောက်တည်းဖြိုခဲ့တယ်ဆိုတာကိုတော့..ဇာတ်ကားကိုဆက်ကြည့်စေချင်ပါတယ်ဗျ..

ဒီ ၃နာရီကျော်ကြာတဲ့ ရုပ်ရှင်ကို ဒါရိုက်တာကြီး Mohit Moond ကရိုက်ကူးပုံဖော်ထားပီး ဆုတွေလည်းတသီကြီး ရရှိထားကာ တကယ့်ကို အနှစ်သာရ ပြည့်ဝစွာနဲ့ ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
Manjhi နေရာမှာ အိန္ဒိယမင်းသားကြီး Nawazuddin Siddiqui က Manjhi ဇာတ်ရုပ်ကိုသဘာဝကျကျ နဲ့ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ Deviအဖြစ် မင်းသမီး Radhika Apte ကလည်း တကယ့်ကို ပီပြင်စွာနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ ဒီ အိန္ဒိယရုပ်ရှင်မှာ ထူးခြားတာက ဒီကားမှာ သီချင်းတွေ က တာတွေ တစ်ခန်းမှမပါပါဘူး။ နောက်ခံတီးလုံးတောင် များများစားစားမပါပါဘူးး။ ရုပ်ရှင်ကြည့် လိုက်တာနဲ့ သင့်ရှေ့မှာ တကယ်ဖြစ်နေတယ်ထင်ရအောင်ကို သဘာဝကျကျနဲ့ပီပြင်စွာ ရိုက်ကူးထားပါတယ်..။

ဒီနေရာမှာတော့ Full Spoiler Alert ပါ ..
X x x x x x x x x x x X

ဒီလိုနဲ့ လူကြီးတွေ သဘောမတူတဲ့အဆုံး Manjhi နဲ့ Deviတို့ဟာ ခိုးပြေးကြပါတယ်…။
အချစ်စစ်တို့ လမ်းဟာမဖြောင့်ဖြူးဘူး ဆိုတဲ့ စကားအတိုင်း သူတို့ ရဲ့ အချစ်ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်။ ခိုးပြေးတဲ့ ညမှာပဲ ရွာလူကြီးသားနဲ့ သူ့တပည့်တွေက နောက်ကနေလိုက်လာလို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။
( ရွာသူကြီးသားနဲ့တပည့်တွေလိုက်လာလို့ ထွက်ပြေးတဲ့အခန်း ဗွက်အိုင်ထဲမှာ တစ်ကိုယ်လုံးနစ်နေရတဲ့အခန်း ) တကယ်ကို ပီပြင်လွန်းလှပီး ချစ်သူ၂ယောက်ရဲ့အတူတူလက်တွဲ ရင်ဆိုင်ရဲတဲ့ အချစ်စိတ်ကို ပီပြင်စွာရိုက်ပြထားပါတယ်။ သရုပ်ဆောင်တွေဟာလည်း တကယ့်ကို သဘာဝအတိုင်းပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ…။

ဒီလိုနဲ့….အခက်အခဲတွေကို အတူရင်ဆိုင်ပြီး ကိုယ်ပိုင်ဘဝတစ်ခုဖန်တီးနေလာကြတဲ့ Manjhiတို့ ဇနီးမောင်နှံဟာ သားတစ်ယောက်မွေးပြီး.. Deviက ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်……

Manjhi ကလည်း သူ့ရဲ တိုးပွားလာတဲ့မိသားစုဝင်လေးတွေအတွက် တစ်နေကုန်တစ်နေခမ်း မနားမနေ အလုပ်ကြိုးစားရုန်းကန်နေရတာပေါ့….
ဇနီး ဖြစ်သူက ထမင်းခွက်ကိုခေါင်းပေါ်တင်ပြီး ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ ထမင်းပို့ပေးရပါတယ်.။

Manjhi လုပ်တဲ့ လယ်ကွက်ကိုရောက်ဖို့အတွက်လမ်းမှာ တောင်ကြောတစ်ခုကိုတက်ပြီး ကျော်လွန်ကာမှ Manjhiလုပ်တဲ့ လယ်ကွက်ကိုရောက်တာပါ.. ဒါကြောင့် ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ Deviအဖို့ ဒီခရီးဟာ ခက်ခဲကြမ်းတမ်းလှပါတယ်.။ သို့ပေမယ့် သူ့ယောကျားဆီကို နေ့တိုင်း ထမင်းထုပ်ရောက်အောင် ပို့ပေးရှာပါတယ်..။

တစ်နေ့..Manjhiရဲ့ နားထဲကို အကုသိုလ်သတင်းဆိုးကြီးဝင်လာပါတော့တယ်..,

ဟုတ်ပါတယ်…….. သူ့မိန်းမ သူ့ကိုထမင်းထုတ်လာပို့ရင် တောင်ပေါ်ကနေခြေလျော်ပီး ပြုတ်ကျလို့ ဆိုတာပါပဲ..။ သူ့မိန်းမဆီ အပြေးအလွှားသွားတဲ့အခါ သွေးအိုင်ထဲမှာ အသက်ငင်နေတဲ့ မိန်းမဖြစ်သူကို Manjhi တွေ့လိုက်ရပါတယ်။ ကိုယ်ဝန်ကလည်း ပြုတ်ကျထားတဲ့ အရှိန်ကြောင့်ပျက်ကျသွားပြီးသွေးအိုင်ထဲက ဇနီးသည်ရဲ့အဖြစ်နဲ့ ဗိုက်ထဲက သေလားရှင်လားမသိရသေးတဲ့ကလေးငယ်နဲ့.. မြင်ကွင်းက သူ့အတွက်တော့ အရူးမီးဝိုင်းဖြစ်နေရပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ သူ့မိန်းမကို ထမ်းပြီး မြို့ဆေးရုံကိုပို့ခဲ့ပါတယ်..။

ဟုတ်ပါတယ်..Manjhiဟာ သူ့မိန်းမကို ထမ်းပီးတောင်ပေါ်ကနေတက်ပြီး တောင်ကိုဖြတ်ပို့ခဲ့ရတာပါ ????
တောင်ကို ပတ်ပီး သွားရင် ၅ရက်၆ရက်ကြာမှာမို့တောင်ပေါ်လမ်းကနေ သွားခဲ့ရတာပါ.

ဒါပေမယ့်….
သူအရမ်းချစ်ရတဲ့ မိန်းမရဲ့ အသက်ကို သူမကယ်နိုင်လိုက်ပါဘူးး ????
ကလေးရဲ့ အသက်ကိုပဲကယ်လိုက်နိုင်ပါတယ်။

ရွာပြန်ရောက်တော့ Manjhi အကြီးအကျယ်ကိုဒေါသမီးတွေ ရင်ထဲမှာတောက်လောင်နေပါတယ်..။

အကြောင်းကား… သူ့မိန်းမသေရတာ ဒီတောင်ကြောင့်လို့ Manjhi စိတ်ထဲမှာ စွဲနေပါတယ်၊

ဒီတောင်သာမရှိခဲ့ရင်…

ဒီတောင်မှာသာ လမ်းရှိခဲ့ရင်….

သူ့မိန်းမမသေဘူးလို့ တွေးမိလို့ပါပဲ..။

ဒီလိုနဲ့ သူ့စိတ်ထဲမှာပေါ်လာတဲ့အရာကတော့ ဒီတောင်ကို ဖြိုပြီး လမ်းဖောက်ဖို့ပါပဲ..။ သူ့လို အဖြစ်ဆိုးမျိုးနောက်လူတွေ မကြုံအောင် ဖောက်မယ်ဆိုပြီး ပေါက်တူးတစ်လက် ပေါက်ဆိန်တစ်လက်နဲ့ နေ့တိုင်း တောင်ကိုသွားပီး ဖြိုပါတယ်။

ဒီသတင်းကို ရွာသားတွေကြားတော့ Manjhiကို မိန်းမသေသွားလို့ဒီကောင်ရူးသွားပြီလို့ ပြောပီး ဝိုင်းဝန်းလှောင်ပြောင်ကြပါတယ် ။ ကြာရင် ဒီကောင်မောပြီး ရပ်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။

ဒါပေမယ့် Manjhi ဟာ မရပ်တန့်ခဲ့ပါဘူး။ နေ့တိုင်း မနက်မိုးလင်းတာနဲ့ ပေါက်ဆိန်ထမ်းပီး တောင်ကိုတစ်ယောက်ထဲ ဖြိုနေတော့တာပါပဲ……။

နောက်ဆုံးတော့ Manjhi ဟာ (၂၁)နှစ်ကြာတဲ့အထိ တောင်ကို တစ်ယောက်ထဲနဲ့ ဖြိုခဲ့ပီး လမ်းဖောက်နိုင်ခဲ့ပါတယ်။

ဟုတ်ပါတယ်… သူတောင်ကိုဖြိုခဲ့တဲ့ အချိန်ဟာ(၂၁)နှစ်တောင် ကြာခဲ့ပါတယ်..။

(၂၁)နှစ်လုံးလုံး သူတစ်ယောက်ထဲ တောင်ကို ဖြိုခဲ့တာပါ။ ဘယ်သူ့ကိုမှ သူအကူအညီ မတောင်းခဲ့ပါဘူး။

ကဲ… Manjhi တစ်ယောက် ကလေး၂ယောက်နဲ့ ဘယ်လိုတွေ ဒုက္ခခံပြီး ဒီတောင်ကိုဖြိုခဲ့တာလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကို ကိုယ်တိုင်ကြည့်ပြီး ခံစားကြည့်ရှုကြပါတော့..မိတ်ဆွေ။

(ဇာတ်လမ်းအညွှန်းကိုတော့ Nucleon Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပြီး

ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်)


———————————————————

(အခ်စ္အတြက္ ေတာင္တစ္လုံးအား တစ္ေယာက္ထဲျဖဳိခဲ့သူ
သုိ႔မဟုတ္/ ဂင္းနစ္စံခ်ိန္၀င္ ကမၻာ့အံ့ဖြယ္လူသား)

ကမာၻေပၚမွာ အခ်စ္ကုိနည္းအမ်ိဴးမ်ိဳးပုံေဖာ္ၾကပါတယ္။
ကုိယ့္ခ်စ္သူ အတြက္ ဘာမဆုိလုပ္ေပးမယ္.. စြန္႔လြတ္အနစ္နာခံ
ရဲတယ္…
တစ္ခ်ိဳ႕က ကုိယ့္ခ်စ္သူအတြက္အိမ္ေလးတစ္လုံး ေဆာက္ေပးတာ… တစ္ခ်ိဳ႕က ကုိယ့္ခ်စ္သူအတြက္
ေရႊေငြရတနာေတြ အျပည့္နဲ႔ ကုိယ့္ခ်စ္ရတဲ့သူ စိတ္ခ်မ္းသာေအာင္ဖန္တီးေပးၾကတာ ….. စတဲ့ စတဲ့ လက္ေတြ႕ဆန္တဲ့ အခ်စ္မ်ိဳးနဲ႔လည္း ပုံေဖာ္ၾကတာပါပဲ။
ဆုိေတာ့ကာ…
အခ်စ္အတြက္နဲ႔ ေတာင္တစ္လုံးအား တစ္ေယာက္ထဲျဖဳိခဲ့တဲ့သူ႐ွိတယ္လုိ႔ ကြၽန္ေတာ္ကေျပာရင္…
ခင္ဗ်ားတုိ႔ ယုံၾကည္မွာလား လက္ခံမွာလားး???
လက္ခံလုိက္ပါ မိတ္ေဆြ.. ????

အဲ့လူဟာ တကယ္ကုိပဲ ေတာင္တစ္လုံးလုံးကုိ တစ္ေယာက္ထဲ ျဖဳိခဲ့လုိ႔ လူ႔အသုိင္းအ၀ုိင္းမွာေရာ …ကမၻာ့အသုိင္းအ၀ုိင္းမွာပါ..သူ႔ကုိအံျသစြာနဲ႔လက္ခံခဲ့ၾကရပါတယ္..
ေနာက္ဆုံး သူဟာ ကမၻာ့ဂင္းနစ္စံခ်ိန္မွာ အံ့ဖြယ္လူသားအျဖစ္ မွတ္တမ္းတင္ျခင္းကုိလည္း ခံခဲ့ရပါတယ္။ အဲ့လူကေတာ႔ တျခားသူ မဟုတ္ပါဘူး။
အိႏၵိယႏုိင္ငံ ဘီယာျပည္နယ္ထဲက ရြာေလးတစ္ရြာမွာ ေနထုိင္တဲ့ Dasharth Manjhi ဆုိတဲ့ သူပါပဲ။

အခု ကြၽန္ေတာ္ညႊန္းခ်င္တဲ႔ ဇာတ္ကားကေတာ႔ Manjhi အေၾကာင္းကုိ ႐ုိက္ကူးထားတဲ့ ျဖစ္ရပ္မွန္႐ုပ္႐ွင္ပါ။
ဒီ႐ုပ္႐ွင္ကုိ ႐ုိက္ကူးဖုိ႔ ပထမဆုံးအစပ်ိဳးစီစဥ္ခဲ့တဲ့သူကေတာ႔ တျခားသူမဟုတ္ပါဘူး။

PK, 3Idiots, Doom 3, စတဲ့ ႐ုပ္႐ွင္ေတြနဲ႔ ကမၻာေက်ာ္ခဲ့တဲ့ အိႏၵိယမင္းသားႀကီး Aamir Khan(အေမးရ္ခမ္း) ပါပဲ..။ စီစဥ္ျဖစ္ပံုကလည္း ဒီလုိဗ်…
မင္းသားၾကီးက တကယ္႔အျပင္က Manjhi ရဲ႔ ဘဝအေၾကာင္းကို သိရွိသြားျပီးေနာက္မွာ Manjhiတုိ႔မိသားစု ေနထုိင္ဖို႔ အိမ္တစ္လံုးဝယ္ေပးခဲ႔ပါတယ္။ Manjhi ကလည္း မင္းသား Aamir Khan ဝယ္ေပးတဲ႔ အိမ္ေလးမွာပဲ ေနထိုင္ရင္း ေခါင္းခ်ကြယ္လြန္ခဲ႔တာပါ။

>> ႐ုပ္႐ွင္အၫႊန္း <<

၁၉၃၄ခုႏွစ္ အိႏၵိယႏုိင္ငံ ဘီယာျပည္နယ္ေလးထဲက ေဂလာ (Gehlaur ) ဆုိတဲ့ရြာငယ္ေလးမွာ ေက်ာက္မီးေသြး တူးေဖာ္လုပ္ကိုင္ၾကတဲ႔ ဆင္းရဲခ်ိဳ႕တဲ့ႏြမ္းပါတဲ႔ မိသားစုေလးထဲမွာ Manjhiဆုိတဲ့ လူငယ္ေလးတစ္ဦးကုိ ေမြးဖြားခဲ့ပါတယ္။

႐ုိးရာဓေလ့ထုံးစံအရ Manjhiကုိ (၁၂)ႏွစ္သားကတည္းက အိမ္ေထာင္ျပဳ (ေစ့စပ္) ရမွာျဖစ္လုိ႔ အဲ့ရြာေလးထဲက Faliguni Devi ဆုိတဲ့ မိန္းကေလးနဲ႔ ေစ့စပ္ခဲ့ၾကပါတယ္။ (ဒီေနရာမွာ အသက္အရြယ္အရ ေစ႔စပ္တယ္ဆိုေပမယ္႔ တကယ္တမ္းကေတာ႔ လက္ထပ္ထားျပီးျဖစ္ပါတယ္)

အဲ့ေစ့စပ္တဲ့ေန႔မွာပဲ ရြာလူႀကီးက Minjhi အေဖဆီကုိ အေႂကြးလာေတာင္းပါတယ္, အေႂကြးမေပးႏုိင္လုိ႔ ရြာလူႀကီးထံမွာ Manjhi ကုိ အေဖျဖစ္သူကေရာင္းစားခဲ့ပါတယ္။ ရြာလူႀကီးအိမ္မွာ အႏုိင္က်င့္ခံပီး ဆင္းရဲစြာ ပင္ပန္းစြာနဲ႔လုပ္ကုိင္ေနရတဲ့ Manjhi ေလးဟာ သည္းမခံႏုိင္တဲ့အဆုံးး တစ္ေန႔မွာ ရြာလူႀကီးအိမ္ကေန ထြက္ေျပးျပီး ေက်ာက္မီးေသြးတင္တဲ့ ရထားနဲ႔ခုိးလုိက္ကာ ဘုံေဘျမဳိ့ေပၚကုိတစ္ေယာက္တည္း ေျခဆန္႔ခဲ့ပါေတာ႔တယ္။

ဒီလုိနဲ႔..ေနာင္အႏွစ္၂၀ခန္႔ၾကာတဲ့အခါ…

Manjhi ဟာ ဘုံေဘကုိစြန္႔ခြာပီး သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ရြာေလးကုိ အျပီးအပုိင္ျပန္လာခဲ့ပါတယ္။ သူ႔ရဲ႕ ရြာေလး ကေတာ႔ ႏွစ္ေတြၾကာသြားလည္း ဘာမွတုိးတက္ေျပာင္းလဲသြားျခင္းမ႐ွိပါဘူး။ ပိုျပီးေတာ႔ေတာင္ ဆင္းရဲခ်ိဳ႕တဲ့လာခဲ့ပါတယ္။

အေၾကာင္းက ရြာလူႀကီးသားရဲ႕ ႏွိပ္စက္မႈကုိအလူးအလဲကုိ ရြာသူရြာသားေတြဟာ ခံေနရပါတယ္။
ရြာသူမိန္းကေလးေတြကိုလည္း အတင္းအဓမၼေစာ္ကားႏုိင္က်င့္ ၊ ရြာသားေတြကိုလည္း ၾကီးငယ္ရြယ္မေရြး ေခါင္းပုံျဖတ္ပီး အႏုိင္က်င့္ေနပါေတာ႔တယ္။
ရဲတုိင္လုိ႔ လည္းမရပါဘူး။ ရြာမွာ ရဲစခန္းလည္းမ႐ွိပါဘူးဗ်။
ဒါဆို တျခားရြာမွာသြားတိုင္ေလ.. ဒါမွမဟုတ္ ျမိဳ႔ေပၚတက္တုိင္ပါလားလို႔ ေတြးမိေကာင္းေတြးမိပါလိမ္႔မယ္။

ဒါေပမယ္႔လည္း.. အဓိက အခက္အခဲကေတာ႔ လမ္းပန္းဆက္သြယ္ေရးပါပဲ။
ဒီရြာေလးရဲ႕ ပတ္ပတ္လည္မွာ ျမင့္မားလွတဲ့ ေတာင္ႀကီးေတြက ၀န္းရံထားပါတယ္..
ရြာသူရြာသားေတြထဲမွာလည္း အဲ႔ဒီေတာင္ၾကီးေတြကိုျဖတ္ျပီး ျမဳိ့ကုိ ေရာက္ဖူးတဲ့သူမ႐ွိသေလာက္႐ွားျပီး၊ ျမဳိ့ေပၚကလူေတြကလည္း ဒီေတာင္ေတြရဲ႕ေနာက္မွာ ရြာေသးေသးေလးတစ္ရြာ႐ွိတယ္လုိ႔ သိတဲ့သူ႐ွားပါးပါတယ္။
ရြာကေန ျမဳိ့ကုိသြားရမယ္ဆုိရင္လည္း ဒီေတာင္ေတြကုိပတ္ပီးမွ သြားရတဲ့ အတြက္ေၾကာင့္ ျမဳိ့ေပၚေရာက္ဖုိ႔အတြက္ ၅ရက္ ၆ရက္ထိ သြားရပါတယ္။ ဒါေၾကာင့္ ရြာသူရြာသားေတြဟာ.ဆင္းရဲခ်ိဳ႕တဲ့စြာ ဗဟုသုတကင္းမဲ့စြာနဲ႔ ရြာလူႀကီးသားရဲ႕ ႏွိပ္စက္မႈေတြကုိ ခံေနၾကရပါတယ္.။

ကဲ..
Manjhi ရဲ႔အေၾကာင္းေလးဆက္ေျပာျပၾကည္႔မယ္…

အခ်စ္ကဆန္းက်ယ္လြန္းလွပါတယ္။ Manjhi သူ႔ရြာေလးကုိ ျပန္ေရာက္တဲ့ေန႔မွာပဲ သူငယ္ငယ္က ေစ့စပ္ဖူးသူ မိန္းကေလးDevi နဲ႔ ျပန္ေတြ႕ရပါတယ္။ Devi ဟာ အခုဆုိအပ်ိဳႀကီးဖားဖားျဖစ္ပီး ေတာသဘာ၀နဲ႔အညီ လွေနပါတယ္..
Manjhi ဟာ Devi ကုိ ျမင္ျမင္ခ်င္း ခ်စ္မိသြားျပီး သူသိလိုက္ရတာက Devi ဟာ သူငယ္ငယ္က လက္ထပ္ထားတဲ့ မိန္းကေလးျဖစ္ေနတာပါပဲ..
Manjhi ဟာ အရမ္းကုိေပ်ာ္သြားးပီ Deviရဲ႕ အေဖဆီကုိသြားကာ ” ဒါက်ဳပ္မိန္းမ က်ဳပ္ငယ္ငယ္ကတည္းက လက္ထပ္ထားတာ က်ဳပ္သူ႔ကုိ လုိခ်င္တယ္လုိ႔ ” သြားေျပာရာမွာေတာ႔ Deviရဲ႕ အေဖက Manjhi ကုိ ေမာင္းထုတ္ပါေတာ႔တယ္။ Deviရဲ႕ အေဖမသိေသးတာက …သူ႔သမီး Devi ဟာလည္း Manjhiကုိ ခ်စ္မိေနတယ္ ဆုိတာပါပဲ..ဒီေတာ႔ ဘာေတြဆက္ျဖစ္မလဲ.. ဘာေၾကာင္႔ ေတာင္တစ္လံုးကို တစ္ေယာက္တည္းျဖိဳခဲ႔တယ္ဆိုတာကိုေတာ႔..ဇာတ္ကားကိုဆက္ၾကည္႔ေစခ်င္ပါတယ္ဗ်..

ဒီ ၃နာရီေက်ာ္ၾကာတဲ့ ႐ုပ္႐ွင္ကုိ ဒါ႐ုိက္တာႀကီး Mohit Moond က႐ုိက္ကူးပုံေဖာ္ထားပီး ဆုေတြလည္းတသီႀကီး ရ႐ွိထားကာ တကယ့္ကုိ အႏွစ္သာရ ျပည့္၀စြာနဲ႔ ႐ုိက္ကူးထုတ္လုပ္ထားတဲ႔ ရုပ္ရွင္တစ္ကားပဲျဖစ္ပါတယ္။
Manjhi ေနရာမွာ အိႏၵိယမင္းသားႀကီး Nawazuddin Siddiqui က Manjhi ဇာတ္႐ုပ္ကုိသဘာ၀က်က် နဲ႔ ပီျပင္စြာသ႐ုပ္ေဆာင္ထားပါတယ္။ Deviအျဖစ္ မင္းသမီး Radhika Apte ကလည္း တကယ့္ကုိ ပီျပင္စြာနဲ႔ လုိက္ဖက္ညီစြာ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီ အိႏၵိယ႐ုပ္႐ွင္မွာ ထူးျခားတာက ဒီကားမွာ သီခ်င္းေတြ က တာေတြ တစ္ခန္းမွမပါပါဘူး။ ေနာက္ခံတီးလုံးေတာင္ မ်ားမ်ားစားစားမပါပါဘူးး။ ႐ုပ္႐ွင္ၾကည့္ လုိက္တာနဲ႔ သင့္ေ႐ွ႕မွာ တကယ္ျဖစ္ေနတယ္ထင္ရေအာင္ကုိ သဘာ၀က်က်နဲ႔ပီျပင္စြာ ႐ုိက္ကူးထားပါတယ္..။

ဒီေနရာမွာေတာ႔ Full Spoiler Alert ပါ ..
X x x x x x x x x x x X

ဒီလုိနဲ႔ လူႀကီးေတြ သေဘာမတူတဲ့အဆုံး Manjhi နဲ႔ Deviတုိ႔ဟာ ခုိးေျပးၾကပါတယ္…။
အခ်စ္စစ္တုိ႔ လမ္းဟာမေျဖာင့္ျဖဴးဘူး ဆုိတဲ့ စကားအတုိင္း သူတုိ႔ ရဲ႕ အခ်စ္ခရီးလမ္းဟာ ၾကမ္းတမ္းခဲ့ပါတယ္။ ခုိးေျပးတဲ့ ညမွာပဲ ရြာလူႀကီးသားနဲ႔ သူ႔တပည့္ေတြက ေနာက္ကေနလုိက္လာလုိ႔ ေခြးေျပး၀က္ေျပးေျပးခဲ့ရပါတယ္။
( ရြာသူႀကီးသားနဲ႔တပည့္ေတြလုိက္လာလုိ႔ ထြက္ေျပးတဲ့အခန္း ဗြက္အုိင္ထဲမွာ တစ္ကုိယ္လုံးနစ္ေနရတဲ့အခန္း ) တကယ္ကုိ ပီျပင္လြန္းလွပီး ခ်စ္သူ၂ေယာက္႐ဲ႕အတူတူလက္တြဲ ရင္ဆုိင္ရဲတဲ့ အခ်စ္စိတ္ကုိ ပီျပင္စြာ႐ုိက္ျပထားပါတယ္။ သ႐ုပ္ေဆာင္ေတြဟာလည္း တကယ့္ကုိ သဘာ၀အတုိင္းပီျပင္စြာ သ႐ုပ္ေဆာင္ထားတာကုိ ေတြ႕ရမွာပါ…။

ဒီလုိနဲ႔….အခက္အခဲေတြကုိ အတူရင္ဆုိင္ျပီး ကုိယ္ပုိင္ဘ၀တစ္ခုဖန္တီးေနလာၾကတဲ့ Manjhiတုိ႔ ဇနီးေမာင္ႏွံဟာ သားတစ္ေယာက္ေမြးျပီး.. Deviက ဒုတိယေျမာက္ရင္ေသြးေလးကို ကုိယ္၀န္လြယ္ထားရတဲ႔အခ်ိန္……

Manjhi ကလည္း သူ႔ရဲ တုိးပြားလာတဲ႔မိသားစုဝင္ေလးေတြအတြက္ တစ္ေနကုန္တစ္ေနခမ္း မနားမေန အလုပ္ၾကိဳးစားရုန္းကန္ေနရတာေပါ႔….
ဇနီး ျဖစ္သူက ထမင္းခြက္ကုိေခါင္းေပၚတင္ျပီး ကုိယ္၀န္မေပါ့မပါးႀကီးနဲ႔ ထမင္းပုိ႔ေပးရပါတယ္.။

Manjhi လုပ္တဲ့ လယ္ကြက္ကုိေရာက္ဖုိ႔အတြက္လမ္းမွာ ေတာင္ေၾကာတစ္ခုကုိတက္ျပီး ေက်ာ္လြန္ကာမွ Manjhiလုပ္တဲ့ လယ္ကြက္ကုိေရာက္တာပါ.. ဒါေၾကာင့္ ကုိယ္၀န္မေပါ့မပါးႀကီးနဲ႔ Deviအဖုိ႔ ဒီခရီးဟာ ခက္ခဲၾကမ္းတမ္းလွပါတယ္.။ သုိ႔ေပမယ့္ သူ႔ေယာက်ားဆီကုိ ေန႔တုိင္း ထမင္းထုပ္ေရာက္ေအာင္ ပုိ႔ေပးရွာပါတယ္..။

တစ္ေန႔..Manjhiရဲ႕ နားထဲကုိ အကုသုိလ္သတင္းဆုိးႀကီး၀င္လာပါေတာ့တယ္..,

ဟုတ္ပါတယ္…….. သူ႔မိန္းမ သူ႔ကုိထမင္းထုတ္လာပုိ႔ရင္ ေတာင္ေပၚကေနေျခေလ်ာ္ပီး ျပဳတ္က်လုိ႔ ဆုိတာပါပဲ..။ သူ႔မိန္းမဆီ အေျပးအလႊားသြားတဲ့အခါ ေသြးအုိင္ထဲမွာ အသက္ငင္ေနတဲ့ မိန္းမျဖစ္သူကုိ Manjhi ေတြ႕လုိက္ရပါတယ္။ ကုိယ္၀န္ကလည္း ျပဳတ္က်ထားတဲ့ အ႐ွိန္ေၾကာင္႔ပ်က္က်သြားျပီးေသြးအိုင္ထဲက ဇနီးသည္ရဲ႔အျဖစ္နဲ႔ ဗုိက္ထဲက ေသလားရွင္လားမသိရေသးတဲ႔ကေလးငယ္နဲ႔.. ျမင္ကြင္းက သူ႔အတြက္ေတာ႔ အရူးမီးဝုိင္းျဖစ္ေနရပါတယ္။ ေသြးအုိင္ထဲမွာလဲေနတဲ့ သူ႔မိန္းမကုိ ထမ္းျပီး ျမဳိ့ေဆး႐ုံကုိပုိ႔ခဲ့ပါတယ္..။

ဟုတ္ပါတယ္..Manjhiဟာ သူ႔မိန္းမကုိ ထမ္းပီးေတာင္ေပၚကေနတက္ျပီး ေတာင္ကုိျဖတ္ပုိ႔ခဲ့ရတာပါ ????
ေတာင္ကုိ ပတ္ပီး သြားရင္ ၅ရက္၆ရက္ၾကာမွာမုိ႔ေတာင္ေပၚလမ္းကေန သြားခဲ့ရတာပါ.

ဒါေပမယ့္….
သူအရမ္းခ်စ္ရတဲ့ မိန္းမရဲ႕ အသက္ကုိ သူမကယ္ႏုိင္လုိက္ပါဘူးး ????
ကေလးရဲ႕ အသက္ကုိပဲကယ္လိုက္ႏုိင္ပါတယ္။

ရြာျပန္ေရာက္ေတာ႔ Manjhi အႀကီးအက်ယ္ကုိေဒါသမီးေတြ ရင္ထဲမွာေတာက္ေလာင္ေနပါတယ္..။

အေၾကာင္းကား… သူ႔မိန္းမေသရတာ ဒီေတာင္ေၾကာင့္လုိ႔ Manjhi စိတ္ထဲမွာ စြဲေနပါတယ္၊

ဒီေတာင္သာမ႐ွိခဲ့ရင္…

ဒီေတာင္မွာသာ လမ္း႐ွိခဲ့ရင္….

သူ႔မိန္းမမေသဘူးလုိ႔ ေတြးမိလုိ႔ပါပဲ..။

ဒီလုိနဲ႔ သူ႔စိတ္ထဲမွာေပၚလာတဲ့အရာကေတာ့ ဒီေတာင္ကုိ ျဖဳိျပီး လမ္းေဖာက္ဖုိ႔ပါပဲ..။ သူ႔လုိ အျဖစ္ဆုိးမ်ိဳးေနာက္လူေတြ မၾကဳံေအာင္ ေဖာက္မယ္ဆုိျပီး ေပါက္တူးတစ္လက္ ေပါက္ဆိန္တစ္လက္နဲ႔ ေန႔တုိင္း ေတာင္ကုိသြားပီး ျဖဳိပါတယ္။

ဒီသတင္းကုိ ရြာသားေတြၾကားေတာ႔ Manjhiကုိ မိန္းမေသသြားလုိ႔ဒီေကာင္႐ူးသြားျပီလုိ႔ ေျပာပီး ၀ုိင္း၀န္းေလွာင္ေျပာင္ၾကပါတယ္ ။ ၾကာရင္ ဒီေကာင္ေမာျပီး ရပ္သြားလိမ့္မယ္လုိ႔ ထင္ေနၾကပါတယ္။

ဒါေပမယ့္ Manjhi ဟာ မရပ္တန္႔ခဲ့ပါဘူး။ ေန႔တုိင္း မနက္မုိ္းလင္းတာနဲ႔ ေပါက္ဆိန္ထမ္းပီး ေတာင္ကုိတစ္ေယာက္ထဲ ျဖဳိေနေတာ့တာပါပဲ……။

ေနာက္ဆုံးေတာ့ Manjhi ဟာ (၂၁)ႏွစ္ၾကာတဲ့အထိ ေတာင္ကုိ တစ္ေယာက္ထဲနဲ႔ ျဖဳိခဲ့ပီး လမ္းေဖာက္ႏုိင္ခဲ့ပါတယ္။

ဟုတ္ပါတယ္… သူေတာင္ကုိျဖဳိခဲ့တဲ့ အခ်ိန္ဟာ(၂၁)ႏွစ္ေတာင္ ၾကာခဲ့ပါတယ္..။

(၂၁)ႏွစ္လုံးလုံး သူတစ္ေယာက္ထဲ ေတာင္ကုိ ျဖဳိခဲ့တာပါ။ ဘယ္သူ႔ကုိမွ သူအကူအညီ မေတာင္းခဲ့ပါဘူး။

ကဲ… Manjhi တစ္ေယာက္ ကေလး၂ေယာက္နဲ႔ ဘယ္လုိေတြ ဒုကၡခံျပီး ဒီေတာင္ကုိျဖဳိခဲ့တာလဲဆုိတာကုိေတာ႔ ဒီ႐ုပ္႐ွင္ကုိ ကုိယ္တုိင္ၾကည့္ျပီး ခံစားၾကည့္႐ႈၾကပါေတာ့..မိတ္ေဆြ။

(ဇာတ္လမ္းအညႊန္းကိုေတာ့ Nucleon Facebook Page မွကူးယူေဖာ္ျပထားတာျဖစ္ျပီး

ဘာသာျပန္သူကေတာ့ ကိုေဇာ္ထူးပဲျဖစ္ပါတယ္)

File size…(903 MB)

Quality… Dvd Rip 720p

Format…mp4

Duration….02:00:00

Subtitle….Myanmar Subtitle (Hardsub)

Translated By  Htoo (K.Z.H)

Encoder….Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies