Channel Myanmar

Leap Year (2010)

ComedyRomance

6.4
IMDB: 6.4/10 votes

492987

Report error

leap-year-movie-poster

သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်

Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေက

ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။

ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။

IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။

အောက်မှာတော့ Ye Hut Khoung WordPress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။

+++++++++++++++++++++++

LEAP YEAR (2010)

◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း လုပ်တတ်တယ်။ ဒါပေမယ့် စိတ်ကောင်းရှိတယ်။

◾ အိုင်ယာလန်ကို လေယဉ်နဲ့ ခရီးထွက်လာတယ်။ ခရီးဆောင်အိတ်‌ တွေနဲ့ပေါ့။ အိုင်ယာလန်မှာလည်း သူ့သူငယ်ချင်းမင်္ဂလာဆောင် ရှိတယ်။ ဖိတ်လည်းထားတယ်။ ပြီးတော့ သူ့ချစ်သူကလည်း နှလုံးအထူးကု ဆရာဝန်။ အိုင်ယာလန်က ဒပ်ဗလင်မြို့မှာ ဆေးပညာ ညီလာခံ တစ်ခုတက်ဖို့ရှိနေတယ်။သူ့ချစ်သူနဲ့လည်း တွေ့ဖို့ ရှိတယ်။ အခုလာတာလည်း သူ့အတွက်ပဲ ။ချစ်ကြိုက်ကြတာ လေးနှစ်ရှိနေပြီလေ။ အခုအချိန်ထိ Proposal မလုပ်သေးဘူး။ လက်ထပ်ခွင့်မတောင်းသေးဘူး။အဲဒီတော့ စိတ်တိုချင်စရာကြီးပေါ့။ အလုပ်ကို ပဲ တစ်ချိန်လုံးအာရုံစိုက်နေသူကြီးကို သူကပဲ စပြီး လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တော့မယ်။ဒါပေမယ့် ဒီနိုင်ငံရဲ့ ထူးခြားပြီး မိန်းကလေးတွေ ရဲ့ အခွင့်အရေးဖြစ်ပြီး ငြင်းပယ်ရခက်၊ရိုမက်တစ်လည်းဆန်အောင် ရက်ထပ်ရက် ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၉မှာ ဆောင်ရွက်ဖို့ ‌လျှို့ဝှက် အစီအစဉ်ရေးဆွဲထားပါတယ်။

◾ လေမုန်တိုင်းကြောင့် လေယာဉ် အရေးပေါ် ပြောင်းလည်း ဆင်းသက်ရပီး ဝေလ(Wales) ပြည်ကို ရောက်သွားရပါတယ်။ အဲဒီကနေ ဘုတ်ငှားပြီး ဒန်ဂယ်လို့ခေါ်တဲ့ တံငါရွာ တစ်ရွာကို ရောက်သွားပါတော့တယ်။အခက်အခဲတွေ ကြုံရတယ်။
ခရီးသွားလုပ်ငန်းတစ်ခုက ကားနဲ့ ဒပ်ဗလင်ကို မောင်းပို့ပေးဖို့ စတာလင်ပေါင် ၅၀၀ နဲ့ သဘောတူခဲ့တယ်။ သူက ပို့ချင်တာမဟုတ်ဘဲ ကောင်မလေးက အတင်းအကြပ် သဘော တောင်းဆိုခဲ့တာဖြစ်ပါတယ်။ကောင်မလေး ဒပ်ဗလင်ထိရောက်ဖို့ ကောင်လေးမှာတာဝန်ရှိသွားပြီ။

◾ လမ်းမှာ နွားအုပ်ကြီးနဲ့တွေ့တယ်။ကားက သွားမရတော့ဘူး။ နွားတွေက ပိတ်ဆို့နေတယ်။ ကောင်မလေးက ဆင်းမောင်းတယ်။ အကောင်းစားဖိနပ်မှာ နွားချေးတွေပေတယ်။ ကားပျက်တော့ တွန်းရင်း ကောင်လေးမောင်းလာတဲ့ကားလည်း ‌စမ်းချောင်းရေထဲထိုးကျသွားတယ်။ကောင်လေးစိတ်ညစ်သွားတယ်။ ခရီးဆောင်အိတ်တွေ ဆွဲပြီး လမ်း‌ေလျာက်ထွက်လာတယ်။မြို့ကြီးသူ၊ ကိန်းခန်းကြီးပြီး စမတ်ကျကျနဲ့ လှချင်နေတဲ့ ‌မိန်းကလေးနဲ့ ရိုးရိုးရှင်းရှင်း ကျေးလက်က လူငယ်တစ်ယောက်တို့ရဲ့ ခရီးလမ်း အဆင်မပြေမှုတွေကိုလည်း ရယ်စရာလေးတွေ အဖြစ် မြင်တွေ့ရပါတယ်။‌ ကောင်မလေးက ဇီဇာကြောင်သလောက်၊စိတ်မြန်သလောက် ကောင်လေးက အေးအေးဆေးဆေး၊မ ထုံ တက်တေး။လမ်းမှာ လမ်းကြုံအဖြစ် ဗင်ကားတစ်စီး ကို တားပြီး အကူအညီတောင်းတယ်။ကောင်လေးက အဲလူတွေ မယုံရဘူးလို့ ကျိတ်ပြောပြီး တားဆီးသေးတယ်။ မရဘူး။အိတ်တွေ တင်အပြီး လူတွေ မတက်ရသေးခင်မှာ ကားက ထွက်ပြေးမောင်းသွားတယ်။ အိတ်တွေ အလုခံလိုက်ရ‌ေတာ့ ကောင်မလေး အတော်စိတ်ညစ်သွားတယ်။ဒါပေမယ့် လမ်း ဘေးအရက်ဆိုင် တစ်ဆိုင်မှာ လူဆိုးတွေဆီကနေ ရအောင် ရဲရဲဝံ့ဝံ့တိုက်ခိုက်ပြီး ပြန်လုပ်ပေးရှာပါတယ်။

◾ သူတို့ရထားနဲ့ ဆက်သွားဖို့ ရထားအလာကိုစောင့်ကြပါတယ်။ အချိန်က လိုသေးတာကြောင့် အနီးအနားတောင်ကုန်းပေါ်က ရှေးဟောင်းဘုရားကျောင်း ကိုတက်ကြည့်ကြပါတယ်။ အဲဒီမှာ ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ်၊ဒဿနတစ်ပုဒ်ကို ကောင်လေးကပြောပြပါတယ်။ အသက်ကြီးတဲ့ ယောက်ကျားတစ်ယောက်ကိုလက်ထပ်ထားတဲ့ မချစ်မနှစ်သက်ပဲနေရတဲ့ ရှေးခေတ်ကကောင်မလေး အကြောင်းပါ။ မီးလောင်တဲ့ အချိန်မှာ စက္ကန့်၆၀လောက် ရတဲ့ အချိန်အတွင်းမှာ လူတွေ ဘာလုပ်ကြသလဲဆိုတဲ့ ဒဿန လည်း ပြောပြဖြစ်ပါတယ် ။‌ ကုန်းမြင့်ပေါ်ကရှေးဘုရားကျောင်း ရဲ့ ဇာတ်ဝင်ရှုခင်းတွေက အတော်ကြည့်ကောင်းပါတယ်။ ရုတ်တရက် မိုးတွေ ရွာချပြီး တောင်ကုန်းက ပြေးအဆင်းမှာ ဒလိမ့်ခေါက်ကွေး ကျပြီး ရွှံ့တွေ ဗွက်တွေ အလူးလူးနဲ့ ဖြစ်ရပါတယ်။ရထားနဲ့လည်း လွဲသွားခဲ့ရပြန်တယ်။

◾ တည်းခိုခန်းကလည်း အခက်အခဲ ရှိ၊ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လူတွေလည်း အများစု နေထိုင်ကြတဲ့ ဒေသမို့ တည်းရေးခိုရေး အတွက် အဆင်မပြေလှဘူး။ သူတို့ဟာ လင်မယား ယောင်ဟန်ဆောင်ပြိး တည်းခိုခဲ့ကြရပါသေးတယ်။ကောင်မလေး ကြောင့် ရှောခ် ဖြစ်မီးပျက်သွားတော့ ကောင်လေး ချက်တာ ပြုတ်တာတွေကို စားလိုက်ရတယ်။ ကောင်လေးက စာဖိုမှုး တစ်ယောက်လည်းဖြစ်တယ် လေ။ အဲဒီညက ဒေသခံ မိသားစုရဲ့ မိတ် ဆုံစားပွဲလေး တက်ဖြစ်ကြတယ်။ အယအစာ မစားခင် လင်မယားချင်း စုံတွဲ လိုက် အကြင်နာ ပေးတော့ သုတို့လည်း အတော် အကြပ်တွေ့ပြီး လိုက်လုပ်လိုက်ရပါတယ်။အဲဒီညက သူတို့ဟာ ကုတင်တစ်လုံးထဲပေါ်မှာ ကန့်ပြီးအိပ်ခဲ့ကြရတယ်။ သူတို့ဟာ တစ်ခုခုကို ခံစားခဲ့ကြရတာ ကိုယ်စီ သိပေမယ့် ဘယ်သူကမှ ဝန်မခံခဲ့ကြပါဘူး။ သန့်သန့်ရှင်းရှင်းပဲ ဆက်ဆံကြတယ်ဆိုပါတော့။

◾ သူ့သူငယ်ချင်းမင်္ဂလာဆောင်ပွဲ ကိုတက်ဖြစ်တယ်။ ဝိုင်တွေ သောက်လိုက်တာ များသွားတယ်။ အဲဒီည က လူတွေ ကကြ ခုန်ကြ၊သောက်ကြစားကြ ပေါ့။ ကောင်မလေး အန်တယ် ။အမူးလွန်တယ်။မူးမူးနဲ့ ကောင်လေးကို ရစ်တယ်။ ကောင်လေးက အပြစ်မပြောဘူး။သည်းခံရှာတယ်။ အမှားမလုပ်မိအောင်ကူညီ ထိန်းပေးတယ် ။ ◾အဲဒီည က ပွဲ ပြီးတော့ သူ့ရည်းစားဆီ သွားမယ့် ကားစောင့်ရင်းအပြင်ဘက်ခုံတန်းလျားမှာ နှစ်ယောက်ထိုင်စောင့်ရင်း အိပ်ပျော်သွားတယ်။ ကောင်လေးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်သွားတယ်။ ကောင်လေးက ဘာအခွင့်အရေးမှ မယူဘူး။ မိုးလင်းသွားတယ်။ နိုးတော့ ကောင်လေးမရှိတော့ဘူး။ သူတစ်ယောက်ပဲ ကျန်တော့တယ်။ ရင်ထဲ ဟာတာတာ လိုဖြစ်သွားတယ်။ သူသိပ်ဆိုးသွားမိတာလား။ သူ့ကို စိတ်ပျက်သွားတာလား။ အခုတော့ ကားမှတ်တိုင်မှာ တစ်ယောက်တည်း။ သူမရှိမှ လွမ်းသလိုလိုခံစားရတယ်။ သူ့ကို ဖြူစင်စွာ စောင့်ရှောက်ပေးခဲ့တဲ့ လူငယ်ကို သတိယနေမိတယ်။ နောက်ကနေ လှမ်းနုတ်ဆက်တယ်။ ကောင်လေးပြန်လာပြီ။ လက်ထဲမှာ ပူပူနွေးနွေး ချောကလက် ကော်ဖီ နှစ်ခွက်ကိုင်ထားတယ်။ မင်း ဆာ‌ နေမှာစိုးလို့ သွားဝယ်တာ လို့ပြောတယ်။ ကောင်မလေး ပျော်သွားတယ်။ သူ့အထင်နဲ့သူ အတွေးချော်နေမိတာကိုလည်း ရှက်မိတယ်။

◾ အတိုချုပ်လိုက်ရအောင်။ ကောင်မလေး ရည်းစား ရှိတဲ့ ဟိုတယ်ကို ရောက်သွားကြပြီ။သုံးပွင့်ဆိုင် တွေ့ကြတယ်။ ကောင်မလေးက သူ့ရည်းစားကိုမိတ်ဆက်ပေးတယ်။ ဒါ ဒီမြို့က သူ့ကို ကူညီ ခဲ့တဲ့ သူပါပေါ့။ သူ့ရည်းစားက အလုပ်အကိုင်ကောင်းတယ်။ ခန့်တယ်။ အလုပ်ကို အလေးနက်ထားတယ်။ ငွေရေးကြေးရေး အဆင်ပြေတယ်။ ဘာမဆို တိတိကျကျ လုပ်တယ်။ ထက်မြက်တယ်။ နေတာထိုင်တာ သပ်ရပ်တယ်။ အခု သူ့ရည်းစားက ကောင်လေးကို အလုပ်ဘာလုပ်လဲလို့ဆိုပြီး မေးတယ်။ ကောင်မလေးက မမေးဖို့ နဲ့ မကြိုက်ကြောင်းအမူအယာပြတယ်။ သိမ်ငယ်သွားမှာစိုးတဲ့ သဘောပါ။ ကောင်လေးက ပြန်ဖြေတယ်။ သူက အကြော်ဆရာပါ။စားဖိုမှုးပါပေါ့။ နုတ်ဆက်နေကြရင်းနဲ့ ပြောပြောဆိုဆို စပရိုက် လုပ်လိုက်တယ်။ ‌သူ့ရည်းစားက ရုတ်တရက် ထိုင်ချလိုက်ပြီး Will you marry me လို့ ပြောလိုက်တယ်။ဟော်တယ်ရဲ့ လော်ဘီ အခန်းမှာကိုပဲ စပရိုက် လုပ်ချလိုက်တယ်။ ကောင်မလေး အရမ်း အံ့အားသင့်သွားတယ်။ ဝမ်းလည်းသာ သွားတယ်။ ဖြတ်ကနဲ သတိယလို့ ကောင်လေးကို ကြည့်တော့ မရှိတော့ဘူး။ အခန်းအပြင်ဘက် မှာ တံခါးကို ကျောခိုင်းပြီး ရှောင်ပေးတာ တွေ့လိုက်ရတယ်။ ကောင်မလေး လက်ခံလိုက်တယ်။

◾ ဒါပေမယ့် နောက်ရက်မှာ ကောင်မလေး ဝေဒနာ စပြီ။ ဘော်စတွန်ကို ပြန်လာခဲ့ရပေမယ့် စိတ်က မတင်မကျဖြစ်နေတယ်။ သုကောင် လေးကို အခုထိ ဘာလို့ သတိယနေသေးတာလဲပေါ့။ ခရီးသွားဟန်လွဲ တွေ့ခဲ့ကြတာပဲလေ။ စသဖြင့် စိတ်တင်းထားပေမယ့်မရဘူး။ စေ့စပ်မယ့်နေရောက်ပီ။ ကောင်မလေး စက္ကန့် ခြောက်ဆယ် သဘောတရားကို စမ်းသပ်လိုက်တယ်။ မီးလောင်တဲ့ အချက် ပေးခေါင်းလောင်းကို နိုပ်လိုက်ပြီး သူ့ရည်းစားဘာလုပ်မလဲစောင့်ကြည့်တယ်။ သူ့ရည်းစားက သူမြတ်နိုးတဲ့ နာရီ၊ဖုန်း၊တက်ပလက်၊လက်ပ်တော့ကွန်ပျူတာ တွေကိုပဲ သိမ်းနေတာ မြင်လိုက်ရတယ်။ သူ့ကို သတိမရဘူး။ ကောင်မလေးဆုံးဖြတ်လိုက်တယ်။ ငွေတွေ ရှိပေမယ့်၊တိုက်တာတွေနဲ့ နေနေရပေမယ့် ငါ့ဘဝက ဘာမှ မထူးဘူး။ သူလိုချင်တဲ့ အရာတွေ သူ့ဆီမှာ မရှိဘူးဆိုတာ သိလိုက်ရတယ်။ ဟုတ်ပြီ ဒါဆိုရင် ဘယ်သူ့ဆီမှာရှိလဲ ။

◾ ကောင်မလေး ဘော်စတွန်ကနေ ကောင်လေးရှိရာ ဒန်ဂယ်ကို ထွက်လာခဲ့ပါတယ်။ ကောင်လေးက အကြော်ဆရာ လုပ်နေတယ်။ ကောင်လေး ရဲ့ ဆိုင်ကို လာပြီး ဟင်းလျာတစ်ပွဲမှာစားလိုက်တယ်။ ပြီးတော့ မကောင်းဘူး ပြင်ပေးပါဆိုပြီး ဝိတ်တာက တစ်ဆင့် အကြော်ဆရာကို သတင်းပါးခိုင်းတယ်။ အကြော်ဆရာ ထွက်လာတယ်။ ဟင်းပွဲကို ကိုင်ပြီး ဘယ်သူပြင်ခိုင်းတာပါလဲ လို့ စားသောက်သူတွေ ကြားထဲ ကို ဟိုဟိုဒီဒီ ရှာဖွေရင်း မေးလိုက်တယ်။ “Me” ကျွန်မပါပဲ လို့ ဆိုပြီး ကောင်မလေး ထလာတယ်။ သူ့ဆီတစ်လှမ်းချင်းလျောက်လာတယ်။ ကောင်လေးက တစ်ခွန်း ရေရွတ်တယ်။” What the hell are you doing here ” မင်းဒီကို ဘာလာလုပ်တာလဲ တဲ့။ ခပ်မာမာ လေသံမျိုးဖြစ်နေတယ်။ လူတွေ ဟာ တစ်ခါတစ်လေမှာ သူမြတ်နိုးတာ တစ်ခုခု ကို ဆုံးရှုံးခံခဲ့ရဖူးတဲ့ အခါ၊လက်လွတ်လိုက်ရတဲ့ အခါ နှလုံးသားတွေ မက လေသံတွေပါ မာကြောသွားတတ်ကြတာမျိုးလည်းရှိတယ်လေ။

◾ ကောင်မလေးက သူပြန်လာတာဖြစ်ကြောင်း၊ စက္ကန့်ခြောက်ဆယ် စမ်းသပ်မှုမှာ သူအဖြေကိုသိသွားပြီဖြစ်ကြောင်း၊ သူ့ရည်းစားကို အဆက်ဖြတ်ခဲ့ပြီး သူနဲ့ လက်တွဲဖို့အကြောင်း ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းရေး သူလည်းပါဝင်လုပ်ဆောင်ကူညီလိုတဲ့အကြောင်း ၊သူနဲ့ လက်တွဲ လိုတဲ့အကြောင်းတွေ ပြောပြလိုက်တယ်။ ကောင်မလေးမျက် လုံးတွေက အရောင်တလက်လက်တောက်နေတာတွေ့ရတယ်။ဇာတ်ကားတစ်ခုလုံးမှာ အဲဒီ အခန်းမှာ မျက်ဝန်းက အရည်အလဲ့ဆုံးပါပဲ။ဒါ‌ ပေမယ့်ကောင်လေး လက်မခံခဲ့ဘူး။ မယုံကြည်တဲ့ပုံစံ ပြုံးပြီး နဲ့ လှည့်ထွက်သွားတယ်။ ကောင်မလေး ဂွမ်းပြီပေါ့။ စားသောက်ဆိုင်ထဲက ပြေးထွက်တယ်။ ပင်လယ်ကမ်းစပ်က ချောက်ကမ်းပါးစွန်းကို တစ်ယောက်တည်းထွက်ပြေးလာခဲ့ပြီး ချောက် ထိပ်မှာ ရပ်ပြီး ပင်လယ်ကြီးကို ကြည့်နေတယ်။ မျက်ရည်တွေက စီးကျလျက်ပေါ့။ သူ့ဘဝဟာ အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ကတယ်။

◾ သိပ်မကြာခင်မှာပဲ လူ‌တစ်ယောက် က သူ့ကို နောက်ကနေ လှမ်းခေါ်နုတ်ဆက် တယ်။ လှည့်ကြည့်တော့ ကောင်လေးဖြစ်နေတယ်။ ကျွန်မကို ဘာလို့ငြင်းပယ်လိုက်တာလဲ လို့ မေးတော့ ဘယ်မှာငြင်းလို့လဲတဲ့။ရှင်ထွက်သွားတယ်လေဆိုတော့ သူ့မှာ အစီအစဉ်ရှိလို့ပါ၊လက်စွပ်သွားယူတာပါ ဆိုပြီး ကောင်လေးက ဒူးထောက်ထိုင်ချလိုက်တယ်။Will you marry me ?လို့ ပရိုပိုဆယ် လုပ်တယ်။ လက်ထပ်ခွင့်တောင်းတယ်။ ကောင်မလေး ပျော်ရပြီလေ။ သူအလွန်ချစ်တဲ့၊သူ့ကိုပဲ သတိယနေမိတဲ့၊သူလိုချင်တဲ့ အရာတွေ အကုန်ရှိနေတဲ့ ကောင်လေး သူ့ကို ပစ်မထားပဲ လက်ထပ်ခွင့်လာတောင်းနေပြီလေ။

◾ ဇာတ်သိမ်းက ပျော်စရာ ကြီးပေါ့။ ရိုက်ချက်လေးတွေ လည်း အတော်လှပါတယ်။ လူငယ်ဆန်ဆန် သရုပ်ဆောင်ချက်လေးတွေ က သဘာဝ ကျပြီးပီပြင်ပါတယ်။
ကောင်လေးကလည်း ပုသိုင်းမွေးနဲ့ ဆိုပေမယ့် အရပ်ရှည်ပြီး ကြင်နာတတ်တဲ့ မျက်လုံးရှိတယ်။ ကောင်မလေးနေရာက သရုပ်ဆောင်တဲ့ Amy Adams မျက်လုံး ကတော့ ပြောစရာတောင်မလိုတော့ဘူးထင်ပါတယ်။ ◾ ကျွန်တော် ထည့်မရေးမိတဲ့အထဲမှာ ကောင်လေးက စေ့စပ်ထားဖူးတယ်။သူ့ရည်းစားက နောက်ယောက်ကျားယူသွားပြီး လက်ထပ်မယ့်အစီအစဉ် ပျက်သွားလို့ သူ့လက်ထပ်လက်စွပ်ကို ပြန်တောင်းတယ်။ သူ့အမေ ရဲ့ အမွေ လေ။ ဒီလက်စွပ် ရ ရင် ရောင်းပြီး ဒန်ဂယ်မြို့ရဲ့ လိုအပ်နေတဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာ လှူဒါန်းမယ်လို့ပြောတာတွေ ပါတယ်။ ကျွန်တော် အင်္ဂလိပ်စာ အားနည်းလို့ ဘာသာပြန်တဲ့အခါ အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို တစ်ခါတည်းကြည့်ပီး မှမိသလောက်ပြန်ရေးရတဲ့အတွက် လွဲ နေတာ တွေ့ရင်လည်း ထောက်ပြပေးပါ။ ◾ဒီဇတ်ကားနဲ့ ပါတ်သက်လို့ ရုံတင်တဲ့ အခါ ဒေသခံတွေ ထဲက မလိုလားသူတွေက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသေးကြောင်းသိရပါတယ်။ ဒါပေမယ့်လည်း အကောင်းမြင်စိတ်နဲ့ နားလည်ပေးတဲ့သူက ပိုများတယ်၊ပိုအားပေးကြတယ်လို့သိရပါတယ်။ အနောက်နိုင်ငံတွေကတော့ သိပ်ပြသနာမရှိလှပေမယ့် အာရှ နိုင်ငံတွေ အတွက်တော့ ပြောစရာ တွေ၊အမြင်မတူတာတွေတော့ ရှိလာမယ်ထင်ပါတယ်။

◾ မိတ်ဆွေရော? အငြင်းပွားစရာ ဒီလိုယဉ်ကျေးမှုတွေနဲ့ ချစ်စရာ လူငယ်သဘာဝတွေကြား ဘယ်လို မြင်မိပါသလဲ။ဒီဇာတ်ကားလေး အပေါ်မှာ ပြောစရာ တစ်ခုခု ရှိခဲ့ရင် အောက်မှာ ရေးပေးခဲ့စေချင်ပါတယ်။

(ရုပ်ရှင်အညွှန်းကို Ye Hut Khoung WordPress မှ ကူးယူဖော်ပြပါသည်။)

 

File size…(1.9 GB)/(970 MB)
Quality….BluRay 1080p /720p
Format…mp4
Duration….01:40:03
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Poe Thinzar Kyaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)
Leap Year (2010)


No downloads available

Genres



Related movies