Channel Myanmar
channelmyanmar

Inception (2010)

Inception    

PG-13 148 min ActionAdventureSi-Fi

8.8
IMDB: 8.8/10 1,489,067 votes

, , ,

Won 4 Oscars. Another 143 wins & 198 nominations.

USA, UK

21515

Report error



large_zikvu3th9l1wn2aievj5elpbqfuinception-2010-posterIMDb Rating (8.8/10)

Rotten Tomatoes (86%)

ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –

လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ပိုအံ့သြဖို့ ကောင်းတာက အိပ်မက် ဖြစ်ရပ် တစ်ခုထဲမှာပဲ နောက် အိပ်မက် တစ်ခုရှိရာ – ( Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ) ဆက်ကူးသွားကြတာ –  Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတယ်ဆိုတာ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အိပ်မက်တစ်ခုထဲမှာပဲ နောက်အိပ်မက်တစ်ခု ဆက်မက်ကြတာမျိုးပေါ့ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတဲ့ အချိန်မှာလည်း နောက် Dream state တစ်ခုဆီ ကူးသွားတဲ့ လူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ခေါ်ဖို့ လူတစ်ယောက်ဆီ ချန်ခဲ့ရတယ် – လက်ရှိ Dream state မှာ ထိန်းမထားနိုင်တဲ့ အခြေအနေ တစ်ခုခု ရှိလာရင် နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ရောက်လာဖို့ ကျန်ခဲ့တဲ့ သူက အားလုံးကို kick လုပ်ရတယ် – ( kick လုပ်တယ် ဆို နောက် Dream state တစ်ခုဆီ ဆင်းသွားတဲ့ သူတွေကို လက်ရှိ Dream state ကို ပြန်ခေါ်တော့မယ်လို့ အသိပေးတာမျိုးပေါ့ ) နောက်ပြီး အဲလို kick လုပ်တော့မယ် ဆိုတာကိုလည်း နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state မှာ ကျန်ရစ်ခဲ့တဲ့ သူက Music ဖွင့်ပြီး အသိပေးရတယ် – အဲမှာ ချွင်းချက် ရှိသွားတာက Dream state သုံးဆင့် ရှိတယ် ဆိုရင် ပထမဆုံး Dream state မှာ ကျန်ခဲ့တဲ့ သူက kick လုပ်လို့ မရဘူး – အဆင့်တစ်ဆင့်ချင်းမှာ ပြန်ခေါ်ဖို့ ကျန်ခဲ့တဲ့ သူတွေက နောက်ဆုံး အဆင့်မှာ ရောက်နေတဲ့ သူတွေအားလုံးကို သက်ဆိုင်ရာ Dream state ဆီ ပြန်ရောက်လာအောင် ခေါ်ပြီးမှ kick ရတယ် –

ကားထဲမှာ လီယိုနာဒို က Dream state တစ်ခုကို ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ – သူက အိပ်မက်ကို ဖန်တီးတယ် – အိပ်မက်ထဲက ဇာတ်ကောင်တွေကို ဖန်တီးတယ် – ဒါပေမယ့် အဲ့ဒီ့ အိပ်မက်ကို အကွက်ချဖို့ကိုကျတော့ Architect တစ်ယောက် သပ်သပ်ထပ်ပါတယ် – သူ့လောက်နီးပါးတော်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ – ဇာတ်ကားထဲက ဒီအောက်က နေရာမှာ လီယိုနာဒိုက Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို ရှင်းပြနေတာ –

လီယိုနာဒို က ဒီ Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို သူ့ ဇနီးကိုရင်းပြီး လေ့လာခဲ့တာ – ရလာဒ်ကတော့ ဆိုးသွားတယ် – သူ့မိန်းမက Dream state နဲ့ Reality ကို ကွဲကွဲခြားခြား မသိတော့ဘူး – Dream state နဲ့ Reality ကို ခွဲခြားနိုင်တဲ့ totem ဆိုတာလေးကို သူ့မိန်းမကို လီယိုနာဒို က ပေးထားပေမယ့် သူ့ဇနီးက အဲတာလေးကို သော့ခေတ် သိမ်းထားလိုက်ပြီး Dream state နဲ့ Reality ရဲ့ ကွာခြားချက်ကို မစမ်းဖြစ်ခဲ့ဘူး – အဲ့မှာ သူတို့ နှစ်ယောက်လုံး Dream state ကို Reality နဲ့ အထင်မှားသွားတယ် – ( totem ဆိုတာလေးက သူ့ကို လှည့်လိုက်ရင် Dream state ထဲမှာဆို Gravity မရှိလို့ ဘယ်တော့မှ လဲ မသွားဘူး – လက်တွေ့ဘဝမှာ လှည့်လိုက်ရင် လဲတယ် – အဲတာလေးကိုလှည့်ပြီး သူတို့က ငါတို့ Dream state မှာလား Reality မှာလား ဆိုတာ ခြွဲခားကြတာ ) သူ့မိန်းမက Dream state ကိုပဲ Reality ထင်နေတာ – ဒါကို နောက်ပိုင်း လီယိုနာဒို က totem လေးလိုက်ရှာ ပြန်စစ်ကြည့်ပြီး သိသွားတော့ ငါတို့ ရောက်နေတာ Dream state ဆိုပြီး သူ့မိန်းမကို ပြောပြ – လက်တွေ့ဘဝကို ပြန်ခေါ်တော့မှ သူတို့နှစ်ယောက်လုံး Dream state ကနေ ပြန်ထွက်လာကြတယ် – ဒါပေမယ့် ခက်သွားတာ လီယိုနာဒို က Dream state နဲ့ Reality ကို ခွဲခြား သိပေမယ့် သူ့ဇနီးက လက်တွေ့ဘဝကို ရောက်နေတာတောင် သူ့ကိုယ်ကိုယ်သူ Dream state ဘဝမှာပဲ ရှိနေသေးတယ် ထင်ပြီး သူ့ကလေးတွေဆီ ပြန်ချင်တဲ့ ဇောနဲ့ လက်တွေ့ဘဝကို ပြန်မယ် ဆိုပြီး တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် –

ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် – ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ – ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် – အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား –

” In a dream your mind functions more quickly, therefore time seems to feel more slow. ”

ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် – ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် – အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် – အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် – ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ – အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ – ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် – ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး –

နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် –  ကြည့်စေချင်ပါတယ် – သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး –
မောင်ဇင်။(ရုပ်ရှင်အညွှန်းကို techsectors.blogspot.com မှကူးယူဖော်ပြပါသည်။)

တကယ်လို့ပိုသိချင်တာများရှိသေးတယ်ဆိုရင် http://www.datshin.com/special/inception-explained/ မှာသွားရောက်ဖတ်ရှုလို့ရပါတယ်။

 

File size…(1GB) and (570 MB)
Quality…BR-Rip 720p
Format…mp4
Duration….02:28:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 



No downloads available





Related movies