Channel Myanmar

How To Download

Channel Myanmar မှ Video Download နည်းများ

(နမူနာဒေါင်းပြထားတဲ့ Video တွေကိုအောက်ဆုံးမှာသွားကြည့်လို့ပါတယ်။)
==============================================================

www.channelmyanmar.org ကိုသွားပါ။

ကိုယ်ဒေါင်းချင်တဲ့ဇာတ်ကားကိုရွေးပါ။

အညွှန်းနဲ့ Movie Info တွေရဲ့အောက်မှာ Download Server ဆိုတာတွေတွေ့ရပါမယ်။

 

ကြိုက်နှစ်သက်ရာ Server ကိုရွေးပြီး နှိပ်လိုက်ပါ။

နှိပ်တာနဲ့ adfly ကိုရောက်သွားပါမယ်…၅ စက္ကန့်စောင့်ပြီး ညာဖက်အပေါ်ထောင့်က Skid Ad ဆိုတာကိုနှိပ်ပါ။

ဒါဆိုရင် Movie တင်ထားတဲ့ Server ကိုရောက်သွားပါ့မယ်။မရောက်ဘဲ တခြားဟာတွေတက်လာရင် back key နှိပ်ပြီးထွက်လိုက်ပါ။

ဖုန်းတွေတစ်ခုနဲ့တစ်ခုမတူလို့ ကိုယ့်ဖုန်းမှာ Skid ad နှိပ်လို့အဆင်မပြေဘူးဆိုရင် တခြား Browser တစ်ခုခုကို ပြောင်းသုံးပါ။(ဥပမာ-UC Browser)

 

Movie တင်ထားတဲ့ Server (၄) ခုရှိပါတယ်။

1.Yoteshin (google drive)

2.Openload.co

3.Channelmyanmar.agbcloud

4.Soliddrive.co

 

 

1.Yoteshin Link(google drive)

ဒီ server က google server ဖြစ်တဲ့အတွက် ဒေါင်းလို့အဆင်အပြေဆုံးပါ။ Download Speed အကောင်းဆုံးပါ။အသုံးပြုနည်းကလဲ pCloud နဲ့ခပ်ဆင်ဆင်ပါ။save to gdrive ဆိုတာနှိပ်ပြီး ကိုယ်ပိုင် Gdrive account ထဲ save ပြီးဒေါင်းရတာပါ။
Gdrive account ဆိုတာကလဲ gmail တစ်ခုရှိရင် 15GB အလကားရလို့ pcloud လို အကောင့်တောင်ထပ်ဖွင့်ဖို့မလိုပါဘူး။တစ်ခုပဲ သတိထားရမှာက 15gb ပြည့်သွားရင် မလိုတော့တဲ့ ဖိုင်တွေဖျက်ပစ်ရပါမယ်။ဖျက်တဲ့အချိန်မှာလဲ account ထဲကဖျက်ပြီးရင် ချက်ချင်းမပျက်သွားဘဲ Trash Folder ထဲ ကျန်နေတတ်လို့ ဘယ်ဖက်က Trash Folder ကနေသွားပြီး Delete Forever ဆိုတာ နှိပ်လိုက်မှ ပျက်သွားတာပါ။
အဲ့တော့ 15gb ပြည့်ရင် ဖျက်တဲ့အဆင့်နှစ်ဆင့်လုပ်ပြီးတာနဲ့ နောက်ထပ် save ပြီးဒေါင်းလို့အဆင်ပြေသွားပြီ။
ဒေါင်းထားတာရပ်ထားပြီး နောက်နေ့မှပြန်ဒေါင်းလဲ Resume ရပါတယ်။
ကျွန်တော်ကတော့ ဒီနည်းကို အရင်ဆုံးသုံးဖို့ အကြံပေးချင်ပါတယ်။

 

2.Openload.co

ဒီ video server ကတော့ တစ်ကမ္ဘာလုံး သုံးနေကြပါတယ်။အားနည်းချက်က ကြော်ငြာတွေများပါတယ်။ click လိုက်တာနဲ့ မဆိုင်တဲ့ကြော်ငြာတွေတက်လာပါတယ်။ကြော်ငြာတက်လာရင် Back Key သာနှိပ်လိုက်ပါ။Browser Tab ကနေလဲ ကြော်ငြာ tab တွေကိုပိတ်လို့ရပါတယ်။
ကွန်ပျူတာကနေ ဒေါင်းတဲ့လူတွေကတော့ အဆင်ပြေပါတယ်။တိုက်ရိုက်လဲကြည့်လို့ရပါတယ်။

 

3.Channelmyanmar.agbcloud

ဒီ Video Server က CM အတွက် သီးသန့်လုပ်ပေးထားတဲ့ AGB Communication Co.Ltd., ရဲ့ မြန်မာပြည်က Server ပါ။
ဒီဆာဗာကနေ ဒေါင်းရတာ အတော်လွယ်ပါတယ်။တိုက်ရိုက်လဲ ကြည့်လို့ရပါတယ်။ဒေါင်းတဲ့လူများနေရင်တော့ server ဟန်းတတ်လို့ နည်းနည်းစိတ်ရှည်ရတတ်ပါတယ်။Resume လဲရပါတယ်။

 

4.Soliddrive.co

ဒါလဲ Openload လိုပါပဲ…ကြော်ငြာတွေတက်လာတတ်ပါတယ်။Tab ကနေပိတ်တာဖြစ်ဖြစ် Back Key သုံးပြီးဒေါင်းတာဖြစ်ဖြစ်လုပ်ပြီးဒေါင်းလို့ရပါတယ်။ ADM apk နဲ့ဒေါင်းမရရင် browser default downloader ကနေဒေါင်းပါ။Soliddrive မှ ဒေါင်းလုတ်နည်း Tutorial Video ကိုအောက်ဆုံးမှာပြထားပါတယ်။

 

 

Android ဖုန်းဖြင့် Download နည်း

===========================

 

 

iOS ဖုန်းဖြင့် Download နည်း

========================

 

 

Soliddrive မှ Download နည်း

==========================

 

 

 

အဆင်ပြေကြပါစေ။

~ Channel Myanmar Admin Team ~