Channel Myanmar

The Disaster Artist (2017)

The Disaster Artist    

R 1h 44min BiographyComedyDrama

7.4
IMDB: 7.4/10 132,810 votes

, , , , , , , , , , , ,

Nominated for 1 Oscar. Another 31 wins & 81 nominations.

USA

297550

Report error

The Disaster Artist (2017)
IMDb – 7.4/10_____Rotten – 91%

 

နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။

ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။

သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။

ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။

ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။

သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။

တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။

ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ…..

သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။

အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ Greg တို့ The Room ရုပ်ရှင်ကို အခက်အခဲပေါင်းများစွာကြားထဲကနေ မရရအောင် ဖန်တီးကြပါတော့တယ်။

 

 

 

Shakespeare, Tennessee Williams တို့ခေတ်နောက်ပိုင်း အကောင်းဆုံးဒရမ်မာရုပ်ရှင်လို့တောင် ကြွေးကြော်ခဲ့တဲ့ Tommy Wiseau နဲ့ Greg တို့ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီးရိုက်ကူးခဲ့ကြသလဲ၊ ရုပ်ရှင်ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြသလဲ။

ဒါတွေကိုတော့ The Disaster Artist ရုပ်ရှင်ထဲမှာအဖြေပေးသွားပါလိမ့်မယ်။

ဒီရုပ်ရှင်ကိုတော့ Spiderman 1,2,3 , 127 Hours ဇာတ်ကားတွေနဲ့လူသိများတဲ့ James Franco က ဒါရိုက်တာအဖြစ်၊ Tommy Wiseau အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Now You See Me ကားထဲက မင်းသားချောလဲဖြစ်၊ James Franco ရဲ့ ညီအရင်းလဲဖြစ်တဲ့ Dave Franco က Greg အဖြစ် ပါဝင်ထားပါတယ်။

ပေါလှပါတယ်ဆိုတဲ့ကားက ဘာကြောင့်များ အတ္ထုပတ္တိရုပ်ရှင်တစ်ကားအဖြစ် ပြန်ရိုက်ရလောက်အောင် အောင်မြင်သွားတာပါလဲ၊

The Disaster Artist ရုပ်ရှင်ထွက်လာအပြီးမှာ The Room ရုပ်ရှင်ကို လူတွေက ဘာကြောင့်သဘောကျသွားကြတာပါလဲ။

အဖြေကတော့ ရှင်းပါတယ်။

Tommy Wiseau ဟာ အနုပညာချစ်စိတ်အပြည့်အဝနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပေါကားတစ်ကားကို ရိုက်မှန်းမသိ ရိုက်ခဲ့တာပါ။

ဒါကို ဘယ်လောက်ပဲ ဆိုးဝါးတဲ့ရုပ်ရှင်လို့ပြောပြော Tommy Wiseau ရဲ့လက်ရာ The Room ရုပ်ရှင်ဟာ အခုခေတ် မင်းသား၊မင်းသမီးဗန်းပြပြီး အောက်လုံးတွေနဲ့ပြက်လုံးထုတ်နေ၊ ပရိသတ်ကို ကလိထိုးရယ်ခိုင်းပြီး ပိုက်ဆံညာယူနေတဲ့ရုပ်ရှင်ကားတွေထက်စာရင် အပုံကြီးသာပါတယ်။

The Disaster Artist ရုပ်ရှင်ဟာ ဒီအချက်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားနိုင်ခဲ့ပါတယ်။

ယခုနှစ် အော်စကာ အကောင်းဆုံးရုပ်ရှင်ဆုအတွက်လဲ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်းများစွာလဲ ဆွတ်ခူးထားပါတယ်။

အနုပညာပါတဲ့ရုပ်ရှင်နဲ့ ပိုက်ဆံရရုံရိုက်တဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်ကို သိလာဖို့၊ပေါကားနွံနစ်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပေါတာနဲ့အနုပညာရူးသွပ်တာကို ခွဲခြားလာတတ်ဖို့၊ အသိပညာပေးနိုင်ဖို့ ဒီကားဟာ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။

မကြာခင်မှာလဲ CM က Tommy Wiseau ရဲ့ ကမ္ဘာ့အဆိုးဝါးဆုံးရုပ်ရှင် “The Room” ကို ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်

 

(ဇာတ်လမ်းးအညွှန်းနဲ့ဘာသာပြန်သူက ကွီးအာကာဖြိုးပါ)

 

 

 

File Size : (900 MB)
Quality : WEB-DL 720p
Running Time : 1hr 44min
Format : Mp4
Genre :Biography, Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.WEB-DL.X264.AC3-EVO[EtHD]
Translated by Arkar Phyo
Encoded by Thanhtike Zaw


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Director

Cast

The Disaster Artist (2017)
The Disaster Artist (2017)
The Disaster Artist (2017)
The Disaster Artist (2017)


No downloads available

Genres



Related movies